••••••••••••••••••••••••••••••••••••••••••••••••••••••
ကျမတို့ရခိုင်နိုင်ငံမှာလူမျိုးစု(၇)မျိုးအနက် ယခု ကျမ နှင်းနှင်းနွယ်(ရခိုင်သူ) သည်
ကျမအရမ်းချစ်ရသော လေးစားရသော"မြို" လူမျိုးစုအကြောင်းကိုတင်ပြပေးပါ့မယ်။
မြိုလူမျိုးတို့သည်အလွန်ရိုးသားပြီးကြိုးစား ကြသောလူမျိုးဖြစ်သည်။ကျမအထင်ကြီးပြီး
တန်ဖိုးထားရာကျမတို့ရဲ့ချစ်ရာရခိုင်အနွယ်ဝင် လူမျိုးလည်းဖြစ်သည်။ဒါကြောင့်ကျမသည်
မြိုအကြောင်းကိုဒီနေ့တင်ပြရတာအလွန်ပင်ဝမ်းသာဂုဏ်ယူမိပါသည်။ကျမချစ်တဲ့မြိုလူမျိုး
လည်းဂုဏ်ယူလိမ့်မယ်ဟုကျမတထစ်ချယုံကြည် မိပါသည်။အဘယ်ကြောင့်ဆိုသော်ကျမတို့ရဲ့
ဒုက္ခသုခတွေကိုကျမအရမ်းချစ်တဲ့မြိုလူမျိုးတွေ ကထပ်တူထပ်မျှခံစားပေးကြလို့ပါပဲ။ချစ်တဲ့မြိုလူ
မျိုးရှင့်ဒီpostမှာအမှားတစ်စုံတရာပါခဲ့ရင်လည်း ကျမနှင်းနှင်းနွယ်(ရခိုင်သူ) ကိုသာ
အပြစ်မြင်ပေးကြပါရှင့်။
•••••
ပြည်ထောင်စု မြန်မာနိုင်ငံ ရခိုင်ပြည်မှ အမှီသဟဲ နေထိုင်လာခဲ့သည့်ခေတ်အဆက်ဆက်
လူမျိုးစုအသိသိ ဖြစ်ကြသည့် ရခိုင် ,မြို, သက် ,ဒိုင်းနက် ,ခမီ ,မာရာမကြီး, ကမန်း,
(မှတ်ချက်။ ။ ကမန်။။ ရှေးရခိုင်တွင် လေးသည်တော်ကို ခေါ်ခဲ့သည့်အမည် ဖြစ်သည်။ ၁၆၆၀ ပြည့်နှစ်ကဘင်္ဂလားဘုရင်ရှာရှုဂျာ မြောက်ဥိးသို့ခိုဝင်လာစဉ်က နောက်ပါ အချို့ကိုလည်း ခေါ်သည်။
အာဖကန် အနွယ်စပ် မူဆလင်များ ဖြစ်ကြပြီး ရခိုင်စကား နှင့် အမည်တို့ကို သုံးစွဲကြသည်။ ယခု လူဦးရေ နှစ်ထောင်မျှသာ ရှိသည်။ သီးခြားရွာ ရှိပြီး လူမျိုး ရောနှောမှု နည်းပါးသည်။)
(၇)ခုနှစ်မျိုးဖြစ်သည့် အနက်မှ ပုံဖော်ပြထားသည့် မြို , သက်, ဒိုင်းနက်, ခမီ,ရခိုင်, စသည့် လူမျိုးတစ်မျိုး၏နာမည် များကို တစ်မူကွဲပြားရေးသားခြင်း တစ် ခြားလူမျိုးစုက ခေါ်ဝေါ် သမုတ်ခြင်းအ
သိသိကို ဘယ်လိုတွေ့ရသလဲ ဆိုသည့် စာလုးံကွဲပြားပုံကို လေ့လာသလောက်
အောက်ပါအတိုင်း တွေ့ရပါသည်။
၁။ မြိုMro,Mru မြူ လူမျိုး
•••••••••••••••••••••••••••••
ခေါ်ဝေါ် သမုတ်ခြင်းနှင့် စာလုးံပေါင်းကွဲ ပြားပုံမှာ-''Mru မရူ မြူ ,Mro မြို မရို,
Mrucha မရုဆာ မြူဆာ, Mrocha မြိုဆာ မရိုဆာ ,Mrusa မရုစာ မြူစာ,
Mrosa မြိုစာ မရိုစာ, Morung မရောင်, Murung မြုံ, Toung Mro တောင်မြို
တောင်မရို ,Toung Mru တောင်မရု တောင်မြူ ,Dak ဒတ် ,Lengta လင်ဂ်တာ ,kuki ကူကီ ,သို့မဟုတ် Langye သို့မဟုတ်ရှေ့ဟောင်းလူရိုင် Leaunghu လောင်းဟူ ဟုခေါ်ဝေါ်သ
မုတ် ခြင်း စာလုးံပေါင်းကွဲပြားခြင်းကို မြိုလူမျိုးအစစ်တို့ကို ဆိုလိုခြင်းဖြစ်ပါ
သည်။
၂။ သက်Thet, Dyinenet ဒိုင်းနက် ချတ်ကမာ Chakmas လူမျိုး
••••••••••••••••••••••••••••••••••••••••
ခေါ်ဝေါ်သမုတ်ခြင်းနှင့် စာလုးံပေါင်းကွဲ ပြားပုံမှာ- Thet သက်, Dyinenet ဒိုင်းနက်,Chakmas
ချတ်ကမာ ဆတ်ခမာ , Sak သက်, Saka သက်ခါ ,Sakyan သက်ယန် ,Sythian ဆတ်တန် ,Pathian ပါထန်,ဟု သက်ခေါ် ချတ်မာလူမျိုးတို့ကိုလည်းခေါ်ဝေါ်ခြင်းရှိ
တာတွေ့ရှိပါသည်။
၃။ခမီလူမျိုး Khami
•••••••••••••••••••••••
ခေါ်ဝေါ်သမုတ်ခြင်း စာလုးံပေါင်းကွဲပြား ပုံမှာ- Awa khami အဝခမီ ,Khami
ခမီ,Khimi ခီမီ,Khumi Awa ခူမီအဝ, Wakung ဝါကုန်း ဝါ ကုးံ, Vakung
ဘာကုန်း ဘာကုးံ ,Ahraing khami အရိုင်းခမီ ,Kwemyi ခမြီး ေခမြီး, kwimyi ခီမြီး, Mrokhami မြိုခမိ ဟု
ခမီလူမျိုးတို့ကိုခေါ်ဝေါ်သမုတ်ခြင်းစာလုးံ ပေါင်းကွဲပြားအရေးအသားကိုတွေ့ရပါသည်။
၎။ ရခိုင်လူမျိုး Rakhine
•••••••••••••••••••••••••••
ခေါ်ဝေါ်သမုတ်ခြင်းစာလုးံပေါင်းကွဲပြား ပုံမှာ- Arakan အာရကန် အာရခိုင်,
Rakhine ရခိုင် ,Mog မောက် ,Magh မောက် ,Marma မာမ ,Marmas မာမား,
Mara မရာ ,Rakan ရာခိုင် ,mogh မောက် စသည့်ခေါ်ဝေါ်သမုတ်ခြင်းကို
တွေ့ရပါသည် ထိုအခေါ်ဝေါ် ရေးသားခြင်း သည် ရခိုင်လူမျိုးကိုပင်ညွန်းရေးထား
သည်ဖြစ်ပါသည်။ ဖော်ပြထားသည့် လူမျိုးနာမည်အသိသိကို ရာဇဝင်သမိုင်း
တစ်ခြားစာအုပ်စာပေ အင်္ဂလိပ်ဖြင့်ရေး ထားသော သမိုင်းစာအုပ်စာပေတွင်
ကောက်နုတ်ယူထားခြင်းဖြစ်ပါသည်။
မြိုလူမျိုး
•••••••••••
ရခိုင်ရာဇဝင်ကျမ်း မြန်မာ့စွယ်စုံကျမ်း များ၏ဖော်ပြချက်အရ မြိုလူမျိုးများသည်
ရှေ့ကျသော လူမျိုးတစ်မျိုးဖြစ်ပါသည်။ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တော ပုဏ္ဏကျွန်း ကျောင်တော်နယ် မာမြိုအစစ်သည် အနည်းငယ်မျှသာရှိပါသည်။
မြိုလူမျိုးများ
သည် သီးခြားဘာသာစကား,စာပေ, ယဉ်ကျေးမူထုးံတမ်းစဉ်လာဖြင့်တိုင်းရင်း
လူမျိုးစု အဖြစ် ဒီကနေ့ထိတည်ရှိပါသည်။ မြိုဟူသော ဝေါဟာရကိုပေမူတင်၍အစောဆုံးတွေ့နိုင်
သောကျမ်းမှာခရစ်နှစ် ၁၄၅၈ ခုနှစ်တွင် ရခိုင်ပညာရှိအဒူမင်းညိုရေးသားသော
ဘစောဖြူသမီး ဧချင်း တွင်ဖြစ်ပါသည်။ မြန်မာကျောက်စာများတွင်လည်း ခရစ်နှစ်
၁၄၄၂ ခုနှစ် နရသီဟပတေ့မင်းရေးထိုး သောစစ်ကိုင်းထူပါရုံကျောက်စာ စာကြောင်းရေ (၂၀ )တွင်လည်းတွေ့ရပါ သည်။ထို့အပြင် ရခိုင်ရာဇဝင်ကျမ်းများဖြစ်ကြသည့် ရခိုင်
မဟာရာဇဝင်တော်ကြီး ဓညဝတီရာဇဝင် သစ် မရာယုနှင့် ဗေဒါရှင်းတမ်း စသည့်
ကျမ်းကန်များတွင်လည်းကောင်း,တစ်ချို့ သောစာအုပ်စာပေများတွင်လည်းကောင်း မြိုလူမျိုးကိုရေးသားကြရာတွင် မြို
ဟူသောဝေါ့ဟာရ အပြင် ''မြုံ''ဟူ၍လည်း ကောင်း ''မြုန်''ဟူ၍လည်းကောင်း
''မြုမ်''ဟူ၍လည်းကောင်း ''မြူ''ဟူ၍လည်းကောင်း ''မြို့''ဟူ၍လည်းကောင်း
မူကွဲစာလုးံပေါင်းဖြင့်ရေးသားထားပါသည်။ မြို ,မြုန်, မြုမ် ,မြူ ,မြို့ဟူသော
အရေးအသားသည် ''မြို''လူမျိုးတစ်မျိုး ကိုသာရေးသားဖော်ပြခြင်းဟုမှတ်ယူနိုင် သည်။ အိန္နိယတိုင်းရင်းသားများက''မြို'' လူမျိုးများကို ''မြုံဂျာ''ဟုခေါ်ဝေါ်နေကြသည်။
မြိုလူမျိုးများသည် မျက်မှောက်ကာလ ခေတ်ထိတိုင်းရင်းသားမျိုးနွယ်စုတစ်ခုအ
ဖြစ်အထင်အရှားနေထိုင်ကြခြင်းစသည့် အကြောင်းအချက်များကိုထောက်လျှင်
အထက်ပါရခိုင်ရာဇဝင်ကျမ်း မြန်မာ့စွယ်စုံ ကျမ်း နှင့်တစ်ခြားသော စာအုပ်စာပေ
တို့တွင်အရေအသားဖော်ပြကြသော''မြုံ, မြုန်,မြုမ်,မြို,မြူ ''ဟူသောစာလုးံ
ပေါင်းဟန်များသည် ''မြို''လူမျိုးများကို ပင်ရည်ညွန်းရေးသားထားခြင်းဖြစ်ပါသည်။
ထို့ကြောင့်'' မရို,မြို''ဟူသောအသံ ထွက်နှင့်အခေါ်အဝေါ်များသည် တစ်ခြား
တိုင်းရင်းသား ဖြစ်သော ရခိုင်တို့က ခေါ်ဝေါ်သည့် အမည်ဖြစ်ပါသည်။ မြိုလူ
မျိုးတို့က မိမိတို့လူမျိုးကိုရည်ညွန်း ခေါ်သောအခါ ( မြူ Mru)ဟုခေါ်ပါသည်။''မြို,မရို''တို့
သည် သူတို့ကို သူတို့ ''မရုဆာ Mrucha'' သို့မသုတ် ''မရိုစာ Mrocha''ဟုခေါ်ပါသည်။ ''လူ ''လူသား''ဟု
အဓိပ္ပါယ်ရပါသည်။ နိုင်ငံအားဖြင့် မြန်မာ နိုင်ငံ ရခိုပြည် ရိုးမတောင်တန်း
ဘင်္ဂလားဒေရ့်နိုင်ငံ စစ်တကောင်းတောင်တန်း အိန္နိယနိုင်ငံ Bengal
''မြိုMro,မြူMru''လူမျိုးများကိုသုးံနိုင်ငံ အသိသိမှ ဖော်ပြရေးသားထားသောအမည်နာမကို
အောက်ပါအတိုင်း Ethnologue Languages of the World မှာဖော်ြ
ပချက်နှင့် မြန်မာစာအားဖြင့် ရခိုင်ရာဇဝင်ကျမ်းအများပြား မြန်မာ့စွယ်
စုံကျမ်း တစ်ခြားသော စာအုပ်စာပေများ တွင်ရေးသားဖော်ပြချက်ဖြင့်နိုင်းချိန်မယ်။
၁။ Myanmar မြန်မာ
Mru
language name Mru
population 20,000 in
in Myanmar( 1999ABWE)
Location Rakhine State,Buthidaung,Maungdaw,
ponnagyun,townships.
Alternate names Dak,Launghu,
Mro,Mrucha,Mrung,Mrusa,Murung,Niopreng,Taung Mru
Dialects Anok,Dowpreng(Doumrong,pongmi,Tamsa),Laungghu,Sungma.
မြူ,မြိုလူမျိုး
မြန်မာနိုင်ငံ ၌ ၁၉၉၉ ခုနှစ်တွင် မြိုလူမျိုး
လူဦးရေ ၂၀,၀၀၀ လောက်သာဖြစ်ပါသည်။
နေထိုင်ရာဒေသ
••••••••••••••••••
ရခိုင်ပြည် ဘူးသီးတောင်,မောင်တော, ပုဏ္ဏကျွန်း မြို့နယ်များတွင်နေထိုင်ကြပါ
သည်။ အမည်နာမ အခေါ်ဝေါ် ဒတ်,လောက်တူ,မြို ,မရုဆာ,မြုံ, မရုစာ,
မြုန် ,နောက်ပြည်, တောင်မရု,တို့ခေါ် ဝေါ်ခြင်းကိုတွေ့ရခြင်း။
အနောက်Anok ,Dowpreng မြေနိမ့် ရာဒေသ ,တောတောင်တန်းဒေသကို sungmaလို့ခေါ်တဲ့ နေရာဒေသတွင်နေ ထိုင်ကြသည်။
၂။ india အိန္နိယ
မြူ,မြိုလူမျိုး
Language name Mru
population Ethic population:
2,100
location west Bengal,jalpaiguri,
Nadia and Hoogly districts.
Alternate Names Mro,Mrung,
Murung,Niopheng..
မြူ ,မြိုလူမျိုး
အိန္နိယပြည်တွင် ၂၁၀၀လူဦးရေဖော်ပြထားပါသည်။ အနောက်ဘက်ခြမ်း ဘန်ဂါ,ဂျပါကူရီ,
နာဒီယာနှင့် ဟောက်လီ ဒေသတွင်နေထိုင်ကြသည်။ ထိုဒေသတွင်နေထိုကြသော မြို,မြူလူမျိုး
အခေါ်အဝေါ် မြို ,မြုံ, မြုန်,နောက်ပြည် စသည်ဖြင့်ခေါ်ထားခြင်းကိုမြင်တွေ့ရပါသည်။
၃။ Bangladesh ဘင်္ဂလားဒေရ့်
iso 639-3 Mro Alternate Names Maru,Mrung,
Murung population total all countries: 50,000 Location chittagong, Division,
Bandarban district. Langguage Maps southern Bangladesh India Map4 central Myanmar Dialects Anok,Dowpreng,Sungma,Lexical similarity: 13%with Mro-khimi
chin[cmr],72%-76%with Anu- Hkongso chin [anl];similarity
with Anok,Dowpreng,and Sungma dialects in Bangladesh is high:91%-98%.
ဘင်္ဂလားဒေရ့်နိုင်ငံ Iso 639-3 ဘာသာစကားကုတ်'' မြို Mro''
မြိုလူမျိုးကို ခေါ်သောအမည်နာမ မာရု,မရု ,မြုံ ,မြုန် ,မြုမ် လူဦးရေစုစု
ပေါင်း ၅၀,၀၀၀လောက်ဖော်ပြထားပါ သည်။ နေထိုင်ရာဒေသ စစ်တကောင်း
တောင်တန်း ဘန်ဒါဘင် ဒေသများတွင် နေထိုင်ကြပါသည်။
ဘာသာစကားအသိသိပြောသောလူမျိုး စု၏ မြေပုံ ဘင်္ဂလားဒေရ့်နိုင်ငံ မြေပုံ အိန္နိယနိုင်ငံမြေပုံနှင့် မြန်မာနိုင်ငံမြေပုံ အသိသိတွင် မြို,မြိုလူမျိုးနာမည်ကိုတွေ့
ရခြင်း။ မြို,မြူ လူမျိုးအစစ်နှင့် မြိုခမိလူမျိုးတစ်ချိန်တုန်းကခံယူထားသောလူမျိုးစုနှင့် ဘာသာစကား ၁၃ရာခိုင်နုန်းသာတူညီမူကိုတွေ့ရပြီး ခေါင်စို ချင်းလူမျိုးစုနှင့် မြို,မြူလူမျိုးစု
သည်ဘာသာစကား ၇၂-၇၆ရာခိုင်နုန်း တူညီနေသည်ကိုတွေ့ရပါသည်။
ဒီမှာဆက်လက်ရှုကြပါ..
Though they are now living in southern part of CHT,they came
to this resion several hundred years ago from the state of Arakhine in Myanmar( Brauns and Loffer,1990:34).Captain Lewin's writing also reveals that
the Mru formally living in the Rakhine hills and a Mru was
king of Arakhine in the 14th century.However,they were forced from Arakhine hills by
the Khumi tribe due to a blood feud between them and came
to Bandarban (Lewin,1869:92). There is a popular tale among the Mru of how they came in
this resion and how their name was set forth.The name Mru is spelled and pronounced differently by different group, for instance, ''Murong''or ''Murung'' as it is called by the
Bangali, ''Mro''by the Marma and ''Mru''by themselves (Brauns and Loffer,1990).
မြန်မာနိုင်ငံ ရခိုင်ပြည်မှ နှစ်ရာကျော်ကနေ ပြောင်းရွေ့လာပြီး ယခု စစ်တကောင်းဒေသ
တောင်ဘက်ခြမ်း နေရာဒေသများတွင်နေထိုင်ကြပါသည်။ Brauns and Loffer,1990:34).
(Captain Lewin) ရေးသားချက်တွင်လည်း ''မြူ Mru''လူမျိုး ရခိုင်တောင်တန်းဒေသများတွင်နေထိုင်ပြီး
''မြူMru''မင်း ရာစု ၁၄တွင် ရခိုင်ပြည်မှာ မင်းမှုခဲ့ခြင်းရေးသားထားပါသည်။ ရခိုင်ပြည်
တွင် မင်းအဖြစ် နေလာခဲ့သော်လည်း khumi ခူမီးလူမျိုးအလုးံရင်း ထိုးဝင်လာခြင်းကြောင်းရခိုင်ပြည်မှ နှင်ထုတ် ခံရပြီး Bandarban ဘန်ဒါဘင် ဒေသတွင် နေထိုင်လာကြသည်။(Lewin,1869:92).
ဒီအကြောင်းအရာများသည် ''မြူ Mru ''မာထင်ရှားကျော်ကြားသောပုံ
ပြင် ဖြစ်ပါသည်။ ''မြူ'' နာမည်ကို အမျိုးမျိုး အသံထွက်ပြီးစာလုးံပေါင်း အသိသိဖြင့်ရေး
သားခေါ်ဆိုကြပါသည်။ ''မြုံ Murong ''or Murung'' အသံထွက်စာလုးံပေါင်း ကို
ဘင်္ဂလီ အိန္နိယလူမျိုးများကခေါ်ခြင်း, ''မြိုMro''အသံထွက် စာလုးံပေါင်းကို ရခိုင်
လူမျိုးများက ခေါ်ခြင်း,''မြူMru''အသံထွက် စာလုးံပေါင်းကို သူတို့ကိုသူတို့ ခေါ်ခြင်းတွေ့
ရှိရပါသည်။(Brauns and Loffer,1990). ''မြို'' ဟူသောဝေါဟာရ၏အရင်းမြစ်ကို
ထပ်မံရှာဖွေကြည့်သည့်အခါ အောက်ပါ အချက်များကိုတွေ့ရပါသည်။မြန်မာနိုင်ငံ
ရခိုင်ပြည် မောင်တော့မြို့နယ် ဘူးသီးတောင်မြို့နယ် ပုဏ္ဏကျွန်းမြို့နယ်
နှင့် ကျောက်တော်မြို့နယ်အနည်းငယ် ရှိ ''မြို''လူမျိုးတို့သည် မိမိတို့လူမျိုးကို
''မြူMru,Mrocha မြိုစာ''ဟုခေါ်ဝေါ်ကြ ကြောင်း ''မြိုစာ''၏အဓိပ္ပါယ်နှင့်ယင်းနီး
စမ်သည့် အဓိပ္ပါယ်များကို ဤသို့ဖြင့် တွေ့ရှိပါသည်။
မြိုလူမျိုးတို့သည်ကုဝဏီပြည်ကြီးပျက်စီး ပြီးနောက်အာသံနယ်ဘက်မှ တစ်ဆင့်
ကစ္ဆပနဒီမြစ်ညာဒေသများသို့အခြေချနေထိုင်လာသည့်ကာလအပိုင်းအခြားမှမြန်
မာနိုင်ငံလွတ်လပ်ရေးမရမီကာလအထိ မြို့ရွာတည်ဆောက်သည့်အခါတိုင်းခိုင်
မာသောခြံစည်းရိုးခတ်၍နေထိုင်ခဲ့ကြလေ သည်။ ခြံစည်းရိုး (၇)ထပ်ကာရံထားပြီး
အခိုင်အမာနေထိုင်ခြင်းကို ''မရူရောက်ဒီ'' ''မရူဆာဒီ''ဟူ၍ခေါ်ဝေါ်လေသည်။''မရူ''
ပြုလုပ်၍နေထိုင်သောလူမျိုး တစ်နည်း ''ခြံစည်းရိုးတွင်နေထိုင်သောသူများ''
ဟူသောအနက်ကိုရည်ညွန်း၍ ''မရူ Mru'' မှ ''မရို'' ''မြို''ဟူ၍ပြောင်းလဲပြောင်းလဲ
ရွေ့ပါသည်။ ''ခြံစည်းရိုးကို''မြူ Mru'' ''Mro မြို'' ဘာသာစကားဖြင့်ခေါ်တဲ့အခါ
မှာ ''kasui ခါ ဆုလ်''လို့ခေါ်နေရပါသည်။
မြိုဘာသာစကား၌ ''မရို''မြို''ဟူသော ဝေါဟာရများကိုလည်းကောင်းမြုံ ,မြုန်
မြုမ်ဟူသောဝေါဟာရများကိုလည်းကောင်း ဘင်္ဂလားဒေရ့် စစ်တကောင်းနေမြေ
အိန္နိယနေမြေတို့တွင် နေထိုင်သော ''မြို'' ''Mro'',Mru မြူ''လူမျိုးစုကို ယနေ့ထိတိုင် ''မြုံ''ဟူသောအခေါ်အဝေါ် တစ်ခြားလူမျိုးစုကခေါ်နေ ကြခြင်းတွေ့ရပါသည်။
""မြိုလူမျိုးများသည် ရခိုင်ပြည်ကိုမင်းမူ ခဲ့ခြင်းကိုလည်း ရာဇဝင်ကျမ်းအသိသိက
အခိုင်အမာဖော်ပြထားပါသည်။ထိုဖော် ပြချက်များသည် ''မြို Mro'' Mruမြူ''
လူမျိုးတစ်ခုတည်းကိုဖော်ပြခြင်း ပထဝီ အရသော်လည်းကောင်း နာမည်မူကွဲ
ရှိသော်လည်းကောင်း ဆင်စပ်မူတစ်ထပ် တည်းပင်တွေ့ရပါသည်။
မြို့ဟောင်း (မြောက် ဦးမြို့)ကိုမင်းနေ ပြည်တော်အဖြစ်ဦးစွာတည်ထောင်သူမှာ
ပဲဖြူပင်းဖြစ်ပါသည်။ပဲဖြူမင်းသည် ဝေသာလီကိုစွန့်၍ မြောက်ဦးမြို့ကိုတည်
ထောင်ကာသက္ကရာဇ် ၃၃၈ခုနှစ်မှ ၃၅၆ခုနှစ်အထိစို့စံသည်။ထိုနောက်မင်းစောမွန်သည် သက္ကရာဇ်၇၆၆ ခုနှစ်တွင်ရခိုင်ထီးနန်းကိုဆက်ခံစို့စံ၍၇၆၈ ခုနှစ်တွင် လောင်းချက်မြို့ကိုမြန်မာတို့
သိမ်းယူသည်။(လောင်းချက်မြို့ လည်း ရှု။)ထို့နောက်မွန်တို့ တိုက်ခိုက်ကြပြန်ရာ
ရခိုင်ပြည်တွင်မင်းမဲံကာဖရိုဖရဲဖြစ်ပြီးလျှင် မင်းစောမွန်သည် အနောက်ဖက်သို့ထွက်ပြေးတိမ်းရှောင်ရာ
မှ သူရတန်မင်းအကူအညီဖြင့်ထီးနန်းပြန် ရသောအခါ သက္ကရာဇ် ၇၉၂ခုနှစ်နတ်တော်လဆန်း ၁ရက်တနင်္ဂနွေနေ့တွင် မြောက်ဦးမြို့ကို တည်၏။ ရာဇဝင်တွင်ပဲဖြူမင်း ပဌမမြောက်ဦးမြို့ကိုမရေတွက်ပဲ မင်းစောမွန်ကိုသာ ပဌမမြောက်ဦးမြို့တည်မင်းဟုရေတွက် လေသည်။ထိုမင်းမှစ၍မင်းပေါင်း ၁၂ပါး
ဆက်လက်စိုးစံခဲ့ရာ မင်းခေါင်ရာဇာ လက်ထက်အထိ စည်ပင်လာခဲ့သည်။
မင်းခေါင်ရာဇာ၏သားတော်သံတွဲစား မင်းပါကြီးသည်။သက္ကရာဇ် ၈၉၃ခုနှစ်တွင်
နန်းတက်လေရာ မြောက်ဦးမြို့တော်ကိုထပ်မံ အကြီးကျယ်တည်ဆောက်ပြုစုသည်။
မင်းပါကြီးမှ၍မင်းပေါင်း ၂၈စနေနေ့တွင် မြန်မာမင်း ဘိုးတော်ဘုရားကသိမ်းယူ
လေသည်။ထိုနှစ်မှ စ၍မြောက်ဦးတွင် မြို့ ဝန်များခန့်၍အုပ်စို့စေခဲ့ရာ ပဌမဆုးံမြို့
ဝန်အဖြစ်ခန့်အပ်ခြင်းခံရသူမှာနန္ဒပကြန် ဖြစ်၏။နန္ဒပကြန်၏နောက်မြို့ဝန် ၈ဦးဆက်လက်အုပ်ချုပ်ခဲ့လေသည်။ ခရစ်၁၈၂၄ခုနှစ် ပဌမအင်္ဂလိပ်မြန်မာ
စစ်ပွဲအတွင်းက အင်္ဂလိပ်စစ်ဗိုလ်ကြီး မော် ရစ်ဆန်၏ စစ်တပ်များသည်မြို့ဟောင်း၌
စခန့်ချရာ အဖျားရောဂါဖြင့် စစ်သားများ စွာသေဆုးံရုံမက စစ်ဗိုလ်ချုပ်ကိုယ်တိုင်
လည်း မကျန်းမမာဖြစ်၍ ပြန်ရသဖြင့် လမ်းခရီးတွင်ကွယ်လွန်သည်။ထိုစစ်ပွဲပြီး
တွင် စစ်တွေမြို့ကိုတည်၍မြို့တော်ကိုပြောင်း ရွေ့လိုက်လေသည်။
''မြိုလူမျိုးသည်'' တိဗက်-မြန်မာအစုမှ ရခိုင်အုပ်စုခွဲတွင်ပါ ဝင်သော တိုင်းရင်းသားလူမျိုးများအနက်
မြိုလူမျိုးတို့သည် စစ်တွေခရိုင် ဘူးသီးတောင်ဒေသ နှင့်ယခင်ရခိုင်တောင်တန်းဒေသ ယခု
ချင်းဝိသေသတိုင်းပီးချောင်း မီးချောင်း တလျောက်တွင်နေထိုင်ကြသည်။ထို့ပြင်
အရှေ့ပါကစ္စတန်ပြည် စစ်တကောင်း တောင်တန်း ဗိုလ်မင်းထောင်တောင်
တန်းနယ် အစွန့်အဖျားတွင်လည်းမြိုလူ မျိုးတို့နေထိုင်ကြသည်။၁၉၃၁ခုနှစ် သန်
ခေါင်စာရင်းအရ မြိုလူမျိုးတို့၏ဦးရေမှာ ၁၃,၇၆၆ခန့်ရှိသည်။မြိုလူမျိုးတို့သည်
မြို့ကြီးပြကြီးနှင့်မနှီး တောတောင်ချောင်းမြောင်းထူထပ်သောအရပ်များတွင်ရှေ့ဓလေ့အတိုင်းတောင်ယာပဲခင်း လုပ်ကိုင်သားသောက်လျက်ရှိကြ သည်။ယောင်္ကျားတို့မှာ အနံ တဝါးလောက်အပြာရောင် အဝတ်ရှည်ကို
ခါးတောင်းကျိုက်၍ဝတ်ကြပြီးလျှင် မိန်းမများမှာ အင်္ကျီဝတ်ကြရိုး ထုးံစံမရှိဘဲ
နက်ပြာရောင်အဝတ်စ အနံတထွာလောက်ကိုဒူးဆစ်အထိဆီးစပ်အောက်ရှော၍ပတ်ရစ်ဝတ်ဆင်ကြသည်။
ထိုအဝတ်စားခါးတွင်မြဲစေရန်ပတီးစည်းလုးံကြီးများ သီထားသောကြိုးများဖြင့်
ရစ်ပတ်စည်းနှောင်၍သော်လည်းကောင်း ထားတတ်၏။ ရိုးသားစွာနေထိုင်လေ့ရှိသည်။လူအိုလူမင်း
များကိုလုပ်ကိုင်ကျွေးမွေးမည့်သားသမီး မရှိလျင် ကာလသားများသည် စု၍အပို
သက်သက်တောင်ယာလုပ်ပြီးလျှင်ဝမ်း စာထည့်ပေးကြ၏။ ခေါင်းကိုက် ဝမ်းနာ ဖျားနာခြင်းမှစ၍ နတ်ဖမ်းစားသည်ဟု အယူရှိပြီးလျှင် ကျွဲ နွားဝက်တို့ကိုသတ်
၍ နတ်တင်လေ့ရှိသည်။တောင်ပေါ်ယာခင်း တွင်မျိုးကြဲခါနီး၌ ကြက်ကိုအကောင်များ
စွာ သတ်၍ ကြက်သွေးဖြင့်ယာခင်းကို ပင်ဖျန်းကာ ယခင်းကောင်းစေရန်လည်း
နတ်တင်လည်းရှိသည်။ မြိုလူမျိုးတို့သည် တချိန်က ရခိုင်ပြည်တွင်
မင်းဧကရာဇ်များအဖြစ် နန်းတက်၍ ''မြို'' မင်းနှစ်ဆက် ကိုပင်ထူထောင်ခဲ့ဖူးလေ
သည်။ထိုသို့''မြို''မင်းဆက်နန်းတက်ခဲ့သည်မှာ သက္ကရာဇ် ၁၃၁ခုနှစ်မှ ၁၅၆ ခုနှစ်
အထိ၂၅နှစ်ခန့်ကြာခဲ့လေသည်။ ဤသို့မြိုမင်းဆက် နှစ်ဆက် ထူထောင်
ခဲ့ဘူးသော မြိုလူမျိုးတို့မှာ ယခုအခါမထင် မရှားသော လူမျိုးအနေဖြင့်တည်ရှိကာ
အခြားမြန်မာနိုင်ငံတိုင်းရင်းဘွားတို့ကပင် မြိုလူမျိုးတို့အကြောင်းကိုမသိရှိကြပေ။
မြန်မာ့စွယ်စုံ ကျမ်း အတွဲ( ၉) အပိုင်း (ခ) (စာ-၄၂၅-၄၂၆). မြို သို့မဟုတ် မြုံခေါ်လူမျိုးစု
ကိုအင်္ဂလိပ်ဘာသာစကားဖြင့်ရေးထား သည့် စာအုပ်များတွင် Mro,Mru,Murang ဟုအမျိုးမျိုးစာလုးံ
ပေါင်းကြသည်ကိုတွေ့ရပါသည်။ ထိုမြုံလူမျိုးသည် ရခိုင်ပြည်တွင်နေထိုင်ခဲ့ကြောင်း ရခိုင်
မြန်မာအနွယ်များမြန်မာနိုင်ငံသို့မရောက်မီကပင် ရခိုင်ပြည်ထဲတွင်ရှိခဲ့သော ရှေ့ဦး
သူများဖြစ်ကြောင်းတို့ကိုခေတ် သစ်ပညာရှင်များက တညီတညွတ်တည်း
ဆိုကြပါသည်။ မြုံများသည်( ခူမီး ခမွီး) များကနှင်ထုတ်သဖြင့် ရခိုင်ပြည်မှထွက်
ခဲ့ရပြီး ယခုနေရာသို့လာရောက်နေထိုင်ရ ခြင်းဖြစ်သည်ဟုဆိုပါသည်။ ယခုအခါ
ယေဘုယျအားဖြင့်မြုံတို့၏နေရာမှာ စစ်တကောင်းတောင်တန်းဒေသ ဘန်ဒါရဘင် သို့မဟုတ် ဘန္ဒရာဘင်
Bandarban နယ်တစ်ဝိုက်ဖြစ်ပါသည်။ မနုဿဗေဒပညာရှင်တစ်ချို့က မြုံတို့၏
ကိုယ်ခန္ခာအနေအထားအသားအရေ စသည်တို့ကိုကြည့်၍မြုံတို့သည် နီဂရွိုက်
Negroidမျိုးနွယ်ဖြစစ်သည်ဟုဆိုကြပါသည်။ သို့ရာတွင် အချို့သောမနုဿဗေဒပညာရှင်များက
မူ မြုံဟူသောအမည်နှင့်တကွ မြုံတို့၏မျိုးနွယ်စု Clan အမည်များမှာ
တိပါရစကားများဖြစ်သည်။သူတို့၏လူမူရေးထုးံတမ်းများ ပွဲလမ်းများသည် တိပါရမျိုးနွယ်စုတစ်မျိုးဖြစ်သော ''ရိုင်'' ''Riang''မျိုးဆွေစုနှင့်နီးစပ်တူညီသည်ဟု ဆိုပါသည်။ထို့ကြောင်း မြုံတို့ကို ပညာရှင်များကတိပါရလူမျိုးများထဲတွင် ထည့်သွင်းသတ်မှတ်ပါသည်။ဤဆောင်းပါးစတွင်ဖော်ပြခဲ့သော ''ပန်းတံမောင်နှင့် သံတွဲတူ ဘွဲ့ အဲးခေါ် ရခိုင်ရှေးဟောင်း ကဗျာဝတ္ထုတွင်လည်းမြုံပြည်ကိုရည်းမြုံပြည်ဟုလည်းကောင်း မြုံအမျိုးသားအ
မျိုးသမီးကိုရည်းသူ ရည်းသူမ ရည်သူသား စသည်ဖြင့်ခေါ်ဝေါ်သုးံနှုန်းသည်ကိုတွေ့ရသည်။''ရည်း''ကိုရခိုင်အသံထွက်ဖြင့် ''ရိုင်း''
ဟုလည်းထွက်နိုင်သည်။ ''ရိုင်''လူမျိုးနွယ် ကိုပင်ဆိုလိုသည်ဟုယူဆစရာရှိလေသည်။
မြုံတို့သည် အလွန်အေးအေးဆေးဆေးငြိမ်းငြိမ်းချမ်း ချမ်းနေတတ်သောလူမျိုးတစ်မျိုးဖြစ်သည်ဟုဆိုပါသည်။အချင်းချင်းအငြင်းခုန်ဖြစ်လျှင်လည်း ခိုက်ရန်မဖြစ်ပွားပဲ နတ်ဆရာ ကိုပင့်ခေါ်၍ နတ်၏အဆုးံအဖြတ်ကိုတောင်းခံလေ့ရှသည်ဟုဆို၏။အတိတ်နိမိတ်ကိုလည်း အလွန်
ယုံကြည်ကြသည်ဟုဆိုပါသည်။သို့သော်လည်း သူတို့သည် ဗုဒ္ဓဘာသာသက်ဝင်သူများဖြစ်သည်ဟုဆိုပါ
သည်။ထို့ပြင် မြုံများသည်ကခုန်ခြင်းကို ပျော်ရွင်းရေး ဖျော်ဖြေရေးတို့အတွက်
လောက်သာမဟုတ် ထွန်းကားပွားစီးပွား ရေးအတွက် ဆောင်ရွက်ချက်တစ်ရပ်လည်းဖြစ်သည်ဟု
ယုံကြည်ကြပါသည်။ ထို့ကြောင့် သီးနှံစိုက်သောအခါ ကခုန်ပွဲ
များပြုလုပ်လေ့ရှိကြ၏။ မြုံအမျိုးသမီးများသည်အိမ်မူ ကိစ္စများအပြင် တောင်ယာလုပ်ခြင်းကဲ့
သို့သော လုပ်ငန်းမျိုးတွင်လည်းယောင်္ကျားတို့နှင့် တန်းတူလုပ်ကိုင်ကြသည်။မြုံအမျိုးသမီးများက အမျိုးသားများထက်ပိုမိုအလုပ်လုပ်သည် ဆို၏။ အလုပ်လုပ်ရာတွင်မကအချစ်ရေး
ကစ္စများတွင်လည်း မြုံလုံမပျိုတို့က လုလင်ထက် ပို၍ ဇွတ်တရွတ်ပြုတတ်သည်
ဆိုပါသည်။ခိုးရာလိုက်ရမယ့်ကိစ္စမျိုးတွင် စီစဉ်ဆောင်ရွက်သူမှာမိန့်ကလေးပင်ဖြစ်
သည်ဟုဆိုပါသည်။ မြုံတို့သည် သူတို့၏ သမိုင်းအကြောင်းကို ဘာမျှရေရေရာရာ
မသိကြသော်လည်း မြန်မာနိုင်ငံတွင်ရှိ စဉ်က'' အရီ''ခေါ်ဘုရင်၏မြှောက်စားခြင်း
ကိုခံခဲရသည်ဟုဝင့်ကြွလေ့ရှိကြကြောင်းဖြင့်''စုံမြိုင်ရိပ်ဝယ်''တွင်ရေးသူမစ္စတာဆတ္တားက ဖော်ပြထားပါသည်။
''အရီ''ဘုရင်မှာမည့်သည့်ဘုရင်ဖြစ်သည်ဟုမသိသာသော်လည်းရခိုင်ရာဇဝင်မြောက်ဦးမင်းဆက်တွင်ပါဝင်သော မင်းခရီး သို့မဟုတ် အလီခင်ခေါ် နုရနုပင်ဖြစ်လေမည်လားဟုတွေ့ထင်မိပါ
သည်။ထို့ပြင် ၁၄ရာစုလောက်ကရခိုင်ပြည် တွင် မြုံအမျိုးသားနှစ်ဦးသည် ဘုရင်ဖြစ်
ခဲ့သည်ဟု ဆတ္တားကဆိုပါသည်။သို့ရာ တွင် ၁၄ရာစု သို့မဟုတ် ၁၀ရာစုအတွင်း
ကဖြစ်ပါသည်။ထိုအကြောင်းကို ရခိုင်မင်း သမီးဧချင်းတွင် တောင်ယာပဲဝယ် အမြဲနေပင် မြိုတွင်
ထင်ရှား သင်းကြီးသားလျှင် ရည်သွား လုးံရပ် စည်းကြပ်ကျစ်ကြော ချောမော
ဆင်းရောင် ညီနှောင်သားဘ သုးံယောက်ရ၍ အစတည်တုံ အမြတုံနှင့်
တူစုံသားမောင် ထီးနန်းဆောင်၍ နောက်တလစ်မူ သားပဲဖြူနှင့် ရိပ်ဖြူ
ဆောင်းချုပ် ပြည်ရွာအုပ်လျက် ဟု ဆိုထားသည်ကိုတွေ့ရပါသည်။
ရခိုင်ပြည်တွင်ဘုရင်အဖြစ်ကိုပင် ရောက်ခဲ့သော်လည်း မြုံလူမျိုးတို့သည်
ခေတ်အလိုက်ပြောင်းလဲလာသော လူ့ ယဉ်ကျေးမူများကိုထွေးပိုက်လိုဟန်မရှပါ။
''ပန်းတံမောင်နှင့်သံတွဲ့ ဘွဲ့ အဲးမှ မြုံ(မြို) တို့၏ သဘာဝအသွယ်သွယ်ကိုဖော်ပြချက်
များတွင်တစိနေရာ ၌ ထဘီတိုလောင်း မြိုဘာသာမှာ ဝါးနား တောင်း မြိုမဘာသာ ဖုန်းဆိုးတောင်မှာ ဝါးကောက်လားရေ ကျပ်ကြိုးသုးံပင် ဇင်ချေင်းမြောင်ကို လှေကားတင်ရေ
ထုပ်လုပ်ကေလုးံ မြိုမရိုးမှာ ရင်မဖုးံလေ ဟုစမ်ဆိုထားပုံက ထိုအချက်ကထောက်
ခံလျှက်ရှိနေပါသည်။
မစ္စတာ ဆတ္တားကလည်း မြုံတို့သည် ရှေ့ဟောင်းစနစ်ကိုဖက်တွယ်လျက်ပင်
ရှိသေးကြောင်း ၁၉၇၁ ခုနှစ်က ဒက္ကား မြို့မှ ထုတ်ဝေလိုက်သော သူ့၏ ''စုံမြိုင်
ရိပ်ဝယ်''စာအုပ်တွင်ရေးသားထားပါသည်။ ဒီအကြောင်းဆိုင်ရာ သည်မြိုခမိလိုခံယူသော
လူမျိုးစုနှင့် ပါဝင်ပတ်သက်မူကို မတွေ့ရှိပေ။မြိုတိုင်းရင်းသား စာပေနှင့် ဘာသာတရား
•••••••••••••••••••••••••••••••••••••••••••••
ုမြိုတိုင်းရင်းသားအစစ်တို့သည် မြန်မာပြည်မှာ ရှေ့ဦးသူများဖြစ်ကြ သော်ငြားလည်း ဘာသာတရား နဲ့စာပေ
ကိုယ်ပိုင်မရှိသေး ရခိုင်စာပေကိုသာ အသုးံပြု နေခြင်းဖြစ်သည်။ ဘာသာတရားလည်း
မပေါ်ပေါက်တဲ့အတွက်ဗုဒ္ဓဘာသာ နတ်ဘာသာ ကိုးကွယ်ကြပါတယ်။ ၁၉၈၀ခုနှစ်
မာ Manley Mro ,(Man of God)ဆို လည်း မှားမယ် မထင်ဘူး သူ့ကို အိပ်မက်ရူပါ
ရုံပေးပြီး ရေးလိုက်ပါတယ် အဲစာပေကို မြိုဘာသာစကားအားဖြင့် (krama )စာပေ
(Krama)ဘာသာတရားတစ်ပြန်တည်းပေါ် ပေါက်လာပါတယ်။ ရှေ့ကပင် ဘုရားသခင်
က မြိုလူမိုးအတွက် စာပေ ပေးပါတယ်။ စာပေကို မြိုလူမိုးဆီ ပိုးဖို့ ဘုရားသခင်က
ငှက်ပိုးရွက်နဲ့ ရေးပြီး နွားကိုပိုးခန်းလိုက် ပါတယ်။ ကောင်းကင်ခရီး(လမ်းခရီး)ကဝေး
လှသောကြောင်း လမ်းတစ်ဝှက်လောက်မာ နွားက ရေဆာ မောပန်း တဲ့အတွက် ငှက်ပိုး
ရွက်မာရေးထားတဲ့စာ (စာရွက်)ကိုမျိုချလိုက် ပါသည်။ မြိုလူမိုးများက စာလာပိုးတဲ့သူကို
စောင်းမျော်ရင်း ပျော်နေကြပါသည်။ကြာလာ လည်းမရောက် ဘုရားသခင်ကိုပြန်မေးလိုက်
တယ် ဘုရားသခင်က နွားကိုပိုးခန်းကြောင်း ပြောပြတယ်။ နွားကိုလိုက်ရှာတော့ နွားက
မျိုချ (စားသွားကြောင်း)ပြောတော့ ဘုရား သခင်က အမြတ်ထွက်လို့ တစ်ချက်ကန်လိုက်
တာနဲ့ အပေါ်ကသွားအကုန်ကျိုးကုန်တယ်။ အခုထိ နွားတွေမာ အပေါ်သွားမရှိဘူး
ုပြီးတော့ မြိုလူမိုးသည် နွားကိုသတ်ဖို့ ကျိန် လိုက်ပါသည်။ အဲကနေမြိုလူမိုးမာ နွားထိုး
ပွဲ နွားကိုချည်ပြီးကားကြတာဖြစ်သည်။ မြိုဘာသာစကားအားဖြင့်( ziechat ply)
ကိုရေးပန်းကစားကြပါတယ်။တစ်ပါတည်း ရိုးရာပွဲ အက မှတ်ယူထားပါတယ် ယနေ့ထိ
တိုင်ရှိနေဆဲမြင်တွေ့နေဆဲဘဲဖြစ်ပါသည်။ (Krama)စာပေ ဘာသာတရားပေါ်ပေါက်
လာချိန်မာတော့ နွားထိုးပွဲ နတ်ပူဇော်တာ တွေ နတ်နဲ့ ပတ်သက်သောဟူသများကို
မကျင်းသုံးဖို့ (krama)ဘာသာတရားက တားမြတ်ထားပါတယ်။ ဘုရားသခင်ကိုက
(Thurai)လို့ခေါ် ပြီး အရာအားလုးံတိုက်နိုင် တယ်လို့ ယုံကြည် ထားပါသည်။ (krama)
ဘာသာတရား က တစ်ရက်ကို သုးံကြိမ် ဆုတောင် ရပါတယ်။ ထမင်းစားတိုင်းလည်း
ဆုတောင်းရပါတယ် မြိုဘာသာစကားအား ဖြင့် (Lüsu,Lengsu)လို့ခေါ်ပါတယ်။
ုမြိုလူမိုး၏ စာပေ ဘာသာတရား ပေါ်ပေါက်လာတာ Menley Mro ကနေ
ဖြစ်ပါသည်။(Menley Mro )သည် မြိုလူမိုး ၏ ဘုရင်(Mro king)ဖြစ်ပါသည်။ သူဖန်တီး
တီထွင်သော (krama )စာပေသည် တန်ခိုး ရှိပါသည်။ သိပ်မကြာသေးပေမယ့် အတန်း
တောင် ရှိလာအောင် ဘာသာစုံ မြန်မာ သင်္ချာ သိပ္ပံ ပထဝီ ဘာသာ များကို krama
မြိုစာပေနဲ့ အပြည့်စုံ ပြုစုပြီးတာကြာပါပြီ သို့သော်ငြားလည်း တိုင်းပြည်ကိုအုပ်ချုပ်တဲ့ အာဏာရှင် အဖွဲ
အစည်းက ကိုယ်ပိုင်ဘာသာစာပေသင်ကြား မူကိုပိတ်ပင်တားမြတ်နေလို့ မသင်ရပေ။
Anti-Mro ခေါ် မြိုခမိ လူမျိုးမျိုး ညာဉ် ရည် နိမ့်ခြင်းလော့? ကောက်ကျစ်
ခြင်းလော? လောဘလူသားလော?

ရခိုင်ပြည် ၌ မျိုးနွယ်စု မြိုမ် မြုံ မြုန် မြူ မြို လူမျိုးများကိုမတွေ့တော့ခြင်းဟု ရေးခြင်းဟာ မလေ့လာ ပဲ အိမ်ခန်းတံခါးပိတ် ခြင်ထောင်ထဲတွင် မီးတိုင်ထွန်းလို့ ပေါင်ကြားခွထိုင်ပြီးရေးတဲ့စာနဲ့အတူတူပါပဲလို့ မြိုတိုင်း
ရင်းသား တစ်ဦးခံစားချက်ဖြင့် ပြောလိုက်ပါ မည်။ မြိုလူမျိုးသည် ရာဇဝင်စာအုပ် တစ်ခြား စာအုပ်အများအပြားတွင် ၎င်း ရခိုင် မြို သက် ဒိုင်းနက် တို့ ရှေ့ခေတ် ကနေယခု ချိန်ထိ အတူတကွနေထိုင်ခြင်းကိုလည်းတွေ့ရ သည်။ ဒီစာကိုဖတ်ခြင်းဖြင့် ထိုမြို မြုမ် မြုံ
မြို့ မြုန် မတွေ့တော့ လို့ မှတ်ပြီး လောဘတက်နေတက်တာပါပဲ , ထိုသူတို့မှာလူစိတ်ပျောက်ပြီး ခွေးစိတ်ဝင်နေကြပြီ တွေ့ ရင်ကိုက်မယ်ဆိုသောစိတ်။အခုတစ်မျိုး
တော်ကြာပြောတာတစ်မျိုး ပြောနေကြတဲ့ Anti-Mro ခေါ် မြိုခမိလူမျိုးလု အဖွဲ့ပဲဖြစ်ပါသည်။
မြိုလူမျိုး အစစ်မှာ ကိုယ်ပိုင် ပျော်ပွဲလုပ်လေး ရှိပါတယ်။ လူမျိုးတစ်မျိုးရပ်တည်နေသောကြောင့်ပါ
တစ်ခြားသောတိုင်းရင်းသားနှင့်လူမျိုးများ သည် စက်ထွက်ပစ္စည်း များဖြင့် ပြုလုပ်သည့်
အရာများဖြင့်သာပျော်ပွဲ ရွှင်ပွဲ ဆိုက ရေးတီး အတွက်အသုးံပြုနေကြတာပါ။ ဂီတာ,ဗုံ,ပတ္တာ
လား္တ ,keyboard,Drum,စသည်တို့ စက်မှ တစ်ဆင့်အသုးံပြုနေကြတာဖြစ်ပါတယ်။
မြိုလူမျိုးအစစ်တို့မှာ စက်ရုံတို့ ဘာရုံညာရုံတို့ မရှိပါဘူး တောင်စဉ် တောင်းတန်းတွေမှာ
နေထိုင်ကြတာဖြစ်ပါတယ်။ သစ်နှင့် ဝါးကို အသုးံပြုကာ မှီခိုကြတာဖြစ်ပါတယ်။
မြိုလူမျိုးတုရိယာသည် ဝါးဖြင့်လုပ်ထားတာ ဖြစ်ပါသည်။ အိမ်ဆောက်တာလည်း သစ် ဝါး
ဖြင့် အသက်မွှေးဝမ်းကြောင်းရှာတာလေး သစ်ဝါးဖြင့် ဘယ်အရာကိုလုပ်လုပ်သစ်ဝါး
ဖြင့်တာ အသုးံပြုတာဖြစ်ပါတယ်။ အဝတ်အစား- မိန်းမများသည် ဒူးအလည်လောက်တာဝတ်လေးရှိပါတယ် မြဲစေဖို့ ပတီးလုးံ တီထားတာကို ပတ်ထားလေးရှိပါတယ် နားတောင်း,လက်ကောက်,လက်မောင်းတွင် ပတ်သော ကြေးလုးံ ,ခြေထောက်တွင် ဝတ်သောကြေးလုးံတို့ဝတ်လေးရှိကြပါတယ်။ အပေါ်ပိုင်း ရှေ့ကဆိုရင်မဝတ်ကြပါဘူး
ယောင်္ကျားများသည် -ခါးတောင်းညပ်ပြီး အမြီးရည်ရည်ထားပြီးဝတ်ဆင်ကြပါတယ်။
နားတွင် နာပက်,ဆံထုးံ,ခေါင်းပေါင်းတို့ဝတ် ဆင်ကြလေးရှိပါသည်။
သို့ပေမယ့် မြှောက်ဦးမြို့ မြို့ဟောင်း ကို စတင်တည်သောမင်းသည် မြိုမင်း (ပဲဖြူမင်း)ဖြစ်ပါသည်။ထို့ကြောင့် ကြေးရုပ်တို့ကျန်နေသေးသည်။ အောက်ကကြေးရုပ်ပုံသည် မြိုလူမျိုးကြေးရုပ်
သာဖြစ်နိုင်ဖွယ်ရှိပါသည်။ ထိုကြေးရုပ်ကို ကျောက်တော်မြို့နယ်က ခမီလူမျိုးခွဲထွက် မြိုခေါ်ခမိ လူမျိုးအသစ်ဖန်တီးသောအဖွဲ့သည် ငါတို့မြိုဟု ခံယူနေကြခြင်းဟာ ဆက်စပ်မူ အပ်စစ်မူ မရှိကြသည်ကို ဝိုင်းဝန်းပြီး လေ့လာကြပါစို့။
မြိုတိုင်းရင်းသား တို့၏ ရိုးရာ
••••••••••••••••••••••••••••••••
မြိုတိုင်းရင်းသား တို့၏ရိုးရာ ဓလေ့သည် တစ်မူထူးခြားပါသည် ဒီရိုးရာကို မြိုဘာသာ
အားဖြင့် ခေါ်တာက (Takit တကပ်)လို့ခေါ်ပါ တယ် ပြောရရင်အားပြိုင်ပွဲ့ဖြစ်ပါတယ်
ပြီးတော့ အဖွဲ့လိုက် အားကောင်းတဲ့လူတွေကို ရွေ့ပြီး တစ်ဖက်က သုးံယောက်ဆို ဟော်ဖက်
ကလည်းသုးံယောက် အဲလိုလည်းအားပြိုင်ကြပါတယ်။ တကပ် (Takit) အားပြိုင်ပွဲ့ပုံစံ ကတော့ မြိုဘာသာစကားအားဖြင့် (ဘော်) မြန်မာလိုတော့ (ဖိထား) တစ်ဖက်က ဖိထားပြီး တစ်ဖက်က သူဖိထားတဲ့တုတ်ချောင်းကို တစ်ဖက်က( မ) နိုင်အောင်ကိုအားထုတ် ရပါ တယ် မြိုဘာသာစကားအားဖြင့် မတာကို(rung ရင်(န်))လို့ခေါ်ပါတယ်။ အပြန်အလှန်သုးံ ခေါက် ပြိုင်မှ အရှုံးအနိုင် သတ်မှတ်ရပါသည်။ ရိုးရာကောက်သစ် ယာခင်း ကောင်းစေရန် (အခင်း) ပြုလုပ်ချိန် တွင်းမှာ တို့ ကောင်သစ် သိမ်းပြီးချိန် တို့မှာ
အားပြိုင်လေ့ရှိကြပါတယ်။ ထူးခြားတဲ့မြိုတိုင်းရင်းသားတို့၏ဓလေ့သည်အလွန်ပင်ချစ်စရာကောင်းပါသည်။
Hnin Hnin Nway(RaKhineThu)
စာကိုးကျမ်း
1.Maternal Morbidity and Mortality among Indigenous People in
Bangladesh:A Study of the Mru Community.
2.ဓညဝတီရာဇဝင်သစ် (မင်းကျောင်းဆရာတော် ဦးပဏ္ဌိ
3.နတ်သမီးသိုက်ရခိုင်ရာဇဝင်
4.ပီပြင်သောရခိုင်ဘုရင်ရာဇဝင်
5.ရခိုင်နီးဒါန်း (မောင်ပြူး-သံတွဲ)
6.ရခိုင်ပုံတည်ဝတ္ထုများ(အရှင်စကိန္န)
7.ရခိုင်မင်းသမီးဧချင်း-အဒူမင်းညို
8.ရခိုင်ရာဇဝင်သစ်ကျမ်း (ပ,ဒု တောင်ကျောင်းဆရာတော် စန္နမာလာ လင်္ကာရ)
9.ရခိုင်ယဉ်ကျေးမူများ( ၈,၉)
10.The Ministry of Chittagong Hill Tracts Affairs of Bangladesh:
An agency for discrimination against indigenous jumma peoples
11.Original Article Ethnographic information and medical formulations of a Mro community of Gazalia Union in the Bandarbans district of Bangladesh
ချစ်တဲ့မြိုလူမျိုးများကိုယ်စိတ်နှစ်ဖြာ ကျမ္မာကြပါစေ။ ။
နှင်းနှင်းနွယ်(ရခိုင်သူ)
Hnin Hnin Nway(RaKhineThu)
https://www.facebook.com/%E1%80%94%E1%80%94%E1%80%B9%E1%80%B8-1591090097819293/

You do need to check properly on Mro ( Khami ) history
ReplyDelete