ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Monday, May 12, 2025
ကမ္ဘာ့အသေးဆုံး ဒင်္ဂါးများကို ခပ်နှိပ်သုံးစွဲနိုင်ခဲ့သော ရှေးခေတ်ရခိုင်ဝေသာလီပြည်၊ အပိုင်း-၂
*************************************************************
ရခိုင်ဝေသာလီခေတ်လယ်သုံး နွားလားဥဿဘ/ သီရိဝစ္စဒင်္ဂါး (အေဒီ ၂၉၀-၅၂၀) ။
-----------------------------------------
ဝေသာလီခေတ်လယ်သုံး နွားလားဥဿဘ/ သီရိဝစ္စဒင်္ဂါးဆိုသည်မှာ အာနန္ဒစန္ဒြမင်းကျောက်စာအရ ဒုတိယမင်းဆက်မှ စန္ဒြဘွဲ့ခံမင်းများခပ်နှိပ်ခဲ့သော ဒင်္ဂါးများဖြစ်ကြသည်။ ဒုတိယမင်းဆက်ဆိုသည်မှာ ဒွင်္စန္ဒြမင်း - နန်းစံ (၅၅) နှစ်၊ ရာဇစန္ဒြမင်း - နန်းစံ (၂၀) နှစ်၊ ကာလစန္ဒြမင်း-နန်းစံ (၉) နှစ်၊ ဒေ၀စန္ဒြမင်း-နန်းစံ (၂၂) နှစ်၊ ယဇလိစန္ဒြမင်း- (၇) နှစ် ၊ စန္ဒြဗန္ဒုမင်း- (၆) နှစ်၊ ဘူမိစန္ဒြမင်း - နန်းစံ ( ၇) နစ်၊ ဘူတိစန္ဒြမင်း - နန်းစံ (၂၄) နှစ်၊ နီတိစန္ဒြမင်း- နန်းစံ (၅၅) နှစ်၊ ၀ီရစန္ဒြမင်း-နန်းစံ-(၃) နှစ်၊ ပြီတိစန္ဒြမင်း- နန်းစံ (၁၂) နှစ်၊ ပရိထိဝီစန္ဒြ - နန်းစံ (၇) နှစ်၊ ဓရိတိစန္ဒြမင်း -နန်းစံ (၃) နစ်၊ စုစုပေါင်း မင်း (၁၃) ပါးကို ဆိုလိုသည်။ စန္ဒြမင်း ဘွဲ့ခံမင်း(၁၃)ပါးတို့ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများကိုလည်း အားလုံး ရှာဖွေတွေ့ရှိပြီးဖြစ်ပါသည်။
စန္ဒြဘွဲ့ခံမင်းများသည် အေဒီ ၂၉၀ မှ အေဒီ ၅၂၀ အထိ၊ နစ်ပေါင်း (၂၃၀)အထိ စိုးစံအုပ်ချုပ်ခဲ့ကြ သည်။ စန္ဒြဘွဲ့ခံမင်းတို့၏ မင်းအမည်၊ နန်းစံနှစ်နှင့် ထိုမင်းတို့၏ လုပ်ဆောင်ချက်အသေးစိပ်အ ချက်အလ က်များ ကို အာနန္ဒစန္ဒြကျောက်စာကြောင်းရေ ( ၁၇) မှ (၃၀)၊ ဂါထာအားဖြင့်ဆိုလျှင် ဂါထာအမှတ် (၁၉)မှ ဂါထာအမှတ် (၃၂) အထိတွင် ရေးထိုးဖော်ပြထားသည်။
ဒုတိယမင်းဆက်မှ စန္ဒြဘွဲ့ခံမင်းများသည် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများကို ခပ်နှိပ်ထုတ်လုပ်သုံးစွဲခဲ့ကြသည်။ အရွယ်အစားအားဖြင့် ဖော်ပြရသော် ကျပ်ပြည့်ဒင်္ဂါးမှ ရွေးကြီး၊ ရွေးလေး ဒင်္ဂါးများအထိ ခပ်နှိပ် သုံးစွဲခဲ့ကြောင်း တွေ့ရှိရသည်။
အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက်မှ စန္ဒြဘွဲ့ခံမင်းများ ခပ်နှိပ်ခဲ့သော ဒင်္ဂါးတို့၌ ရှေ့ဘက်တွင် ဘုရင့်တံဆိပ်တော်ဖြစ်သော “နွားလားဥဿဘ” ( လည်ပင်း ပုတီးကုံးပါ) သင်္ကေတအရုပ်ကို ထည့်သွင်း ခပ်နှိပ်ထားပြီး၊ နွားလားဥဿဘအရုပ်၏ အထက်တွင် မင်းအမည်ရေးထိုးပါရှိသည်။ ယခု ဖော်ပြထားသော ငွေဒင်္ဂါးငယ်၌ “နီတိ” ဟု ရေးထိုးပါရှိသည်။ ဒင်္ဂါးငယ်၏အလေးချိန်မှာ (၀.၃ ဂရမ်) ရှိပြီး၊ အချင်းမှာ (၀.၇) စင်တီမီတာ ရှိပါသည်။
ဤမျှသေးငယ်သော ငွေဒင်္ဂါးငယ် ရှေ့ဘက်တွင် နွားလားဥဿဘအရုပ်နှင့် မင်းအမည်ကို ရေးထိုးထည့်သွင်း ခခပ်နှိပ်ထားပြီး၊ ကျောဘက်တွင် ရခိုင်ဝေသာလီ နိုင်ငံတော်တံဆိပ်ဖြစ်သော “သီရိဝစ္စ” သင်္ကေတကို လက်ရာမြောက်စွာ ထည့်သွင်း ခပ်နှိပ်ထားခြင်းမှာ ရှေးခေတ်ရခိုင်ဝေသာလီပြည်သားတို့၏ ပညာကို လေးစားမိပါသည်။
ရခိုင်ဝေသာလီခေတ်၊ မြောက်ဦးခေတ်တို့တွင် ကြေးဒင်္ဂါး၊ ခဲဒင်္ဂါးများကို ခပ်နှိပ်သုံးစွဲခြင်း အထောက်အထား များကို ယနေ့ထက်တိုင် အထောက်အထား တစ်ခုမှ မတွေ့ရသေးပေ။
ဤဆောင်းပါးတွင် ဖော်ပြသော ဒင်္ဂါးငယ်များမှာ အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက်မှ စန္ဒြဘွဲ့ခံမင်းတို့ ခပ်နှိပ်ခဲ့သော ပဲ ဒင်္ဂါးနှင့် ရွေး၊ ရွေးငယ် ဒင်္ဂါးငယ်များအကြောင်းကိုသာ ရေးသားဖော်ပြထားခြင်းသည်။
ယခုဖော်ပြသော နွားလားဥဿဘဒင်္ဂါးပြားငယ်မှာ အခြားသော ဒင်္ဂါးသမိုင်းမှတ်တမ်း စာအုပ်၊စာတမ်းများ ၌ မဖော်ပြရသေးသော ဒင်္ဂါးငယ်ဖြစ်ပါသည်။
နွားလားဥဿဘဒင်္ဂါးငယ်ကို ရခိုင်ရှေးဟောင်းဒင်္ဂါးများကို မြတ်နိုးစွာ ထိန်းသိမ်းထားသူ ရခိုင်လူငယ်တ စ်ယောက်ဖြစ်သော ကိုစောကျော် + မ၀တ်ရီ တို့မှ စေတနာဖြင့် ပေးကမ်းလှူဒါန်းထားသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ရှေ့တွင် ရေးသားခဲ့သော ခရုသင်းဒင်္ဂါးအကြောင်းပါ ဒင်္ဂါးငယ်ကိုလည်း ဤမိသားစုမှ လှူဒါန်းထားခြင်းဖြစ်ပါသည်။ ဝေသာလီခေတ် ကျပ်ပြည့်ဒင်္ဂါးများနှင့် မူး မတ် ဒင်္ဂါးများအကြောင်းကို အသေးစိတ် အကျယ်သိလိုပါက “ရခိုင်ပြည်သုံးဒင်္ဂါးနှင့် ခေတ်ပြိုင်ဒင်္ဂါးများ” စာအုပ်၊ စာမျက်နှာ (၈၄ မှ ၁၆၁)အထိကို ကြည့်ပါ။
တတိမင်းဆက်မှ မင်းတို့ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများရှေ့ဘက်၌ ဘုရင့်တံဆိပ်တော် ဖြစ်သော “နွားလားဥဿဘ” အမှတ်သင်္ကေတကို ထည့်သွင်းခပ်နှိပ်ထားသော်လည်း ထိုနွားလားဥဿဘ လည်ပင်းတွင် ပုတီးကုံးမပါရှိပေ။ ကျောဘက်တွင် ရခိုင်ဝေသာလီနိုင်ငံတော်တံဆိပ်ဖြစ်သော သီရိဝစ္စ သင်္ကေတကို ထည့်သွင်းခပ်နှိပ်ထားသည်။
တတိယမင်းဆက်မှ ဒင်္ဂါးများအကြောင်းကို အကျယ်မရေးတော့ပါ။ အသေးစိတ် အကျယ်ကို သိလိုပါက “ရခိုင်ပြည်သုံးဒင်္ဂါးနှင့်ခေတ်ပြိုင်ဒင်္ဂါးများ” စာအုပ်၊ စာမျက်နှာ (၁၇၅-၂၀၈)အထိ ကို ကြည့်ပါ။
၁ ကျပ် = ၁၆ ပဲ=၁၂၈ ရွေး။
ငါးမူး = ၆၄ ရွေး
၁မတ်သား ၃၂ ရွေး
၁ မူးသား ၁၆ ရွေး
၁ ပဲ = ၈ ရွေး
၂ ပြား ၄ ရွေး
မောင်ဖြူ (ကြွီတဲကျွန်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment