ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Monday, June 6, 2016
တြိပူရရောက် ရခိုင်လူမျိုးများ
တြိပူရဒေသသည် အိန္ဒိယနိုင်ငံရှိ ထင်ရှားသော ရှေးဟောင်းနေရာတစ်ခုဖြစ်သည်။တြိပူရဒေသတွင် တြိပူရ(Tripura)၊မီဇိုရမ်(Mizoram)၊မာဂါလယ
(Meghalaya)၊ နာဂလန်း(Nagaland)၊မဏိပူရ(Manipur)၊အာသင့်အာရူ
နာချော ပရာဒေ့ခ်ျ(Arunachal Pradesh) စသော သေးငယ်သည့် ပြည်နယ်(၇)ခုပါဝင်သည်။အာသံပြည်နယ်အနီးတွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံက ၀န်းရံထားသည်။ တြိပူရအကြောင်းကို ကမ္ဘာက မသိသလောက်ဖြစ်သည်။အိန္ဒိယနိုင်ငံသား အများစုကပင် သိသူနည်းပါးကြသည်။တြိပူရသည် ပင်လယ်ရေမျက်နှာပြင်
ထက် (၅၀)မှ (၃၀၈၀)အထိမြင့်သော လှပသည့်တောင်ေ ပ်ါဒေသြ ဖစ်သည်။
သို့ရာတွင် အများစု လူနေအခြေချသည်မှာ မြေပြန့်လွင်ပြင်တွင်သာ ရှိသည်။ ရှေးအခါကတြိပူရသည် ကြီးကျယ်ေ သာ ဒေသ တစ်ခုဖြစ်ခဲ့ သည်။အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးေ နာက် တြိပူရဒေသ သည်ယ င်းနိုင်ငံ ၏ အစိတ်အပိုင်းဖြစ်လာသည်။
၁၉၇၂ခုနှစ် ဇန်န၀ါရီလ (၂၁)ရက်နေ့တွင် တြိပူရကို ပြည်နယ် အဆင့်တိုးမြှင့်သတ်မှတ်ခဲ့သည်။တြိပူရတွင် ဇယားဝင်လူမျိုးစု (၁၉)မျိုးသတ်မှတ်ထားသော် လည်း ဘင်္ဂလားေ ဒ့ခ်ျနိုင်ငံမှ ဘင်္ဂလီအများအပြား ခိုးဝင်အခြေစိုက်ခဲ့ရာ ဘင်္ဂလီ များကြီးစိုးလာသည်။
(Ven.Dr.Dhammapiya,Dhamma Dipa School, Sabroom, Tripura, India ၏ Buddhism in Tripura ကိုရှုပါ။)
တြိပူရပြည်နယ်တွင် နေထိုင်ကြသော ရခိုင်လူမျိုးများကို မော့ဂ်(Mog)ဟုခေါ်ဆိုကြသည်။သူတို့သည် တြိပူရကို ရခိုင်မင်းများပိုင်စိုးချိန် အေဒီ ၁၆ရာစုကပင် အခြေစိုက်ေ နထိုင်လာ သူများဖြစ်ကြသည်။လက်ရှိ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တွင် အခြေစိုက်နေထိုင်ကြသော ရခိုင်လူမျိုးများကို မဂ်သို့မဟု တ် မရမာဟု ခေါ်ကြသည်။တြိပူရမှ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများ
သည် လူမှုရေးယဉ်ကျေးမှုနှင့်ဘာသာရေးရှုထောင့်အရ မြန်မာဗုဒ္ဓဘာ
သာဝင်တို့နှင့် နီးကပ်သော ဆက်နွယ်မှုရှိသည်။သူတို့သည် တြိပူရတွင် နေထိုင်ကြသော်လည်း တိပိဋက၊အဋ္ဌကထာ စသောဘာသာရေးစာအုပ်များ ကိုမြန်မာဘာ သာဖြင့်ဖတ် ရှုကြသည်။ တရားစာများသင်ကြားခြင်း၊ဟောပြောခြင်းများကို မြန်မာဘာသာဖြင့် ပြုလုပ်ကြသည်။
တြိပူရရှိ Mog ခေါ် ရခိုင်လူမျိုးတို့သည် ထိုဒေသတွင် နှစ်ပေါင်း များစွာကြာအောင် အခြေချနေထိုင်ခဲ့ကြပြီးဖြစ်သော်လည်း သူတို့၏ ဘာသာစကားမှာ အသံအနည်းငယ် ကွဲပြားသည်မှအပ ရခိုင်ဘာသာ စကားဖြစ်သည်။ စာပေအရေးအသားမှာ မြန်မာအက္ခရာကို သုံးစွဲကြသည်။ (MOG) သို့မဟုတ် Mogh ဟူသော စကားလုံးကို ဇာစ်မြစ်အပေါ် အယူအဆအမျိုးမျိုးကွဲပြားကြသ ည်။ မြန်မာနိုင်ငံ သုတေသနအသင်းက ထုတ်ဝေသော ဂျာနယ်တစ်စောင်တွင် Mog စကားလုံးကို ဘင်္ဂလီဇာစ်မြစ်ဟုယူဆသည်။
သို့ရာတွင် Bangiya Shitya Parishad ၏ Model Bengali Dictionary တွင်မူ ဤဝေါဟာရ၏ ဇာစ်မြစ်ကို မသိေ ကြာင်း ဖေါ်ပြထားသည်။တခြား အဘိဓာန်တစ်ခုတွင်မူ Mog ဟူသော စကားလုံးသည် ဂုဏ်သရေရှိလူကြီးမင်း တို့၏ အမည်ရှေ့တွင် တပ်ခေါ်သော စကားဖြစ်ကြောင်းဆိုသည်။တစ်ချို့က ရှေးဟောင်း မာဂဓအင်ပါယာကို ရည်ညွှန်းသောစကားဖြစ်ကြောင်း ဆိုကြသည်။ ဗုဒ္ဓဘာသာစတင်ပေါ်ပေါက်ရာ ဒေသဖြစ်တွင် ဟိန္ဒူဝါဒပြန် လည်ထွန်းကားလာရာ မာဂဓမင်းဆက်မှ အဆက်အနွယ်
တစ်ချို့တို့သည် ထိုဒေသကို စွန့်ခွာ၍ စစ်တကောင်းတောင်တန်း
ဒေသတွင် အခြေစိုက်ခဲ့ကြသည်ဆို၏။ Mongo ဆိုသောစကားလုံး သည် မာဂဓမှ ဆင်းသက်လာဟန်ရှိသည်။ အင်္ဂလိပ်အဘိဓါန် တွင် Mog,.Mogen,Mouge ဟူသော စကားလုံးသည် ၁၅-၁၆ရာစုကာလက ရခိုင်လူမျိုးတို့၏ မျိုးရိုးအမည်ကို ရည်ညွှန်းသည်။ ဘင်္ဂလီတို့က လည်း ရခိုင်သားကို Mog ဟု ခေါ်ဆိုကြသည်။ တြိပူရတွင် နေထိုင်ကြေ သာ Mog ခေါ် ရခိုင်လူမျိုးများက သူတို့သည် တြိပူရတွင် အေဒီ ၉၅၇ ကပင်အခြေစိုက်နေထိုင်လာကြသည်ဆိုသည်။ (သူတို့၏ အဆို မှာ ရခိုင်ရာဇ၀င်လာအယူအဆတစ်ခုနှင့်ကိုက်ညီနေကြောင်း တွေ့ရသည်။တြိပူရကို ရခိုင်ရာဇ၀င်တွင် မြုံထောင်ဟု ခေါ်သည်။မြုံထောင်ဖြစ်ပေါ် လာပုံ အကြောင်းကိုရခိုင်ရာဇ၀င်တွင် “ စူလစန္ဒြားဘုရင်မော်တင်စွန်း တွင်နဂါးနှစ်၍ နတ်ရွာစံလေသော် ရှေးဦးတင်သော အမတ်ကြီး ဓမ္မဇေယျသည်ကား တစ်သောင်းသော လှေရံတို့နှင့် မပျက် မစီး ပြန်လတ်သည်ကို စန္ဒာဒေ၀ီမိဘုရားကြားလေလျှင် ငါ့လင်ကို ပုန်ကန်၍ မင်းပြုမည် လာလတ်သည်ဟု မှတ်လျက် ကိုယ်တိုင်ေ တ်ာထွက်၍ ရမ်းတားနှင့်သည်ကို အကြောင်းပြု၍ ရမ်းဝ-ဟု ယနေ့တိုင်အောင် တွင်လေ၏။ ထိုအမတ်ကြီး ဓမ္မဇေယျသည် ကစ္ဆပနဒီ မြစ်လျောက် ဆန်တက်လေ၍ ဂူဝအထက်ကင်္ကာေ တာင် ၀ယ် မြို့တော်တည်၍ နေလေသည်ကို ထိုအရပ်ဝယ် မနေ
ရအောင် လိုက်၍ နှင်ပြန်လေလျှင် မနေသာ၍ အရှင်မကို မတရစ်-ဟု မြစ်ဖျားသို့ ဆန်တက်ပြန်လေ၏။နေခဲ့သော အရပ်ကိုလည်းဥတ္တရစ် -ဟု ယနေ့ တိုင်ခေါ်တွင်ကြကုန်၏။ထို အမတ်ကြီးလည်း ခြွေရံသင်းပင်းနှင့်တကွ ယူဇနာသုံးဆယ်မ ကသော အရပ်သို့သွားလေ၍ ပြည်ကြီးတည်လေသည်ကို ကုလားဘာ သာဖြင့်သူပုန်တို့နေသောအရပ်ဖြစ်သည်ဟု ထိုပြည်ကို ဟစ်ရုံပြည် ဟု ခေါ်ကြကုန်၏။ထိုအမတ်ကြီးသွားလေသောအခါ မလိုက်ဘဲခွဲ၍
နေရစ်သော ရဲမက်ငါးရာတို့သည် ကား မြို့ရွာတည်ထောင် ၍ နေကြကုန်၏။ထိုသူတို့ကိုဗြဟ္မဘာသာဖြင့် မြုံ ဟုခေါ်ဝေါ်ကြကုန်၏ “ ဟု ပါရှိသည်။
(ရမ်းဗြဲတောင်ကျောင်းဆရာတော်၏ ရခိုင်ရာဇ၀င်သစ်ကျမ်းကို ရှုပါ)
တြိပူရတွင် ရခိုင်လူမျိုးတို့ ဝေသာလီခေတ်ကပင် အခြေချနေ ထိုင်ခဲ့ကြောင်း အစဉ်အလာ နှုတ်မှတ်တမ်း အဖြစ်ပြောဆို လာကြကြောင်းကို Abddu Satta ၏ In the Salvan Shadow စာအုပ်တွင် ဖေါ်ပြပါရှိပေရာ ရခိုင်ရာဇ၀င်လာဖေါ်ပြချက်နှင့် တိုက်ဆိုင်နေကြောင်း တွေ့ရသည်။)
တြိပူရရှိ Mog ခေါ် ရခိုင်လူမျိုးများသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည်။ဘင်္ဂလီပြက္ခဒိန်၏ နောက်ဆုံးလတွင် သင်္ကြန်ပွဲတော်ကို ကျင်းပကြသည်။သင်္ကြန်ပွဲတော်တွင် Mog ခေါ် ရခိုင်လူမျိုးတို့သည်သင်္ကြန်ပွဲတော်ကိုပျော်ရွှင်စွာ ဆင်နွဲကြရာ အိမ်တိုင်းအိမ်တိုင်း ကိတ်မုန့်များဖုတ်၍ တစ်အိမ်တက်ဆင်းလက် ဆင့်ကမ်းပေးကမ်းစားသောက်ကြသည်။သက်ကြီးရွယ်ကိုများအား ရေချိုးပေးခြင်း၊အပျိုလူပျိုအချင်းချင်း ရေကစားခြင်းတို့ ပြုလုပ်ကြသည်။အမွေးနံသာရည်များဖြင့် ဘောဓိပင်ကို ရေသွန်းလောင်းကြသည်။သင်္ကြန်ကာ
လမှာ သုံးရက်ကြာမြင့်သည်။အခါကြီး. ရက်ကြီးများတွင် လက်ထပ်ထိ မ်ြး မားမှုကို ရှောင်ရှားကြသည်။
ဗုဒ္ဓဘုရားရှင်ကို ရည်စူး၍ ဆီမီးပူဇော်ကြသည်။အပျိုလူပျိုတို့သည် အတန်းလိုက်လက်ချင်းယှက်၍ ဗုဒ္ဓပူဇေနိယယိမ်းအကဖြင့် ဘုရားရှင်ကို ဆီမီးပူဇော်ကြသည်။ရခိုင်လူမျိုးတို့၏ ထင်ရှားသော အကမှာဆီမီးပူဇော်ခြင်းအက (Lamp Dance) ဖြစ်သည်။
တြိပူရတွင် ရခိုင်လူမျိုးလူဦးရေ ၁၉၅၁ခုနှစ်တွင် (၃၇၈၉)ဦးရှိခဲ့သည်။ ၁၉၇၁ခုနှစ်တွင် (၁၃၂၇၃) ဦးရှိသည်။၂၀၀၁ခုနှစ် သန်းခေါင်စာရင်းအရ
ရခိုင်လူမျိုးလူဥိးရေ (၃၀၃၈၅)ဦးရှိပြီး လူဦးရေအများစုမှာ Subroom နှင့်
Belonia တွင် နေထိုင်ကြသည်။ ၂၀၁၀ပြည့်နှစ်တွင် ရခိုင်လူမျိုးလူဦးရေ (၃၂၀၀၀)ရှိမည်ဟု ခန့်မှန်းရသည်။
တြိပူရဒေသရှိ Mog ခေါ် ရခိုင်လူမျိုးတို့သည် နှစ်ပေါင်းထောင်ကျော်
သို့မဟုတ် ၅၀၀ကျော်ကြာအောင် လူမျိုးခြားတို့၏ အကြားတွင် ဘာသာစကား၊ကိုးကွယ်ရာဘာသာကို မပြောင်းလဲဘဲ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြသည်မှာ ရခိုင်ပီသလှပေသည်။
မြန်မာနိုင်ငံရှိ ရခိုင်များ၊ဘင်္ဂလားဒေ့ခ်ျနိုင်ငံရှိ မရမာခေါ် ရခိုင်များ၊ အိန္ဒိယနိုင်ငံရှိ မောဂ် ခေါ် ရခိုင်လူမျိုးတို့သည် ပထ၀ီနယ်နမိတ် အရ နိုင်ငံ(၃)ခုကွဲပြားခြားနားနေကြသော်လည်း ရခိုင်လူမျိုးများ သာဖြစ်ကြသည်။သို့ဖြစ်ရာဤကမ္ဘာမြေပေါ်က ရခိုင်လူမျိုးပျောက် ကွယ်မသွားရန် ရခိုင်အချင်းချင်း ဆက်သွယ်၍ကျယ်ပြန့်သော Rakhine Community ကို ဖန်တီးတည်ဆောက်ရန် လိုအပ်သည်ဟု ရြှုမင်မိပါသည်။
ရည်ညွန်း- Mog People from Wikipedia, the encyclopedia
အောင်သူရကျော်(ရက္ခိုင်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment