Monday, July 6, 2015

ယနေ့ အထူးအစည်းအဝေးမှ ထုတ်ပြန်ကြေညာချက် ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ၏ အထူးကြေညာချက်



ယနေ့ အထူးအစည်းအဝေးမှ ထုတ်ပြန်ကြေညာချက်
ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ၏ အထူးကြေညာချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ရက်စွဲ။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ(၆)ရက်။
စာအမှတ်-၃/ရတဂ(အထူး)-၂၀၁၅
၁။ ၂၀-၆-၂၀၁၅ ရက်နေ့ နှစ်ဖက်တွေ့ဆုံမှုအရ (၁၅)ရက်အတွင်း ဒဂုံစီးတီးစီမံကိန်း အပါအဝင် အခြားစီမံကိန်းများကို ဖျက်သိမ်းကြောင်း ကြေညာချက်ကို ထုတ်ပြန်ပေးရန် သဘောတူညီထားသော်လည်း အစိုးရတာဝန်ရှိသူများဘက်မှ ပျက်ကွက်သဖြင့် မူလလုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်ထားသည်များကို ဆက်လက်လုပ်ဆောင်သွားမည်။
၂။ ယနေ့ အစည်းအဝေးမကျင်းပမီ သက်ဆိုင်ရာမှ ဆရာတော်ဦးပါမောက္ခ ထံသို့ စီမံကိန်းဖျက်သိမ်းပေးမှာ သေချာပါကြောင်း ဖုန်းဖြင့် လျှောက်ထားလာပါသည်။သို့ရာတွင် ယနေ့ အစည်းအဝေး ကျင်းပချိန်အထိ ဖျက်သိမ်းကြောင်း ကြေညာချက်ကို မထုတ်ပြန်နိုင်သေးကြောင်း သိရှိရသည်။

၃။ ထို့ကြောင့် မူလလုပ်ငန်းစဉ်များဖြစ်သော ကန့်ကွက်ကြောင်း ကြေညာချက်များကို ဆက်လက်ထုတ်ပြန်ခြင်း၊ လက်ကမ်းများ၊ စတစ်ကာများ ဆက်လက်ဖြန့်ဝေခြင်း၊ လူထုဆန္ဒကောက်ခံခြင်းများကို ဆက်လက်လုပ်ဆောင်ခြင်း၊ နိုင်ငံတော်သမ္မတ၊ လွှတ်တော်အသီးသီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် သက်ဆိုင်ရာဌာနအသီးသီးသို့ လူထုဆန္ဒလက်မှတ်များကို ပေးပို့ခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်။
၎။ တရားဥပဒေလမ်းကြောင်းအရ ဆောင်ရွက်ခြင်းဖြစ်သော ထာဝရတားဝရမ်းနှင့် တားမြစ်စေစာချွန်တော်များ လျှောက်ထားခြင်းကိုလည်း ဥပဒေပညာရှင်အဖွဲ့မှ ဆက်လက်လုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်မည်။
၅။ ဒဂုံစီးတီးစီမံကိန်း အပါအဝင် အခြားစီမံကိန်းများ လုံးဝဖျက်သိမ်းကြောင်း အမိန့်ကြေညာချက် ထုတ်ပြန်သည်အထိ ဆက်လက်ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်သွားမည်။
၆။ အထက်ပါလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နေစဉ်အတွင်း လုံးဝဖျက်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်ပေးခြင်းနှင့် ဖျက်သိမ်းပေးခြင်း မရှိပါက ရဟန်းရှင်လူ၊ ပြည်သူများ ပါဝင်သော ဆန္ဒထုတ်ဖော်ကန့်ကွက်ပွဲများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
® ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့®
ဖုန်း-၀၉ ၅၁၇၀ ၃၅၂ ၊ ၀၉ ၄၀၃၇ ၆၈၅ ၉၅ ၊ ၀၉ ၅၀ ၉၆၈၂၉ ၊ ၀၉ ၅၁၂ ၇၃၃၀၊ ၀၉ ၇၃၁ ၅၁၉၂၂ ၊ ၀၉ ၂၅၈ ၂၃၉၉၆၉၊
၀၉ ၅၀ ၁၁၁ ၃၉၊ ၀၉ ၂၅၅ ၈၀ ၉၃၉၅၊ ၀၉ ၄၃၁ ၃၂ ၉၆၉၊ ၀၉ ၄၃၀ ၆၇ ၂၃၆၊
၀၉ ၇၉၃ ၄၄၀ ၉၆၉။
https://m.facebook.com/profile.php?id=1622812691296001


https://www.facebook.com/photo.php?fbid=472716156238828&set=a.245835732260206.1073741825.100005013428336&type=1&theater

No comments:

Post a Comment