Friday, April 29, 2016

ဂျီတစ်ကြောင်း ဆတ်တစ်ကြောင်း

ဂျီတစ်ကြောင်း ဆတ်တစ်ကြောင်း
======================

ရခိုင်လူမျိုးတိမှာ ကိုယ့်လူမျိုး ဒုက္ခရောက်လာကေ အမျိုးကိုသျှစ်တေ မျိုးရိုးဗီဇစိတ်ကြောင့် ကူညီချင်ရေ စေတနာစိတ်သည် အားလုံးတူညီနိန်ကတ်စွာကို တွိ့ရလို့ ၀မ်းသာဖို့ကောင်းပါရေ။

ရခိုင်လူမျိုးတိုင်း ကိုယ့်ရခိုင်ပြည်ကို ဖွံ့ဖြိုးစီချင်ရေစိတ်ကလည်း အားလုံးတူညီနိန်ကတ်လို့ ပိုလို့ဝမ်းသာရပါရေ။

ရခိုင်လူမျိုးတိုင်း လက်ဟိ ရခိုင်ပြည်သူတိခံစားနိန်ရရေ ဆင်းရဲဒုက္ခဘ၀တိက လွှတ်မြောက်စီချင်ရေ စိတ်ဆန္ဒ တိကလေ့ အားလုံးတူညီနိန်ကတ်စွာကို တွိ့ရလို့ ပိုလို့ ပီတိဖြစ်ရပါရေ။

ယေကေ ရခိုင်ပြည်ကို ဇာလမ်းစိုင်နန့် ဖွံ့ဖြိုးအောင်လုပ်ဖို့လဲ ဆိုရေ ခံယူချက် လမ်းစိုင်ရွီးချယ်ကတ်တေခါ ဂျီတစ်ကြောင်း ဆတ်တစ်ကြောင်း ကွဲပြားလားစွာကို တွိမြင်ရလို့ စိတ်မကောင်းဖြစ်မိပါရေ။

အမျိုးကိုချစ်ရေ စေတနာစိတ် တူညီကေလေ့ ရခိုင်ပြည်ဖွံ့ဖြိုးဖို့ (Road Map) လမ်းစိုင်သည် မတူညီ ကွဲပြား ကတ်စွာကို အောက်မှာ ရွီးထားရေအတိုင်း တွိ့ရပါရေ။

(၁) ကိုယ်ပိုင် ဒင်္ဂါးခတ်နှိပ် နိုင်ရေ ရခိုင်နိုင်ငံကို တည်ထောင်ပြီးမှ ဖွံ့ဖြိုးစီချင်သူ ၊
(၂) တန်းတူညီမျှရေးဆိုရေ ဖယ်ဒရယ်ပြည်ထောင်စုစနစ် နန့် ဖွံ့ဖြိုးစီချင်သူ ၊
(၃) သူတောင်းစားပိုင် သိမ်ငယ်ရေ မျက်နှာခွက်နန့် အခွင့်အရေးကို
လက်ဝါးဖြန့်တောင်း၍ ရခိုင်ပြည်ကို ဖွံ့ဖြိုးစီချင်သူ ၊ ရို့ ဖြစ်ကတ်ပါရေ။



အမျိုးချစ်စွာ စေတနာစိတ် အားလုံးတူညီကေလေ့ အေနိန့် ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လားရေလမ်းကြောင်း သည် ဂျီတစ်ကြောင်း ဆတ်တစ်ကြောင်း လားနိန်ကတ်တေအတွက်ကြောင့် ထိုမရောက် အေမရောက် ငါးပိုင်း ကမ်းတင် ဖြစ်ဗြီးကေ ရခိုင်ပြည် မဖွံ့ဖြိုး မတိုးတက် ရခြင်းဖြစ်စွာကို မျက်ဝါးထင်ထင် မြင်တွိကတ်ပါဖို့ အမျိုးရို့။ ရှေ့ကိုလေ့ အေပိုင်ရာ ဆက်လို့ လားနိန်ဖို့ ဆိုကေ အရာလေ့သော့ အေချင့်ထက်ဆိုးရေ ဆင်းရဲ ဒုက္ခတိကို ရခိုင်ပြည်သူ/ပြည်သားတိ မလွဲမလွေ ခံစားကတ်ရပါဖို့လို့ သုံးသပ်မိပါရေ။

ယင်းအတွက်နန့် အေနိန့် ရခိုင်ခေါင်းဆောင်တိနန့် ရခိုင်ဌာနေမျိုးနွယ်စုခေါင်းဆောင်းတိ အပါအ၀င် ရခိုင်ပြည် သူ တစ်ရပ်လုံး သဘောတူညီသည့် တစ်ခုတည်းသော လမ်းစိုင်(ROAD MAP) ကို ရွီးချယ်ဆုံးဖြတ်ဗနာ တစ် သွီး တစ်သံ တစ်မိန့်အောက်မှာ လားနိုင်ကတ်ပါစီလို့ ဆန္ဒပြုအပ်ပါရေ။

( ခေါင်းဆောင်တိ ဆုံးဖြတ်ချက် မှား၏/မှန်၏ ဆိုစွာသည် ရခိုင်ပြည်သူတိ အနာဂတ် အကျိုးသက်ရောက်မှုမှာ ရုပ်လုံးပေါ်လာဖို့ ဖြစ်တေအတွက်နန့့်  အချိန်ကရာ အဖြေပီးဖို့ ဖြစ်ပါရေ။ )

မောင်ဖြူ (ကြွီတဲကျွန်း)
28.4.2016

No comments:

Post a Comment