Thursday, April 27, 2017

ခရုသင်းပျောက်တဲ့ဆေးနည်းလေးတစ်ခု



ဘာမှလည်း အပန်းမကြီး / ကိုယ့်ဒေသမှာလည်း အလွယ်တကူရှိတဲ့ ပစ္စည်း / ဘေးထွက်ဆိုးကျိုးလည်းမရှိဘူးထင်လို့ Share လိုက်ပါတယ်ဗျ။
--------------------------------
စေတနာထားပြီး Share ပေးသူအားလုံး ဒီလို ဝေတနာမျိုးတွေနဲ့ ကင်းဝေးကြပါစေ..။
အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ..
ဒီတစ်ခါ ကျွန်တော်က ခရုသင်း/သမင်ဖြူ "Vitiligo"(leucoderma)နဲ့ပတ်သက်ပြီး အစွမ်းထက်တဲ့ ဆေးနည်းအကြောင်း ဖော်ပြပေးချင်ပါတယ်။
ခရုသင်း/သမင်ဖြူ ပျောက်ကင်းသက်သာစေမည့် ဆေးနည်းတွေကအများကြီးပါ..ဒါပေမဲ့ ကျွန်တော်က ရောဂါဝေဒနာ တစ်ခုအတွက် ဆေးနည်းရှာဖွေတဲ့နေရာမှာ လက်တွေ့သက်သာပျောက်ကင်းပြီး လူအများယုံကြည့်မှု့ရရှိထားတဲ့ ဆေးနည်းများကို အရင်လေ့လာကြည့်ရပါတယ်။
အခု ကျွန်တော် ခရုသင်း/သမင်ဖြူအတွက် လေ့လာတွေရှိထားတဲ့ အကောင်းဆုံးနဲ့လက်တွေ့ပျောက်ကင်းစေတဲ့ဆေးနည်းလေးကတော့ ဆနွင်းမှုန့် နဲ့ မုံညှင်းဆီ(Turmeric & Mustard Oil)ဖြစ်ပါတယ်။
အသုံးပြုပုံကတော့ ဆနွင်းမှုန့်(၂၅)ဂရမ် နှင့် မုံညှင်းဆီ (၂၅၀)မီလီလီတာကို ရောစပ်၍ အရေပြားသို့ တစ်နေ့ကို (၂)ကြိမ် ပွတ်လိမ်းပေးခြင်းဖြင့် လအနည်းငယ်အတွင်း တဖြည်းဖြည်းချင်း အသားရည်အရောင် မှုလအတိုင်း ပြန်လည်ဖြစ်တည်သွားပါလိမ့်မယ်။
ဆနွင်းမှုန့်ဟာ ဗက်တီးရီယား ပိုးမွှားများကို သေစေနိုင်ပြီး သွေးကိုလည်း သန့်စင်စေပါတယ်။
မုံညှင်းဆီဟာ အရေပြား မှိုရောဂါအတွက်အထူးကောင်းမွန်ပြီး အသာရေကို စိုပြေစေပါတယ်။
မုံညှင်းဆီကို နီးစပ်ရာ ကုန်စုံဆိုင်များတွင် မေးဝယ်ပါ...ဆနွင်းမှုန့် စစ်စစ်ကို ရှာဖွေပါ...
ကျေးဇူးတင်ပါတယ်..
#ApannPyay
Credit - ဘဝခါးခါး

No comments:

Post a Comment