Saturday, January 30, 2016

28 . 1 . 2016- Yuzana Hotel . Yangon ဒေါက်တာအေးချမ်း၏ ဟောပြောပွဲမှ ကောက်နှုတ်ချက်


ဒေါက်တာအေးချမ်း၏ " ရိုဟင်ဂျာ "ဆိုရင် အိမ်ပြန်ကြပါ ။
******************************************
28 . 1 . 2016- Yuzana Hotel . Yangon
ရိုဟင်ဂျာဆိုတာ ဘာလဲ . . . ဒါကို မပြောခင်မှာ ဘယ်သူတွေကို ရိုဟင်ဂျာလို့ ခေါ်နေကြတာလဲ ။ ဒါက အရေးကြီးပါတယ် ။
အဖြေကတော့ . . . ဘင်္ဂလီတွေကို ပြောတာပါ ။ ကဲ . . . ဘယ်သူတွေက ပြောကြတာပါလဲ ။ ဒါလည်း အရေးကြီးတဲ့ အခန်းကဏ္ဍပါဘဲ ။
အဖြေကတော့ . . . သူတို့ ဘင်္ဂလီလူမျိုးတွေကဘဲ သူတို့အထဲက ဘင်္ဂလီတစ်ချို့ကို ခေါ်နေကြတာပါ ။ ဒါဆို သူတို့က ဘယ်နိုင်ငံက လူတွေပါလဲ ။ ဒါကတော့ နည်းနည်းအရေးကြီးလာပါပြီ ။
အဲဒီ ဘင်္ဂလီလူမျိုးတွေဟာ တစ်ချိန်တုန်းက အိန္ဒိယနိုင်ငံ နယ်နမိတ်ထဲမှာရှိခဲ့ပြီး နောက်တော့ အရှေ့ပါကစ္စတန်ဖြစ်သွားပါတယ် ။

အခုနောက်ဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံလို့ခေါ်တဲ့ နိုင်ငံထဲကလူတွေပါ ။ သူတို့က ဘယ်လိုကနေဘယ်လိုလုပ်ပြီး ရိုဟင်ဂျာလို့ အခေါ်ခံနေရတာပါလဲ ။ ဒါကိုတော့ နည်းနည်းလောက် ရှည်ရှည်လေးပြောရပါလိမ့်မယ် ။
ပထမဆုံးအနေနဲ့ ရိုဟင်ဂျာဆိုတဲ့စကားကို ရှင်းပြပါမယ် ။ ရိုဟင်ဂျာဆိုတဲ့စကားက " ရို " နဲ့ " ဟင်ဂျာ " စကားလုံးလေးနှစ်ခု ပါနေပါတယ် ။ " ရို " ဆိုတာက ဘင်္ဂလီလူမျိုးတွေဟာ ရခိုင်ဒေသ ( ယခုရခိုင်ပြည်နယ် ) ကို ခေါ်တာပါ ။ " ဟင်ဂျာ " ဆိုတာက ဘင်္ဂလီစကားစစ်စစ်တော့ မဟုတ်ပါ ။
အာရပ်ဘာသာစကား Haj ( ဟာခ်ျ ) ဆိုတဲ့စကားက ဆင်းသက်လာတာပါ ။ ဟာခ်ျဆိုတဲ့ အဓိပ္ပါယ်က " သွားရောက်ခဲ့ဘူးတယ် " လို့ ဖွင့်ဆိုပါတယ် ။ အစ္စလာမ်ဘာသာဝင်တွေဟာ Saudi Arabia မှာရှိတဲ့ မက္ကာမြို့တော်ကို သွားရောက်ဝတ်ပြုပြီး ပြန်လာတဲ့လူတွေကို Hajee , Hajer လို့ ခေါ်ပါတယ် ။
မြန်မာလိုပြောရရင်တော့ မက္ကာပြန်တွေပေါ့ ။ ဒီတော့ သူတို့တွေဟာ ဆော်ဒီနိုင်ငံသားတွေမဟုတ်ပါဘူး ။ အချိန်တန်ရင် သူလာခဲ့တဲ့ မူရင်းနိုင်ငံတွေကို ပြန်ရတာပါ ။ သူတို့တွေဟာ ဝိဥာဉ်ရေးရာကောင်းဖို့ ( တစိနည်းအားဖြင့် ) တမလွန်အတွက်ကောင်းဖို့ မက္ကာမြို့တော်ကို သွားခဲ့ကြတာပါ ။ သူတို့တွေဟာ မက္ကာမြို့ရဲ့ ဧည့်သည်တွေပါဘဲ ။
ဟုတ်ပါပြီ ။ အဲဒီတော့ . . . ရိုဟင်ဂျာတွေဟာ ဧည့်သည်တွေပေါ့ ။ လောကီကောင်းစားဖို့အရေးတွက် စီးပွါးရေးလာလုပ်ခြင်းသာဖြစ်တယ် ။ ဧည့်သည်တွေဆိုတော့ အချိန်တန်ရင် မူရင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားရမှာပေါ့ ။ အဲဒီတော့ သူ့နိုင်ငံကို ပြန်ရောက်တဲ့အခါ သူတို့တွေဟာ "" ရိုဟင်ဂျာ "" ( ရခိုင်ပြန် / ရခိုင်ဒေသက ပြန်လာတဲ့သူတွေ ) လို့ အခေါ်ခံရမှာပေါ့ ။ ရိုဟင်ဂျာဆိုတာ အဲဒါပါဘဲ ။
ဟုတ်ပါပြီ ။ အခုနားက ပြောခဲ့တဲ့စကားလေးကို ပြန်ဆက်ရအောင် . . . ဧည့်သည်ဆိုတော့ အချိန်တန်ရင် အိမ်ပြန်ရမှာပေါ့ ။ ပြီးတော့ ဧည့်သည်က အိမ်ရှင်ကို မစော်ကားရဘူး ။ အိမ်ရှင်က ခွင့်မပြုတော့ရင် ဧည့်သည်က အေးအေးဆေးဆေး ပြန်သွားရမှာပါပဲ ။ နောက်ပြီးတော့ အိမ်ရှင်ရဲ့အိမ်မှာ ဧည့်သည်အဖြစ်နေတုန်း အိမ်ရှင်ရဲ့ အကျိုးစီးပွါးတွေကို မဖျက်ဆီးရဘူး ။
ကဲ . . . နောက်ဆုံး ပြောချင်တာကတော့ ရိုဟင်ဂျာဆိုရင် အိမ်ပြန်ပါ . . . အိမ်ပြန်ပါ ။

No comments:

Post a Comment