Saturday, January 30, 2016

မြောက်ဦးမှာ ရခိုင့်နန်းတော်ရာကဲ့သို့ အဆောက်အဦးတစ်ခု ပေါ်ထွက်လာ




မြောက်ဦးမှာ ရခိုင့်နန်းတော်ရာကဲ့သို့ အဆောက်အဦးတစ်ခု ပေါ်ထွက်လာ (ရှေ့/သု)
----------------------------------------------
ရခိုင်ပြည် ၊ မြောက်ဦးမြို့နယ်တောင်ပိုင်း ( ၆ ) မိုင်ခန့်အကွာ၊ သရက်တောရွာ နှင့် ကျေးပင်လယ်ကျေးရွာ ကြားတွင် လွန်းခဲ့သော နှစ်ပေါင်း လေးရာကျော် ငါးရာ နီးပါခန့် သက်တမ်းရှိပြီး ရှေးဟောင်း ဘုရားတစ်ဆူအဖြစ် လူသိများသော " ရန်ပြေဘုရားကြီး " အနီးတစ်ဝိုက် တံတိုင်းကုန်းမြေများကို ယခုရက်ပိုင်းအတွင်း အရပ်ဖက်လူကြီးများနှင့် ( ရှေး / သု ) ဋ္ဌာနမှ တူးဖေါ်ကြပါသည်။ --- ထိုသို့တူးဖေါ်ကြရာတွင် ခန့်ညားထည်ဝါသော ရခိုင့်နန်းတော်ရာကဲ့သို့ အဆောက်အအုံများ၊ တံတိုင်းများ ပေါ်ထွက် လာသည်ကို တွေ့ရှိရသဖြင့် ရခိုင့်သုတေသန သမိုင်းပညာရှင်များက ၎င်းနေရာ၏ ပုံစံကို မြောက်ဦးခေတ်ထက် ရှေးကျသည်ဟု သုံးသတ်ခန့်မှန်းနေကြပါသည် ။
--- ယခုအခါ အဆိုပါ ဘုရားကုန်းမြေ နှင့်နီးစပ်သောကျေးရွာများမှ လာရောက် ကြည့်ရှု့သူများပြားလျှက်ရှိပြီးပါသည်။ "နန်းတော်ရာတော့ မဟုတ်လောက်ဘူးထင်တယ် ၊ ဘုရား ပထမတံတိုင်း ၊ ဒုတိယ တံတိုင်းတွေက ခန့်နားကြီးကျယ်တဲ့ ရှေးဘုရင်လက်ထက်က ဆောက်လုပ်လုပ်ထားခဲ့တာပါ ။ မြောက်ဦး ခောတ်အလွန် လေးမြို့ခောတ်လောက်က လက်ရာတွေ ဟုတ်၊ မဟုတ်ကို ရှေ့ဟောင်းပညာရှင်တွေနဲ့ ဖေါ်ထုတ်မှာ ဖြစ်ပါတယ်။ " " ၃၁ . ၁ . ၂၀၁၆ နေ့မှာ ဒေသခံ ၁၂ ရွာမှ လူပုဂ္ဂိုလ်တွေ၊ မြောက်ဦး ရှးဟောင်းသုတေသနဦးစီးဋ္ဌာနက အဖွဲ့ဝင် တွေနဲ့ အစည်းအဝေးပြုလုပ်ဖို့ ရှိ ပါတယ် ၊ အခုတော့ ဆက်လက်တူးဖေါ်မှုတွေ လုပ်နေ ပါတယ် "ဟု တူးဖေါ်မှုတွင် ရောက်ရှိ နေတဲ့ " ရန်ပြေဘုရား-ဂေါပကအဖွဲ့၊ ကိုအောင်လှကျော်" မှ ဖုန်းဖြင့်ပြောကြားပါသည် ။ အသေးစိတ်သိလိုပါလျှင် --ကိုအောင်လှကျော်--၀၉၈၅၂၂၄၀၈ ကို ဆက်သွယ် မေးမြန်းနိုင်ပါသည် ။
fb: Van Buddhapiya- သျှင်ထွီးညို - (ဖုန်းဖြင့် ကျွန်တော်မှ မေးမြန်းထားပါသည်။)


No comments:

Post a Comment