--------------------------
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံခြင်း
ရခိုင်အမျိုးသားပါတီက ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချ
Voice : ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချ
DR.AM : ကျွန်တော်တို့က ရွေးကောက်ပွဲအလွန် ကာလမှာ ပါတီဗဟိုကော်မတီ အစည်းအဝေးကို လုပ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆိုတာကိုလည်း လုပ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ၃၉ ဦး ရှိပါတယ်။ သူတို့ရဲ့ တာဝန်ပေးချက်အရ ကျွန်တော်တို့ပါတီက ဆွေးနွေးမယ့် အခြေခံလေးတွေကို သတ်မှတ်ပေးပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
Voice : မနေ့က ကြေညာချက်က NLD ပါတီ ရခိုင်ပြည်နယ် ဥက္ကဋ္ဌ ဦးညီပု ပြောသွားတဲ့ ရခိုင်ပြည်နယ် အစိုးရကို NLD ပါတီက ဦးဆောင်ပြီးဖွဲ့မယ် ဆိုတာကို ဦးတည်ထားတာကို တွေ့ရတယ်ဗျ။
DR.AM : ဟုတ်ပါတယ်။ ဒုတိယအကြိမ် NLD ပါတီရဲ့ တာဝန်ပေးချက်အရလို့ ပြောပြီး ဦးညီပုရဲ့ ပြည်နယ်အစိုးရကို NLD က ဦးဆောင်ပြီး ဖွဲ့စည်းမယ်ဆိုတဲ့ သဘောနဲ့ ချဉ်းကပ်လာတယ်။ ဦးညီပုရဲ့ ချဉ်းကပ်မှုဟာ ကျွန်တော်တို့ပါတီကို အသိအမှတ်မပြုရာ ကျမနေဘူးလား။ ကျွန်တော်တို့ရဲ့ ရုံးချုပ်ဟာ စစ်တွေမှာ ရှိတယ်ဗျာ။ ပါတီဘက်က ထိပ်ပိုင်းလူကြီး သုံးယောက်ကို ဆွေးနွေးဖို့အတွက် ရင်ဖွင့်ထားတယ်ဗျာ။ အဲဒါကို အသိအမှတ်မပြုဘဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ဒီလိုမျိုး တန်းတူရပိုင်ခွင့်တွေတောင် မရရင် ကျွန်တော်တို့၊ ခင်ဗျားတို့ ပြောနေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့
Voice : ကျွန်တော်တို့ သိရသလောက် ရခိုင်အမျိုးသားပါတီ အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ တစ်ဆင့် လွှတ်တော်ထဲ ရောက်လာတဲ့ NLD ပါတီနဲ့ လွှတ်တော်အတွင်း ပူးပေါင်းဆောင်ရွက်မှုအချို့
DR.AM : NLD က ကြားဖြတ်ရွေးကောက်ပွဲကို ဖြတ်သန်းတယ်လေ။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက
Voice : ကျွန်တော် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အချို့ကို မေးမြန်းဖူးပါတယ်။ သူတို့က တိုင်းရင်းသားပါတီတွေ ပူးပေါင်း ပါဝင်လာရေး အတွက်ကို အမြဲတမ်း တံခါးဖွင့်ထားပါတယ်လို့ ပြောဖူးတယ်ဗျ။ ဒါပေမဲ့ သူတို့က ပါတီကြီးတစ်ခု ဖြစ်တဲ့အတွက် သွားရောက်ညှိနှိုင်းမှုမျိုးထ
DR.AM : ဒါကတော့ဗျာ ရွေးကောက်ပွဲအပြီး သူတို့ချဉ်းကပ်ပုံက ခင်ဗျားတို့ပဲ စဉ်းစားကြည့်၊ ကျွန်တော်တို့ပါတီက ပါတီငယ်ဖြစ်တော့ ပါတီကြီးတစ်ခုရဲ့ ဖိတ်ခေါ်ချက်ကို လမ်းဖွင့်ပေးထားပါတယ်။ နွေးထွေးစွာ တွေ့ဆုံမှုနဲ့ ဖြေရှင်းချင်တယ်။ ဒါပေမဲ့ သူတို့ချဉ်းကပ်ပုံက ဒုတိယအကြိမ်မြောက် ဖြစ်လာပြီ၊ ဦးဆောင်အစိုးရ ဖွဲ့မယ်ဆိုတဲ့ပုံစံနဲ့ ချဉ်းကပ်လာတယ်။ ခင်ဗျားတို့ သိပါတယ် NLD ပါတီနဲ့ ၁၉၉၀ ကတည်းက မဟာမိတ် လုပ်လာတဲ့ ALD ဆိုတာ ရှိတယ်နော်။ ၂၀၁၀ နီးမှ ပေါ်လာတဲ့ RNDP ဆိုတာရှိတယ်၊ အမျိုးသားအကျိုးစီးပွားအတွက
အဲဒီတော့ ပြန်တွက်ကြည့်ရင် ကျွန်တော်တို့က မဟာမိတ် ချိတ်ဆက်တာ နှစ်ခုကြားမှာ ရှိတယ်၊ အဲဒီနောက် မဟာမိတ် ချိတ်ဆက်တာကို ပြိုကွဲမှာစိုးလို့ တစ်ခုခုနဲ့ ခိုင်ခိုင်မာမာ ချိတ်ဆက်ဖို့ ဆိုတာနဲ့ ကျန်တဲ့တစ်ခုကို ဖြတ်မယ်လို့လုပ်တိုင်း လုပ်တိုင်း ကျွန်တော်တို့က ဆွေးနွေးစရာလေးတွေ ပေါ်လာတဲ့အခါမှာ၊ မဟာမိတ် ချိတ်ဆက်မှု နှစ်ခုလုံးကို ကျွန်တော်တို့က ယာယီဆိုင်းငံ့တယ် ဆိုတာမျိုးနဲ့ ဖြတ်သန်းနေတယ်။ အဲဒီကာလမှာ NLD ပါတီရဲ့ ဦးညီပု ချဉ်းကပ်မှုရယ်၊ တစ်ဖက်က UNA ရဲ့ လှုပ်ရှားမှုရယ် နှစ်ခုတွေ့ရတယ်။ အဲဒီလိုတွေ့တဲ့ အခါမှာ ကျွန်တော်တို့ပါတီရဲ့ အမျိုးသားအကျိုးစီးပွားအရ ကျွန်တော်တို့ပါတီ ပြိုကွဲသွားနိုင်တယ်၊ အစိုးရဖွဲ့ရေးဆိုတဲ့ မက်လုံးကို ယူပြီးမှ သူ့အခြမ်း ကိုယ့်အခြမ်း ပြိုကွဲသွားနိုင်တယ်။ အဲဒီတော့ ပါတီရဲ့ မဟာဗျူဟာမြောက် ချဉ်းကပ်ချိန်ရောက်ပြီ၊ မဟုတ်ရင် NLD ပါတီရဲ့ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရေး ထိုးဖောက်မှုဟာ ရခိုင်အမျိုးသားပါတီကို ပြိုကွဲသွားစေနိုင်သလို ရခိုင်အမျိုးသား အကျိုးစီးပွားကို ဖြိုခွဲလာနိုင်တဲ့ အကြောင်းတရားတွေကို ကြိုတင်သုံးသပ်မိတာပေါ့။ အဲဒါကြောင့် ခုနလို ထုတ်ပြန်ရတာပေါ့ဗျာ၊ ဘာလို့လဲဆို ကျွန်တော်တို့က ဒီမိုကရေစီကို လက်ခံတယ်၊ ပြီးတော့ NLD ကို ယုံကြည်လို့ပါ။
Voice : ရခိုင်ပြည်နယ်လွှတ်တော်မှာ အရေအတွက် အများဆုံး အနိုင်ရရှိထားတဲ့ ရခိုင်အမျိုးသားပါတီက ဝန်ကြီးချုပ်နေရာကို ရယူပြီး ပြည်နယ်အစိုးရ ဖွဲ့စည်းရေးကို ဦးဆောင်ချင်တယ်ဆိုတာ ကြေညာချက်အရ သိရပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတကပဲ တိုက်ရိုက်ခန့်အပ်ရမယ် ဆိုတာပါတော့၊ အခု ပြည်ထောင်စုအစိုးရ ဖွဲ့စည်းနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ရထားတဲ့ NLD ပါတီနဲ့ တွေ့ဆုံရမယ်ဆိုရင် ဘယ်လိုညှိနှိုင်းမှုမျိုး လုပ်မလဲ ခင်ဗျ။
DR.AM : ရခိုင်ပြည်နယ်လွှတ်တော်မှာ NLD ကိုးဦးပဲ ရပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင်ပေါ့ဗျာ။ ကြံ့ခိုင်ရေးက သုံးဦးပဲ ရပါတယ်၊ ပါလီမန်မှာ ကျွန်တော်တို့က ၂၃ ဦး ရတယ်၊ ရခိုင်ပြည်နယ်မှာ ၃၅ နေရာ ရှိတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကြံ့ခိုင်ရေးပါတီတုန်းကလည်း
ကြံ့ခိုင်ရေးက သူတို့ဆွဲထားတဲ့ ဖွဲ့စည်းပုံအရ တပ်မတော်နဲ့ပေါင်းပြီး အဓိက နေရာယူခဲ့တယ်။ သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချ
အဲဒါကို အသိအမှတ်ပြုဖို့က ဖွဲ့စည်းပုံကို ပြင်ဖို့ဆင်ဖို့ ကြိုးစားနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
အဲဒီမှာ ပြည်ထောင်စုရဲ့ အားသာချက်၊ အားနည်းချက်တွေကို ယူပြီးမှ ကျွန်တော်တို့ ကြိုးစားမယ်၊ ရပိုင်ခွင့်ဆိုတဲ့ Decentralize ကို ရအောင်ယူပြီးမှ ပြည်ထောင်စုကို တည်ဆောက်မှာပေါ့ဗျာ။ Local Government ရဲ့ အရေးပါမှုကို ကျွန်တော်တို့ သဘောပေါက်တယ်။ ပြည်ထောင်စုဆိုတာ ခင်ဗျားသိတဲ့အတိုင်း ဗဟိုမှာ ချုပ်ကိုင်ပြီးမှ ပုဂ္ဂိုလ်တစ်ဦးချင်း ကြီးပွားချမ်းသာသွားတာ များတယ်။ ဗဟိုကဖိ ဗဟိုက ရသွားတာပေါ့၊ ကျန်တဲ့တိုင်းဒေသကြီး ပြည်နယ် နယ်စွန်နယ်ဖျားတွေ အကုန်လုံး စုတ်ပြတ်သတ်သွားတာပေါ့။ သယံဇာတ ခန်းခြောက်သွားတယ်။ အဲဒါကြောင့် ပြည်နယ်တည်ဆောက်ရေး အရေးကြီးတယ် ဆိုတာမျိုး ကျွန်တော်တို့ သိတယ်၊ အဲဒါကြောင့် ပြည်နယ်တည်ဆောက်ရေးကို လုပ်ဖို့ ကြိုးစားနေတဲ့ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီ ဦးတည်ချက်ကို ဖြိုခွဲလာတဲ့အသွင် ဖန်တီးလာတဲ့အခါမှာ ကျွန်တော်တို့ ခံစစ်ကြောင်း လုံအောင် ပြန်ကာရတာပေါ့။
အဲဒါကြောင့် ဒီကြေညာချက်သည် ကျွန်တော်တို့ ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ ရပ်တည်ချက်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မူဘောင်ထဲမှာ သွားနေတဲ့ အမျိုးသားပါတီ တစ်ခုရဲ့ ရပ်တည်ချက်ဖြစ်ကြောင်း ကျန်တိုင်းရင်းသားပါတီတွေကိ
Voice : ကြေညာချက်ထဲမှာ ပြည်နယ်အစိုးရကို ရခိုင်အမျိုးသားပါတီက ဦးဆောင်ခွင့်မရရင် အခြားမည်သည့်အစိုးရ အဖွဲ့အစည်းမှာမဆို ပါဝင်ခြင်း မပြုဘဲနဲ့ အတိုက်အခံပါတီတစ်ခု အဖြစ် ရပ်တည်သွားမယ်ဆိုတာ ပါတယ်ခင်ဗျ။ ဒါက တစ်ဖက်က NLD ပါတီကို နိုင်ငံရေး အကျပ်ရိုက်စေတဲ့ သဘောထား ဖြစ်နေမလား ခင်ဗျ။
DR.AM : ကျွန်တော် ခုနကပြောသလိုပဲ ညာဘက်လက် ဘယ်ဘက်လက် ဆိုတာ၊ ဦးစားပေး မတူဘူးဗျ၊ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေက နှစ်ပေါင်း ၆၈ နှစ်လောက် ကြာအောင် မတည်ဆောက်နိုင်ခဲ့တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ဦးတည်ချက်ကို အကောင်အထည်ဖော်ရမယ့် ကာလလို့ သတ်မှတ်တယ်။ အဲဒီတော့ ကျွန်တော်တို့ ဦးစားပေးမယ်၊ ပြည်နယ်တည်ဆောက်ရေး ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမယ့် အချိန်အခါ။ လက်တွေ့အကောင်အထည်ဖော်တဲ့ အခါမှာ ဘာတွေအခက်အခဲရှိလဲ၊ လက်တွေ့နဲ့ ယှဉ်ပြီးတော့ ဘာတွေပြင်ဖို့ လိုအပ်သလဲ Resource and Sharing ပေါ့။
ရခိုင်အမျိုးသား အကျိုးစီးပွားကို ပြန်လည်တည်ဆောက်တဲ့ အခါမှ ဖြစ်လာမယ့် ပြည်ထောင်စုဆိုင်ရာ ပြဿနာကို ကျွန်တော်တို့ ပြန်ရှင်းဖို့အတွက် ကြိုးစားခြင်းပဲ၊ အဲဒီတော့ ရခိုင်အမျိုးသားပါတီရဲ့ ဦးစားပေးက ရခိုင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ခုနက ပြည်ထောင်စုလွှတ်တော်မှာ အများကြီး ရထားတဲ့အတွက် ပြည်ထောင်စုအစိုးရကို ကြိုက်သလို ဖွဲ့စည်းနိုင်တယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်အရ ပြည်ထောင်စုကို ဦးဆောင်နိုင်မှပဲ ပြည်နယ်အစိုးရကို ဖွဲ့စည်းနိုင်မယ်။ ဒီအားနည်းချက်ကို ကြံ့ခိုင်ရေးက သုံးတယ်၊ အဲဒါကို NLD က ထပ်သုံးမယ်ဆိုရင် NLD ဟာ ကြံ့ခိုင်ရေးနဲ့ တူသွားမှာပေါ့။ အမျိုးသားပြန်လည်ရင်ကြားစေ့
Voice : ခုနက ပြောသွားတဲ့အထဲမှာ NLD ပါတီရဲ့ တိုင်းရင်းသားပါတီတွေအပေါ် ချဉ်းကပ်မှုမျိုးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင
DR.AM : ပြည်ထောင်စုမှာတောင် ရခိုင်အမျိုးသားပါတီက ၂၂ ဦး နေရာရထားတယ်၊ ဒါတွေကို အသိအမှတ်ပြုပေးရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မည်ကဲ့သို့ပင် ပြဋ္ဌာန်းထားပါစေ NLD ပါတီဟာ တိုင်းရင်းသားတွေအပေါ်ကို USDP နဲ့ မတူတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ဖက်လှဲတကင်း ကြိုဆိုတယ်၊ နွေးထွေးတယ်ဆိုတာ ဖြစ်စေချင်တယ်။ ဒီကာလကနေစပြီး ဖက်ဒရယ်ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတစ်ခုကို အသိအမှတ် စပြုတယ်ဟေ့လို့ ပြည်ခိုင်ဖြိုးပါတီနဲ့ မတူတဲ့ ချဉ်းကပ်မှုမျိုးနဲ့ လာမယ်ဆိုရင် NLD ပါတီဟာ သမိုင်းပေးတာဝန် ကျေတယ်လို့ သတ်မှတ်လို့ ရမှာပေါ့။ ဒါမှမဟုတ်ရင် ဒီပုတ်ထဲက ဒီပဲပဲလို့ ကျွန်တော်တို့ သတ်မှတ်လိုက်ရမှာလား။
ခင်ဗျားတို့ပြောတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့
ကျွန်တော်တို့ ပြည်နယ်အနိုင်ရ လွှတ်တော်အမတ် ၂၃ ယောက် လွှတ်တော်မတက်ဘဲ သပိတ်မှောက်ရင် ပြည်နယ်လွှတ်တော် ခေါ်လို့တောင်ရမှာ မဟုတ်ဘူး၊ အဲဒါပဲ နိုင်ငံရေးဆိုတာ၊ ကျွန်တော်တို့က ဂိမ်းတစ်ခုကို ကစားနေကြတာပါ။ ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို ကျွန်တော်တို့က လက်နှစ်ဖက်ဖွင့်ထားတယ်၊ ဘယ်ဘက်၊ ညာဘက်၊ ညာဘက်လက်သည် ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရေးဆိုရင် ဘယ်ဘက်လက်သည် ပြည်ထောင်စုအစိုးရကို ဝိုင်းဝန်းပံ့ပိုးကူညီရေးဗျ
ဒါတွေအတွက်ကို အခု ပြည်ထောင်စုအစိုးရဖွဲ့ဖို့ ကြိုးစားနေတဲ့ NLD ပါတီမှာ တာဝန်ရှိတယ်။ ပြည်နယ်အစိုးရ ဖွဲ့စည်းရေးဟာ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းရေးအတွက် ချိတ်ဆက်မှုလို့ ယူဆလို့ရှိရင် ကျွန်တော်တို့နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့် ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကနေ တစ်ဆင့် သွားချင်တယ်။ ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်မှာ အနိုင်ရဆုံးပါတီဆိုတာ သဘောပေါက်ပေးဖို့ လိုပါတယ်။
Voice : ဒီလိုမျိုး ကြေညာချက်ထုတ်ရတဲ့ အတွက် အကျိုးဆက်အနေနဲ့ ဘာတွေဆက်ဖြစ်လာနိုင်တယ်လို့
DR.AM : ရခိုင်ပြည်နယ်မှာ အစိုးရ ဖွဲ့စည်းဖို့အတွက်ကို ဦးညီပုကိုလွှတ်ပြီး စည်းရုံးခိုင်းတာ နှစ်ခါရှိပြီ။ အဲဒီလိုမျိုး သိသာစွာ လှုပ်ရှားလာတဲ့ အတွက်လည်း ကျွန်တော်တို့က ဒီလိုထုတ်ပြန်ရတာပဲလေ။ ဦးညီပု မလာရင် ကျွန်တော်တို့ ဘာမှမပြောဘူး၊ ကျွန်တော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချ
မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပါတီချင်း အတူတူကို တန်းတူအခွင့်အရေး ဆုံးရှုံးတယ်လို့ ကျွန်တော်တို့ ခံစားရတယ်ဆိုရင် ခင်ဗျားတို့ ကိုယ်ချင်းစာစိတ် ရှိမလား။ ရှိမရှိတော့ မပြောတတ်ဘူးပေါ့။ သို့သော် ကျွန်တော်တို့ဟာ အနိုင်ရ လွှတ်တော်အမတ်တွေထဲမှာ တတိယ အင်အားအကြီးဆုံးပါတီ ဖြစ်တယ်၊ ဒါလေးကို အသိအမှတ်ပြုဖို့ဆိုတာ အဓိက အများစု အနိုင်ရပါတီကြီးမှာ တာဝန်မရှိဘူးလားဗျာ။
အဲဒီအခါမှာ ကျွန်တော်တို့ ရပ်တည်ချက်ကို အများပြည်သူသိအောင် ထုတ်ပြန်ရမယ်။ အထူးသဖြင့် NLD ပါတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ
Voice : ဟုတ်ကဲ့ ဘာများဖြည့်စွက်ပြောလိုပါသလ
DR.AM : ကျွန်တော်တို့ လိုအပ်လို့ ဒီကြေညာချက်ကို ထုတ်တာပါ။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့တွေ့တယ် အင်မတန် ကြိုဆိုတယ်၊ ဒါ နောက်ကြောင်းပြန်မသွားချင်ဘ
ဒီလိုပဲ တိုင်းရင်းသားပါတီလေးတွေ အပေါ်မှာလည်း အသိအမှတ်ပြုစေချင်တယ်။ လုပ်ဖော်ကိုင်ဖက် ဒီမိုကရေစီရဲ့မိတ်ဖက် ဖြစ်စေချင်တယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့အောက်
ကျွန်တော်တို့ဟာ ၆၈ နှစ်ရှိပြီ၊ ဖဆပလအောက်မှာလည်း ရခိုင်အမတ်တွေ ဝင်ခဲ့ပြီးပြီ၊ မဆလအောက်မှာလည်း နေခဲ့ပြီးပြီ။ နဝတ၊ နအဖလက်အောက်မှာလည်း ကြံ့ခိုင်ရေးအသင်းလို တည်ဆောက်တဲ့ ပုံစံလေးတွေထဲမှာ ပါခဲ့ပြီးပြီ။ ကျွန်တော်တို့ဘဝဟာ ရှင်ကြီးဝမ်းရော၊ ရှင်ငယ်ဝမ်းလည်း နေပြီးပြီ။ ဘာထူးလဲ။ အားလုံးရဲ့ဇာစ်မြစ်ကို ရှာဖို့လိုပါတယ်၊ ရှင်ကြီးဝမ်း ရှင်ငယ်ဝမ်း နေခဲ့ဖူးတဲ့ တိုင်းရင်းသား လူမျိုးတွေကို စာနာနားလည်သင့်နေပါပြီ။
အဲဒါကြောင့် အသွင်မတူတဲ့ သူရဲ့အမျိုးသားရေး လက္ခဏာတွေအရ အမျိုးမျိုးကွဲပြားနေတဲ့ နိုင်ငံရေးပါတီလေးတွေရဲ့ တန်းတူအခွင့်အရေးတွေကို အသိအမှတ်ပြုပေးဖို့ လိုမယ်၊ ပေးသင့်တဲ့ ဟာလေးတွေကို ပေးဖို့လိုမယ်။
https://www.facebook.com/photo.php?fbid=1766278170252002&set=a.1557575457788942.1073741828.100006095086729&type=3&theater
No comments:
Post a Comment