Monday, June 29, 2015

ဦးခေါင်းနှင့်ပတ်သက်သောဝေဒနာသည်များ အတွက်


ကျွန်တော်လွန်ခဲ့သော ၂နှစ်ကျော်က ဦးခေါင်းတွင်ဆံပင်ကိုရှပ်ထိရုံနဲ့ ခေါင်းညာဘက်အပေါ်ဦးရေပြား
သည် ကျိန်းနေပါသည်။သေချာစွာပွတ်ကြည်ရင်လည်း ကျိန်းနေပါသည်။
ဆရာဝန်များနှင့်ပြသော်လည်းမပျောက်ပါ။နောက်ဆုံး ဦးနှောက်နှင့်အာရုံကြောအထူးကုဆီ
ရောက်ခဲ့ပြီး တစ်နှစ်နီးပါး ဆေးသောက်ခဲ့ရပါသည်။နောက်ပိုင်း နားအတွင်းပိုင်း နှင့် မျစ်စိပါအောင့်လာပါသည်။တစ်လကို ဆေးဘိုးသိန်းချီကုန်သော်လည်းမထူးခြားပါ။
သက်သာ ပျောက်ကင်းသွားသောဆေးနည်းမှငွေနည်းနည်းနှင့် အချိန်ပေးရသောဆေးဖြစ်နေပါသည်။


ဆေးနည်းမှာ ခြေနှစ်ချောင်းဆန့်သော အင်တုံ လိုအပ်ပါသည်။ထိုအင်အုံထဲသို့ရေကျက်အေး
နွေးနွေးကို(ခံနိုင်သောအပူရှိန်)ခြေမျက်စိမြုတ်တဲ့ထိထည့်ပါ။ပြီးပါက ဆားကြမ်းကို ခြေနှစ်ဘက်
တင်နိုင်အောင် ထည့်ပါ။၁ ပိဿာခွဲ၂ပိဿာခန့်ထည့်ရပါသည်။ပြီးပါက ခြေနှစ်ချောင်းကို ဆားပေါ်
တင်ထားပြီး ဆားရေစိမ်ထားပေးပါ။အချိန်၁နာရီခန့် ထားရပါမည်။ထိုဆားရေစိမ်းခြင်းအား ၅ရက်
ဆက်လုပ်ပြီး ၃ရက်နား ပြီးဆက်လုပ်ပါ။

သုံးကြိမ်လောက်လုပ်ပြီး တော်တော်သက်သာသွား ပါသည်။ဆေးကိုလည်း ဆရာဝန်မပြတော့ဘဲ ဖြတ်ပစ်
လိုက်ပါသည်။ တစ်လ၃ရက်၎ရက်လောက် လုပ်သွားတာအခုချိန်တွင် ဘာမှမခံစားရတော့ပါ။
ခြေဖဝါးတစ်ခုလုံးလည်း အက်ကွဲခြင်းများမရှိဘဲ အကောင်းတိုင်းဖြစ်သွားသည်ကိုလည်း
တွေ့ရပါသည်။


ဆားရေစိမ်ထားချိန်တွင် မိနစ်၃၀လောက်တွင်ခြေဖဝါး ပူလာပါသည်။၁ နာရီပြည့်အောင်ဆက်စိမ်ပါ။
ပြီးပါကရေမဆေးရ အဝတ်ဖြင့်သာ သုတ်ရပါမည်။အပူ အအေး ထဲ သွားရသူများ ဖြစ်တတ်ပါသည်။
အာရုံကြောထင်ပြီး ပြနေသူများ မြန်မာအယူအဆအရ အပူခဲခြင်းဖြစ်နိုင်ပါသည်။ အပူကို
ဆားက စုပ်ယူခြင်းဖြစ်ပါသည်။ဆားကိုတစ်ခါသုံး သုံးပါ။ နောက်ထပ်ပြန်မသုံးပါနှင့်။
အားလုံးကျန်းမာကြပါစေ

https://www.facebook.com/photo.php?fbid=480654385433041&set=a.285078664990615.1073741827.100004654510112&type=1&theater

No comments:

Post a Comment