Sunday, May 24, 2015

လှေစီးဒုက္ခသည်ဆိုသည်မှာ



"Boat People" လို့ယနေ့နာမည်ကြီးနေတဲ့ ဘင်္ဂလီလှေစီးပြေးတွေရဲ့ စတင်ထွက်ခွါလာတဲ့နေရာကို ထိုင်းရောက်ဘင်္ဂလီများရဲ့ဖြောင့်ချက်အရ နွေခဝမ်မန်းခုံ(หน่วยความมั่งคงแห่งชาติ)လို့ ထိုင်းလိုနဲ့အမည်ရတဲ့ ထိုင်းအမျိုစးသားလုံခြုံရေးတပ်ဖွဲ့(စစ်ထောက်လှမ်းရေး)မှ ဘင်္ဂလီဒုက္ခသည်ယောင်ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘာဇားနယ်ရှိ ဒုက္ခသည်စခန်းတွေကိုဝင်ထောက်လှမ်းခဲ့ပါတယ်..။

ကော့ဘာဇားခရိုင်မှာ ဒုက္ခသည်စခန်းကြီး(၂)ခုရှိပြီး အရင်တချိန်ကဆို အဲဒီစခန်း(၂)ခုပေါင်းမှာ ဘင်္ဂလီ(၃၀၀၀၀၀)ခန့်ရှိခဲ့တယ်တဲ့...အခုချိန်မှာတော့ ဘင်္ဂလီ(၂၀၀၀၀)သာရှိတော့ကြောင်းစုံစမ်းသိရတယ်...လူမရှိတဲ့တဲအလွတ်တွေမြောက်များစွာ၇ှိနေပါတယ်တဲ့...စခန်းနေဘင်္ဂလီတဦးဆီမှ စုံစမ်းရရှိတဲ့အချက်များကတော့..ဒီဒုက္ခသည်စခန်းကဘင်္ဂလီတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနှံ့မှ ဆင်းရဲသားများ အိမ်ခြေယာခြေမရှိသူများကို ဘင်္ဂလားအစိုးရမှ သူ့နိုင်ငံအတွင်းလူဦးရေလျော့ကျရေးနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေးအစီစဉ်အရ ခေါ်ယူပြီး တနေရာတည်းမှာစုပြုံလာထားတာဖြစ်ကြောင်းပြောတယ်...အဲလို ဘင်္ဂလားအစိုးရမှာ တရားဝင်လာထားတာရှိသလို မလေးရှားနဲ့အနောက်နိုင်ငံတွေကိုသွားချင်လို့ မိမိဘာသာလာပြီး ယာယီနေထိုင်သူဘင်္ဂလီတွေလည်း အနည်းကျဉ်းရှိတယ်တဲ့...အဲဒီထဲမှာ ရခိုင်ပြည်နယ်ကဘင်္ဂလီတွေလည်း နဲနဲတော့ပါဝင်တယ်...အထူးသဖြင့် လွန်ခဲ့တဲ့(၂)နှစ်ခန့်က ရခိုင်ပြည်မတည်ငြိမ်ဖြစ်ချိန်လေးမှာ ခဏတာဝင်ရောက်လာတာမျိုးရှိခဲ့တယ်..ကျန်တာတွေကအားလုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဆင်းရဲမွဲတေသူတွေဖြစ်တယ်...။
ဒီဒုက္ခသည်စခန်းမှာ လူမှောင်ခိုပွဲစားတွေဟာအမြဲခြေရှုပ်နေတတ်ကြောင်း...မလေးရှားသို့ထွက်ခြင်သူတွေကို လာရောက်ခေါ်ယူတာ...စခန်းမှတာဝန်၇ှိသူ UNHCR ဝန်ထမ်းဘင်္ဂလီတွေလည်း လူပွဲစားအလုပ်ကိုပူးတွဲလုပ်နေတာမျိုးတွေရှိတယ်...လူကုန်ကူးဂိုဏ်ခေါင်းဆောင်တွေကတော့ တက်ကနက်မြို့နဲ့ ကော့ဘာဇားမြို့တွေမှာနေထိုင်ကြတယ်တဲ့။ လှေစီးပြီး မလေးရှားထွက်သူတွေဟာ ပွဲစားတွေကလိမ်ညာပြီးခေါ်တယ်ဆိုတာထက် သူတို့ဆန္ဒနဲ့သွားကြတာပဲ့များကြောင်းလည်းသိရတယ်..။
ဒီလိုလူကုန်ကူးစီးပွားရေးသမားတွေကခေါ်ထုတ်သွားသလို မောင်တောဖက်မှ ဘင်္ဂလီခေါင်းဆောင်တွေ ဘာသာရေးဆရာတွေဟာလည်း မြန်မာပြည်ဖက်မှာသာယာကြောင်း၊ ဘင်္ဂလီလူငယ်များကိုလည်း ဟိုဖက်မှာမိန်းမချောများပေါများကြောင်းဆွဲဆောင်ပြောဆိုပြီး မိသားစုလိုက်ခေါ်သွားတာမျိုး လူငယ်ပိုင်းတွေကို ရာပေါင်းများစွာအုပ်စုဖွဲ့ ခေါ်ထုတ်သွားတာမျိုး အမြဲရှိတယ်....ဒါကြောင့် အခုလိုနွေရာသီဆို စခန်းတွင်း ဘင်္ဂလီတွေအဝင်ရှိပေမယ့် အထွက်အရေများတော့ (၂)သောင်းခန့်သာကျန်ကြောင်း မိုးတွင်းလှေတွေထွက်မရမျိုး မြန်မာဖက်ကတင်းကြပ်ထားချိန်မျိုးဆို သိန်းဂဏန်းအထိပြန်တိုးသွားတာတွေ ပြောပြတယ်တဲ့.....

No comments:

Post a Comment