'' ရခိုင်ပြည်ကို ရခိုင်ပြည်သူတွေလောက် ဘယ်ပုဂ္ဂိုလ်မှမချစ်ဘူး ''
@@@@@@@@@@@@@@@@@@@@@@@@@
ရခိုင်အမျိုးသားပါတီနဲ့ NLD က အချိန်မနှောင်းခင်
တွေ့ဆုံဆွေးနွေးသင့်တယ် – ဒေါက်တာအေးမောင်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနဲ့
ဖွံ့ဖြိုးတိုးတက်မှု အကောင်အ ထည်ဖော်ရေး ဗဟိုကော်မတီနဲ့ ဗဟိုလုပ်ငန်းကော်မတီ
တွေကို သမ္မတ ဦးထင်ကျော်က မေ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။
ဗဟိုကော်မတီတွေထဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့က သမ္မတ၊ ဒုသမ္မ တတွေကလွဲလို့ ပြည် ထောင်စုဝန်ကြီး အကုန်လုံးနဲ့ စစ်ဘက်ဆိုင် ရာ အရာရှိကြီးတွေ ပါဝင်ပါတယ်။
ဇွန် ၁ ရက်နေ့မှာတော့ ဗဟိုကော်မတီက ပြည်ထောင်စုအဆင့် ၀န်ကြီးတွေဟာ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ဒေသခံပြည်သူတွေနဲ့ စတင် တွေ့ဆုံပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တို င်
ဦးေ ဆာင်ဦးရွက်ပြုမယ့် ဒီအစီအစဉ်ဟာ ၂၀၁၂ ခုနှစ်က ပဋိပ က္ခဖြစ် ပွား ခဲ့ပြီး
လူသေဆုံးမှု၊ လူနေအိမ်ခြေတွေဆုံးရှုံးမှု များပြားခဲ့တဲ့ ရခိုင်ပြည် နယ်
တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးစီစဉ်တာ ထင်ရှားပါတယ်။
ဒီကော်မတီတွေ ဖွဲ့စည်းတာဝန်ပေးအပ်ချိန်ဟာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင် လုံ ခေါ်ယူ ကာနီးအချိန်လည်းဖြစ်ပါ တယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲအပြတ်အသတ် အနိုင်ရရှိခဲ့တဲ့  ရခိုင်အမျိုးသားပါတီရဲ့ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။
××××××××××××××××××××××××
DVB မေး -
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေး အကောင်အ ထည်ေ ဖ်ာဖို့ မေလ ၃၀ ရက်နေ့ မှာ သမ္မတက ဗဟိုကော်မတီနဲ့ ဗဟိုလုပ်ငန်းကော်မတီဆိုပြီး တော့
နှစ်ရပ်ဖွဲ့စည်းခဲ့တယ်။ အစိုးရ တဖွဲ့လုံးနီးပါးထည့်သွင်း တာဝန်ပေးတာ
ကျနော်တို့တွေ့ရတယ်။ အဲတော့ ဒီလိုဆောင်ရွက်ချက် တွေအပေါ်မှာ ဒေါက်တာတို့
ပြည်နယ်မှာ အနိုင်ရပါတီအနေနဲ့ ဘယ်လိုမျိုးသဘောထားရှိပါ သလဲခင်ဗျ။
ဘာတွေဆောင်ရွက်စေချင် သလဲ။ အဲဒါလေး သိချင်လို့ခင်ဗျ။
Dr.Aye Mg ဖြေ -
“ကျနော်တို့ နားလည်သလောက်က ဒီကော်မတီမျိုးက ယခင်အ စိုး ရလက်ထက်မှာလည်း ရှိခဲ့ပါ တယ်။ အခုအစိုးရလက်ထက်မှာ ကနဦး ရခိုင်ပြည်နယ်ဘက်ကို အာရုံစူးစိုက်တဲ့ သဘောကိုပဲ ကျနော်တို့ ခွဲခြမ်းစိတ်ဖြာ ရမယ့်အနေအထားပါ။ အဲဒီတော့ ပထမတချက်က ရခိုင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မဲရှုံးခဲ့ပါ တယ်။ ပြည်ေ ထာင်စု လွှတ်တော်မှာလည်း အင်အားနည်းပါ တယ်။
ရခိုင်ပြည်နယ် လွှတ်တော်မှာလည်းပဲ အင်အားနည်းပါတယ်။ သို့သော်လည်း
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်ပြီးမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို
မရရ အောင်ဖွဲ့ ခဲ့တဲ့သဘော ရှိပါတယ်။ သို့သော်လည်းပဲ ရခိုင်အမျိုးသားပါတီ နဲ့
တွေ့ ဆုံဆွေးနွေးခြင်း၊ ယနေ့အထိ မလုပ်ခဲ့ဘူးလို့လည်း ပြောလို့ရပါတယ်။ ဒါ
တချက်ပါ၊ ပထမတချက်ပါ။
ဒုတိယတချက်က ရခိုင်ပြည်နယ်မှာ ၂၀၁၂ ကဖြစ်ခဲ့ တဲ့ လူမှုရေးပဋိ ပက္ခ ရှိပါတယ်။ အဲဒီလူမှုရေး ပဋိပက္ခ ကြောင့်လည်းပဲ ပြီးခဲ့တဲ့အစိုးရ လက်ထက်မှာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ခေါင်းေ ဆာင်ပြီးတော့မှ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတွေကို ဖွဲ့ခဲ့တဲ့ အနေအထားလေးတွေ ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်မေ ဖ်ာနို င်ခဲ့ဘဲနဲ့
ရခိုင် ပဋိပက္ခစုံစမ်းရေး ကော်မရှင် အစီရင်ခံစာပါအတိုင်းတော့
ဆက်အကောင်အထည်ဖော်နေတဲ့ သဘောကိုတွေ့ပါတယ်။ အဲတော့ တတိယတချက်က
ရခိုင်ပြည်နယ်ဟာ ဦးသိန်းစိန်အစိုးရ လက်ထက် နီးပါးလောက်က ဒုတိယအဆင်းရဲဆုံး
ပြည်နယ်ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရ ပြီးခါနီးလောက်ရောက်တဲ့အခါမှာ
မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်ကို ရောက်သွားတယ်လို့ ကျနော်တို့
သဘောေ ပါက်ပါတယ်။ စတုတ္ထတချက်က မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တ ပ်မတော်တို့ဟာ
ပြီးခဲ့တဲ့ ၂၀၁၅ နှစ်ကုန်ခါနီးလောက်မှာ စစ်ပွဲဖြစ်ခဲ့ တာရှိပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာ ခံကြီးက လည်း အခု လက်ရှိအစိုးရက
ဇူလိုင်လကုန် သြဂုတ်လဆန်းမှာ လုပ်မယ်ဆိုတဲ့ အနေအထား အဲဒီလေးချက်ကို
မူတည်ပြီးမှ ကျနော်တို့ ပြန် လှန်သုံး သပ်ဖို့ လိုပါတယ်။ အဲတော့ ပထမတချက်ကို
ပြန်ကြည့်ရင် ကျနော် တို့ရခိုင် ပြည်နယ်မှာ NLD ဘက်က ပြည်ထောင်စုေ ကာ၊
ပြည်နယ်ေ ကာ ရှုံးခဲ့တယ်။
သို့သော် ၂၀၀၈ ဖွဲ့စည်းပုံကြီးကို လက်ကိုင် ထားပြီးမှ ပြည်နယ် အစိုး ရကို ဖွဲ့စည်းခဲ့တဲ့အခါမှာ ရခိုင်အမျိုးသားပါတီရဲ့ ပူးပေါင်းပါဝင်မှု၊ သူတို့ဘက်က ရဖို့မကြိုးစားဘဲနဲ့ အမျိုးသားပါတီကို ပဲ့၊ ကွဲသွားေ အာင် ဆောင်ရွက်ပေးတဲ့ လုပ်ငန်းလေးတွေ ရှိပါတယ်။ လွှတ်တော် ဒုတိယဥက္ကဋ္ဌပေးတာတို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ
ဝန်ကြီးတဦး ကို ပြည်နယ်ပါလီမန်အမတ် ကို ရခိုင်အမျိုးသား ပါတီရဲ့
မူလက အမတ်ပေါ့လေ။ သူတို့ပေးတာတို့ဟာ ရခိုင်အမျိုးသားပါတီကို ပြိုကွဲေ စချင်
တဲ့သဘော တွေ့ပါတယ်။ နောက် တောင်ပိုင်း၊ မြောက်ပိုင်း
အင်အားလွန်ဆွဲမှုလေးတွေလည်း ရှိလာပါတယ်။ ဒုတိယတချက်ကို ပြန်ကြည့်ရင်
အခုပြန်ဖွဲ့စည်းတဲ့ လုပ်ငန်းကော်မ တီတွေမှာ အဓိက ၂၀၁၂ ရခိုင်နဲ့ ဘင်္ဂါလီ
ပဋိပက္ခအလွန် ကဏ္ဍလေးေ တွကိုပြန်ပြီး ဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းကော်မတီလေးတွေ
ပါ လာတာကို တွေ့ပါတယ်။ ဆိုတော့ ကျနော်တို့ သုံးသပ်တာက
အခု လုပ်ငန်းကော်မတီတွေ၊ ဗဟိုကော်မတီ စသည်ဖြင့်ဟာ အရင်ဦးသိန်း စိန်လက်ထက်က
ဖွဲ့စည်းထားခဲ့တဲ့ အတိုင်းနီးပါး လောက် ဖြစ်တယ်။ ထူးခြားတဲ့ကဏ္ဍက
လုပ်ငန်းကော်မတီမှာ ပထမတချက်က တရားဥ ပဒေ စိုးမိုးလုံခြုံ
အေးချမ်းဖို့အတွက်ဆိုတဲ့ သဘောနဲ့ ဒီပြည်ထဲရေး ၀န်ကြီးပါလာတဲ့ ကဏ္ဍ၊ နယ်စပ်
လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကျနော်တို့ ဒီနယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ပူးပေါင်းပါဝင်စေခြင်းဆိုတဲ့ 
ကဏ္ဍတွေ့ ပါတယ်။ အဲဒါကိုပြန်ကြည့်ရင် ကျနော်တို့လ၀က၀န်ကြီး ဦးသိန်းဆွေ
ဦးဆောင်တဲ့ အမျိုးသားမှတ်ပုံတင်ရေး လုပ်ငန်းနဲ့ပတ်သက်လို့
ဖိဖိစီး စီးဆောင်ရွက်မယ်ဆိုတဲ့
အနေအထားကို တွေ့ပါတယ်။ အဲဒီအခါမှာ နိုင်ငံသားမပေးနိုင်တဲ့ ၁၉၈၂ ဥပဒေအရ
အကျုံးဝင်နေ တဲ့ နိုင်ငံသား မပေးသင့်တဲ့ ပုဂ္ဂိုလ်များကို
ဘယ်လိုအတိုင်းအတာအထိ အရေးယူ ဆောင်ရွက်မလဲဆိုတဲ့ ကဏ္ဍကို ဘယ်လိုလုပ်မလဲဆိုတဲ့
အတိုင်းအတာ တခုကိုတော့ ကျနော်တို့ စောင့်ကြည့်ရမယ့်ဟာ ရှိပါ တယ်။
အဲဒီဟာကြောင့်လည်းပဲ အဲဒီလုပ်ငန်းကို ဖိဖိစီးစီး လုပ်ချင်တဲ့
သဘောကြောင့်လည်းပဲ ဒီလုပ်ငန်းကော်မတီတခု ဖွဲ့တဲ့သဘော ကို တွေ့ပါတယ်။
ဒုတိယလုပ်ငန်း ကော်မတီကို ပြန်ကြည့်တဲ့အခါမှာလည်းပဲ ကျနော် ထင်ပါတယ်။ လူမှုဝန်ထမ်း ၀န်ကြီး ဦးဆောင်တဲ့ကော် မတီကို ပြ န်ကြည့် ရင် ပြန်လည်နေရာချထားရေးဆိုတဲ့ ကဏ္ဍဟာ ရက္ခိုင့်တပ် မတော်နဲ့ မြန်မာ့တပ်မတော်တို့ ကြောင့်ဖြစ်တဲ့ စစ်ပြေးဒုက္ခသည် များကိစ္စ္စ မဟုတ်ဘဲနဲ့ ၂၀၁၂ ကဖြစ်တဲ့ လူမှုရေးပဋိပက္ခကြောင့် ဒုက္ခသည်စခန်းတွေမှာ နေကြရတဲ့ပုဂ္ဂိုလ်တွေ နေရာပြန်လည်ချထားရေးဆိုတဲ့ ကဏ္ဍကိုဦးစားပေးလိုတဲ့ သဘောတွေ့ပါတယ်။ အဲဒီကဏ္ဍသုံးခု သူတို့လုပ်ငန်းဖွဲ့ထားတဲ့ ကော်မတီအားလုံးကို ပြန်ခြုံကြည့်လို့ရှိရင် အဓိက ကျနော်တို့ ပြန်သုံးသပ် နိုင်တာက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ဝန်ကြီးဖြစ် တဲ့ ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ ကော်မတီပါ။ အဲဒီကော်မတီဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဗဟိုကော် မတီပြီး ရင်
အင်မတန် သြဇာအာဏာရှိမယ့် ကော်မတီလို့ သုံးသပ် ပါတယ်။ အဲဒီကော်မတီက
နိုင်ငံတကာ ဆက်ဆံရေးနဲ့ နိုင်ငံတကာ INGO များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနဲ့
ပူးပေါင်းပြီးမှ ကျနော် ထင်ပါတယ်။ တည်ငြိမ်အေးချမ်းမှုရအောင်နဲ့ 
ခုနက နိုင်ငံတကာရဲ့ လိုလားချက်တွေကို အကောင်အထည်ဖော်ပေးမယ့်
သဘောဖြစ်တဲ့ အခါမှာ အဲဒီကော်မတီရဲ့ သြဇာ၊ အဲဒီ ကော်မတီ ရဲ့ ဆောင်ရွက်မှုေ တွကို
ကျနော်တို့ ပြန်ပြီးမှ ထဲထဲဝင်ဝင် လေ့လာပြီးမှသာလျှင်
ဒီလုပ် ငန်းအားလုံးရဲ့ အောင်မြင်နိုင်ချေကို ကျနော်တို့
ပြန်လှန်သုံး သပ်ပေးနို င်တဲ့ အနေအထား ရှိပါတယ်။”
××××××××××××××××××××××××
DVB မေး -
ဒေါက်တာအေးမောင်တို့က ဒီအီလက်ရှင်မှာတုန်းက ဒီပြည်နယ်ထဲမှာ မဲအများဆုံးရပြီး လွှတ်တော်မှာ လွှမ်းမိုးထားတဲ့ အနေအထားမျိုးတွေ လွှတ်တော်ကိုယ်စားလှယ်တွေ ရထားတယ်ဆိုတော့ အခုပြည်ထောင်စု အစိုးရကနေပြီးတော့ ဒီအင်နဲ့အားနဲ့ သုံးပြီးတော့ ဒီပြည်နယ် တည်ငြိမ်ေ အးချမ်းေ ရးနဲ့
ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်တဲ့နေရာမှာ ဒီ ရခိုင်အမျိုး သား ပါတီအနေနဲ့
ဘယ်လောက်အတိုင်းအဆအထိ ပူးပေါင်းပါဝင်မလဲ။ ရခိုင်ပြည်နယ် အတွက်
အဲဒါလေးသိပါရစေ။
Dr.Aye Mg ဖြေ -
“ခုနမေးတဲ့မေးခွန်းကို ပြန်ကြည့်ရင် ကျနော်တို့ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ ပြဋ္ဌာန်းထားတဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များ ကို ဖွဲ့စည်းပုံပါ ကျနော်တို့ပြဋ္ဌာန်းချက်များအ တိုင်း လွတ်လွတ်လပ်လပ် အချုပ် အခြာအာဏာရဲ့ တစိတ်တဒေသကို ပေးထား တယ်ဆိုတဲ့ ပေး ထားချက်အပေါ်မှာ ပြက်ရယ်ပြုနေသလိုဖြစ်ပါတယ်။
တနည်းအားဖြင့် ရခိုင်ပြည်နယ်၏ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းရင်းတွေကို
သုံးသပ်ပြီး မှ ပြည်ထောင်စု အစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့
ပုံသဏ္ဍာန်မျိုးလေးေ တွအဖြစ် ကျနော်တို့ တရေးရေးပုံဖော်ကြည့်ရင် သိသာလာပါတယ်။
တနည်းအားဖြင့် ဗဟိုအုပ်ချုပ်မှုစနစ်ကို သွတ်သွင်းလိုက်တဲ့
အနေအ ထားမှာရှိပါတယ်။ ရခိုင်ပြည်နယ် အစိုးရနဲ့ ရခိုင်ပြည်နယ်ပါလီ မန်ရဲ့ ကဏ္ဍဟာ
ပျောက်ပျက်သွားတဲ့ အနေအထားပါ။ အဲတော့ နိုင်ငံတကာဆက်ဆံရေး၊
တည်ငြိမ်အေးချမ်းရေးဆိုတဲ့ ကဏ္ဍပြန်ကြည့်ရင်လည်း နယ်စပ်ရေးရာနဲ့
ပြည်ထဲရေးဝန်ကြီးဌာနက ပါလာတယ်။ နိုင်ငံတကာ ဆက်ဆံရေး ရင်းနှီးမြှုပ်နှံမှု
တွေကို ဘာ ညာဆိုတဲ့ ကဏ္ဍကျရင်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန် ကြီး ရဲ့
ကော် မတီက ပါလာပြန်တယ်။ ပြန်လည်ထူထောင်ရေးကဏ္ဍ ပြန်ကြည့်ရင်လည်းပဲ
လူမှုဝန်ထမ်းဝန်ကြီး ဘက်ကပါတဲ့ ကော်မတီမှာပါတဲ့ အဖွဲ့အစည်းေ ပါင်းစုံက
ပါလာပြန်တယ်။ လူဝင်မှုကြီးကြပ်ရေး မှာလည်း ဒီတိုင်းဖြစ် ပါတယ်။ အဲတော့
ရခိုင်ပြည်နယ်အစိုးရနဲ့ ရခိုင်ပြည်နယ်ပါလီမန်ရဲ့ ကဏ္ဍဟာ
ပျောက်နေတဲ့သဘောရှိပါတယ်။ သက်ဆိုင်ရာလူထုရဲ့ ထောက်ခံမှုကိုရရှိတဲ့
ပြည်နယ်ပါလီမန်ကို လွှမ်းမိုးထိန်းချုပ်ထားတဲ့ ပါတီတခုရဲ့အခန်းကဏ္ဍကိုလည်းပဲ
ခုနဒီကော်မတီ အရပ်ရပ်ကို ဖွဲ့စည်းတဲ့အခါမှာ ညှိနှိုင်းမှု၊ တိုင်ပင်မှုကို
လုံးဝမရှိခဲ့သလို လူမှုအဖွဲ့အစည်းများ အပါအ၀င် တည်ငြိမ်မှုပျက်ပြား မှာကို
စိုးရိမ်ကြတဲ့ သံဃာထု၊ မြို့မိမြို့ဖများ၊ စသဖြင့် လူမှု အဖွဲ့အစည်း များကို
ဆွေးနွေးတိုင်ပင်မှု လုံးဝမရှိဘဲနဲ့ လက်ရှိအခင်းအကျင်း ကို ဖြတ် သန်းနေ
တယ်လို့ပဲ ကျနော်တို့နားလည်ပါတယ်။ ဒီနေ့ကျနော်တို့
သိရတဲ့သတင်းတခုကတော့ဖြင့် ဦးကျော်တင့်ဆွေခေါင်းဆောင် တဲ့အ ဖွဲ့ဟာ ရခိုင်ပြည်နယ်စစ်တွေမြို့ကို
ရောက်နေတယ်။ အဲဒီမှာ လူမှုအ ဖွဲ့အစည်းများနဲ့ နိုင်ငံရေးပါတီများဘက်က
နှစ်ဦးသုံးဦးလောက်ကို ဖိတ်ပြီးမှ တွေ့ဆုံ ဆွေးနွေးနေတယ်ဆိုတဲ့ သဘောကို
ကျနော် တို့ကြားရပါတယ်။ သို့သော်လည်းပဲ ခုနပြော သလိုေ ပါ့။ ပြည်နယ် ပါလီမန်ကို
ထိန်းချုပ်ထားတဲ့ ရခိုင်အမျိုးသားပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
တိုက်ရိုက်တွေ့ဆုံပြီးမှ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်တဲ့
ရခိုင်ပြည်နယ်ဖြစ်အောင် သူတို့ဖွဲ့တဲ့ကော်မတီ ဗဟိုကော်မတီ၊
လုပ်ငန်းကော်မတီများရဲ့ work plan ပေါ့နော်။ action plan ဘယ်လိုလုပ်ရင်
ဘယ်လိုဖြစ်လာမယ်ဆိုတဲ့ ညှိနှိုင်းတိုင်ပင်တာမျိုးတွေ အခုထိမရှိ သေးပါဘူး။”
××××××××××××××××××××××××
DVB မေး -
ဟုတ်ကဲ့ ဒေါက်တာအေးမောင် ဒီဟာနဲ့ပတ်သက်လို့ ကျနော်မေး တဲ့ထဲမှာမပါဘဲနဲ့ ဒီသဘောထား ထပ်ပြောစရာရှိဦးမလားခင်ဗျ။
Dr.Aye Mg ဖြေ -
“ကျနော်တို့ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ အစိုးရ အဆက် ဆက်ရဲ့ တိုးတက်စေချင်တဲ့ ဆန္ဒထက် ကျနော်တို့မှာ ပိုပြီးပြင်းပြတဲ့ ပင်ရင်းအခံစိတ်ဓာတ်ရှိပါတယ် ။
''ပွင့်ပွင့်လင်းလင်း ပြောရ ရင် ရခိုင်ပြည်ကို ဖွံ့ဖြိုးတိုးတက်စေချင်တာ ရခိုင်ပြည်သူတွေလောက် ဘယ်ပုဂ္ဂိုလ်မှမရှိဘူးဆိုတဲ့ ခံယူချက် ရှိပါတယ်။''
အဲလိုပဲ တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်းဖြစ်အောင်လည်းပဲ
ကျနော်တို့မှာ အခြားလူပုဂ္ဂိုလ်တွေထက် အများကြီးလို လားပါတယ်။ ဒီလိုပဲ
ဒေသခံအားလုံး ရခိုင်လည်းလိုလား မှာပါပဲ။ ဘင်္ဂါလီတွေလည်း
လိုလားမယ်လို့ထင်ပါတယ်။ အဲတော့ ကျနော်တို့ တည်ငြိမ်အေးချမ်းမှု ရှိအောင်
ပွင့်ပွင့်လင်းလင်းပြောရရင်
မြန်မာ့လူ့အဖွဲ့အစည်းကို လွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း ၇၀ လောက်ရှိပါပြီ၊
ဒီနေ့ထိ မတည်မငြိမ် မအေးမချမ်းဖြစ်နေတာဟာ တိုင်းရင်းသားဒေသတွေ
ချည်းဖြစ်ပါတယ်။ အဲဒီထဲမှာ ထူးထူးခြားခြား ရခိုင်ပြည်နယ်မှာ
ဘင်္ဂါလီနဲ့ရခိုင် ပဋိပက္ခက ၂၀၁၂ မှာ စဖြစ်ပါတယ်။ အဲဒီ ၂၀၁၂ မှာပဲ
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကလည်း ရေပြင်ပိုင်နက်နဲ့ ပတ်သက်လို့ အင်မတန်
ကြီးကြီးမားမားဖြစ်ပြီးကာမှ
ကမ္ဘာ့ရေပိုင်နက်ဆိုင်ရာ တရားရုံးကို တက်ခဲ့ရတဲ့ အနေအထားရှိပါတယ်။
အဲဒီလိုပဲ ၂၀၁၅ နှစ်ကုန်ပိုင်းလောက်က ကနေ့အထိပေါ့ နော်။ မြန်မာ့တပ်မတော်နဲ့
ရက္ခိုင့်တပ်မတော်တို့ ထိတွေ့မှု ကြောင့် အထူးသဖြင့် ရခိုင်မျိုးနွယ်စုဝင်
ခမီးတို့၊ ခုနတချို့ချင်းတိုင်းရင်းသား ရခိုင်တိုင်းရင်းသား သက်တို့ဟာ ကျနော် တို့ စစ်ပြေး ဒုက္ခသည်အဖြစ် ရခိုင်တွေနေတဲ့ ကျေးရွာတွေမှာ လာရောက်မှီခိုနေရတာတွေရှိတယ်။ အဲတော့ ကျနော်တို့ လူမှုဒုက္ခမျိုးစုံဟာ ကျနော်တို့လူ့အဖွဲ့အစည်းမှာ
ရှိနေသလို ကျနော်တို့ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်ဖြစ်တဲ့အခါမှာ
တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ ဆန္ဒက တော့ဖြင့်
ကျနော်တို့ရခိုင်အမျိုးသားပါတီမှာလည်း
ရင်နဲ့အမျှရှိပါတယ်။ ရခိုင်လူထု တရပ်လုံး မှာလည်း ရှိပါတယ်။ အဲဒါကြောင့်
ပူးပေါင်းပြီးမှ ဘယ်လိုဆောင်ရွက်ရင် ကောင်းမလဲ ဆိုတဲ့ အတိတ်၊ လက်ရှိနဲ့
ကျနော်တို့ သင်ခန်းစာယူဖွယ် ကျနော်တို့ ဆင်ခြင်သုံးသပ်နိုင်စရာများ ကို နှစ်ဖက်ညှိနှိုင်းပြီးမှ တွေ့ဆုံဆွေးနွေး အဖြေတခုရှာနိုင်မယ် ဆိုရင်တော့ဖြင့် မြေပြင်အခြေ အနေမှာ ဘယ်လိုဖြစ်နေတယ်၊ လက်တွေ့ဒီလိုဆောင်ရွက်ခြင်း အားဖြင့်
နောင်အနာဂတ် ရည်မှန်း ချက်ကို ကျနော်တို့ ဘယ်လိုပူးပေါင်းပြီးမှ
ရခိုင်ပြည်သူလူထု အတွက်ေ ရာ၊ မြန်မာပြည်သူ လူထုအတွက်ရော လက်ရှိ
အစိုးရအတွက်ေ ရာ၊ နိုင်ငံတကာကွန်မြူနတီတွေအတွ က်ရော ဘယ်လိုပူးပေါင်းဆောင် ရွက်ပြီးမှသာလျှင်
ရနိုင်တယ်ဆိုတဲ့ အဖြေရအောင်လို့ဖြင့် တွေ့ ဆုံ ဆွေးနွေးမှုတခုကို
ရခိုင်အမျိုးသားပါတီနဲ့ NLD က အချိန်မနှောင်း ခင် လေးမှာပေါ့နော်။
ကျနော်တို့ ကြိုးစားတွေ့ဆုံဆွေးနွေး သင့်တယ်လို့တော့
ကျနော့်ဘက်ကတော့ သုံးသပ်ပါတယ်။”
========================== ===================
Dvb----
ရခိုင်အမျိုးသားပါတီနဲ့ NLD က အချိန်မနှောင်းခင်
တွေ့ဆုံဆွေးနွေးသင့်တယ် – ဒေါက်တာအေးမောင်
နိုင်ငံတော်အတိုင်ပင်ခံပုဂိ
ဗဟိုကော်မတီတွေထဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့က သမ္မတ၊ ဒုသမ္မ တတွေကလွဲလို့ ပြည် ထောင်စုဝန်ကြီး အကုန်လုံးနဲ့ စစ်ဘက်ဆိုင် ရာ အရာရှိကြီးတွေ
ဇွန် ၁ ရက်နေ့မှာတော့ ဗဟိုကော်မတီက ပြည်ထောင်စုအဆင့် ၀န်ကြီးတွေဟာ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ဒေသခံပြည်သူတွေနဲ့ စတင် တွေ့ဆုံပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂိ
ဒီကော်မတီတွေ ဖွဲ့စည်းတာဝန်ပေးအပ်ချိန်ဟာ
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲအပြတ်အသတ် အနိုင်ရရှိခဲ့တဲ
××××××××××××××××××××××××
DVB မေး -
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေး အကောင်အ ထည်ေ ဖ်ာဖို့ မေလ ၃၀ ရက်နေ့ မှာ သမ္မတက ဗဟိုကော်မတီနဲ့ ဗဟိုလုပ်ငန်းကော်မတီဆိုပြီး
ဘာတွေဆောင်ရွက်စေချင် သလဲ။ အဲဒါလေး သိချင်လို့ခင်ဗျ။
Dr.Aye Mg ဖြေ -
“ကျနော်တို့ နားလည်သလောက်က ဒီကော်မတီမျိုးက ယခင်အ စိုး ရလက်ထက်မှာလည်း ရှိခဲ့ပါ တယ်။ အခုအစိုးရလက်ထက်မှာ ကနဦး ရခိုင်ပြည်နယ်ဘက်ကို အာရုံစူးစိုက်တဲ့ သဘောကိုပဲ ကျနော်တို့ ခွဲခြမ်းစိတ်ဖြာ ရမယ့်အနေအထားပါ။ အဲဒီတော့ ပထမတချက်က ရခိုင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ဒုတိယတချက်က ရခိုင်ပြည်နယ်မှာ ၂၀၁၂ ကဖြစ်ခဲ့ တဲ့ လူမှုရေးပဋိ ပက္ခ ရှိပါတယ်။ အဲဒီလူမှုရေး ပဋိပက္ခ ကြောင့်လည်းပဲ ပြီးခဲ့တဲ့အစိုးရ လက်ထက်မှာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ခေါင်းေ ဆာင်ပြီးတော့မှ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတွေကို ဖွဲ့ခဲ့တဲ့ အနေအထားလေးတွေ ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်မေ ဖ်ာနို င်ခဲ့ဘဲန
သို့သော် ၂၀၀၈ ဖွဲ့စည်းပုံကြီးကို လက်ကိုင် ထားပြီးမှ ပြည်နယ် အစိုး ရကို ဖွဲ့စည်းခဲ့တဲ့အခါမှာ ရခိုင်အမျိုးသားပါတီရဲ့ ပူးပေါင်းပါဝင်မှု၊ သူတို့ဘက်က ရဖို့မကြိုးစားဘဲနဲ့ အမျိုးသားပါတီကို ပဲ့၊ ကွဲသွားေ အာင် ဆောင်ရွက်ပေးတဲ့ လုပ်ငန်းလေးတွေ ရှိပါတယ်။ လွှတ်တော် ဒုတိယဥက္ကဋ္ဌပေးတာတို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ
ဒုတိယလုပ်ငန်း ကော်မတီကို ပြန်ကြည့်တဲ့အခါမှာလည်းပဲ ကျနော် ထင်ပါတယ်။ လူမှုဝန်ထမ်း ၀န်ကြီး ဦးဆောင်တဲ့ကော် မတီကို ပြ န်ကြည့် ရင် ပြန်လည်နေရာချထားရေးဆိုတဲ့ ကဏ္ဍဟာ ရက္ခိုင့်တပ် မတော်နဲ့ မြန်မာ့တပ်မတော်တို့ ကြောင့်ဖြစ်တဲ့ စစ်ပြေးဒုက္ခသည် များကိစ္စ္စ မဟုတ်ဘဲနဲ့ ၂၀၁၂ ကဖြစ်တဲ့ လူမှုရေးပဋိပက္ခကြောင့် ဒုက္ခသည်စခန်းတွေမှာ နေကြရတဲ့ပုဂ္ဂိုလ်တွေ နေရာပြန်လည်ချထားရေးဆိုတဲ့ ကဏ္ဍကိုဦးစားပေးလိုတဲ့ သဘောတွေ့ပါတယ်။ အဲဒီကဏ္ဍသုံးခု သူတို့လုပ်ငန်းဖွဲ့ထားတဲ့ ကော်မတီအားလုံးကို ပြန်ခြုံကြည့်လို့ရှိရင် အဓိက ကျနော်တို့ ပြန်သုံးသပ် နိုင်တာက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ဝန်ကြီးဖြစ်
××××××××××××××××××××××××
DVB မေး -
ဒေါက်တာအေးမောင်တို့က ဒီအီလက်ရှင်မှာတုန်းက ဒီပြည်နယ်ထဲမှာ မဲအများဆုံးရပြီး လွှတ်တော်မှာ လွှမ်းမိုးထားတဲ့ အနေအထားမျိုးတွေ လွှတ်တော်ကိုယ်စားလှယ်တွေ ရထားတယ်ဆိုတော့ အခုပြည်ထောင်စု အစိုးရကနေပြီးတော့ ဒီအင်နဲ့အားနဲ့ သုံးပြီးတော့ ဒီပြည်နယ် တည်ငြိမ်ေ အးချမ်းေ
Dr.Aye Mg ဖြေ -
“ခုနမေးတဲ့မေးခွန်းကို ပြန်ကြည့်ရင် ကျနော်တို့ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ ပြဋ္ဌာန်းထားတဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များ ကို ဖွဲ့စည်းပုံပါ ကျနော်တို့ပြဋ္ဌာန်းချက်များအ
××××××××××××××××××××××××
DVB မေး -
ဟုတ်ကဲ့ ဒေါက်တာအေးမောင် ဒီဟာနဲ့ပတ်သက်လို့ ကျနော်မေး တဲ့ထဲမှာမပါဘဲနဲ့ ဒီသဘောထား ထပ်ပြောစရာရှိဦးမလားခင်ဗျ။
Dr.Aye Mg ဖြေ -
“ကျနော်တို့ရခိုင်ပြည်နယ်ကိ
''ပွင့်ပွင့်လင်းလင်း ပြောရ ရင် ရခိုင်ပြည်ကို ဖွံ့ဖြိုးတိုးတက်စေချင်တာ ရခိုင်ပြည်သူတွေလောက် ဘယ်ပုဂ္ဂိုလ်မှမရှိဘူးဆိုတဲ့
အဲလိုပဲ တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်းဖြစ်အောင်လည်းပဲ
ကျနော်တို့ ကြိုးစားတွေ့ဆုံဆွေးနွေး သင့်တယ်လို့တော့
ကျနော့်ဘက်ကတော့ သုံးသပ်ပါတယ်။”
==========================
Dvb----
No comments:
Post a Comment