Saturday, April 30, 2016

ထားဝယ်သည် ဗမာမဟုတ်



(ထားဝယ်သည် ဗမာမဟုတ်)
ထားဝယ်သည်ရှေးဟောင်းလူမျိုးစုဖြစ်သည်။
အချို့ သောထားဝယ်လူမျိုးများတို့သည် ထားဝယ်ကိုဗမာပင်ဖြစ် သည်ဟု အမှတ်မှားနေကြသည်ကို ကျွန် တော် နားလည်သလောက် ရှင်းပြချင်ပါ သည်။မြန်မာနိုင်ငံတွင်ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ဗမာ ၊မွန်၊ ရခိုင် ၊ရှမ်းဟူ၍ အုပ်စု(၈)ခုနှင့်လူမျိုးစုစုပေါင်း(၁၃၅)မျိုးရှိပါသည်။ 

ထားဝယ်သည်ဗမာအုပ်စုတွင် ပါဝင်သောကြောင့် ထားဝယ်ကို ဗမာ ပင်ဖြစ်သည်ဟု အမှတ်မှား နေကြ လေသည်။ ရှေးအခါက အာဒီကမ္ဓ ကျမ်းတွင်(သက်နှင့်ရခိုင် နိုင်းပြိုင် တောင်သူ ပြူ ကမ်းယံ ယော ထား ဝယ်နှောက မျိုးသတ္တ)ဟုဖော်ပြပါသည်  ။ 

လောကဟိတရာသီကျမ်းတွင်လူမျိုး(၁၀၁)ပါး၌မြန်မာအုပ်စုတွင် ဗမာ ၊ ပြူ ၊ ကမ်းယံ ၊ ယော ၊ ရခိုင် ၊ တောင်သူ ၊ထားဝယ် ဟုခုနှစ်မျိုးဖော်ပြ သည်။(၁၉၆၅)ခုနှစ် ကရင်ပြည်နယ် ဘားအံတွင်ကျင်းပ သော (၁၈) ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် လူမျိုးစု(၆၉)မျိုးပါ အမှတ်စဉ်(၃၇)တွင် ဗမာ ထားဝယ်ဟုဖော်ပြသောကြောင့် ထားဝယ် ကိုဗမာဖြစ်သည်ဟုအမှတ်မှားကြလေသည်။ 

သို့သော်(၁၉၇၁)ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်းအတွဲ(၅) စာမျက်နှာ (၂၀၂)တွင်(ထားဝယ် လူမျိုးများ သည် ရှေးပဝေဿဏီကပင် တိုင်းပြည်မြို့ ပြထီးနန်းနှင့်တကွ ထားဝယ်စကားပြော သည့်ထားဝယ် လူမျိုးများ ဟူ၍ ရှိသောကြောင့် ထားဝယ်စကားဟု လုံးလုံးကွဲ၍ယနေ့တိုင်ပြော ဆိုနေ ကြသည်)ဟု ပါရှိလေသည်။

အဲလီဇလက်မိုး(အင်္ဂလန်)နှင့်နိုင်ငံတွင်းမှသုတေသီများလေ့လာတွေ့ရှိချက်အရ ထားဝယ်ဒေသ တွင် ကျောက်ခေတ်သစ်မှသည် ယနေ့ တိုင် ရှေးဟောင်း မျိုးနွယ်စုများခေတ်အဆက်ဆက်နေထိုင်သည်ကို သက်သေပစ္စည်းများနှင့်တကွတွေ့ရှိရလေသည်။

ထားဝယ်သမိုင်းကိုကြည့်သော် သာဂရ(ထားဝယ်မြို့ ဟောင်း) တည် နှစ်သည် အေဒီ-751 ရှင်ဇလွန် ဘုရား တည်နှစ်သည်အေဒီ-788 ပထမမြန်မာနိုင်ငံတော်ကိုထူထောင်သော အနော်ရထာမင်း နန်း တက်နှစ်မှာ အေဒီ-1044ဖြစ်သည့်အတွက်ထားဝယ်သည် ပုဂံ ထက်နှစ်ပေါင်း(၂၅၀)ကျော် ရှေးကျ သော လူမျိုးတစ်မျိုး ဖြစ်ပေသည်။

ထိုကြောင့်ထားဝယ်သည်အလွန်ရှေးကျသောလူမျိုးစုဖြစ်ပါသည်။(၁၉၉၈)ခုနှစ် ပြန်ကြားရေး ဝန်ကြီး ဌာနမှထုတ်ပြန်သော ဗမာ(၉)မျိုးမှာ ဗမာ ၊ ထားဝယ် ၊မြိတ ၊ယော ၊ယဝိန်း၊ ကဒူး၊ ကနန်း၊ ဆလုံ၊ ဖွန် ဟူ၍(၉)မျိုးဖြစ်ပါသည်။ 

2014ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာ  ထားဝယ်ဒေသ တွင်နေ ထိုင်သော ဌာနေတိုင်းရင်းသားများ အားကောက်ယူရာတွင်(လူမျိုး-ထားဝယ်၊ ကိုးကွယ်သည့်ဘာသာ- ဗုဒ္ဓ ကုဒ် နံပါတ်-၅၀၂)ဟု စာရင်းေ ကာက်ပါ သည်။သို့ပါသောကြောင့်ထားဝယ်သည်ဗမာမဟုတ်. ကုဒ်နံပါတ်-၅၀၂- အရ (ထားဝယ်လူမျိုး) သီးသန့်ဖြစ်ပါသည်။


No comments:

Post a Comment