Wednesday, June 3, 2015

ကိုရမ်ကျမ်းကို ပထမဆုံးအကြိမ် ဖတ်မိပြီးသည့်နောက် ချက်ချင်းပင် အစ္စလာမ်ကို စွန့်ခွာခဲ့သည့် အမျိုးသမီးတစ်ယောက်အကြောင်း


ဂိုသင်ဘတ်၊ ဆွီဒင် — မိုနာ ဝေါ်လတာ (Mona Walter) သည် မစ်ရှင်တစ်ခုကို ထမ်းဆောင်နေသည်။ သူမ၏မစ်ရှင်မှာ မူဆလင်များ ကိုရမ်ကျမ်းထဲတွင် မည်သို့ပါရှိသည်ကို သိစေရန်ပညာပေးခြင်းဖြစ်သည်။ ကိုရမ်ကျမ်းထဲ၌ မည်သို့ပါရှိသည်ကို မူဆလင်များ ပိုမိုသိရှိလာကြလျှင် မူဆလင်များ အစ္စလာမ်ကို ပို၍ပို၍ စွန့်ခွာသွားကြလိမ့်မည် ဟု သူမက ပြောကြားခဲ့သည်။
ဝေါ်လတာသည် အသက် ၁၉ နှစ် အရွယ်တွင် စစ်ဘေးဒုက္ခသည်တစ်ယောက်အနေနှင့် ဆိုမာလီယာမှ ဆွီဒင်သို့ စတင်ရောက်ရှိလာခဲ့သည်။ အမျိုးသမီးများ၏ အခွင့်အရေးကို ယောက်ျားများနှင့်တန်းတူပေးထားသော ဆွီဒီသို့ရောက်ရသည်ကို သူမစိတ်လှုပ်ရှားမိသည်။ သို့သော် မူဆလင်အမျိုးသမီးငယ်တစ်ယောက်အနေနှင့် သူမကြုံတွေ့ရသော ဆွီဒင်က ဤသို့မဟုတ်ပါချေ။

ဆွီဒင်တွင် ပထမဆုံး သူမ နိစ္စဒူဝ တွေ့ကြုံရသည်က အစွန်းရောက်အစ္စလာမ်သာဖြစ်သည်။
"ကျွန်မ အစ္စလာမ်ကို ဆွီဒင်မှာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆိုမာလီယာမှာဆိုရင်တော့ ကျွန်မတို့က ကိုရမ်ဆိုတာမဖတ်ဖူးတဲ့ မိဘရိုးရာမူဆလင်ပဲလေ။ ဒါပေမယ့် ဆွီဒင်ကိုရောက်လာတော့ ကျွန်မတို့ ဗလီကိုသွားရတယ်။ ဗလီမှာ ကိုရမ်ရှိတယ်လေ။ သူများအပြောအဆိုလွတ်အောင် ကာဗာယူတာပေါ့လေ။။ ကိုယ့်ကိုယ့်ကို မူဆလင်ကောင်းတစ်ယောက်ဆိုတာအဖြစ် ဒီလိုလုပ်ရတယ်။
ဆိုမာလီယာတွင် တစ်ကြိမ်တစ်ခါမျှ ကိုရမ်ကို မဖတ်ဖူးဘဲ ကြီးပြင်းလာခဲ့သည်ဟု ဝေါ်လတာက ပြောကြားသည်။
"ကျွန်မကိုယ်ကျွန်မ ဘယ်လိုအတန်းအစားဝင်ဖြစ်နေပြီလို့တောင် မသိခဲ့ဘူး။ မိုဟာမက် ဘယ်သူဆိုတာ မသိဘူး။ အလ္လာဟ် ဘယ်သူဆိုတာ မသိဘူး။ သူတို့ဘာတွေဆိုတာ ကျွန်မသိလိုက်ရတော့ ကျွန်မတော်တော် စိတ်ပျက်သွားတယ်။ ကျွန်မ ဝမ်းလည်းနည်းတယ်။ ပြီးတော့ စိတ်လည်းကုန်တယ်" ဟု သူမက အတိတ်ကို ပြန်ပြောပြသည်။
ဆွီဒင်ရောက်လာပြီးသောအခါ အလ္လာဟ်ဆိုသည်မှာ 'အမုန်းနတ်ဘုရား'၊ အစ္စလာမ်ဆိုသည်မှာ ငြိမ်းချမ်းသောဘာသာမဟုတ်ဟု သူမရှာဖွေတွေ့ရှိခဲ့ကြောင်း ဝေါ်လတာက ပြောကြားသည်။
"ကိုရမ်မှာက အမုန်းတရားတွေ၊ အစ္စလာမ်နှင့်သဘောထားမတူသူတွေကိုသတ်မယ် ဆိုတာတွေချည်းပဲ။ စစ်တိုက်ပြီးအောင်ပွဲခံတာတွေပဲ ပြည့်လို့။ မိုဟာမက်က အကျင့်စာရိတ္တအင်မတန်သိမ်ဖျင်းသူပဲ။ သူက သွေးဆာနေတဲ့သူကြီး။ တော်တော့ကို ဆိုးတဲ့သူတစ်ယောက်။ မူဆလင်တွေ သူဘယ်လို ဂျူးတွေကို ပြုမူခဲ့တာ၊ အမျိုးသမီးတွေကို ဘယ်လိုသတ်ခဲ့တာ၊ သူဘယ်လို လူတွေကိုသတ်ခဲ့တာတွေကို သူ့အကြောင်း အထ္ထုပတ္တိမှာ ဖတ်ကြည့်လို့ရတယ်။ ကျွန်မဆိုလိုတာက သူက သူနှင့် သဘောမတူညီတဲ့သူတိုင်းကို သတ်ပစ်ခဲ့တယ်" ဟု သူမက ရှင်းပြခဲ့သည်။
သတ္တိမွေးပြီးနောက် ဝေါ်လတာသည် အစ္စလာမ်ကိုစွန့်ခွာကာ ဘာသာမဲ့ ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် သမ္မာကျမ်းစာအားဖတ်ပြီးနောက် ခရစ်ယာန်သို့ ပြောင်းလဲခဲ့သည်။
သူမသည် ကိုရမ်ကို လေ့လာဖတ်ရှုပြီး ကိုရမ်စာပိုဒ်များကို ကူးယူကာ လမ်းများထက်တွင် မူဆလင်အမျိုးသမီးများကို လက်ကမ်းဝေသည်။
"တစ်ခါတစ်လေ သူတို့နားထောင်ကြပါတယ်။ တစ်ခါတစ်လေ သူတို့တော်တော် စိတ်ပျက်သွားကြတယ်။ ကျွန်မသူတို့ကို ပြောတယ်။ "ရှင်တို့ယောက်ျားတွေခိုင်းတဲ့အတိုင်း ရှင်တို့ကမလိုက်နာဘူးဆိုရင် သူတို့က ရှင်တို့ကို ရိုက်နှက်ခွင့်ရှိတယ်၊ အဲဒါသိလား' လို့။ သူတို့က ဖြေပါတယ်။ 'မဟုတ်ဘူး၊ အဲလိုဆိုမထားဘူး' တဲ့။ ကျွန်မက ပြန်ပြောတယ်။ "ဆိုထားတယ်။ ကိုရမ်မှာ ဒီလိုဆိုထားတယ်" ဆိုပြီးတော့။ အကယ်၍ ကျွန်မသာ သူတို့တွေကို မိုဟာမက်အကြောင်း၊ ကိုရမ်အကြောင်း၊ လူသတ်တဲ့၊ အငြိုးကြီးကြီးအမုန်းတရားပွားတတ်တဲ့၊ မိန်းမတွေကို ခွဲခြားတဲါ အစ္စလာမ်ဘုရားအကြောင်း ပြောလိုက်ရင် သူမတို့တွေ ရွေးချယ်စရာဖြစ်လာပြီး အစ္စလာမ်ကို စွန့်ခွာသွားလိမ့်မယ်လို့ ကျွန်မထင်တယ်" ဟု သူမက ရှင်းပြခဲ့သည်။
http://www.cbn.com/…/Ex-Muslim-Koran-Revealed-a-Religion-I…/

https://www.facebook.com/363427873859470/photos/a.363428333859424.1073741826.363427873859470/365053517030239/?type=1&theater

No comments:

Post a Comment