အိန္ဒိယနိုင်ငံ
တြိပူရပြည်နယ်၊ မီဇူရံပြည်နယ်၊ ဘင်္ဂလားဒေခ်ျ့နိုင်ငံ စစ်တကောင်းတောင်တန်းဒေသနှင့် ရခိုင်ပြည်နယ်
မြောက်ပိုင်းဒေသများတွင်နေထိုင်သောလူမျိုးတစ်မျိုးသည် ရှေးအတီ အတာကပင် ယနေ့ထိ ဗုဒ္ဓဘာသာတစ်ခုတည်းကိုသာ သက်ဝင်ယုံကြည်ကိုးကွယ်လာကြသည့်
လူမျိုးတစ်မျိုးဖြစ်သည်။ ထိုလူမျိုးသည် မိမိတို့၏ မျိုးနွယ်စုအမည်ကို သက္ကမ(Chakma)ဟု
ခံယူထားကြသူများဖြစ်ကြသည်။ ထိုသက္ကမ(Chama) လူမျိုးများကို ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများက ဒိုင်းနက်လူမျိုးများဟုခေါ်ကြသည်။ ထိုဒိုင်းနက် ဆိုသောအမည်သည်လည်း
ရှေးရခိုင်ဘုရင်လက်ထက်က ဒိုင်းကာ၊ဒိုင်းလွှားများကို အနက်ရောင်းဆေး သုတ်ကာ ပြုလုပ်၍ သွင်းရသောကြောင့် ဒိုင်းနက်လူမျိုးများခေါ်ကြသည်ဟု
လေ့လာမှတ်သားဖူးပါသည်။ ထိုသက္ကမလူမျိုးသည်မိမိတို့၏
မျိုးနွယ်စုအမည်ကို ရခိုင်များက ဒိုင်းနက်ဟုခေါ်ဝေါ်ကြသည်ကို လုံးဝမနှစ်သက်၊ မနှစ်မြို့ကြချေ၊
အိန္ဒိယ၊ ဘင်္ဂလားဒေခ့်ျ့နိုင်ငံများတွင် သူတို့၏ မျိုးနွယ်စုအမည်ကို ခေါ်ဝေါ်ကြသကဲ့သို့
သက္ကမ(Chamka) ဟူသော အမည်နာမကိုသာ ခံယူလိုကြပါသည်။ ရခိုင်ပြည်နယ်တွင် ရှိကြကုန်သော ဒိုင်းနက်လူမျိုးအကြီးအကဲများက
အနာဂတ်ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ရခိုင်မျိုးနွယ်စုများနှင့် တန်းတူပူးပေါင်းဆောင်ရွက်လိုသောကြောင့်
၊ချစ်ခင် စည်းလုံးမှုကို ခိုင်မာစေရန် သူတို့လူမျိုးအမည်ကို ဒိုင်းနက်အမည်အစား သက္ကမ(Chakma)
ဟုခေါ်သုံးစွဲ ရေးသားပေးကြပါရန် ရခိုင်မျိုးနွယ်စုများဖြစ်သည့် ခမီ၊ သက်၊ မြို၊ မရမာကြီး၊
ရခိုင်တို့အား အသိပေး တင်ပြ အကြောင်းကြားလာပါသည်။
ထိုကြောင့် ရခိုင်မျိုးနွယ်စုများအနေဖြင့်လည်း
တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အခြေခံသောအားဖြင့် ထိုလူမျိုးများ မနှစ်သက်သော ဒိုင်းနက်လူမျိုးအမည်အား
ယနေ့မှစ၍ သက္ကမ(Chakma) ဟုသာ သုံးစွဲခေါ် ဝေါ်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။
No comments:
Post a Comment