မြမ္မာအက္ခရာနှင့်မြမ္မာစာပေ၏ဇစ်မြစ်အား
လေ့လာချက်စာတမ်း
•••••••••••••••••••••••••••••••••••••••••••••••
မြမ္မာစာပေအကြောင်းကို မတူးဆွခင် မြမ္မာလူမျိုးအကြောင်းကို အနည်းငယ်တူးဆွပြပါမည်။ရက္ခိုင်သမိုင်းကျမ်းအစောင်စောင်နှင့် ကျောက်စာတစ်ချို့တွင်
ရက္ခိုင်လူမျိုးများကို မြမ္မာဟူ၍လည်းကောင်း၊အာရကန်ဟူ၍လည်းကောင်း၊ရက္ခိုင်ဟူ၍
လည်းကောင်းခေါ်ဆိုကြောင်းတွေ့ရသည်။ရက္ခိုင်တို့နေထိုင်ရာတိုင်းပြည်ကို
အာရက္ခဒေ့ရှ်(အာနန္ဒစန္ဒြားကျောက်စာ)၊ရက္ခပူရပြည်၊ဓညဝတီတိုင်းပြည် ဟု အမည်တွင်သည်။ရခိုင်သမိုင်းကျမ်းများရှိတံဘောင်နိမိတ်များစွာအထဲမှ မြမ္မာဟူသော
ဝေါဟာရနဲ့ပတ်သက်သည့် တဘောင်တစ်ခုမှာ-``တရုတ်ကဖိ ပျူကအိ၊မချိမြမ္မာ အနောက်မှာ''
ဟူ၍ ဖြစ်သည်။ဤတဘောင်ထဲတွင်ပါသောမချိမြမ္မာ အနောက်မှာဟူသော စကားစုသည်
အနောက်ဘက်တိုင်းပြည်တွင်နေထိုင်ကြသောရက္ခိုင်များကို ဆိုလိုခြင်းဖြစ်သည်။
ရှေးခေတ်ရက္ခိုင်များသည် မိမိတို့ကိုယ်ကို အာရကန်ဟူ၍လည်းကောင်း၊မြမ္မာဟူ၍လည်းကောင်း၊ရက္ခိုင်ဟူ၍လည်းကောင်း ခေါ်တွင်ခဲ့ကြသကဲ့သို့ ဗုဒ္ဓဂါယာရှိ မဟာဗောဓိကျောက်စာတွင်လည်း အာရကန်ဘုရင်မင်းထီးသည် မိမိကိုယ်ကို
``မြမ္မာဘုရင်´´ဟု သုံးနှုန်းထားသဖြင့် မြမ္မာလူမျိုး ၊မြမ္မာဟူသော ဝေါဟာရသည်
ရက္ခိုင်လူမျိုးများကို ခေါ်ဆိုသည်မှာသမိုင်းကျမ်းများအရ၊ကျောက်စာအထောက်
အထားများအရ ထင်ရှားနေသည်။မျိုးရိုးဗီဇမျိုးစုံသွေးနှောထား၍ ဇာတ်ပျက်နေသည့်ဗမာတို့သည် မြမ္မာစာအပ်ါသူတို့စာပေအဖြစ်လိမ်ညာဝါဒဖြန့်လေ့ရှိသည်။
အမှန်စင်စစ်တွင် မြမ္မာစာသည် ဗမာစာပေလုံးဝမဟုတ်ပါ။အဘယ်ကြောင့်ဆိုသော်-
ပုဂံခေတ်တွင်ရေးထိုးခဲ့သည့် မြမ္မာကျောက်စာပါ ဝေါဟာရများမှာ ယနေ့ခေတ်ဗမာတို့ပြောဆိုနေသော ဝေါဟာရများနှင့် လုံးဝနီးစပ်မှုမရှိဘဲ ရက္ခိုင်ဘာသာစကားများနှင့်သာ လုံးဝတူနေသောကြောင့်ဖြစ်သည်။
သူတို့အဆိုအရ ရက္ခိုင်ဘာသာစကားသည်ဗမာဘာသာစကား၏ ဒေသိယစကားဟု
ပြောလေ့ရှိသည်။သို့ဆိုလျှင် ပုဂံခေတ်တွင်သုံးစွဲခဲ့သော ကျောက်စာပါဝေါဟာရများမှာလည်း ယနေ့ခေတ် စကားမပီတပီပြောနေသော၊ရနှင့်ယ ယပင့် နှင့် ရရစ်ကို ပီပြင်စွာမထွက်တတ်သည့် ဗမာဆိုသူများ၏
ဒေသိယစကားဟုပင်ပြောရာရောက်ပေလိမ့်မည်။ရက္ခိုင်စကားနှင့် ဗမာစကားကို သုတေသနလုပ်လျှင် ရက္ခိုင်ဘာသာစကားနှင့်အသံထွက်သည်ပိုမိုရှေးကျမှန်ကန်နေသည်ကိုရှေးခေတ်မြမ္မာကျောက်စာများပါ ဝေါဟာရများက သက်သေတည်လျက်ရှိသည်။
ရက္ခိုင်တို့ ယနေ့ပြောဆိုနေသော ဘာသာစကားများသည် ရှေးခေတ်မြမ္မာကျောက်စာပါ ဝေါဟာရများနှင့်
တစ်သွေမတိမ်းနီးပါး တူနေသောကြောင့်ရက္ခိုင်ဘာသာစကားသည် ဗမာဘာသာစကားထက်များစွာရှေးကျပြီးဗမာဘာသာစကားမှာ ရက္ခိုင် ခေါ် မြမ္မာဘာသာစကား ၏ ဒေသိယစကား သို့မဟုတ် ခေတ်ပေါ် စကား (သို့) ရက္ခိုင်ဘာသာစကားမှဆင့်ကဲပြောင်းလဲ သွားသောမျိုးမစစ်အသံပျက်ဘာသာစကားတစ်ခုသာဖြစ်သည်။
အောက်တွင်ရာဇကုမာရ်ကျောက်စာ၌ပါဝင်သောရခိုင်ဘာသာစကားများထဲမှ
တစ်ချို့ကိုထုတ်နှုတ်တင်ပြလိုက်ပါသည်။
ခြုပ်မ =ချွေးမ(ဗမာ)=ခြုပ်မ(ရက္ခိုင်)
ခြာယ်မ=ခယ်မ(ဗမာ)=ခြာယ်မ(ရက္ခိုင်)
မြီ=မြေ(ဗမာ)=မြီ(ရက္ခိုင်)
ဇာတီ=စေတီ(ဗမာ)=ဇာတီ(ရက္ခိုင်)
အရှိအရပ်သို့လားသော်ဝ်=အရှေ့အရပ်သို့
သွားသော်(ဗမာ)=အရှိအရပ်သို့လားသော်(ရက္ခိုင်)
ဟိ=ရှိ(ဗမာ)=ဟိ(ရက္ခိုင်)
ရိယ်မှုတ်=ရေမှုတ်(ဗမာ)=ရီမှုတ်(ရက္ခိုင်)
ကျောက်စာပါ ဝေါဟာရများကို လေ့လာလိုက်လျှင် ရက္ခိုင်ဘာသာစကားက
ရှေးကျသလော၊ဗမာဘာသာစကားကရှေးကျသလော၊ရက္ခိုင်ဘာသာစကားသည် ဗမာဘာသာစကား၏ဒေသိယလော၊
ဗမာဘာသာစကားသည် ရက္ခိုင်ဘာသာစကား၏ ဒေသိယလလော၊
ရက္ခိုင်ဘာသာစကားသည် ဗမာဘာသာစကားမှ ပြောင်းလဲခဲ့ခြင်းလော၊
ဗမာစကားသည် ရက္ခိုင်ဘာသာစကားမှပြောင်းလဲသွားခြင်းလော ဟူသည်ကိုရခိုင်ကျောက်စာများကို
အသာထား၍ရာဇကုမာရ် ကျောက်စာတစ်ခုတည်းကို လေ့လာကြည့်ရုံမျှဖြင့် သမိုင်းမှန်တစ်ခုကို
သိနိုင်လိမ့်မည်။ရခိုင်ဘာသာစကားသည်မြန်မာဘာသာစကား၏ ဒေသိယစကားပါဟု
ကိုယ့်ဘက်ကိုယ်ယက်ပြီး ပြောနေကြသောတမိုင်ဆရာများ၏ သမိုင်းအကြမ်းဖက်မှု
ရာဇဝတ်ကိုလည်း(( ရခိုင်ဘာသာစကားသည်ဗမာဘာသာစကားထက် ရှေးကျပြီး
ဗမာဘာသာစကားသည်သာလျှင်ရခိုင်ဘာသာစကားမှဆင်းသက်လာသော
ဒေသိယစကားဖြစ်သည်၊ဗမာစကား၏မူရင်းဇစ်မြစ်မှာရခိုင်ဘာသာစကားသာဖြစ်
သည်ကို))ဤရာဇကုမာရ်ကျောက်စာကပင်အဖြေထုတ်ပေးပြီးသားဖြစ်ပါသည်။
ရက္ခိုင် (ခ)မြမ္မာ ဘာသာစကားအပေါ် အသံပျက်ပြောဆိုတတ်သော ဗမာတို့က
မြမ္မာစာသည် ပျူ စာက ဆင်းသက်လာသည်ဟု အရှင်လတ်လတ်
လိမ်ညာဖြီးဖြန်းနေကြသည်။မြမ္မာစာသည်အကယ်၍ ပျူစာက ဆင်းသက်ရိုးမှန်လျှင်
ရာစုနှစ်တစ်ခုနှင့်တစ်ခုကြား အဆင့်ဆင့်ပြောင်းလဲလာသည့်ကြားခံအက္ခ ရာပြောင်းလဲလာပုံအထောက်အထားရှိရမည်။ယခုမူ ထိုသို့မရှိဘဲ အေဒီ ၁၂ ရာစုရောက်မှ မိုးပေါ်ကပြုတ်ကျလာသကဲ့သို့ ရုတ်တရက်ပေါ်ပေါက်လာသည်။ဗမာဒေသငယ်များတွင်
အစောဆုံးတွေ့ရသည့် ယနေ့ခေတ်အဝိုင်းအက္ခရာပါကျောက်စာမှာ ရာဇကုမာရ်ကျောက်စာပင်ဖြစ်သည်။
ထိုကျောက်စာတွင် ပျူ၊မွန်၊မြမ္မာ၊ပါဠိ လေးဘာသာဖြင့်ရေးထိုးထားသည်။
မြမ္မာစာသည် ပျူ စာကအမှန်ဆင်းသက်လျင်ထိုကျောက်စာ၌ပင်ပျူစာပါပြီးသားဖြစ်နေသည်မို့ ချက်ချင်းကြီး ပြောင်းလဲသွားခဲ့သည် ဆိုသည်မှာလုံးဝယုတ္တိမရှိ။အက္ခရာတို့မည်
သည် ရာစုနှစ်ချီကြာပြီးမှပြောင်းလဲတတ်သည်မို့ ပျူစာကိုရေးထိုးခဲ့သည့်
ထိုအချိန်၊ထိုခုနှစ်၊ထိုမိနစ်ပိုင်းအတွင်း ပျူ အက္ခရာကနေမြမ္မာအက္ခရာအဖြစ်ပြောင်းလဲ
သွားသည်မှာရယ်စရာ ဖြစ်နေသည်။
မွန်အက္ခရာ၊ရက္ခဝဏ္ဏ ခေါ် ရက္ခိုင်အက္ခရာတို့သည်ပလ္လာဝနှင့်ဗြဟ္မီးအက္ခရာတို့မှပြောင်းလဲရန် နှစ်ရာစုချီကြာခဲ့ကာ
ခေတ်အလိုက်ကြားခံအက္ခရာပြောင်းလဲပုံအဆင့်များလည်း အခိုင်အမာတည်ရှိသည်။
သို့သော်မြမ္မာစာကိုအရှက်မရှိလုယူချင်နေသော ဇာတ်ပျက်ဗမာတို့တွင် ပျူစာမှ
ဆင်းသက်လာသည့် ကြားခံအက္ခရာပြောင်းလဲပုံအဆင့်များမည်သည့်အထောက်အထားမျှမရှိဘဲ
ရုတ်တရက်ပြုတ်ကျလာသည်မှာအရည်းကြီးနည်းအရည်းကြီးဟန်အောက်လမ်းနည်းများဖြင့် မန်းမှုတ်လိုက်သည့်ဟန်ရှိသည်။ရာဇကုမာရ်ကျောက်စာတွင် ပျူအက္ခရာ၊မြမ္မာအက္ခရာများ၊မွန်အက္ဓရာများ
ဖြင့်ရးထိုးထားသောကြောင့်မြမ္မာအက္ခရာသည် ပျူအက္ခရာနှင့်
လားလားမျှမဆိုင်ကြောင်း အထင်းသားပေါ်လွင်နေသည်။ဗမာတိုတွင်
ခေတ်အလိုက်အက္ခရာပြောင်းလဲပုံအဆင့်ဆင့်မရှိသောကြောင့် မြမ္မာစာသည်
ဗမာဒေသငယ်တွင် ပေါ်ပေါက်လာသောစာမဟုတ်ဘဲ ရောက်ရှိလာသောစာပေဟု
၁၀၀% အခိုင်အမာပြောဆိုနိုင်သည်။အဘယ်ကြောင့်ဆိုသော်- ဗမာဒေသတွင်
အစောဆုံးတွေ့ရသော မြမ္မာအက္ခရာပါကျောက်စာများထက် ပိုမိုရှေးကျသော
စာပေအထောက်အထားများက အခြားဒေသတွင်အခိုင်အမာတည်ရှိနေသော
ကြောင့်ဖြစ်သည်။မြမ္မာစာပေတွင် ``ပင့်ရစ်မနိုင်၊ရက္ခိုင်မေး''
``ပင့်ရစ်မသိ၊ရက္ခိုင်နှင့်ညှိ''ဟူသောအလင်္ကာများရှိသည်ကိုထောက်ရှု၍
မြမ္မာစာ၏ မူလပိုင်ရှင်မှာ ရက္ခိုင် ခေါ် မြမ္မာတို့၏ စာပေဖြစ်ကြောင်း၊မြမ္မာစာပေ၏
ဇစ်မြစ်သည် ရက္ခိုင်မှ လာကြောင်း၊မြမ္မာစာသည် ဗမာစာမဟုတ်ကြောင်း
သိသာစေသည်။မြမ္မာစာပေသည်သူတို့ပြောသကဲ့သို့ အကယ်၍သာ ပျူစာ
ပျူအက္ခရာမှ တိုက်ရိုက်ဆင်းသက်လာပါက``ပင့်ရစ်မသိ ပျူနှင့်ညှို''ဟု ဖြစ်ရချေမည်မဟုတ်ပါလော။ပျူစာက
လာပါသည်ဟု ဗြောင်လိမ်ခြင်းခံနေရသည့် မြမ္မာစာသည် ပင့်ရစ်မနိုင် ပျူကိုမမေးဘဲ
ပင့်ရစ်မသိ ပျူနှင့်မညှိဘဲ အဘယ့်ကြောင့်ရက္ခိုင်ကိုလာမေးပြီးရက္ခိုင်နှင့်လာညှိနေရပါ
သနည်း။ပင့်ရစ်မသိ ရက္ခိုင်နှင့်ညှိဟူသည့်စာဆိုလင်္ကာရှိနေသည်မှာ ဗမာတို့သည်
ပင့်ရစ်သံနှင့်ရရစ်သံ၊ရနှင့်ယ ကို လုံးဝမကွဲပြားသောကြောင့်ဖြစ်သည်။
ဥပမာ- ကျား(Kyarr) ၊ကြား(Krarr)
ပျို(Pyo)၊ပြို
ကျ(Kya)၊ကြ
ကျက်(Kyatt)၊ကြက်(Kratt)
ပျံ(Pyan)၊ပြန်(Pran)
ဟူသော စကားလုံးများကို ဗမာတို့က
ပျိုကိုလည်းပျို ပြို(Pro)ကိုလည်းပျို၊
ပျံ(Pyan)ကိုလည်းပျံ(Pyan)၊ပြန်(Pran)ကို
လည်း ပျံ(Pyan)၊ကြား(Krarr)သည်ကိုလည်း ကျား(Kyarr)၊ကျား(Kyarr)တိရစ္ဆာန်ုကိုလည်း ကျား(Kyarr)စသည်ဖြင့် အသံထွက်ရော
သတ်ပုံပါ လွဲမှားစွာ ပြောဆိုရေးသားနေကြသည်မှာ ပင့်ရစ်သံနှင့် ရရစ်သံကို ပီပြင်ကွဲပြားစွာ မပြောဆိုတတ်၊
မရေးတတ်သောကြောင့်ဖြစ်သည်။
ရနှင့်ယ တို့ကိုလည်းထိုနည်းလည်းကောင်း
မှားပြောလေ့ရှိသည်။ဥပမာ ရန်ကုန်(Rangon)
ကို ယန်ဂုန်(Yangon)၊ရန်အောင်(Ran Aung)ကိုယန်အောင်(Yan Aung)
ရက္ခိုင်(Rakhine)ကို ယခိုင်(Yakhine)ဟု
ရသံနှင့်ယသံကိုအယူလွဲမှားစွာပြောဆိုလေ့ရှိ
ကြသည်။မြမ္မာစာသည် ဗမာစာပေဟုတ်မဟုတ် လွယ်ကူစွာ သိလိုပါလျှင် မြမ္မာစာသတ်ပုံများကို ဗမာအသံထွက်ဖြင့်သာရေးချလိုက်ပါ။
စာရေးသူအနေဖြင့် ရေးမပြတော့ပေ။
ထိုသို့ဗမာအသံထွက်ဖြင့်ရေးပြီးနောက်တွင်
မြမ္မာစာ၏သတ်ပုံများမှာ အံ့သြဖွယ်ကောင်းလောက်အောင် ရယ်ချင်စဖွယ်ပြောင်းလဲသွားလိမ့်မည်ကို
သင်သိလာလိမ့်မည်။ကမ္ဘာ့စာပေအသီးသီးနှင့်
မြမ္မာနိုင်ငံမှ စာပေအသီးသီးတို့တွင် ``ရေးတော့လည်းအမှန်၊ဖတ်တော့လည်းအမှန်
''ဟူ၍ သာရှိပြီး မြမ္မာစာကို ဗမာစာဟု လိမ်ယူချင်သည့် သူများကသာ
``ရေးတော့အမှန်၊ဖတ်တော့အသံ(အမှား)''
တစ်နည်းအားဖြင့် ``ရေးတော့တစ်မျိုး၊
ဖတ်တော့တစ်မျိုး''ဟု ကဗျာလင်္ကာစပ်ကာ
စာပေခိုးယူထားမှုအားဆင်ခြင်ပေးလေ့ရှိကြ
သည်။``ရေးတော့အမှန်၊ဖတ်တော့အသံ''
ဟူသည့်စာပေအလင်္ကာတစ်ခုကို
ထောက်လျှင်ပင် မြမ္မာစာသည် ဗမာတို့၏
စာပေမဟုတ်သဖြင့် အလိမ်ပေါ်သွားမှာစိုး၍ ဆင်ခြေဆင်လက်ဆင်နားရွက်ပေးထားမှန်း
ပေါ်လွင်စေသည်။
သမိုင်းမှတ်တမ်းများအရ ရက္ခိုင်အက္ခရာ
(ရက္ခဝဏ္ဏအက္ခရာ)သည် ဗြဟ္မီအက္ခရာမှ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်ပြီး ထိုရက္ခဝဏ္ဏအက္ခရာကို ရခိုင်ဝေသာလီခေတ်
သီရိစန္ဒြားလက်ထက်တွင် အမတ်ကြီး
ဓမ္မဇေယျမှ တီထွင်ရေးသားခဲ့သည်။
ဒေါက်တာသန်းထွန်းသည်လည်း
ရခိုင်တို့သည် အေဒီ ၆-ရာစုမတိုင်ခင်ကပင် စာပေထွန်းကားလျက်ရှိကာ
ယဉ်ကျေးမှု ထွန်းကားပြီးဖြစ်သည်
ဟု ဆိုထားသည်။
မြမ္မာစာပေကလောကတွင်
ရက္ခိုင်တို့၏ကဗျာ၊လင်္ကာ၊ရတု၊
ဧခြင်းများသည် ယနေ့တိုင် မျက်နှာပန်း
လှလျက်ရှိပြီး ထိုလင်္ကာ၊ရတု၊
ဧခြင်း များသည် ဝေသာလီခေတ်
(AD 327-၈၁၈)ကတည်းက
ရက္ခိုင်စာပေတွင်ပေါ်ပေါက်နေပြီးဖြစ်သည်။
ဝေသာလီခေတ်တွင်ရက္ခဝဏ္ဏအက္ခရာဖြင့် ရေးစပ်ခဲ့သောကဗျာလင်္ကာကျမ်း၊ရတု၊လင်္ကာ၊ကျောက်စာ၊ပေစာခေါင်းလောင်းစာ၊ဒင်္ဂါးစာ၊ကြေးဆီမီးခွက်စာအများအပြားတွေ့ရှိထားပြီး
ဖြစ်သည်။
မြမ္မာစာပေ၊မြမ္မာအက္ခရာကိုမည်သည့်
ဒေသတွင်မည်သူတို့ကမည်သည့်ရာစုနှစ်တွင်စတင်သုံးစွဲခဲ့သနည်းဟူသောမေးခွန်းကို ဖြေဆိုရန်မှာ ကျောက်စာပေစာ၊ဒင်္ဂါးစာ၊
ကြေးဆီမီးခွက်စာ၊ခေါင်းလောင်းစာတို့ပါ
အက္ခရာနှင့်ခုနှစ်များကိုကိုးကား၍ဖြေဆိုရပါ
မည်။ယနေ့ခေတ်အဝိုင်းအက္ခရာပါ ကျောက်စာပေစာ၊ခေါင်းလောင်းစာ၊ဒင်္ဂါးစာများကို အစောဆုံးခုနှစ်များဖြင့်တွေ့ရသော ဒေသနှင့်လူမျိုးသည်သာလျှင် အစောဆုံးသုံးစွဲခဲ့သောလူမျိုးအဖြစ် သတ်မှတ်ရမည်ဖြစ်ပြီးထိုမှတစ်ဆင့် ဗမာဒေသငယ်များဆီသို့ ပြန့်နှံ့သွားခဲ့သည်ဟု
မှတ်ယူအပ်ပေသည်။
သို့ဖြစ်၍ ယနေ့ခေတ်သုံးစွဲနေသော
အဝိုင်းအက္ခရာပါအစောဆုံးသမိုင်းအထောက်အထားများအား ဗမာဒေသငယ်တွင်တွေ့ရသော
အစောဆုံး ရာဇာကုမာရ်ကျောက်စာကို
ဗဟိုထား၍ နှိုင်းယှဉ်တင်ပြလိုက်သည်။
ရာဇကုမာရ်ကျောက်စာ(AE၄၇၄-ခု၊AD 1113)ထက် လေးမြို့ခေတ် မင်းရင်ဖြူဆင်းတုဓမ္မခဏ်စာ( AE၂၀၉-
AD-847)က ၂၆၅-နှစ် ပိုရှေးကျသည်။ နန်းကျားရပ်တော်မူ ဘုရားပလ္လင်စာ (AE၄၅၁-ခုAD-1089)က နှစ်ပေါင်း (၂၄)နှစ်
စောသည်။ဘူးကွဲတောင်ဘုရားကျောက်စာ
(၄၅၂ခု၊AD1090)က(၂၃)နှစ်ပိုရှေးကျသည်။
မေဓပညာမော်ကွန်းလင်္ကာပေမူ
(AD ၆၇၈-AE-၃၉)
ရာဇကုမာရ်ကျောက်စာ(AE -၄၇၄,AD ၁၁၁၃)
ဝေသာလီခေတ် သီရိစန္ဒြားလက်ထက်
အမတ်ကြီးဓမ္မဇေယျ၏ မေဓပညာမော်ကွန်း
လင်္ကာပေမူကမြစေတီ(ခ)ရာဇကုမာရ်
ကျောက်စာထက်(၄၃၅)နှစ် ပိုရှေးကျသည်။
လေးမြို့ခေတ်အစောပိုင်းရခိုင်ဘုရင်
မင်းရင်ဖြူ(AD ၈၄၃-၈၇၃)၏ကောင်းမှုတော်
ဘုရားဆင်းတုတော်ပါဓမ္မခဏ်စာ
(AD- ၈၄၇, AE-၂၀၉)-
ရာဇကုမာရ်ကျောက်စာ
(AD-၁၁၁၃,AE-၄၇၄)
မင်းရင်ဖြူ၏ ဓမ္မခဏ်စာက မြစေတီကျောက်စာထက် နှစ်ပေါင်း
(၂၂၆)ထက်ပိုရှေးကျသည်။
နန်းကျားရပ်တော်မူ ဘုရားပလ္လင်စာ (AE၄၅၁-ခုAD-1089)က နှစ်ပေါင်း (၂၄)နှစ်
စောသည်။
ရခိုင်ပြည် မာန်အောင်မြို့မှ ဘူးတောင်းကွဲဘုရားကျောက်စာ
(AD-၁၀၉၀)-ရာဇကုမာရ်ကျောက်စာ
(AD-၁၁၁၃)
ဘူးတောင်းကွဲဘုရားကျောက်စာက
မြစေတီကျောက်စာထက် (၂၃)နှစ် ပိုရှေးကျသည်။
ဝေသာလီခေတ် အေဒီ (၆)ရာစု အကုန်မှ
အေဒီ ကိုးရာစုအတွင်း ရေးထိုးခဲ့သော
ရက္ကဝဏ္ဏအက္ခရာပါ ရက္ခိုင်ကျောက်စာများ
အပါအဝင် စာပေအာထောက်အထားများစွာ ကျန်ရှိသေးသည်။ကိုယ်တိုင်ကိုယ်ကျ
လေ့လာလိုပါကရခိုင်ပြည်သို့သွားရောက်
လေ့လာနိုင်ပါသည်။
ဤရက္ခဝဏ္ဏအက္ခရာပါအစောဆုံးသမိုင်း
အထောက်အထားများအရ ရက္ခိုင်အက္ခရာ၊
ရက္ခိုင်စာပေ(သို့)မြမ္မာအက္ခရာမြမ္မာစာပေသည်ရက္ခိုင်ပြည်တွင်အစောဆုံးသုံးစွဲခဲ့ပြီးမြမ္မာစာပေဆင်းသက်လာရာမူလဇစ်မြစ်မှာရက္ခိုင်တို့ထံမှ ဖြစ်သည်မှာ၁၀၀% သေချာသည်။သို့ဖြစ်၍ မြမ္မာအက္ခရာကို ပထမဦးဆုံးသုံးစွဲခဲ့သူများမှာ
ရက္ခိုင်လူမျိုးဟု ပြတ်ပြတ်သားသားရည် ညွှန်းပြောဆိုလိုက်သည်။
Ref:
အေဒီ (၆)ရာစု မတိုင်မီ ရခိုင်ပြည်သုံး
အက္ခရာများ(သုတေသနပညာသျှင်
ပါမောက္ခ ဦးစံသာအောင်)
ရခိုင်စာပေခရီး(သုတေသီ အရှင်စက္ကိန္ဒ)
ရက္ခိုင်သမိုင်းအလင်းပြကျမ်း(ဆရာကြီး ဦးရွှေဇံ)
ရခိုင်စာပေမှ
မြန်မာစာပေအဖြစ်ဖြင့် မြန်မာနိုင်ငံအနှံ့ရောက်ရှိသွားရပုံ
သမိုင်း အကျဉ်း
**************************
မြန်မာရာဇဝင်များဖေါ်ပြချက်အရ " ပု-ပင်း-အင်း-တောင်-
ညောင်ရမ်းနောင်-ကုန်ဘောင်နှစ်ခေတ်တွဲ" ဟူသည်နှင့်
အညီ မြန်မာတို့တွင်
(၁) ပုဂံခေတ်
(၂) ပင်းယခေတ်
(၃) အင်းဝခေတ်
(၄) တောင်ငူခေတ်
(၅)ညောင်ရမ်းခေတ
်(၆) အမရပူရခေတ်
(၇) မန္တလေးခေတ် ဟူ၍ ခေတ်ကြီးခုနစ်ခေတ်ရှိခဲ့လေ
သည်။
ရခိုင်တို့တွင်" ဒွါ- ဝေ - ဓည- ပဒုတထား- ကျောက်လှေ
ကားဝေသာ- လေးမြို့လာ- သုံးဖြာမြောက်ဦးခေတ်" ဟူ
သည်နှင့်အညီသမိုင်းမတင်မှီ
(၁) ဒွါရာဝတီခေတ်
(၂) ဝေသာလီခေတ်ဟူ၍ နှစ်ခေတ်
သမိုင်းတင်ပြီးနောက်
(၃) ပထမဓညဝတီခေတ်
(၄) ဒုတိယဓညဝတီခေတ်
(၅) တတိယဓညဝတီခေတ်
(၆) ကျောက်လှေကားဝေသာလီခေတ်
(၇) လေးမြို့ခေတ်
(၈) ပထမမြောက်ဦးခေတ်
(၉) ဒုတိယမြောက်ဥိးခေတ်
(၁၀) တတိယမြောက်ဦးခေတ် ဟူ၍ ရှစ်ခေတ်
စုစုပေါင်း (၁၀) ခေတ်ရှိခဲ့လေသည်။
ထိုခေတ်အဆက်ဆက်တို့တွင် မြန်မာနိုင်ငံပုဂံကို
"ကြာ-အိုး-အံ-ပုဂံတည်" ဟူသောရာဇဝင်လင်္ကာအရ
ပျဉ်ပြားမင်းသည် မြန်မာသက္ကရာဇ်(၂၁၁) ခုတွင်တည်ထား
ခဲ့ပြီး ထိုနှင့်ခေတ်ပြိုင်ရခိုင်ပြည်၌ ယင်းမတိုင်မှီ(၃၁)နှစ်အလို
သက္ကရာဇ်(၁၈၀)ခုကပင် ခေတ္တသင်မင်းကြီးသည် လေးမြို့
ခေတ်ဦးပဉ္စာမြို့ကိုတည်ထားခဲ၍ စည်ပင်နေလြေီပီ။
ထိုပဉ္စာမြို့တည် ခေတ္တသင်မင်းကြီးနောက် သုံးဆက်
မြောက်ဖြစ်သော မင်းရင်ဖြူသည် သက္ကရာဇ်(၂၀၉) ခုတွင်
ပဉ္စလောဟာရတနာတို့ဖြင့် ဆင်းတုတော်တစ်ဆူကိုသွန်း
လုပ်ပူဇော်ခဲ့ပြီး ပလ္လင်တော်စမ္မခဏ်၌ ရက္ခဝဏ္ဏအက္ခရာခေါ်
ရခိုင်စာပေအက္ခရာဖြင့် ကောင်းမှုရှင်စာတမ်းထိုးထားခဲ့ပါ
သည်။ ဥာဏ်တော်မှာယခုအတိုင်းအတာဖြင့် ၁၄့ ၃လက်မ
မြင့်ကာ လက်ရှိ စစ်တွေမြို့ ခေါင်းလောင်းကျောင်းတွင်
ပူဇော်ခံလျှက်ရှိနေပါသည်။
မူလစမ္မခဏ်စာမှာ" သက္ကရာဇ်---၉ ခု ကဆုန်လဆန်း
၆ ရက် ၂လာ ၅နာရီကျော်----ရောက်-----ကြီးသွန်းအဲ
သည် ငင်္ရင်္မဖြူကောင်းမှု ပဉ္စလောဟာဖြင့်ပြီးပြည့်စုံသည်
ဘုရားပြုသောအကျိုဝ်အားဖြင့် ဘုရားမချွတ်ဖြစ်စေသောဝ်
ဟူ၍ဖြစ်ပါသည်။
ဖြည့်စွက်အဓိပ္ပါယ်ဖေါ်ယူရလျှင် "သက္ကရာဇ် ၂၀၉ ခု
ကဆုန်လဆန်း ၆ ရက် တနင်္လာနေ့ ၅ နာရီကျော်အချိန်
ရောက် ဘုရားကြီးသွန်းအပ်သည် ပဉ္စလောဟာဖြင့်ပြီးပြည့်
စုံသည် ဘုရားပြုလုပ်ရသောအကျိုးအားဖြင့် ဘုရားမချွတ်
ဖြစ်စေသော်ဝ်" ဟူ၍ဖြစ်ပါသည်။
ဤကား ယနေ့မြန်မာစာပေဟူ၍သတ်မှတ်ခံထားရ
သော ရခိုင်စာပေကို ရခိုင်ဒေသ၌တွေ့ရသောအထောက်
အထားများစွာအနက်မှ တစ်ခုဖြစသည်။
ဤစာပေအက္ခဖြင့် မြန်မာတို့ဒေသ၌ ရှေးဦးစွာတွေ့ရှိရ
သောစာပေသက်သေမှာ မြစေတီကျောက်စာဖြစ်ပါသည်။
မြစေတီကျောက်စာကို ပုဂံပြည့်ရှင်အနော်ရထာ၏မြေး
ကျန်စစ်မင်း၏သားတော် ဇေယျခေတ္တရာဘွဲ့ခံ ရာဇကုမာရ
မင်းသားက ကောဇာ(၄၇၅)ခု (အေဒီ ၁၁၁၃)တွင်တည်
ထားခဲ့ကြောင်း ရာဇဝင်မှတ်တမ်းများကပြဆိုကြပါသည်။
အဆိုပါ စာပေနှစ်ခုကိုနှိုင်းယှဉ်လိုက်သောအခါ
မြစေတီကျောက်စာသည် မင်းရင်ဖြူဘုရားစမ္မခဏ်စာ
နောက် နှစ်ပေါင်း (၂၆၆)နှစ်ပင်နောက်ကျကြောင်း
တွေ့ရှိရပါသည်။
ဤသို့ဆိုလျှင် ပုဂံပြည်၌ ရှေးယခင်ကစာပေမရှိခဲ့လေ
သလောဟူငြားအံ့။ ရှိခဲ့ပါသည်။ ရှိခဲ့သောစာပေမှာ ပျူစာ
ပေဖြစ်ပါသည်။ ထိုပျူစာပေကိုလည်း မြစေတီကျောက်စာ
မှာပင်နောက်ဆုံးတွေ့ရခြင်းဖြစ်သောကြောင့် မြစေတီ
ကျောက်စာကို မြန်မာစာပေ၏အစ ပျူစာပေနိဂုံးဟု
သုတေသီများသတ်မှတ်ထားကြပါသည်။
ယင်းသို့ဖြစ်လျှင် မြစေတီကျောက်စာတွင် မှတ်တမ်း
တင်ရလောက်အောင်ဖွံ့ဖြိုးခဲ့သောပျူစာပေသည် ရုတ်တရက်
ပျောက်ကွယ်၍ ယခင်ကမရှိခဲ့ဘူးသောမြန်မာစာပေသည်
ကောင်းကင်ကကျလာသလို ချက်ချင်း အဘယ်ကြောင့်
ဖွံ့ဖြိုးပြီးသားပေါ်လာရပါသနည်း။ အကြောင်းကိုသမိုင်း
သက်သေရှာဖွေကြရမည်ဖြစ်ပါသည်။
အဖြစ်မှန်ကားဤသို့ပင်ဖြစ်ပါသည်။
ရခိုင်ပဉ္စာမြို့ (၁၂) ဆက်မြောက်ဘုရင် မင်းဘီလူးကို
ဝရောင်းငှက်ခေါ် အမတ်အသင်္ခယာပုန်စားသောကြောင့်
အိမ်ရှေ့မင်းသား မင်ရဲဘယသည် မိဖုရားစောပေါက်ညို
(ပေါက်ညိုမြ)နှင့် အမတ်ပညာရှိ အခြွေအရံပရိသတ်ကို
အတူခေါ်လျှက် သက္ကရာဇ်(၃၄၆) (အေဒီ ၉၈၄)တွင်
ဘူးရွက်မညှိုးလမ်းမှ ပုဂံပြည်သို့ရှောင်တိမ်းကာအနော်ရ
ထာမင်းစောထံ ခိုလှုံခစားခဲ့ပါ၏။(သက္ကရာဇ်ကွဲချက်ရှိ)
ထိုအချိန်ကား အနော်ရထာမင်းစောသည်ပုဂံပြည်တွင်
မူလကကိုးကွယ်နေသောအရေးကြီးသာသနာကို ဖြိုခွင်း
သုတ်သင်နေသောအချိန်ကာလဖြစ်၏။ ပုဂံပြည်သုံးစာပေ
ဖြစ်နေသော ပျူစာပေမှာ အရေးကြီသာသနာမှသင်ယူရ
သောစာပေဖြစ်နေ၏။ အရေးကြီးတို့သည် သူတို့၏ လုပ်ကြံဖန်တီးထားသောဝါဒမျာကို ပျူစာပေဖြင့်မှတ်တမ်း
တင်ထားကြ၏။ ထို့ကြောင့် ပျူစာပေသည် ထိုအချိန်က
အရေးကြီးစာပေဖြစ်နေလေသည်။
အရေးကြီးသာသနာကိုသုတ်သင်ဖြိုခွင်းရာတွင် ပျူစာပေ
သင်ကြားရေးသည် ဘုရင်ကမျက်နှာသာမပေးသောရန်သူ့
စာပေအဖြစ်သတ်မှတ်ခံရသောကြောင့် အရေးကြီစာပေများ
ကိုမီးရှို့ဖျက်ဆီးလိုက်ကြသောအခါ ပျူစာပေတို့သည် အရေး
ကြီးသာသနာနှင့်အတူ ချက်ချင်းရပ်ဆိုင်းကာ တိမ်ကော
ပျောက်ကွယ်သွားခဲ့ရလေသည်။ ဤကား ပျူစာပေ၏
နိဂုံးပင်ဖြစလေသည်။
အခြားတစ်ဖက်တွင်ကား ရခိုင်အိမ်ရှေ့မင်းသား မင်းရဲ
ဘယနှင့်အတူလိုက်ပါလာကြသောအမတ်ပညာရှိများသည်
လကျာ်မင်းနံ ရွှေဂူသာတို့ကဲ့သို့မင်းသားမင်းသမီးငယ်များ
နှင့် မိမိတို့၏သားငယ်သမီးငယ်မျာကို မိမိတို့ရခိုင်စာပေကို
သင်ကြားမြဲသင်ကြားလျှက်သာရှိနေကြ၏။ ထို အမတ်
ပညာရှိများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသောကြောင့်
ပိဋကတ်သုံးပုံကို ကျွမ်းကျင်စွာတတ်မြောက်ကြသူများဖြစ်၏
အနော်ရထာမင်းကြီးသည် သထုံမှ ပိဋကတ်တော်များ
ရလာသောအခါ ထိုပိဋကတ်တော်လာတရားတော်များကို
နားလည်နိုင်ရေး သင်ယူနိုင်ရေးအတွက် ကျွမ်းကျင်သူ
ပညာရှင်များအထူးလိုအပ်လာလေသည်။ ထိုအခက်အခဲ
ဟူသမျှကို ရခိုင်ပညာရှိအမတ်များက ကူညီသင်ကြား
ဖြေရှင်းပေးကြ၏။ ထိုအခါ ရာဇကုမာရတို့ကဲ့သို့မင်းသား
မင်းသမီးငယ်များ တိုင်သူပြည်သားတို့၏ကလေးသူငယ်များ
သည် ပိဋကတ်စာပေတတ်မြောက်ရေးအတွက် ရခိုင်ပညာရှိများထံမှသင်ယူကြ၏။
ရခိုင်ပညာရှိအမတ်များသည် ရခိုင်စာပေအက္ခရာဖြင့်
ပုဂံမင်းသားမင်းသမီးကလေးသူငယ်များကိုသင်ကြားပေး
ကြပါ၏။ ထို့ကြောင့်နောင်မကြာမှီ မြစေတီကျောက်စာမှ
မြန်မာစာပေ သည် မိုးကောင်းကင်မှ ဥပပတ်ပဋိသန္ဓေဖြင့်
နတ်သားနတ်သမီးကျလာဘိသကဲ့သို့ ဘွားကနဲ့ပေါ်ပေါက်
လာခြင်ဖြစ်ပါသည်။
ဤသို့ဖြင့် ရခိုင်စာပေသည် မြန်မာစာပေဟူသောအမည်သစ်ကိုခံယူလျှက် မြန်မာနိုင်ံ
အနှံ့ ပြန့်နှံ့သွားရပါသတည်း
ပညာပါရမီဆရာတော်(ဦးရာဇ်မြီ)
-----------------------------------------------------------------
ကျမ်းကိုး
(၁) သမန္တစက္ခုဒီပနီ(မုံရွေးဇေတဝနဆရာတော်ကြီး)
(၂) ရခိုင်ရာဇဝင်သစ်ကျမ်း (အရှင်စန္ဒမာလာလင်္ကာရ)
(၃) မြစေတီကျောက်စာ(လှသမိန်)
(၄) ပုဂံခေတ်နိုင်ငံရေးသမိုင်း(ဒေါက်တာသန်းထွန်း)
(၅) တနေ့တလံ ပုဂံဘယ်ပြေးမလဲ(ဒေါက်တာသန်းထွန်း)
(၆) ကျောင်းသုံးမြန်မာရာဇဝင် (ဦးဘသန်း)
(၇) မင်းရင်ဖြူကောင်းမှု စမ္မခဏ်စာ
(၈) သာသနာလင်္ကာရစာတမ်း(မဟာဓမ္မသင်္ကြန်)
Written by.
ပညာပါရမီဆရာတော်(ဦးရာဇ်မြီ)
နန်းမူရာစိုး
ကြိုက်သည့် သမိုင်းဆရာဆိုသူများလာခဲ့ပါ။
မှတ်ချက်။ကုလားအက္ခရာများဖြင့်ရေးသားထားသည့် ပျူကုလားကျောက်စာများ အား အဖက်လုပ်မည်မဟုတ်ပါ။ယနေ့ခေတ်အဝိုင်းအက္ခရာပါသမိုင်းအထောက်အထားများကိုသာ
အဖက်လုပ်ပါမည်။

No comments:
Post a Comment