Tuesday, February 9, 2016

AA မှ ချင်းဒေသအတွင်း စားနပ်ရိက္ခာစုဆောင်းရာတွင် ဒေသခံများဖက်မှနစ် နာခြင်းရှိပါက ကျေနပ်သည်အထိ ဖြေရှင်းပေးမည်ဟု CCSN သို့စာပို့


=========================
Salai Hung Tun Gei
ရက္ခိုင်တပ်မတော်(AA) မှ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ
ကွန် ယက်(CCSN) သို့ ရခိုင်နှင့် ချင်းတောင်တန်းများတွင်စစ်ရေးအရ မလွဲမရှောင် သာ ရွှေ့လျားမှုများ
ပြုလုပ်ခြင်းကြောင့် စားနပ်ရိက္ခများ ကိုဖြည့်တင်းရသည့် အပေါ် ဒေသခံရွာသားများအနေဖြင့် နစ်နာမှုရှိပြီး မိမိတို့ဖက်မှလိုအပ်ချက်များ ရှိပါက တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ကျေနပ်သည်အထိဖြေရှင်း ပေး မည်ဖြစ်ကြောင်း ဖေဖော်ရီလဆန်းပိုင်းက စာပေးပို့ထားကြောင်း CCSN တာဝန်ခံဆလိုင်းယာကုတ်ထန်က
ပြောသည်။ သူက “ ကျွန်တော်တို့အဲဒီကိစ္စကိုဆွေးနွေးပြီးကြေညာချက် ထုတ်ခဲ့တာဖြစ်တယ်။ အဲဒီအပေါ်သူတို့ကမကြာခင် မှာပဲ အီးမေးလ်တောင်းပြီးတရားဝင်စာပို့ လာတာဖြစ်တယ်” ဟုပြောသည်။

ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ
ကွန်ယက်မှ ဇန်န၀ါရီနောက်ဆုံးပတ်အ တွင်းကျင်းပခဲ့သည့် တွေ့ဆုံပွဲမှ ချင်းပြည်နယ်ပလက်ဝဒေသတွင်
AA မှရိက္ခာစုဆောင်းသည့်လုပ်ရပ်နှင့်ပတ်သက်ပြီး အပြင်းအထန်ကန့် ကွက်ကြောင်း ကြေညာ ချက် ထုတ်ပြန်အပြီးမကြာမီ ထိုသို့အကြောင်းကြားစာ လက်ခံခြင်းဖြစ်သည်။

AA မှပေးပို့သည့်စာတွင် အစိုးရနှင့်တိုက်ပွဲဖြစ်ရခြင်းကြောင့် ချင်းပြည်နယ်၌ တည်ငြိမ်မှုပျက်ပြား ကာ ဒေသခံများအစိုးရိမ်ကြောင့်ကြထိတ်လန့်သည့်အပေါ် များစွာစိတ်မကောင်းကြောင်း၊ အစိုးရအနေဖြင့် AA အားအမြစ်ပြတ်ချေမှုန်း ရန် ထိုးစစ်များတောက်လျှောက်ဆင်လျက်ရှိကြောင်း၊ ချင်းလူမှုအဖွဲ့အစည်း များ အနေဖြင့် မိမိတို့အခက်အခဲအပေါ်နား လည်ပေးစေလိုကြောင်းနှင့် မိမိတို့ဖြတ်သန်းခဲ့ကြရသည့် အခက်အခဲ များကို အဆင်းရဲဆုံးနိုင်ငံမှ အဆင်းရဲဆုံးအဖိနှိပ်ခံဘ၀တူညီအစ်ကိုစိတ်ဓာတ်အပြည့်ဖြင့် အိန်နီး ချင်း ကောင်းပီ သစွာနှင့်အားကိုးစွာအနူးအညွတ်မေတ္တာရပ် ခံကြောင်းပါရှိသည်။
Photo: Google
Chin World

No comments:

Post a Comment