Friday, May 19, 2017

သင့်အိမ်မှာရော စိတ်ညစ်စရာ ပိုးဟပ်တွေ ရှိလား?



ပိုးဟပ်ဆိုတဲ့ အမျိုးဟာ တစ်ကောင်စ၊ နှစ်ကောင်စကနေ အချိန်တိုအတွင်းမှာ အုံနဲ့ကျင်းနဲ့ အုပ်စုနဲ့ ပွားလာတတ်တဲ့ အမျိုးပါ။ ပိုးဟပ်တွေကို မုန်းလားလို့ လူတိုင်းကိုလိုက်မေးလိုက်ရင် ၉၀ ရာခိုင်နှုန်းလောက်က မုန်းတယ် မုန်းတယ်လို့ ပြန်ဖြေကြမှာ သေချာပါတယ်။ တစ်ချို့များဆိုရင် ပိုးဟပ်တွေကို ခါးခါးသီးသီး ရွံ့တတ်ကြသလို့၊ ပိုးဟပ်မြင်ရင် ထထခုန်ပြီး လန့်တက်ကြသည်များလည်း ရှိပါတယ်။ ဒီတော့ ဒီလောက်တောင် ဒုက္ခပေးလှတဲ့ ပိုးဟပ်တွေကို ဘယ်လိုနှိမ်နင်းကြမလဲ?

ဒီအတွက် ပစ္စည်းလေး နှစ်ခုပဲလိုပါတယ်၊ အဲ့ဒါတွေကတော့ ကြက်သွန်နီနဲ့ မုန့်ဖုတ်ဆော်ဒါ တစ်ဇွန်းပါပဲ။ လုပ်နည်းလေးကလည်း အရမ်းလွယ်လွန်းလို့ ဟုတ်ပါ့မလားလို့တောင် သူပြန်မေးယူရမှာပါ။ ပထမဦးဆုံး ကြက်သွန်နီကို အစိတ်သေးသေးလေးတွေအဖြစ် ခွာလိုက်ပြီး ငရုတ်ဆုံနဲ့ မကြေ့တစ်ကြေလေး နည်းနည်းထောင်းလိုက်ပါ။ အဲ့ဒီနောက် ရလာတဲ့ ကြက်သွန်နီစိတ်အမွှာလေးတွေကို မုန့်ဖုတ်ဆော်ဒါနဲ့ ရောမွှေလိုက်ပါ။ ပြီးရင်တော့ အဲ့ဒီကြက်သွန်ဆော်ဒါအရောအမှုန့်ကို ပိုးဟပ်တွေရှိတဲ့ ဟိုကြားဒီကြားနဲ့ အိမ်ထောင့်လေးတွေမှာ လိုက်ထားလိုက်မယ်ဆိုရင်ဖြင့် ကိုရွှေပိုးဟပ်တွေဟာ အဘားအဘားနဲ့ အော်ပြီး ရက်အနည်းငယ်အတွင်းမှာပင် ပျောက်ကွယ်သွားပါလိမ့်မယ်။

http://www.momolay.com/p/31934/text

No comments:

Post a Comment