Thursday, July 16, 2015

ရခိုင်မျိုးနွယ်စု


ရခိုင်မျိုးနွယ်စု
=======
ရခိုင်မျိုးနွယ်စုဆိုသည်မှာ ရှေးပဝေသဏီ BC ခေတ်ကပင် ရခိုင်ဘုရင်ခေတ် အဆက် ဆက် ရခိုင်ဘုရင့်နိုင်ငံ ပိုင်နက်ဟုခေါ်တွင်သော နေရာများ၌ အေးအတူ ပူအမျှ ချင်ခင် ရင်းနှီးစွာ အတူယှဉ်တွဲ နေထိုင်လာကြသော ရခိုင်၊ သက်၊ ဒိုင်းနက်၊ မြို၊ ခမီ၊ မရမာကြီး၊ လူမျိုးများကို ချစ်ခင်စည်းလုံးမှုရှိစေရန် ရခိုင်မျိုးနွယ်စုဟု ခေါ်ဆိုခြင်းသာဖြစ်ပါသည်။သူတို့သည် မြန်မာနိုင်ငံ တိုင်းရင်းသား (၁၃၅) မျိုးစာရင်းတွင်လည်း တိုင်းရင်းသားမျာဖြစ်ကြသည်။ထိုအားလုံးသော ရခိုင်မျိုးနွယ်စုဝင်များသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် များဖြစ်ကြသည်။ အသားအရောင်လည်းတူသည်၊ ရှုပ်ရည်လည်းတူသည်၊ဘာသာလည်းတူသည်၊ စိတ်နေစိတ်ထားများသည်လည်း ရခိုင်ပြည် ရခိုင်မြေကို ချစ်ကြရာဝယ် များသောအားဖြင့် တူညီကြသည်ကိုတွေ့ရ သည်။ ရခိုင်မျိုးနွယ်စု ဟုခေါ်ဆိုသည်မျာ ရခိုင်လူမျိုးက အခြားမျိုးနွယ်များကို နှိမ့်ချချင်သောစိတ်၊ ချိုးနှိမ်စေသောစိတ်၊ ဖိနှိပ်ချင်သောစိတ်ေ၊ အထက်စီးကဆက်ဆံလိုသောစိတ်ကြာင့် ခေါ်ဝေါ်ခြင်းမဟုတ်ပါကြောင်း၊ ရခိုင်ပြည်တွင်းနေထိုင်ကြီးပြင်း လာသော သူများဖြစ်သောကြောင့် ၇ခိုင်မိသားစုသဘော အဓိပ္ပါယ်ကို ရည်ညွှန်းခေါ်ဝေါ်ခြင်းသာဖြစ်ကြောင်း နားလည်ကြစေလိုပါသည်။

No comments:

Post a Comment