Sunday, January 31, 2016

တိုင်းသစ်ပြည်သစ်နိုင်ငံသစ်ဖြစ်လာခြင်းအတွက် နည်းလမ်းနှစ်သွယ်

တိုင်းသစ်ပြည်သစ်နိုင်ငံသစ်ဖြစ်လာခြင်းအတွက် နည်းလမ်းနှစ်သွယ်
-------------------------------------------------------------------------------------------
နိုင်ငံရေးပုံစံသစ်၊ နိုင်ငံ့အုပ်ချူပ်ရေးအသစ်နန့် တိုင်းသစ်ပြည်သစ်စနစ်သစ်ကို ပြုပြင်ပြောင်းလဲလားဖို့  နည်းလမ်းနှစ်သွယ်ဟိရေလို့ နိုင်ငံရေးသိပ္ပံပညာရှင်ရို့ က ထောက်ပြကတ်တေ။ ပထမနည်းလမ်းက လက်နက်ကိုင်တော်လှန်ရေး (၀ါ) စစ်ပွဲကရာ အခင်းအကျင်းအသစ်ကိုဖန်တီးနိုင်ရေ ဆိုရေ ထင်မြင်ချက်ပင် ဖြစ်တေ။ ၁၉ ရာစု၏နာမေအကြီးဆုံးတွေးခေါ်ရှင်ဖြစ်တေ ကားလ်မား(စ်) (Karl Marx) က ”ကမ္ဘာ့သမိုင်းအဖြစ်အပျက်တိနန့်  အရှိတရားတိကိုလေ့လာကြည့်လိုက်ကေ လူ့ သမိုင်းခေတ်ဦးမှာကျင့်သုံးခကတ်တေ ကျေးပိုင်ကျွန်ပိုင်စနစ်ကို တက်သစ်စပဒေသရာဇ်လူတန်းစားက တော်လှန်ပနာ အာဏာလုယူရေခါ၊ မြီရှင်ပဒေသရာဇ်စနစ်ကို တက်သစ်စ ဓနရှင်လူတန်းစားက တော်လှန်ပြီးကေ ခေတ်စနစ်အပြောင်းအလဲလုပ်ကတ်တေ အချိန်မှာတောင်မက၊ အရင်းရှင်စနစ်ကို ပစ္စည်းမဲ့အလုပ်သမားလူတန်းစားက တော်လှန်ပြီးကေ လူတန်းစားမဲ့လူ့ ဘောင် ထူထောင်ဖို့ ကြိုးပမ်းခကတ်တေ ကာလမှာလေ့ “အကြမ်းဖက်တေနည်း (၀ါ) လက်နက်ကိုင်တိုက်ပွဲနည်း” နန့် ရာ အကြိမ်ကြိမ်တိုက်ပွဲဆင်ပြီးကေ အောင်မြင်မှုရယူ ခေတ်သစ်ထူခကတ်စွာကို တွိရရေ” လို့ ပြောခရေ။ မတရားနယ်ချဲ့ ဂုတ်သွီးစုပ်တေ ကိုလိုနီစနစ်ကို တော်လှန်ခကတ်တေ အချိန်ခါမှာလေ့ အမျိုးသားလက်နက်ကိုင်လမ်းစိုဉ်ကို ဆုပ်ကိုင်ပြီးခါမှရာ ကိုလိုနီလက်အောက်ခံနိုင်ငံတိရေ အောင်မြင်မှုရ လွတ်လပ်လာခကတ်စွာကို တွိရရေ။

အမေရိကန်နိုင်ငံရေးသိပ္ဗံပညာရှင်တစ်ယောက်ဖြစ်တေ ဟားဗတ်တက္ကသိုလ်ပါမောက္ခချားလ်စ်တယ်လီ (Charles Tilly) က ဥရောပသမိုင်းဖြစ်စဉ်နန့် နိုင်ငံသစ်တိဖြစ်ထွန်းလာခြင်းနန့် ပတ်သက်လို့ လေ့လာရေ စာတမ်းထဲမှာ “စစ်ပွဲကရာ နိုင်ငံသစ်တိ ဖန်တီးရေ” (War makes states.) လို့  မှတ်ချက်ချပြောဆိုခရေ။ မျက်မှောက်ခေတ် ကမ္ဘာကျော်စာရွီးဆရာကြီး နိုင်ငံရေးသုတေသီ ဖူကူယားမား (Francis Fukuyama) က စစ်ပွဲနန့် ကျူးကျော်သိမ်းပိုက်အောင်နိုင်ပြီးမှ တိုင်းပြည်ထူထောင်နိုင်ခြင်းရေ တကမ္ဘာလုံးအတိုင်းအတာနန့် ပြောကေ မှန်ချင်မှရာမှန်နိုင်ကေလေ့ တရုတ်သမိုင်းကိုလေ့လာကြည့်လိုက်ကေ အင်အားကြီးရေ ဘုရင့်နိုင်ငံက အင်အားနည်းရေ ပဒေသရာဇ်ပြည်ချေတိကို စစ်ချီသိမ်းပိုက်ပနာ အင်ပါယာထူထောင်ခစွာကို တွိရရေလို့  သူ့ စာအုပ် The Origins of Political Order: From Prehuman Times to the French Revolution မှာ သုံးသပ်ထားရေ။

ဒုတိယနည်းလမ်းက ငြိမ်းချမ်းစွာလမ်းခွဲပနာ တိုင်းသစ်ပြည်သစ်ထူထောင်ခြင်းဆိုရေ ယူဆချက်ပင် ဖြစ်တေ။ ဂျန်န၀ါရီလ ၁ ရက်နိန့်  ၁၉၉၃ ခုနှစ်မှာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံရေ နှစ်တိုင်သဘောတူလမ်းခွဲပနာ ချက်နန့် စလိုဗက်ကီးယား ဆိုရေ နိုင်ငံသစ် နှစ်နိုင်ငံကို ထူထောင်ခကတ်တေ။ သြဂုတ်လ ၉ ရက်နိန့်  ၁၉၆၅ ခုနှစ်မှာ စင်ကာပူရေ မလေးပြည်ထောင်စုက ခွဲထုတ်ခံလိုက်ရရေ။ စစ်နန့် ဖြေရှင်းခရရေ လက်နက်ကိုင်နိုင်ငံရေးပဋိပက္ခအသွင်မဆောင်ခလို့  နိုင်ငံရေးသုတေသီတိက မလေးစင်ကာပူကိစ္စကို ငြိမ်းချမ်းစွာလမ်းခွဲခြင်းလို့ သတ်မှတ်ထားကတ်တေ။ တချို့ က ကြီးမားရေ သွီးချွေးအသက်တိ ရင်းနှီးပီးဆပ်စရာမလိုပဲ ကိုယ်လိုချင်ရေ နိုင်ငံရေးအာဏာကို ရအောင်ယူနိုင်ခြင်းရေ နိုင်ငံရေးပညာ ပြည့်ဝခြင်းလို့  ပြောဆိုကတ်တေ။ တရုတ်ရှိဟောင်းစစ်ဗိသုကာကြီး Sun Tzu က “စစ်ပွဲတိုင်းမှာ အနိုင်ရခြင်းရေ ထူးကဲလွန်းရေ စွမ်းရည်မဟုတ်… မတိုက်ပဲနန့်  ရန်သူ့ ခုခံမှုကို ဖြိုခွဲနိုင်ခြင်းကရာ ထူးကဲရေစစ်ပညာ” (Hence to fight and conquer in all your battles is not supreme excellence; supreme excellence consists in breaking the enemy’s resistance without fighting) လို့ ပြောဖူးခရေ။

စာပီနိုဘယ်ဆုကို ငြင်းခရေ တစ်ဦးတည်းသော စာရွီးဆရာကြီးလူသားဝါဒီ ယန်းပေါဆတ် (Jean-Paul Sartre) က “လွတ်လပ်ရေးဆိုစွာ ငါရို့ အလုပ်ခံခရစွာကို ပြန်လုပ်ခြင်း” (Freedom is what we do with what is done to us.) ပင်ဖြစ်တေလို့ ပြောခရေ။ သူပြောခရေစကားကို အဓိပ္ဗါယ်ချဲ့ ရကေ လူမျိုးတစ်မျိုးက လူမျိုးတစ်မျိုးကို ကျည်ဆံတိကြဲ အလောင်းတိထပ်အောင်သတ်ပနာ ကျူးကျော်သိမ်းပိုက်ထားခကေ အကျူးကျော်ခံခရရေ လူမျိုးက ထပ်တူရေတုံ့ပြန်မှုနန့် တော်လှန်ခါမှရာ လွတ်လပ်ရေးကို ရနိုင်ရေ ဆိုရေ သဘောပင်ဖြစ်တေ။ ကျည်ဆံကြဲခံထားရစွာကို ပန်းကြဲပနာ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့  ကြိုးစားအားထုတ်ခြင်းရေ မှားယွင်းလွဲချော်ရေလုပ်ဆောင်ချက်ပင်ဖြစ်တေလို့ ပြောရပါဖို့ ။ကိုယ်ရင်ဆိုင်နိန်ရရေ ရန်သူ၏သဘောသဘာဝ၊ စရိုက်လက္ခဏာ၊ ယုံကြည်မှု၊ ခံယူချက်၊ နိုင်ငံရေးအမြင်တိကို အသေအချာလေ့လာသုံးသပ်ဆန်းစစ်သိထားပြီးခါမှရာ ကိုယ်လိုချင်ရေ နိုင်ငံရေးအပြောင်းအလဲကို ကိုယ်လားချင်ရေလမ်းကြောင်းနန့် ကိုယ်လိုချင်ရေပုံစံမျိုး ချမှတ်အကောင်အထည်ဖော်လာနိုင်ဖို့ လို့  ထင်မြင်မိပါယင့်..…။

ခိုင်အောင်အောင်
- See more at: http://rakhinethargree.com/arakanarticles…

No comments:

Post a Comment