Tuesday, June 14, 2016

တိုင်းရင်းသားနယ်မြေများရှိ ရွှေ့ပြောင်းအလုပ်သမားများအား အိမ်ထောင်စုဇယားပေးမည့်အစီစဉ် ကျားခေါင်းပါတီ ကန့်ကွက်

တိုင်းရင်းသားနယ်မြေများရှိ ရွှေ့ပြောင်းအလုပ်သမားများအား အိမ်ထောင်စုဇယားပေးမည့်အစီစဉ် ကျားခေါင်းပါတီ ကန့်ကွက်
===========================================
NLD အစိုးရ၏ ရက် ၁၀၀ စီမံချက်တွင်ပါဝင်သော ရွှေ့ပြောင်း အလုပ် သမား များ ၊ ရွှေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုဇယားထုတ်ပေးမည့် အစီ အစဉ်ကို တိုင်းရင်းသားအင်အားစုများမှကန့်ကွက် နေရာ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် ခေါ် ကျားခေါင်းပါတီမှလည်း လွှတ်တော်တွင် တင်ပြကန့်ကွက်မည်ဟု ကျားခေါင်းပါတီ အထွေထွေအတွင်းေ ရးမှူးဦးစိုင်း ညွှန့်လွင် က ပြောသည်။

“ကျနော်တို့ပါတီကနေ လွှတ်တော်မှာကန့်ကွက်မယ်အဲ့ဒါကို ။သူတို့က ယာယီမှတ်ပုံတင်ဆိုလဲထားပါတော့ အခုကသန်းခေါင်စာရင်းပါထုတ်ပေးမယ် ဆိုတော့ သန်းခေါင်စာရင်းဆို အဲ့ဒီဒေသလူဖြစ်သွားမယ်။ အဲဒီမှာပဲ  မဲပေးမယ်ဆိုတဲ့ သဘောပဲ။ ” ဟု သျှမ်းတိုင်းရင်း သားများဒီမို ကရေစီ အ ဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကအဆိုပါကိစ္စ ရပ်နှင့် ပတ်သက်၍ ပြောသည်။

တိုင်းရင်းသားနယ်မြေများအတွင်း ရွှေ့ပြောင်းအခြေချနေထိုင်သူများအားအိမ်ထောင်စုစာရင်းထုတ် ပေးမည့် စီမံချက်မှာ တိုင်းရင်းသားနယ်မြေ အတွင်း နယ်မြေချဲ့ထွင်မှု ( သို့မဟုတ် ) ကိုလိုနီလက်သစ်ပြုလုပ် ရန် ဖြစ်သဖြင့်  အစိုးရ၏ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နေမှုအပေါ် စိန်ခေါ်မှုဖြစ်စေေ သာကြောင့် အဆိုပါစီမံချက်အား ပြန်လည်သုံးသပ်ပေးရန်ရဟန်း သံဃာေ တာ် များအပါဝင် မွန်တိုင်းရင်းသား အင် အားစုများမှလွန်ခဲ့သည့်ရက် ပိုင်း အတွင်းတောင်းဆိုထားသည်။

အချက် (၇) ချက်ဖြင့် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံပေးပို့ထားသောတောင်း ဆို စာတွင် ယင်းအစီအစဉ်မှာ ယခင်စစ်အစိုးရ၏ တပြည်ထောင် စနစ်ကို အကောင် ထည်ဖော်ရန်နှင့် နိုင်ငံရေးအရ လူမျိုးတမျိုးတည်း ကြီးစိုးရေး အတွက်လုပ်ဆောင်ခြင်းဖြစ်ပြီးတိုင်းရင်းသားတို့၏ စာပေ ၊ ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်း များကို ပျောက် ကွယ်သွားစေရန် ၊တိုင်းရင်းသားအချင်းချင်းေ သ်ာလည်းကောင်း ၊ တိုင်းရင်းသားအချင်းချင်း ကြား သော်လည်းကောင်း ချစ်ကြည်ရင်းနှီးမှုပျက်ပြားလာစေရန် စသည့် အကြောင်း အချက်များမှာ ယခုရွှေ့ပြောင်း အခြေချသူများအား အိမ်ထောင်စုဇယားထုတ်ပေးမည့် အစီစဉ်တွင်ပါဝင်နေကြာင်းရေး သား ထားသည်။

ရွှေ့ပြောင်းနိုင်ငံသားများ ရောက်ရှိလာပြီးနောက် ဒေသအတွင်း၊ အေးချမ်းတည်ငြိမ်မှုပျက်ပြားကာ ရာဇ၀တ်မှုများ မကြာခဏဖြစ်လာခြင်း ၊ပိုင်ရှင်ရှိမြေနေ ရာနှင့် လမ်းနယ်နိမိတ်တို့တွင် ကျူးကျော်ေ နထိုင်ခြင်း၊ရောင်း ၀ယ် ဖောက် ကားခြင်းတို့ကြောင့် ဒေသခံများ ထိခိုက်နစ်နာရ သည်ဟုလည်း တောင်း ဆိုချက် တွင် ဖော်ပြထားသည်။
ယင်းအပြင် ရွှေ့ပြောင်းနေထိုင်သူများကို နေရာတစ်ခုတွင် ခြောက်လ(သို့)ရှစ်လ ကြာနေထိုင်ပြီးသည့် အခါယာယီအိမ်ထောင်စုစာရင်းထုတ်ပေး သည့် ကိစ္စသည် စိတ်ဝင်စားစရာဖြစ်သော် လည်းအဆိုပါစီမံ ချက်နှင့်ပတ် သက်သည့် လုပ်ထုံးလုပ်နည်းများကိုအများပြည်သူအလွယ်တကူသိရှိနိုင်ရန် ထုတ်ပြန်ေ ပးခြင်းမျိုး မတွေ့ရသည့် အတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီနောင် များက အထူးစိုးရိမ်နေ ကြကြောင်း လည်းဖော်ပြထားသည်။

တိုင်းရင်းသားဒေသအတော်မျာများမှာ ကာလတာရှည်ဖြစ်ပွား ခဲ့သည့်ပြည် တွင်းတွင် စစ်နှင့်လက်နက် ကိုင်ပဋိပက္ခ ပြဿနာများ ၊ဒေသဖွံ့ဖြိုးမှုနောက် ကျခြင်းနှင့် လူ့အခွင့်ရေးချိုးဖောက် မှုများကြောင့်နေရပ် စွန့်ခွာထွက်ပြေးရ သူမြောက်မြားစွာရှိနေပြီး မူလတိုင်းရင်းသားများအတွက် ပြန်လည်ထူေ ထာင်ရေး နှင့်နေရာချထားရေး လုပ်ငန်း များမဆောင်ရွက်နိုင်မှီ ပြင်ပဒေသမှ လာရောက်သူများကိုဒေသခံအဖြစ် သတ်မှတ်ရန်လုပ်ဆောင် ခြင်း မှာ နိုင်ငံေ ရး အရ သာမက အဆိုပါစီမံချက်ကြောင့် မျိုးနွယ်မတူသူများ အကြား ပဋိပက္ခ များပါဖြစ်ပွားလာ နိုင် သည်ဟုလည်း တိုင်းရင်းသားအင်အားစုများ အတွင်း သုံးသပ်ြေ ပာဆိုမှုများ ရှိနေပါသည်။

ယခင်စစ်အစိုးရသည် ရွှေ့ပြောင်းနိုင်ငံသားများကို အသုံးပြုပြီး နိုင်ငံေ ရး၊ ဘာသာရေး၊ သာသနာရေးနှင့် လူမျိုး ရေးအရ၀ါးမြိုနိုင်ရန် အစီအစဉ် ရှိရှိဖြင့်ဆောင်ရွက်ထားသောစီမံချက်တစ်ခုအဖြစ်နားလည် ထားခြင်း၊ေ ရွှ့ ပြောင်း သူများတိုးပွားလာခြင်းသည်နေရပ်ရင်းဖြစ်သူလူဦးရေ အပေါ် လွှမ်းမိုးလာသည့် အနေအထား တစ်ခုဖြစ် လာပြီး ဒေသတွင်း ရှိတိုင်းရင်း သားများအခန်း ကဏ္ဍပျောက်ဆုံးနိုင်သည်ဟုလည်း မွန်အင်အားစုများမှ မွန်ပြည်နယ် အစိုးရထံ ပေးပို့သည့် တောင်းဆိုစာတွင်ဖော်ပြထားသည်။
သျှမ်းပြည်နယ်တွင် ကာလရှည်ဖြစ်ပွားခဲ့သောကြောင့်ဒေသခံ များစွာ မှာ နေ ရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ထိုင်းနိုင်ငံ တွင်သျှမ်းတိုင်းရင်းသားများ သန်းနှင့် ချီရှိသော်လည်းသန်းခေါင်စာရင်းကောက်ယူမှုတွင် သျှမ်းပြည်နယ် အတွင်း လူဦးရေမှာ တစ်သန်းခန့်တိုးလာခဲ့သည်။

သျှမ်းအပါအ၀င်တိုင်းရင်းသားများ နေရပ်စွန့်ခွာခဲ့ရသော်လည်းပြည်မနှင့် တရုတ်နိုင်ငံဘက်မှ အခြေချသူ များပြား ခဲ့ဖွယ်ရှိသည်ဟု လေ့လာသူ အချို့က ဆိုသည်။ ‘ ကျနော်တို့ သျှမ်းဆို ဘယ်လိုလုပ် မလဲဗျ။ ဒီလောက်ပြောင်းရွှေ့ အခြေချနေ ထိုင်မှုမြင့်တာ ၊ ဘဲဥအစရှာမရ သလိုဖြစ်ပြီထင်တယ်။‘ ဟု သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA မှအတွင်းရေးမှူး (၂) ဗိုလ်မှူး ကြီး စိုင်းလ က ပြောသည်။
စစ်အစိုးရအဆက်ဆက်လက်ထက်တွင်တိုင်းရင်းသားဒေသများသို့ ဒေသခံမဟုတ်သူ စစ်မှုထမ်းဟောင်းများ အပါအ၀င်အခြားလူမျိုးများကို ပြောင်းရွှေ့နေ ရာချထားမှုများ ပြုလုပ်ခဲ့ဖူးပြီး အဆိုပါအစီစဉ်မှာ နယ်မြေစိုးမိုးေ ရး ၊ကင်းေ ထာက်အဖြစ် ထားရှိရေးနှင့်လူမျိုးကြီးဝါဒသွတ်သွင်းရေးတို့ အတွက် အသုံးဝင်သည့် အစီအစဉ် များဖြစ် သည်ဟုလေ့လာသူများက ဆိုကြသည်။

အဆိုပါ ရွှေ့ပြောင်းများမှာအိမ်ထောင်စုဇယားရရှိပါက ပြည်နယ်ဒေသများတွင်ပင်မဲပေးခွင့်ရရှိမည်ဖြစ် ရာ အချို့မှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်ခြင်းေ လာ ဟုမေးခွန်းထုတ်သည်။  သျှမ်းလူငယ်ကွန်ယက် မှ စိုင်းအောင်မြင့်ဦးကလည်း ‘ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ကြိုပြင်နေတာလားတောင် မေးရေ တာ့မယ် ထင်တယ်။ ‘ ဟု ပြော သည်။
လက်ရှိတွင် သျှမ်းပြည်မြို့တော်တောင်ကြီး၊ လားရှိုး၊ မူစယ်၊ တာချီလိတ် မြို့ တို့တွင်လည်း ဇာတိလူမျိုး များထက် အောက်ပြည် နှင့်တခြားဒေသက လာရောက်နေထိုင်သည့် ဧည့်လူမျိုးများအရေအတွက် ပိုမိုများပြားလျက် ရှိ နေပါသည်။

သျှမ်းသံတော်ဆင့်/စိုင်းအောင်ဆိုင်း
ဂျွန်လ ၁၄ ရက် ၂၀၁၆

No comments:

Post a Comment