Tuesday, June 30, 2015

ခမီအမျိုးသမီးတို့၏ဘိုးဘွားဓလေ့ရိုးရာ ရက်ကန်း အကြောင်း



ခမီအမျိုးသမီးတို့၏ဘိုးဘွားဓလေ့ရိုးရာရက်ကန်းလုပ်ငန်းရက်နေပုံ
================
ရက်ကန်းလုပ်ငန်းသည် ခမီအမျိုးသမီးတို့၏အိမ်တွင်းမှုလုပ်ငန်းတစ်ရပ်ဖြစ်သည်။ ခမီအမျိုးသမီးတို့တတ်အပ်သည့်အတတ်ပညာတစ်ခုလည်းဖြစ်ပေသည် ရိုးရာဂျပ်ခုတ်စင်မှာ အမြဲတမ်းတစ်နေရာတည်းတွင် ထောင်၍ထားရသောစင်ကြီးမျိုးမဟုတ်ပေ တစ်နေရာမှတစ်နေရာသို့အလွယ်တကူရွှေ့ပြောင်းနိုင်ပါသည့် တိုင်မပါသောရက်ကန်းစင် အသေးစားဖြစ်သည်။ ဂျပ်ခုတ်စင်များကို အိမ်တံခါးဝအနီး အလင်းရောင်ရရှိသောနေရာ၌ထားလေရှိသည် ဂျပ်ခုတ်စင်အလျားမှာပုံသေမရှိပေ။ ရက်လ်ုသည့်အထည်အမျိုးအစားပေါ်မူတည်ပြီးအတိုအရှည်ကွာခြားသည် ဂျပ်ခုတ်စင်ကိုဆင်ရာ၌အလျားလိုက်အစွန်းထွက်နေသော ဝါးတိုင်တွင်ချိတ်၍စွပ်ထားပြီးတစ်ဘက်စွန်းကိုမူခါးတွင်ပတ်ထားသောခါးပတ်ကို ချိတ်တံနှင့်ဆက်၍ ချတ်ထားရသည် ဂျပ်ခုတ်ရက်သူအတွက်ခြေကန်ထားရန် သစ်သားတုံးငယ်တစ်ခုချထားသည်။ ဂျပ်ခုတ်ရာတွင် ဝါး၊သစ်သားများဖြင့်ပြုလုပ်ထားသော လွန်းတိုင်၊ ဖောက်တိုင်၊ ဂျပ်ခုတ်ယင်းသွားစသည့်ကိရိယာများကိုအသုံးပြုကြလေသည်။
ခမီအမျုးသမီးများသည် အပျိုဖော်ဝင်ချိန်မှစ၍ ဝါဆွတ်၊ ဝါဖန့်၊ ဗိုင်းငင်၊ ဂျပ်ခုတ်စသည့် ၇ိုးရာလက်မှုပညာရပ်များကို သင်ကြားတတ်မြောက်ထားကြရသည် ရှေးအခါက မိသားစုဝင်တို့၏အဝတ်အထည်များရက်လုပ်ရန် တောင်ယာစိုက်ပျိုးချိန်၌ ဝါများကိုထည့်သွင်းစိုက်ပျိုးကြသည်။ ဝါခူးချိန်တန်လျှင် ပလိုင်းငယ်များဖြင့်ဆွတ်ခူးကာ အိမ်ရှေးကွပ်ပျစ်ပေါ်တွင် နေလှန်းထားရသည် ဝါစေ့များကို ဝါဒလက်ဖြင့် မွှေကာထုတ်ယူရသည်။

ဝါစေ့ထုတ်ပြီးသောအခါ ဝါကိုချေရသည် ချေပြီးသားဝါများကို လက်တစ်ဘက်ကကိုင်ရင်းချည်မျှင်ထုတ်ကာလက်တစ်ဘက်ဖြင့်သစ်သားလွန်းဆံတွင် ရစ်ပတ်ရသည် တဖြည်းဖြည်းနှင့် ချည်ခင်များရလာသောအခါ ထမင်းရည်နှင့်ရော၍ပြုတ်ကာ နေလှန်းအခြောက်ခံရသည်။ လိုအပ်သော အရောင်များကို သဘာဝဆိုးဆေးများဖြင့်ဆေးဆိုးကြသည် ယင်းနောက် လိုအပ်သောအထည်များကိုရက်လုပ်ကြတော့သည်။ အများဆုံးရက်လုပ်သောအထည်များမှာကလေးငယ်များကိုသိုင်းလွယ်ထားရန် ထီပင်(ခေါ်)တဘက်ကြီး၊ခြုံစောင်ကြီးများ၊အမျိုးသားဝတ်ပုဆိုး၊အမျိုးသမီးဝတ်ထဘီ၊အကျီင်္ီ၊ခေါင်းပေါင်း၊လွယ်အိတ်တို့ဖြစ်လေသည်။
ခမီအမျိုးသမီးတို့သည် ရက်ကန်းလုပ်ငန်းကို မိသားစုဝင်များအတွက်သာ ရက်လုပ်သူများရှိသကဲ့သို့စီးပွားဖြစ်ရက်လုပ်သူများလည်းရှိကြသည်။ သိုးမွေးကဲ့သို့သော ချည်အမျိုးမျိုး ထွန်းကားလာသော မျက်မှောက်ကာလတွင်ကား ဝါချည်များကိုအသုံးပြုမှုနည်းပါးလာပြီး သိုးမွေးစသော ချည်များကိုဝယ်ယူကာ ရိုးရာအဝတ်အထည်များကို ရက်လုပ်လာကြသည် ခမီအမျိုးသမီးတို့၏ ရက်လုပ်သော အဝတ်အထည်များတွင် ပါရှိသည့် အဆင့်၊အကွက်၊အပြောက်အစက်များ၊ ပန်းခက်ပန်းနွယ်များမှာတမူထူးခြားလှပဆန်းကြယ်နေလှလေသတည်။..
အရှင်ရဋ္ဌပါလ စာပေ
ပြန်လည်ဖော်ထုတ်ဖြန့်ဝေပေးပါသည်။
အနာဂတ် မျိုးဆက်သစ်အတွက်
မှတ်ချက်။ ။ မိမိဓလေ့ရိုးရာများကိုမပပျောက်အမြဲ့ထိမ်းသိမ်းနိုင်၍ .မောဟ၊ဒေါသ၊မာန ဘေးရန်ကင်ပြိ
အနာဂတ်ခရီးလမ်းကို သွားရောက်နိုင်ကြပါစေ...
မင်မင်းနိမင်း နင် ကတ် ကနအိုလားမတွီးရွီး မတွီးဆော့ အွင်ဟာဂယိုဆင် မန့်ယီခမီပီအခိုလိုပီအင်
ပါမာရာမာခါးနာအွင်ဘိုဂယ်ုဆင်
နာဖွန့်လုံးယာိုဂင်ဘွာ..

https://www.facebook.com/photo.php?fbid=1473517339607301&set=a.1379790095646693.1073741827.100008471470015&type=1&theater

No comments:

Post a Comment