**************************
တကယ်မရှက်တမ်းပြောရမယ်ဆိုရင
ဗမာတွေရဲ့ အကိုးကွယ်ခံရတဲ့ အရည်းကြီးတွေရဲ့ ကျင့်စဉ်တွေမှာ အတော့်ကို အံ့သြဖို့ကောင်းပါတယ်။ သူတို့က စိတ်ဓါတ်မြှင့်တင်ဖို့ မကြိုးစားဘဲ ရုပ်လက္ခဏာ
ကျင့်စဉ်ဆိုပြီး ပေါက်ကရတွေ လျှောက်လုပ်တာဘဲဖြစ်တယ်။ သာမှန်လူတွေ မလုပ်နိုင်တဲ့ ကိစ္စတွေကို သူတို့ကလုပ်ပြနိုင်တော့ လူတွေက သူတို့ကို အထင်ကြီးကြတာပေါ့။ အဲ့ဒီအထဲမှာ ရှင်ဘုရင်ကလည်း ပါနေတော့ သူတို့တွေ ပိုပြီး အောင်မြင်လာတယ်။ ဒီလိုဖြစ်နေချိန်မှာ အကြောင်းတစ်ခုခုကြောင့် မွေးလာတဲ့ ခလေးမှာ ကိုယ်အင်္ဂါချို့ယွင်းခဲ့ရင် ဒါဟာ အရည်းကြီးတွေရဲ့ တန်ခိုးနဲ့ မပြုပြင်ပေးလိုက်ရလို့ ဖြစ်တယ်လို့ ဆိုကြပြန်တယ်။ အဲ့ဒီမှာတော့ ပန်းဦးလွှတ် ပွဲဆိုတာ ကို စတင်တော့တာဘဲ။
အဲ့ဒီမှာ အင်မတန် ရိုးအ ပြီး အတွေးအခေါ်မရှိတဲ့ ကျွန်တော်တို့ ရှေးခေတ်ဗမာတွေဟာ မင်္ဂလာ ဆောင်သတို့သမီးကို အရည်းကြီးတွေဆီကို ပို့ရတော့တာဘဲဖြစ်တယ်။ အဓိကတော့ ပန်းဦးလွှတ်ပွဲ လုပ်ရင် မွေးလာတဲ့ ကလေးဟာ ကိုယ်အင်္ဂါ အပြည့်အစုံနဲ့ မွေးလာပြီး စီးပွားရေး လာဒ် ရွှင်ဖို့အတွက်သာဖြစ်ပါတယ်။ ဗမာအပျိုလေးတစ်ယောက်ဟာ လူသေကောင်တွေနဲ့ သင်္ချိုင်းမှာဖက်အိပ်ကာ ကျင့်စဉ်တွေ ကျင့်ထားပြီး ရေမချိုးတဲ့ အရည်းကြီးတွေရဲ့ ပန်းဦးညမှာ ဆွမ်းကြီးအလောင်းခံရတယ်ဆိုတ
ဒီလိုဘဲ ရှင်ဘုရင်တွေကလဲ သူတို့ အာဏာတည်မြဲဖို့ မွေးလာတဲ့ကလေး အင်္ဂါစုံဖို့ သူတို့ရဲ့ မိဖုရားတွေကိုလည်း ပန်းဦးဆက်သ ကြပါတယ်။ ထိုမိဖုရားတွေ မွေးတဲ့သားဦးက အရည်းကြီး နဲ့ ရတဲ့ ကလေးလည်း ဖြစ်နိုင်တယ်။ ဘုရင်တွေရဲ့ သားဦးဆိုတာ များသောအားဖြင့်တော့ အိမ်ရှေ့မင်းသား ဖြစ်ကြပါတယ်။ ဒါထက်ပိုပြီး စဉ်းစားသုံးသပ် ပြောရမယ်ဆိုရင်တော့ ထိုခေတ်က ကျွန်တော်တို့ ဗမာဘုရင်တွေမှာ အရည်းကြီးသားတွေ ရှိနေမယ်ဆိုတာ လုံးဝ ငြင်းလို့မရတဲ့အကြောင်းပါ။
ဒီကြားထဲ ဗမာလူမျိုးတွေရဲ့ စရိုက်အတိုင်း တစ်ယောက်ထက်တစ်ယောက် ပိုပြီး ဂုဏ်ပြိုင်ခြင်ကြတယ်၊ ပိုပြီးကျော်ဇောခြင်ကြတယ်။ မြို့စားမင်းတစ်ယောက်ဆို သူ့သမီးကို သူများတွေထက် စီးပွားရေး လာဒ်လာဘ ပိုမိုသာလွန်ကောင်းအောင် အရည်းကြီးတွေနဲ့ တစ်ညမဟုတ်ဘူး နှစ်ညပေးအိပ်လိုက်တယ်။ ဒါကိုမကျေနပ်လို့ နောက်တစ်ယောက်က သုံးည၊ တစ်ပါတ်၊ ဆယ်ရက်အထိ ကိုသွားပေးအိပ်ကာ သောက်တလွဲတွေကို ဂုဏ်ယူဝင့်ကြွားစွာ ပြိုင်ဆိုင်ကြတာကရှိသေးတယ်။
ဒီလို ဖြစ်လာလိုက်တာ နှစ်ပေါင်းဘယ်လောက်ကြာခဲ့လဲ
ကိုးကား https://www.facebook.com/photo.php?fbid=199543553729385&set=a.137730583244016.1073741828.100010212254023&type=3&theater ကူးယူဖေါ်ပြသည်။
No comments:
Post a Comment