Sunday, April 19, 2026

အိန္ဒိယ နှင့် ရခိုင် သမိုင်းကြောင်းဆက်နွယ်မှု

နိဒါန်း ****** ရခိုင်ပြည်နယ်သည် အနောက်ဘက်တွင် ဘင်္ဂလားဒေရှ့်၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၏ အလယ်ပိုင်း မြို့များနှင့် ထိစပ်နေ သော နယ်မြေတစ်ခုဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်း ရှည်လျားစွာ တည်ရှိခြင်းကြောင့် အိန္ဒိယနိုင်ငံတောင်ဘက်ရိ မြို့များနှင့် ရေလမ်းမှဆက်သွယ်နိုင်သလို၊ အိန္ဒိယအရှေ့ဘက်မြို့များနှင့်လည်း နယ်မြေတဆက်စပ် တည်း တည်ရှိခြင်းကြောင့် ကုန်းလမ်းဖြင့်လည်း တိုက်ရိုက်ဆက်သွယ်နိုင်သော ပထဝီအနေအထားရှိသည်။ ယင်းကြောင့် ရှေးခေတ်က ရခိုင်ဒေသတွင် ထွန်းကားခဲ့သော ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ်တို့တွင် အိန္ဒိယနိုင်ငံ၏ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် နိုင်ငံရေးစနစ်များသည် ပြန်နှံ့ဝင်ရောက်ခဲ့သည်။ အိန္ဒိယ၌ ဘီစီ ၆ ရာစု ကာလထွန်းကားခဲ့သော ဗုဒ္ဓဘာသာသည် ဓညဝတီရခိုင်သို့ စောစီးစွာဝင်ရောက်ခဲ့ပြီး၊ ဗုဒ္ဓသာသနာအမြစ်တွယ်ခဲ့သည်။ ယင်းကို ယခု မန ္တလေးမြို့ရှိ၊ ရခိုင်ဘုရားကြီး(ခေါ်) မဟာမုနိဆင်းတုတော်က သက်သေခံနေသည်။ ရခိုင်ပြည်နယ်ရှိ ရှေးဟောင်း စေတီပုံစံ၊ ဆင်းတုတော်တချို့မှာ ဂု ပ ္တခေတ်လက်ရာ၊ မထူရာလက်ရာ၊ ဂန္ဓာရလက်ရာ၊ ပါလာခေတ် လက်ရာများတူညီနေခြင်းမှာ ဘာသာရေး၊ သာသနာရေး ဆက်နွယ်မှုရှိခြင်းကို ဖော်ပြနေသည်။ ရှေးကရခိုင်မင်းများသည် အိန္ဒိယဘက်မှ သာသနာအရေးကို အလေးထား လက်ခံကြပြီး၊ သာသနာရေရှည်တည်တံ့စေရန်လည်း ဘာသာရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းပါဝင် ဆက်နွယ်မှုရှိခဲ့ကြသည်။ တချို့သောသမိုင်းရုပ်ကြွင်း အထောက်အထားများမှာ ဟိန္ဒူဘာသာဝင်တို့ကိုးကွယ်သော ဒေဝတာနတ်ဘုရားရုပ်များလည်း တွေ့ရှိရပြီး၊ ရခိုင်ဝေသာလီခေတ် (အေဒီ ၆၄၉) တွင် အာနန္ဒစန္ဒြမင်းရေးထိုးခဲ့သော ကျောက်စာဂါထာ(၅၅)တွင် ဗြာဟ္မဏပုဏ္ဏား(၅၀)တို့အား နေထိုင်ရန်အဆောက်အဦးများ၊ လယ်မြေများ၊အခိုင်းအစေများလှူဒါန်းကြောင်း ရေးထိုးထားခြင်းကိုလည်း တွေ့ရသည်။ ရှေးခေတ်ရခိုင်ပြည်သုံး ဗျည်း/သရ အက္ခရာစာပေများမှာ အိန္ဒိယ၌ စတင် ရေးသားသုံးစွဲခဲ့သော ဗြဟ္မီအက္ခရာ ဗျည်း/သရများကို အခြေခံကာ ဖွဲ့စည်းတည်ထားခြင်းကြောင့် စာပေဆက်နွယ်မှုရှိကြောင်း ထင်ရှားနေသည်။ ဝေသာလီခေတ်(အေဒီ ၄-၉ ရာစု)တွင် အိန္ဒိယ၏ ရာမယဏဇာတ်တော်များ၊ မဟာဘာရတကျမ်းများကို ဘာသာပြန်ရေးသားခဲ့ကြသည်။ အိန္ဒိယ၏ သက္ကတကျမ်းစာအများအပြားကိုလည်း ရခိုင်ဘာသာသို့ ပြန်ဆိုရေးသာခဲ့ကြသည်။ ရခိုင်လူမှုဘဝထဲတွင် အကျုံးဝင်နေသော နက္ခတ် ဗေဒင်ပညာမှာလည်း မူရင်း အိန္ဒိယ၏ ဝေဒပညာတို့ သြဇာသက်ရောက်နေကြောင်း သိနိုင်သည်။ အနုပညာကဏ္ဍတွင်လည်း သီချင်းနှင့်အက၊ ယဉ်ကျေးမှု အတီးအမှုတ်၊ လူမှုရေး၊ ဘာသာရေးပွဲတော်ကဏ္ဍများတွင်လည်း အိန္ဒိယယဉ်ကျေးမှုများနှင့် ရောနှောပေါင်းစပ်ထားခြင်း အထောက် အထားများ ရှိနေကြသည်။ မြောက်ဦးခေတ် ရခိုင်ဘုရင်တို့၏ မင်းညီမင်းသားများသည် အိန္ဒိယသို့ပညာတော်သင်သွားခဲ့သော မှတ်တမ်းများက ရခိုင်ရာဇဝင်များတွင် ရှိနေကြသည်။ ရခိုင်ဘုရင်ခေတ် အုပ်ချုပ်ရေးစနစ်သည်လည်း အိန္ဒိယ၏ အုပ်ချုပ် မှုစနစ်ကို လက်ခံအသုံးပြုခဲ့ကြောင်း ယုံကြည်ရသည်။ ယင်းအပြင် ငွေကြေးစနစ်၊ သင်္ချာစနစ်များမှာ အိန္ဒိယမှ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ယူဆနိုင်သည်။ ရှေးခေတ်ရခိုင်ပြည်သို့ အိန္ဒိယပြည်မှ တည်ဆောက်ခြင်း ဗိသုကာပညာရပ်များ ပျံ့နှံ့စီးဝင်မှုကြောင့် ရခိုင်ရှိ ဘုရား၊စေတီ၊ပုထိုး နှင့် အခြားသော အဆောက်အဦးတည်ဆောက်မှုပုံစံများမှာ အိန္ဒိယနည်းပညာကို အခြေခံကြောင်း ဝေသာလီခေတ်၊ မြောက်ဦးခေတ်တည်ဆောက်ခဲ့သော ဗိသုကာလက်ရာများကို ကြည့်ခြင်းအားဖြင့် သိသာနိုင်ပေသည်။ စစ်ရေးစစ်ရာတို့တွင်လည်း ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်တို့တွင် အိန္ဒိယ နှင့် စစ်ရေးပြိုင်ဆိုင်မှုများရှိခဲ့ကြသည်။ ရခိုင်ဘုရင်များသည် ပင်လယ်ပြင်စိုးမိုးနိုင်ရန် ရေတပ်တိုက်သင်္ဘောတပ်များကို တည်ဆောက်ပြီး၊ အိန္ဒိယတောင်ဘက်ရေပြင်နှင့် ဘင်္ဂလားပင်လယ်အော်ကို စိုးမိုးနိုင်ခဲ့သည်။ ယင်းကြောင့် ဒက္ကား၊ စစ်တကောင်း၊ ကာလက္တားတို့နှင့် စစ်ရေးအင်အား ပြိုင်ဆိုင်မှုများ ရှိခဲ့ကြသည်။ (Charney, 1999)। မြောက်ဦးခေတ်အစောပိုင်း ရခိုင်ဘုရင်များသည် ဒေလီဆူလတန်ဘုရင်များနှင့် စစ်မက်ပြိုင်ဆိုင်မှုများရှိခဲ့သည်။ (အေဒီ ၁၅ ရာစုမှ ၁၇ ရာစု) အလယ်လောက်ထိ ရခိုင်ဘုရင်များသည် စစ်တကောင်း၊ ဒက္ကားမြို့များကို အချိန်ကြာစွာ ထိန်းချုပ်ထားနိုင်ခြင်းကြောင့် အိန္ဒိယဘက်သို့လည်း စစ်ရေးသက်ရောက်မှုများရှိခဲ့သည်။ မဂိုလ်အင်ပါယာခေတ်၊ အောရန်ဇက်ဘုရင် (အေဒီ ၁၆၅၈-၁၇၀၇) လက်ထက် ခေတ်ပြိုင် ရခိုင်ဘုရင် စန္ဒသုဓမ္မရာဇာ (အေဒီ ၁၆၅၂-၁၆၇၄)တို့သည် ရခိုင်တို့ပိုင်ဆိုင်သော စစ်တကောင်းမြို့ကို အကြောင်းပြု၍ ပင်လယ်ရေကြောင်းတိုက်ပွဲများ၊ မြို့တွင်းတိုက်ပွဲများ အချိန်ကြာမြင့်စွာ ဖြစ်ပွားှခဲ့ကြသည်။ ထိုစစ်ပွဲတွင် ရခိုင်တပ်တော် ရှုံးနိမ့်ခဲ့၍ (အေဒီ ၁၆၆၆) ခုနှစ်တွင် စစ်တကောင်းမြို့ကို လက်လွှတ်ခဲ့ရသည်။ ရခိုင်-မဂိုလ်စစ်ပွဲသည် အိန္ဒိယ–ရခိုင် စစ်ရေးသမိုင်းတွင် အဓိကသမိုင်းမှတ်တမ်းအဖြစ် ထင်ရှားသည်။ အိန္ဒိယနှင့်ရခိုင်တို့၏ စစ်ရေးတင်းမှုများမှာ သာမန်တိုက်ပွဲမျိုးမဟုတ်ဘဲ၊ နယ်စပ်ထိန်းချုပ်မှု၊ပင်လယ်ရေလမ်းကြောင်းထိန်းချုပ်မှုနှင့် နိုင်ငံရေးအာဏာတည်ဆောက်မှုတို့တွင် အခြေခံ၍ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရမည်ဖြစ်သည်။ အိန္ဒိယနှင့် ရခိုင်တို့သည် သမိုင်းကြောင်း ရှည်လျားစွာ ဆက်နွယ်မှုရှိခဲ့ခြင်းကြောင့် ဘာသာရေး၊ ယဉ်ကျေးမှု၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စာပေ၊ဗိသုကာနှင့် ရိုးရာဓလေ့ စသောကဏ္ဍများတွင် အပြန်အလှန်သက်ရောက်မှုများရှိခဲ့ကြသည်။ ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုကို လေ့လာရာတွင် အိန္ဒိယယဉ်ကျေးမှု၏ အကျိုးသက်ရောက်ခြင်းကို ချန်ထား၍ မရနိုင်သလို၊ အိန္ဒိယယဉ်ကျေးမှုကို လေ့လာရာတွင်လည်း နယ်မြေချင်း ထိစပ်နေသော ရခိုင်နှင့် ဆက်နွယ်မှုများမှ ပြန်လည်အကျိုးသက်ရောက်မှုတို့ကို ချန်ထား၍ရမည်မဟုတ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ----------------- မောင်ဖြူ(ကြွီတဲကျွန်း Historical connectivity between bharat and Arakan/rakhine Maung Phru (Krwe tel Kyun) INTRODUCTION Rakhine State is region bordered by Bangladesh to the west and the central regions of Myanmar to the east. Owing to its long coastline along the sea, it has maritime access to the southern cities of India, and because it also shares a contiguous border with the eastern parts of India, it occupies geographically strategic position that allows direct overland communication as well. Therefore, during the ancient periods when the Dhanyawady, Vesali, Launggyet, and Mrauk - U kingdoms flourished in the Rakhine region, Indian literature, culture, religion, and political systems spread and became deeply influential in those societies. Buddhism, which flourished in India around the 6th century BC, was introduced early into Dhanyawady Rakhine, where it took deep root. This is evidenced today by the Mahamuni Image (also known as the Rakhine Buddha Image) located in Mandalay. The resemblance of ancient pagoda structures and Buddha images found in Rakhine State to those of the Gupta, Mathura, Gandhara, and Pala periods of India clearly reflects the religious and cultural connections between the two regions. The ancient kings of Rakhine embraced and supported Buddhism introduced from India, and actively participated in religious affairs to ensure the long - lasting propagation and preservation of the Buddhist faith. Some archaeological evidence indicates that images of Hindu deities worshipped by followers of Hindu ism have also been discovered. Moreover, during the Vesali period of Rakhine (around AD 649), an inscription carved by King Anandachandra records that fifty Brahmin priests were granted residences, lands, and servants as donations — clear indication of the presence and influence of Hinduism in Rakhine during that era. The ancient Rakhine scripts-both consonants and vowels-were based on the Brahmi script that originated in India, showing clear literary connection between Rakhine and India. During the Vesali period (4th–9th centuries AD), Indian epics such as the Ramayana and the Mahabharata were translated and written in the Rakhine region. Many Sanskrit texts from India were also translated into the Rakhine language. Furthermore, the astrological practices widely prevalent in Rakhine society, including nakshatra (star - based) astrology, reveal the influence of India’s original Vedic knowledge. In the field of arts, there is evidence that music, dance, cultural traditions, social customs, and religious in Rakhine were influenced and blended with Indian culture. Records from the Mrauk-U period mention that Rakhine princes and royal family members were sent to India for education, as stated in the Rakhine chronicles. It is also believed that the administrative system of the Rakhine Kingdom adopted and practiced Indian governance models. Furthermore, it can be assumed that the monetary and mathematical systems of Rakhine were also introduced from India. Due to the spread and influence of architectural knowledge and construction techniques from India to ancient Rakhine, the styles of pagodas, stupas, temples, and other buildings in Rakhine were based on Indian architectural methods. This can be clearly observed in the architectural works built during the Vesali and Mrauk - U periods. (Charney 1999) During the Vesali, Laungkyet, and Mrauk-U periods, there were also instances of military rivalry between Rakhine and India. The Rakhine kings built naval fleets to dominate the seas and succeeded in controlling the southern Indian waters and the Bay of Bengal. As result, they came into military competition with regions such as Dhaka, Chittagong, and Kolkata. (Charney, 1999). During the Vesali, Laungkyet, and Mrauk-U periods, there were also instances of military rivalry between Rakhine and India. The Rakhine kings built naval fleets to dominate the seas and succeeded in controlling the southern Indian waters and the Bay of Bengal. As result, they came into military competition with regions such as Dhaka, Chittagong, and Kolkata. (Charney, 1999). During the early Mrauk-U period, the Rakhine kings engaged in military conflicts with the rulers of the Delhi Sultanate. From around the 15th to the 17th centuries AD, the Rakhine kings were able to maintain control over the cities of Chittagong and Dhaka for long period, which extended their military influence into parts of India. During the Mughal Empire, under Emperor Aurangzeb ( AD 1658– 1707) and his contemporary Rakhine king Sandasudhammaraza (AD 1652–1674), prolonged naval and land battles were fought over the possession of Chittagong, which at that time belonged to the Rakhine Kingdom. In these conflicts, the Rakhine forces were ultimately defeated, and in AD 1666 they lost control of Chittagong. The Arakan–Mughal War stands out as major historical event in the military history between India and Arakan. The military tensions between India and Arakan were not merely ordinary battles but were based on struggles for control over border territories, domination of maritime routes, and the establishment of political power. Because India and Arakan have had long and continuous historical relationship, there have been mutual influences between the two regions in various aspects such as religion, culture, military affairs, administration, literature, architecture, and traditional customs. When studying the culture of the Arakanese people, one cannot overlook the impact of Indian civilization; Likewise, when studying Indian civilization, it is impossible to ignore the reciprocal influences that arose from its geographical and historical connections with Arakan.

No comments:

Post a Comment