Tuesday, December 15, 2015

ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သည့် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ပေးပို့သည့် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်၏ (၄၁)ကြိမ်မြောက် သဝဏ်လွှာ

ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သည့် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ပေးပို့သည့် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်၏ (၄၁)ကြိမ်မြောက် သဝဏ်လွှာ
++++++++++++++++++++++++++++++++++++++++++++++++++++
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်
ချစ်ခင်လေးစားအပ်ပါသော ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါခင်ဗျား။
ယနေ့ ဒီဇင်ဘာလ ၁၅ရက်နေ့တွင် ကျရောက်သော (၄၁) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခွင့်ရ သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရခိုင်ပြည်နယ်အဖြစ် ပြဋ္ဌာန်းပေးပြီးနောက် ရခိုင်ပြည်နယ်နေ့ ကို ရွေးချယ်သတ်မှတ် ရာ၌ပထမအကြိမ်ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး အတွက် ဆန္ဒခံယူပွဲစတင်ကျင်းပ သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှစ၍နှစ်စဉ်ကျင်းပ ခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၁) ကြိမ် ရှိခဲ့ပြီဖြစ်ပါသည်။

ရခိုင်ပြည်နယ်သည် သဘာဝပထဝီအနေအထားအရ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့် ရခိုင်ရိုးမ တောင်တန်း တို့ ကို ပိုင်ဆိုင်သည့်အပြင် မြေဩဇာကောင်းမွန်သောလယ်ယာမြေများရှိသည့်အ တွက်ဆန်ရေစပါး၊သားငါးနှင့်သဘာဝသယံဇာတပေါကြွယ်ဝပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်များတည်ရှိရာ ပြည်နယ်တစ်ခု ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့်ရခိုင်ပြည်နယ်အတွင်းရှိတိုင်းရင်းသားပြည်သူများ၏အနာဂတ်လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် ကဏ္ဍပေါင်းစုံ တိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိရာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများတွင် သိသာထင် ရှားသော တိုးတက်မှုများရရှိနေပြီဖြစ်ပါသည်။
ယခုနှစ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှု၊ မုန်တိုင်းဒဏ်ခံရမှုနှင့်ရေကြီးရေလျှံမှုများကြောင့် ရခိုင်ပြည်နယ် တစ်ဝန်းပျက်စီးဆုံးရှုံး မှုများ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည် ထူထောင်ရေး ကိုအမြန်ဆုံးနှင့် အထိရောက်ဆုံး ဆောင် ရွက်ပေးခဲ့ပါသည်။ ရေလွှမ်းနစ်မြုပ်သော လယ်မြေများကို အချိန်မီပြန်လည်စိုက်ပျိုးနိုင်ခဲ့ သည့်အတွက် ယခုအခါ ရိတ်သိမ်းနေကြပြီဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့သော်လည်း ကြံ့ကြံ့ခံပြီးဇွဲလုံ့လဝီရိယဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြသည့် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ စွမ်းဆောင်ရည်ကိုလည်းချီးကျူးအပ်ပါသည်။နိုင်ငံတော်အစိုးရ အနေဖြင့် နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက်ညှိနှိုင်းဆွေးနွေးမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ရလဒ်အဖြစ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ တည်ငြိမ်အေး ချမ်းမှုနှင့်တရားဥပဒေစိုးမိုးမှုသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးပါသည့်အလျောက်ရရှိပြီးတည်ငြိမ် အေးချမ်းမှုကိုဆက်လက်ထိန်းသိမ်းပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်တိုင်းရင်းသား ပြည်သူများ အား လုံးက လက်တွဲကြိုးပမ်းဖော်ဆောင်သွားကြရန် လိုအပ်ပါသည်။
သို့ဖြစ်၍ရရှိထားပြီးသော တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်း များနှင့် အတူ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလျက် သဝဏ်လွှာပေးပို့ လိုက်ပါသည်။

https://www.facebook.com/profile.php?id=100007958955147&fref=nf ကူးယူဖေါ်ပြသည်။

No comments:

Post a Comment