Wednesday, January 13, 2016

ရခိုင်ပြည်မှာ မရှိမဖြစ် လိုအပ်နေသော လူမှုအဖွဲ့အစည်းများ



ရခိုင်ပြည်မှာ မရှိမဖြစ် လိုအပ်နေသော လူမှုအဖွဲ့အစည်းများ
----------------------------------------------------------------------
အနာဂတ် ရခိုင်ပြည်နယ် နှင့် ရခိုင်တစ်မျိုးသားလုံးအတွက် ရခိုင်ပြည်နယ်ပြင်တွင်း၊ မြန်မာနိုင်ငံအတွင်း မြန်မာ နိုင်ငံပြင်ပ နိုင်ငံတကာများတွင်လည်းကောင်း နာမည်အမျိုးမျိုးပေးပြီး ရခိုင်လူမှုရေးအဖွဲ့အစည်း များစွာ သည် မိမိတို့တတ်သလောက် မှတ်သလောက် နိုင်သလောက် စွမ်းအားများ စုဖွဲ့ပြီး မျိုးချစ်စိတ်ကို အခြေခံကာ ရခိုင် ပြည် နယ်နှင့် ရခိုင်တစ်မျိုးသားလုံး ဖွံဖြိုးတိုးတက်ရေးအတွက် ရခိုင်နှင့် ရခိုင်မျိုးနွယ်အပေါင်းတို့သည် လှုပ်ရှား ဆောင်ရွက် နေကြ သည်ကို မြင်ရကြားရသောကြောင့် ၀မ်းမြောက်မိပါသည်။ အလွန်လည်း ကျေနပ်မိပါသည်၊ ကျေးဇူး လည်း တင်ပါသည် ။
သို့သော် အဖွဲ့များပြီး အလုပ်မဖြစ်သည်လည်း ရှိတတ်ပါသည်၊ အဖွဲ့နည်းပြီး ကျစ်လစ်သိပ်သည်းစွာဖြင့်် အလုပ် ဖြစ် နေသည်လည်း များစွာရှိပါသည်။ အဖွဲ့များပြီး အဘယ်ကြောင့် အလုပ်မဖြစ်သော် ဆိုင်ရာဆိုင်ရာ ကဏ္ဍ အလိုက် လိုအပ်နေေ သာ နေရာများတွင် စွမ်းအားများသည် အံဝင်ဂွင်ကျမဖြစ်ဘဲ ပြန်ကြဲနေသွားကြောင့် ဖြစ်ပါသည်၊ (ဥပမာ)
အနုပညာသည်တစ်ဦးက ထိုသူ မကျွမ်းကျင်သည့် ကျန်းမာေ ရးစောက်ရှောက်မှု လူမှု အဖွဲ့အစည်းများတွင် ၀င်ရောက်လှုပ်ရှားနေရခြင်းကြောင့်သော်၎င်း၊ ဆေးပညာရှင်တစ်ယောက်က စာပေအဖွဲ့ အစည်းတစ်ခုတွင် လှုပ်ရှားနေခြင်းသော်၎င်း ၊ နိုင်ငံရေးသမားတစ်ယောက်က စိုက်ပျိုးရေး မွေးမြူရေး ဆောင် ရွက်နေသော အဖွဲ့များတွင်၎င်း၊ ပါဝင်ဆောင်ရွက်နေသည်မှာ အံဝင်ဂွင်ကျ မဖြစ်ခြင်းကို ဆိုလိုခြင်းဖြစ် ပါသည်။ ထိုကြောင့် လူမှုအဖွဲ့အစည်းများတွင် ပြန့်ကျဲ လုံးထွေးနေသော စွမ်းအားများကို ကဏ္ဍအလိုက် အံဝင်ဂွင်ကျဖြစ် အောင် ပါဝင်လှုပ်ရှားဆောင်ရွက်စေခြင်းက အလွန်အကျိုး ရှိမည်မှာ မြေကြီးလက်ခတ်မလွဲပါ။
ယနေ့ ရန်ကုန်မြို့တစ်ခုတည်းကို နမူနာထားပြီး ပြောပြရသော် ရန်ကုန်မြိွုှ့တွင် ရခိုင်ပြည်နယ်မြို့နယ်အသင်း (17)သင်းနှင့် လူမှုရေးအသင်းများစွာ ရှိပြီး ထိုအသင်းအဖွဲ့အစည်းများသည် ၀ါဆိုသင်္ကန်းကပ် သည့်အခါ တစ်ကြိမ်၊ သင်္ကြန်ကျသည့် အခါတစ်ကြိမ်လောက်သာ နည်းနည်း ပါးပါး လှုပ်ရှားဆောင်ရွက် နေကြသည် ကိုတွေ့ရပါသည်။ဤအထဲတွင်လည်း မျိုးနွယ်စုအလိုက် သီးခြားစီ လှုပ်ရှားဆောင်ရွက်ကြသည်ကို တွေ့မြင်ရ ပါသည်။ မြို့နယ်အသင်းအမည်ခံပြီး ၄င်းမြို့နယ်များ၏ လူမှုရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမားရေး၊ လုပ်ငန်း များနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လှုပ်ရှားသည်မှာ မရှိမဟုတ် ရှိပါသည် သိုသော် အလွန်နည်းပြီး မတွေ့ရ သလောက်ဖြစ်ပေသည်။
ထိုအသင်းအဖွဲ့များသည် လည်း ရွယ်ရည်ချက် ၊ဦးတည်ချက်၊ ပန်းတိုင်များလည်းရှိကြမည်ဖြစ်ပေသည် ၊ များသောအားဖြင့် လူမှုရေးအဖွဲ့အစည်းများသည် သန်ရာသန်ရာ ကဏ္ဍအလိုက် တာဝန် သိမှု တာဝန်ယူမှု အားနည်းပြီး ရောလုံးယှက်တင် ရခိုင်ဆိုသော ခေါင်းစဉ်အောက်မှာ လှုပ်ရှားနေသည်ကို သတိပြုကြပါလိမ့်မည့်၊
ထိုမြို့နယ်အသင်းအဖွဲ့များနှင့် ရခိုင်လူမှုအဖွဲ့အစည်းများထဲတွင် ပါဝင်လှုပ် ရှားနေကြေ သာ မျိုးချစ်ရခိုင်များ သည် ကျွမ်းကျင်ရာ လိမ်မာရာ လူစွမ်းအား အရင်းအဖြစ်များကို ကဏ္ဍအလိုက် အစုအဖွဲ့ ဖွဲ့ပြီး မြို့နယ်အသင်း အမည်များအား၎င်း၊ လူမှုရေး၊ ဘာ သာ ရေးအသင်းအမည်များအား၎င်း ဒေသစွဲ ၊ အသင်းစွဲ မဖွဲထားဘဲ ရခိုင်ပြည် နယ် နှင့် ရခိုင်တစ်မျိုး သားလုံးဖွံ့ဖြိုးတိုးတက်ရေး အတွက် အောက်တွင်ဖေါ်ပြ ထားသော အသင်းအဖွဲ့ အမည်များကို မိမိ နိုင်ရာ နိုင်ရာ တာဝန်ကိုယူကြပြီး အစုအဖွဲ့လိုက် ရပ် တည်လှုပ်ရှားသော် ပို၍အောင်မြင်သော အရည်အသွေး ပြည့်ဝသော ကျစ်လစ်သော တာဝန်သိမှု တာဝန်ယူမှု များရှိသော အဖွဲ့အစည်းများဖြစ်လာမည်ဟု ယုံကြည်မိပါသည်။ တစ်နည်းအားဖြင့် တိုင်းပြည်တစ်ပြည်ကို အစိုးရ အဖွဲ့ စီမံကွပ်ကဲသကဲသို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်သည့်သဘောပင်ဖြစ်ပေသည်။
နောက်တစ်ခုက ရခိုင်လူမျိုးတို့သည် မိမိတို့၏ မျိုးနွယ်စုဝင်များဖြစ်သော ခမီး ၊ မြို ၊ သက် ၊ ဒိုင်းနက် ၊ မရမာ လူမျိုးများတို့၏ အသင်းအဖွဲ့အစည်းများနှင့် ကင်းကွာနေခြင်း၊ပူးးပေါင်းဆောင်ရွက်မှုမရှိခြင်း ၊ လက်တွဲခေါ် ဆောင်မှုအားနည်းခြင်း၊ ရင်းနှီးကျွမ်းဝင်မှု မရှိသလောက် အလွန်အားနည်းနေသည်ကို မြင်တွေ့ရပါသည်၊ ထိုထိုသော မိမိတို့၏မျိုးနွယ်စုများနှင့် ရခိုင်လူမျိုးတို့သည် မဖြစ်မနေ ရင်းနှီးကျွမ်းဝင်မှု၊ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားဂရုတစိုက် လုပ်ကြရမည်မှာ ယနေ့ ရခိုင်လူမျိုးများအတွက် မဟာလိုအပ်ချက်ကြီး တစ်ခုဖြစ် နေဟု ထင်မြင်သုံးသပ်မိပါသည်။
မိမိတို့၏ ကျွမ်းကျင်ရာ၊ လိမ္မာရာ ပညာရပ်များအလိုက် ၊ကဏ္ဍရပ်များအလိုက် တူရာတူရာ စုပေါင်းဖွဲ့စည်း ထားခြင်းအားဖြင့် ဖယ်ဒရယ်ပြည်ထောင်စုသို့ လျှောက်လှမ်းနေသော ယနေ့အချိန်အခါတွင် လိုအပ်လျှင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့ရမည်ဆိုပါက ကဏ္ဍအလိုက် ကျွမ်းကျင်သူများကို ကြိုတင်စုဖွဲ့ထားသည့် သဘောမျိုးလည်း သက်ရောက်သွားမည်ဖြစ်ပါသည်။
ထိုကြောင့် ကျွန်တော်အကြံပြုလိုသည်မှာ မှားသော်ရှိ မှန်သော်ရှိ ကျွန်တော်၏အမြင်သာဖြစ်ပါသည်၊ ဤအ တိုင်း ဖြစ်ရမည်ဟု မဆိုလိုပါ၊ ရခိုင် နှင့် ရခိုင်မျိုးနွယ်စုဝင်အားလုံးကိုလည်း တင်ပြခြင်း၊ တိုက်တွန်းခြင်း သာဖြစ် ပါသည်။ များပြားလှစွာသော ပြည်တွင်း ပြည်ပ၌ရှိသော ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင်အသင်းအဖွဲ့များ ၊ လူမှုရေး အသင်းအဖွဲ့အစည်းများသည် မိမိမျိုနွယ်စု၏ဆန္ဒ မိမိမျိုနွယ်စု၏အသင်း ၊ မိမိ၏ မြို့နယ်အသင်းကို ဦးစား ပေးခြင်းထက် အောက်ပါလိုအပ်သော အဖွဲ့အစည်းများကို ဆိုင်ရာဆိုင်ရာ သန်ရာသန်ရာ ကျွမ်းကျင်ရာ ပညာ ရပ်အလိုက် ၊ကဏ္ဍအလိုက် တူရာတူရာ စုကာ နယ်စည်းမခြား၊ ဒေသမစွဲဘဲ ပူးပေါင်းဆောင်ရွက် လှုပ်ရှားကြ ခြင်းဖြင့် ပိုမိုအကျိုးသက်ရောက် မည်ဟု ထင်မြင် မိပါကြောင်း တင်ပြလိုက်ပါသည်၊
ရခိုင်ပြည်အတွက် အမှတ်တကယ် ရှိအပ်သော လူမှုအဖွဲ့အစည်းများ
(1) ရခိုင်ပြည်နယ် အလုပ်အကိုင် ရှာဖွေပေးရေးအဖွဲ့
(က) ရခိုင်- မျိုးနွယ်စုဝင်များ ကျွမ်းကျင်လုပ်သား မွေးထုတ်ရေးအဖွဲ့ ၊
(ခ) ရခိုင်-မျိုးနွယ်စုဝင်များ ပြည်တွင်းအလုပ်အကိုင် ရှာပေးရေးအဖွဲ့ ၊
(ဂ) ရခိုင်-မျိုးနွယ်စုဝင်များ ပြည်ပ အလုပ်အကိုင် ရှာပေးရေးအဖွဲ့ ၊
(2) ရခိုင်ပြည်နယ် မိသားစုတိုင်း ၀င်ငွေရရှိရေး ဦဆောင်အဖွဲ့၊
(A) မျိုးစေ့ ၊ မျိုးကောင်း ဈေးကွက် ရှာဖွေရေးအဖွဲ့ (ပြည်တွင်း ၊ပြည်ပ) ၊
(B) စိုက်ပျိုးရေး အဖွဲ့ ၊
(C) မွေးမြူရေးအဖွဲ့ (ရေချို ၊ရေငံ ငါး၊ ပုဇွန် - ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ၀က်၊ သိုး၊ )
(3) ရခိုင်ပြည်နယ် ကျန်းမားရေး စောင့်ရှောက်မှုနှင့် နာရေး ကူညီစောင့်ရှောက်မှု ဦးဆောင်အဖွဲ့
(က) ရခိုင်-မျိုးနွယ်စုဝင် ဆင်းရဲသော လူနာများကူညီစောင့်ရှောက်ရေးအဖွဲ့ ၊
(ခ) ရခိုင်-မျိုးနွယ်စုဝင် ဆင်းရဲသော နာရေးများကူညီစောင့်ရှောက်ရေး ၊
(4) ရခိုင်ပြည်နယ် သာသနာရေးဦဆောင်အဖွဲ့
( I) ဘာသာရေးစာပေများ ပြန့်ပွါးရေးအဖွဲ့ ၊
( II ) ဘာသာရေး ကျင့်စဉ်များ ပြန့်ပွားရေးအဖွဲ့၊
(5) ရခိုင်ပြည်နယ် ပညာရေးဦဆောင်အဖွဲ့
(က) ရခိုင်+ မျိုးနွယ်စုဝင်များ အခြေခံပညာသင်ယူနိုင်ရေး ထောက်ကူမှုအဖွဲ့ ၊
(ခ) ရခိုင် +မျိုးနွယ်စုဝင်များ နည်းပညာ သင်ကြားရေး ထောက်ကူမှုအဖွဲ့ ၊
(ဂ) ရခိုင် + မျိုးနွယ်စုဝင်များ ဘာသာစကား တတ်မြောက်ရေး သင်ထောက်ကူအဖွဲ့ ၊
(ဃ) ရခိုင် + မျိုးနွယ်စုဝင်များ ပြည်ပ ပညာသင်ကြားရေး ထောက်ကူမှုအဖွဲ့ ၊
(7) ရခိုင်ပြည်နယ် စာပေနှင့် ယဉ်ကျေးမှုဦဆောင်အဖွဲ့
(က) ရခိုင်နှင့် မျိုါ်နွယ်စုဝင်တို့၏ စာပေ သမိုင်း ၊ ယဉ်ကျေးမှုများ ဖေါ်ထုတ်ရေးအဖွဲ့ ၊
(ခ) ရခိုင် - မျိုးနွယ်စုဝင်များ ရိုးရာ ယဉ်ကျေးမှုပွဲတော်များနှင့် နေ့ထူးနေ့မြတ်များ ကျင်းပရေးအဖွဲ့ ၊
(ဂ) ရခိုင် - မျိုးနွယ်စုဝင်များ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ၊
( ဃ ) ရခိုင်- မျိုးနွယ်စုဝင်များ ခေတ်ပေါ် တီးဝိုင်း နှင့် ယဉ်ကျေးမှုအကအဖွဲ့
(9) ရခိုင်ပြည်နယ် အားကစားဦဆောင်အဖွဲ့
( က) ဘော်လုံးအဖွဲ့ ၊
(ခ) ကိုယ်ခံပညာရှင်များအဖွဲ့ ၊
(ဂ) ရခိုင်ကျင်အဖွဲ့ ၊
(ဃ) ရခိုင်ပြိုင်လောင်းအဖွဲ့ ၊
(င) ရထားပန်ုးယိုင်အဖွဲ့
(စ) မျိုးနွယ်စုများ အားကစားအဖွဲ့
(10) ဥပဒေ ကူညီစောင့်ရှောက်ရေးအဖွဲ့
မတရားစွပ်စွဲမှုများအား ကူညီစောင့်ရှောက်ရေးအဖွဲ့၊
လူအခွင့်အရေး ဆုံးရှုံးများအား ဖေါ်ထုတ်ကူညီပေးရေးအဖွဲ့၊
(11) ရခိုင်ပြည်နယ် သံသယကင်း စာရင်းစစ်အဖွဲ့
(A) ပြည်နယ်စာရင်းစစ် ၊
(B) မြို့နယ်စာရင်းစစ် ၊
အဖရခိုင်ပြည်ကြီး ဖွံဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ခေါင်းစဉ် အလိုက် ပြုမူလှုပ်ရှားဆောင်ရွက်ကြမည်ဆိုလျှင် နောင်တွင် ရခိုင်ပြည်နှင့် ရခိုင်တစ်မျိုးသားလုံးအတွက် မှန်စွာအသုံးတည့်မည်ဖြစ်ကြောင်း မိမိ သိသလောက် မှတ်သလောက် တင်ပြလိုက်ရပါသည် ရခိုင်+မျိုးနွယ်စုဝင်အပေါင်းတို့အား ဦးညွှတ်လျှက်
မောင်ဖြူ
(16.10.2013 )3း45 PM

No comments:

Post a Comment