ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Sunday, July 12, 2015
ရခိုင်မျိုးနွယ်စုများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
ရခိုင်မျိုးနွယ်စုများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်) လိုဂို
ရည်ရွယ်ချက်
---------------
1 ။ ရခိုင်မျိုးနွယ်ဝင်များ ချစ်ခင် စည်းလုံးညီညွတ်မှု ခိုင်မြဲစေရန် ၊
2။ ရခိုင်မျိုးနွယ်ဝင်များ၏ သမိုင်း၊ စာပေ ၊ယဉ်ကျေးမှုများကို ဖေါ်ထုတ်ရန်၊
3။ ရခိုင် မျိုးနွယ်ဝင်များ ဖွံ့ဖြိုးတိုးတက်စေရန် ။
လုပ်ငန်းစဉ်များ
---------------
၁။ ရခိုင်မျိုးနွယ် ၀င်များ ချစ်ခင်စည်းလုံးညီညွတ်မှု ခိုင်မြဲစေရန်။
ရခိုင်ပြည်နယ်နှင့် ပက်သက်သော နေ့ထူးရက်မြတ်များတွင်၎င်း၊ မျိုးနွယ်စု များ၏ နေ့ထူးရက်မြတ်များနှင့် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖေါ်ရာတွင်၎င်း၊အခြားအခြားသောတိုင်းရင်း သားရေးရာ ကဏ္ဍများ၊ နိုင်ငံ တော်ရေးရာကဏ္ဍများတွင်၎င်း ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များတွင် မျိုးနွယ်စုတစ်ခုက ဒီကိစ္စဟာ ငါတို့မျိုးနွယ် နှင့် မဆိုင်ဟု သဘောမထားဘဲ တစ်ဦးလိုက ၀ိုင်းကူကြ ဆိုသည့်အတိုင်း အတူလက်တွဲကာ နီးကပ်မှု၊ ရင်းနှီးမှု၊ ယုံကြည်မှု၊ ချစ်ကြည်မှုများဖြင့် စည်းလုံးမှုရအောင် တန်းတူညီမျှရေးပေါ်တွင်အခြေခံပြီး ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ရင်း မြန်မာနိုင်ငံတိုင်းရင်းသားများနှင့် ချစ်ခင် စည်းလုံး မှုကို တည်ဆောက်သွား ကြရမည်။
၂။ ရခိုင်မျိုနွယ်ဝင်များ၏ သမိုင်း၊ စာပေ ၊ ယဉ်ကျေးမှုများကို ဖေါ်ထုတ်ရန်။
ရခိုင်မျိုးနွယ် ၀င်များ၏ သမိုင်းအထောက်များကို ရှာဖွေစုစည်းကာ မျိုးနွယ်စုအလိုက် ဆိုင်ရာ ဆိုင်ရာ ပြုစု၍ မီဒီယာများ သို့ သတင်းဆောင်းပါးအဖြင်တင်ပြခြင်း၊ မျိုးနွယ်စု အလိုက် ပြုစု ထားသော သမိုင်းအထာက်အထား များ ကို စာအုပ် စာ တမ်းများ ထုတ်ဝြေ ဖန့်ချီခြင်း၊ ယဉ်ကျေးမှု ရိုးရာထုံးတမ်းစဉ်လာများကို နိုင်ငံတော် နှင့် မြန်မာ တိုင်းရင်း သားတို့၏ နေ့ထူး ရက်မြတ် အထမ်းအမှတ်ပွဲတော်များတွင်၎င်း၊ ရခို်င်ပြည်နယ် ၏ နေ့ထူး ရက်မြတ် အထိမ်း အမှတ်ပွဲတော် များ တွင်၎င်း ခင်းကျင်း ပြသ ခြင်းများကို လုပ်ဆောင်ခြင်းဖြင့် ရခိုင်မျိုးနွယ် ၀င်များ၏ သမိုင်း၊ စာပေ ၊ယဉ်ကျေးမှု အနုပညာ ရိုးရာထုံးတမ်း စဉ်လာများကို အများပြည်သူသိရှိအောင် ဖေါ်ထုတ်ထိန်းသိမ်းကြမည်။
၃။ ရခိုင်မျိုးနွယ်ဝင် ဖွံ့ဖြိုးတိုးတက်စေရန် ။
ရခိုင်မျိုးနွယ်စုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့ဝင်များ၏အင်အားဖြင့် ရံပုံငွေ တစ်ရပ် ထူထောင်ပြီးနောက် အခြားသော -၀င်ငွေရမည့် လုပ်ငန်း၊ နည်းလမ်းများကို ရှာဖွေအသုံးပြုကာ ရခိုင်ပြည်နယ်ရှိ ရခိုင်မျိုးနွယ်စုများ၏ ကျေးရွာများတွင် ရွာ တစ်ရွာထွက်ကုန်တစ်ခု ထုတ်လု ပ်နိုင်စေရန် ဈေးကွက်ဝင် အထွက်ကောင်း၊ အထွက်တိုး မျိုးစေ့ များ၊ သားပေါက်များ နှင့် ၊စိုက်ပျိုးရေး နည်းပညာများ၊ မွေးမြူရေးနည်းပညာများ ရှာဖွေကာ စွမ်းအားရှိသလောက် ပံ့ပိုးသွားမည့်လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်။
ရခိုင်မျိုးနွယ်စုများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ခေါင်းစဉ်အောက်မှာ ရခိုင်မျိုးနွယ်စုဝင် ခမီ၊ ဒိုင်းနက်၊ သက်၊မြို၊ မရမာကြီး၊ ၇ခိုင် တို့သည် ရခိုင်ပြည်တွင် လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများနှင့် နူချာစုတ်ပြတ်သတ်နေသော ဆင်းရဲမှုများကို သက်သာစေရန် လျော့ပေါ့စေနိုင်ရန် တက်ညီလက်ညီ ဖြေရှင်းနိုင်ဖို့ ပြည်တွင်း/ပြည်ပရှိ ရခိုင်မျိုးနွယ်ဝင် ညီအကိုမောင်နှမ အမျိုးတိကိုလည်း ပူးပေါင်းပါဝင်လာကတ်ဖို့ ဖိတ်ခေါ်ပါရေ၊ နည်ပညာအကူအညီ၊ ပစ္စည်းရုပ်ဝတ္ထုအကူညီတိနန့် အကြံကောင်းဥာဏ်ကောင်းများလည်း ပီးကတ်ပါလို့ မေတ္တာရပ်ခံပါရေအမျိုးရို့ ။
ဤအသင်းကို တရားဝင်မှတ်ပုံတင်ပြီးသောအခါ ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင်လည်း မြိ့နယ်ကော်မတီများကို ဖွဲ့စည်းလားဖို့ဖြစ်သည့်အပြင် ရခိုင်မျိုးနွယ်စုများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(ပြည်ပ) ကိုလည်း ဖွဲ့စည်းလားဖို့ ဟိနေအတွက်နန့် ပူးပေါင်းပါဝင်ကတ်ဖို့အတွက် ဖိတ်ခေါ်ပါရေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment