ကမန် အရေး လှုပ်ခတ်လာမှုအပေါ် အမြင်တစ်ချို့ 
~~~~~~~~~~~~~~~~~~~~~~~~~
ရခိုင်လူမျိုးတို့၏သမိုင်းကြောင်းကို ဓညဝတီ ၊ ဝေသာလီ ၊ လေးမြို့ ၊ မြောက်ဦး စသည့် ခေတ်ကြီး ၄ ခေတ်ဖြင့် ပိုင်းခြား လက်ခံထားခဲ့ကြသည် ။
ဓညဝတီ ၊ ဝေသာလီ ၊ လေးမြို့  ခေတ်ထိ အခြား မျိုးနွယ် တို့ အကြောင်းများကို တွေ့ရှိရသော်လည်း
ကမန် ဆိုသော လူမျိုးအမည်ကို မတွေ့ရသေးပါ ။
ရခိုင်တို့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ် ခဲ့ကြသည်မှာလည်း ဓညဝတီခေတ်ကတည်းကပင် ဖြစ်ကြောင်း မဟာမုနိဘုရားက အထင်အရှား သက်သေတည်လျက်ရှိပါသည် ။
အခြားမျိုးနွယ်စု တစ်ချို့ သည် ဗုဒ္ဓဘာသာမဟုတ်သေးသော်လည်း နတ်ကိုးကွယ်မှု နှင့် မိရိုးဖလာ အခြားကိုးကွယ်မှုတို့သာ ရှိခဲ့ကြသည် ။ ခရစ်ယာန် နှင့် အစ္စလမ် ကိုးကွယ်မှုတို့ ရခိုင်မြေတွင် ယင်းအချိန်က ရှိခဲ့သည်ဟု မတွေ့ရပါ ။
မြောက်ဦးခေတ် ရခိုင်ဘုရင်တို့ စစ်အင်အားကြီးလာသည့် အချိန်တွင်မှ ပေါ်တူဂီ ၊ ဂျပန်ဆာမူရိုင်း ၊ ကုလား ၊ စသည့် အမည်များကိုတွေ့လာရသည် ။
ထိုလူမျိုးတို့သည် ဓညဝတီ ခေတ်ကတည်းက အတူတကွ နေထိုင်လာကြသူများ မဟုတ်ဘဲ မြောက်ဦးခေတ်ကမှ စ၍ ရခိုင်ပြည်တွင်နေထိုင်ခဲ့ကြသည့် သဘောကို တွေ့ရ ပါသည် ။ ပေါ်တူဂီ ၊ ဂျပန်ဆာမူရိုင်း တို့သည် ရခိုင်ပြည်နှင့် အလှမ်းဝေးလှသည့် ရေခြားမြေခြားဒေသ မှ ဖြစ်ရာ သူတို့၏ မြောက်ဦးရောက် အရေအတွက် သည် လည်း လူနည်းစုသာ ဖြစ်တန်ရာသည် ။ ထိုကြောင့် မြောက်ဦးပျက်ပြီးနောက်ပိုင်းတွင် သူတို့သည် ရခိုင်လူမျိုး များကြားတွင် စိမ့်ဝင်ပျောက်ကွယ် သွားကြပုံ ရပါသည် ။
ရခိုင်ဘုရင့်တပ်မတော်တွင် မြင်းတပ်၊ ဆင်တပ်၊ ရေတပ် ၊ ခြေလျင်တပ် နှင့် လေးသည်တော်တပ် တို့ ဖွဲ့စည်းတည်ရှိခဲ့ကြပါသည် ။ ထိုအထဲမှ လေးသည်တော်များကို ကမန် ဟု ခေါ်တွင်သည်ဟု သိရှိရရာ ကမန် ဆိုသော ဝေါဟာရသည် လူမျိုးတစ်မျိုး အမည်မဟုတ်ဘဲ တပ်ဖွဲ့တစ်ခု၏ အမည်သာ ဖြစ်တန်လောက်သည်ဟု ရခိုင်တို့ဖက်က ယူဆကြသည်။ ထိုတပ်ဖွဲ့ဝင်တို့သည် အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြပါသည် ။ မှတ်တမ်းများက ညွှန်ပြသော ၁၆၆၆ အဖြစ်အပျက်ကလည်း ရခိုင်တို့အပေါ် ကမန်တို့၏ သမိုင်းအမဲစက်ကြီးတစ်ခု ဖြစ်ခဲ့ပါသည်။
ထိုကြောင့် အခုအချိန်ထိ ရခိုင်လူမျိုးအများစုက ကမန်တို့ကို မြောက်ဦးခေတ်ကတည်းက ရခိုင်ပြည်သို့ ရောက်ရှိနေထိုင်သူများဟု လက်ခံကြသော်လည်း
ရခိုင်မျိုးနွယ်စုအဖြစ် လက်ခံရန် သဘောမတွေ့လှကြပါ။
သို့သော် ဦးနေဝင်း၏မဆလခေတ်တွင် ထိုအချိန်က
ရခိုင်လူမျူိး နိုင်ငံတော်ကောင်စီဝင်တစ်ဦး ထံမှ သဘောထားကိုသာရယူလျက် ကမန်တို့ကို တိုင်းရင်းသား တစ်မျိုးအဖြစ်သွတ်သွင်းခဲ့ပါသည် ။ ထိုအကျိုးဆက်အဖြစ် ၂၀၀၈ ဖွဲ့စည်းပုံပါ တိုင်းရင်းသား ၁၃၅ မျိုးထဲတွင် ကမန်တို့ ပါဝင်လာခဲ့သည် ။ ထိုသတ်မှတ်ချက်အပေါ် ရခိုင်တို့၏ ဆန္ဒ နှင့် သဘောတူညီမှု မပါဝင်ခဲ့ပါ ။
ကမန်စစ်စစ်တို့ဖက်ကိုကြည့်ပြန်လျင်လည်း ၁၉၈၈ မတိုင်မီ ထိ သူတို့သည်ဘင်္ဂလီကုလားတို့နှင့် အစ္စလာမ်ကိုးကွယ် ခြင်းမှအပ အနေအထိုင် အပြောအဆို အဝတ်အစား ယဉ်ကျေးမှုတို့ ကွဲပြားကြသည် ။ တစ်လင်တစ်မယားစံနစ် ကိုသာ ကျင့်သုံးကြပြီး ရမ်းဗြဲလေသံ ရခိုင်စကားကိုသာ ပြောဆိုကြသည် ။ မင်္ဂလာဆောင်ခြင်း ၊ သင်္ကြန်ရေကစားခြင်း စသည်တို့တွင် ရခိုင်တို့နှင့် ဓလေ့စရိုက်တူကြသည် ။ ကျောက်ဖြူ ရမ်းဗြဲဖက်မှ ကမန်အချို့  သည် ဘာသာမဲ့ ခံယူမှု ၊ ဗုဒ္ဓဘာသာဝင်
အဖြစ် ကူးပြောင်းမှုတို့ လည်းရှိခဲ့ကြသည် ။
အရှေ့တောင်အာရှ အားကစားပြို င်ပွဲများတွင် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ကြသော ပြေးခုန်ပစ်ကစားသမားမိသားစု တွင် အဖက ဘာသာမဲ့ခံယူပြီး သားမြေးများက ဗုဒ္ဓဘာသာအဖြစ် ကူးပြောင်းခဲ့မှုတို့လည်း လက်တွေ့ရှိခဲ့ဖူးသည် ။
သို့သော် စစ်အစိုးရ နဝတ နအဖ ခေတ်တွင် ဘင်္ဂလီတို့သည် ဆိုင်ရာပိုင်ရာတို့နှင့် ဆက်စပ်ပြီး ကမန်လူမျိုးအမည်ဖြင့် နိုင်ငံသားကဒ်များ အများအပြား ရယူနိုင်ခဲ့ကြသည် ။ ဥပမာ နာဇီရွာမှ စစ်ထောက်လှမ်းရေးနှင့် နီးစပ်သည့် ဘင်္ဂလီမျိုး ဆက်များ ၊ ကျောက်နီမော်ရှိ ဘင်္ဂလီ ၁၃၀၀ ကျော်ခန့် ၊ သံတွဲနယ်ရှိ ကျောက်နီမော်အဆက် ဘင်္ဂလီများ ၊ ရန်ကုန်သို့ ရောက်ရှိနေထိုင်ကြသည့် ဘင်္ဂလီများ တို့သည် ကမန် အမည်ဖြင့် နိုင်ငံသားကဒ်ပြား ကိုင်ထားကြသည် ။
ထို ကမန်တု အပါအဝင်ဘင်္ဂလီတို့သည် ဘာသာတူ ကမန်တို့အပေါ်တွင် လည်း နယ်ပယ်ပေါင်းစုံတွင် လွှမ်းမိုးလာခဲ့ကြသည် ။
ကမန်စစ်စစ် အပေါ်လွှာလူကြီးများက မိမိတို့သည်
ရခိုင်မျိုးနွယ်စုများဖြစ်၍ ဘင်္ဂလီတို့နှင့် မည်ကဲ့သို့ပင် ကင်းကင်းရှင်းရှင်းနေကြသည် ဆိုစေကာမူ အောက်ခြေကမန်အများစုသည် ဘင်္ဂလီတို့၏ ဘာသာရေး အခြေပြုလွှမ်းမိုးမှုကို မတွန်းလှန်နိုင်ကြရုံသာမက အလိုက်သင့် စိမ့်ဝင် စီးမျောခြင်းကို အလိုတူအလိုပါ လက်ခံခဲ့ကြသည် ။
( ကျောက်ဖြူ ၊ ရမ်းဗြဲ အနေအထားကို သဲကွဲစွာ မသိသော်လည်း ၂၀၁၂ ပဋိပက္ခတွင် အိမ်ခြေ ၂၀၀ ခန့်ရှိ စစ်တွေ သင်္ဂနက် ကမန်တို့သည် ယင်းရွာရှိအိမ်ခြေ ၃၀ ခန့်သာရှိ ဘင်္ဂလာကုလားတို့ ဖက်သို့သာ ပူးပေါင်းခြင်း၊ စစ်တွေ ဗျို င်းဖြူ ရွာအား တိုက်ခိုက်ရန် သံတော်လီကုလား တို့အား သာယာကုန်း ကမန်တို့က ဦးဆောင်ခြင်း ၊ နာဇီရွာရှိ အနည်းငယ်သာရှိသော ကမန်တို့သည် ရခိုင်တို့ဖက်သို့ ဝင်ခံမည့်အစား ဘင်္ဂလီကုလားတို့နှင့်သာ ပူးပေါင်းခြင်း ၊ သံတွဲဖက် တွင်လည်း အလားတူဖြစ်ရပ်များ ရှိခဲ့ဟု သိရ ။)
၂၀၁၂ ပဋိပက္ခ အလွန် ပြသနာဖြေရှင်းဖို့ ကြိုးစားကြရာတွင် ကမန် အရေးကို ရှေ့တန်းတင်ကြိုးစား ကြဖို့ အစိုးရ ၊ ကမန် နှင့် ရခိုင်တို့ နားလည်ကြသည် ။
ခိုးဝင်ဘင်္ဂလီတို့၏ အကြမ်းဖက်မှု နှင့် နယ်မြေကျူးကျော်မှု ကြောင့်သာ ပဋိပက္ခ ဖြစ်ရခြင်း နှင့် ဘာသာရေးကိစ္စ မဟုတ်ကြောင်းနှင့် အစ္စလာမ်ဘာသာဝင်ပင် ဖြစ်လင့်ကစား အတူနေထိုင်ခဲ့ကြသည့် ကမန်တို့အပေါ် သဘောထားကြီးကြောင်း ပြသလိုခြင်း စသည့် အကြောင်းတရားများအပေါ် နားလည်မိပါသည် ။
သို့သော် ဤနေရာတွင် အဓိကတာဝန်ရှိသူက ရခိုင်တို့ မဟုတ်ပါ ။ သတိထားရမည့်ကိစ္စတစ်ခုမှာ ရခိုင်လူထု အများစုဖက်ကတော့ မဆလခေတ်က သတ်မှတ်ခဲ့သည် ဖြစ်စေ ၊ ၂၀၀၈ ဖွဲ့စည်းပုံတွင်ပါဝင်ခဲ့သည်ဖြစ်စေ
ကမန် တို့ကို ရခိုင်ပြည်တွင် ၁၈၂၄ မတိုင်မီကတည်းက နေထိုင်ခဲ့သော နိုင်ငံသားအဖြစ် လက်ခံနိုင်ကြသော်လည်း ရခိုင်မျိုးနွယ် စုဝင် တိုင်းရင်းသားအဖြစ်လက်ခံနိုင်ကြရန် ကိုမူ ယနေ့အချိန်တွင် အတော်မလွယ်သည့် ကိစ္စပါ။ အချိန်ယူပြီး သဘောတရားကြီးကြီးဖြင့် သိမ်မွေ့စွာ ဖြေရှင်းရမည့်ကိစ္စကြီးဖြစ်မည် ထင်ပါသည် ။
၂၀၁၂ ကာလတွင် ကမန်တို့ဖက်က ကမန်တို့သည် ဖယ်ထုတ်ခြင်းခံရသည် ဟု ဆိုလာကြသည် ။
ရခိုင်များဖက်ကမူ ကမန်တို့ကိုယ်တိုင် ခွဲထွက်သွားကြပြီး ဘင်္ဂလီတို့နှင့် ပူးပေါင်းကြသည်ဟု အမြင်ရှိကြသည် ။
ထိုအကြောင်းများကို ပြေလည်အောင်ဖြေရှင်းနိုင်ရေး လောလောဆယ် အဓိကတာဝန်ရှိနေသူများမှာ ကမန်စစ်စစ်များ၏ ရှေ့ဆောင်ဦးရွက်ပြု နေသူများသာ ဖြစ်ပါလိမ့်မည် ။ သူတို့၏ ရခိုင်တို့အပေါ် ရိုးသားစွာ သစ္စာရှိမှု နှင့် ဘင်္ဂလီများ ၊ကမန်ဝင်ကစွပ်ကုလား များ အပေါ်ပြတ်သားစွာ လမ်းခွဲလိုမှု တို့အပြင် ကမန်တုများကို ရဲရင့်စွာ ဖော်ထုတ်မှုတို့ ပြုလုပ်ရန် လိုအပ်ပါလိမ့်မည်။
ရခိုင်တို့ဖက်က ရခိုင်ပြည်တွင်း ကမန်စစ်စစ်ဦးရေသည် ၉၀၀၀ ပတ်ဝန်းကျင်သာရှိသည်ဟု လဝက စာရင်းများအရ သိထားကြသည် ။ ကမန်တိုင်းရင်းသားတိုးတက်ရေးပါတီ ဖက်မှ မြန်မာတစ်နိုင်လုံးတွင် ကမန်ဦးရေ လေးသောင်း ပျော့ပျော့ ရှိသည်ဟုပြောသည် ။ ယင်းပမာဏ နှစ်ခုကြား တွင် သဘောတူညီချက် တစ်ခုလိုအပ်သည် ။ လေးသောင်း ရှိသည်ဆိုပါစို့ ။ ယနေ့လို Data base အားကောင်းသောခေတ်တွင် ထိုလူဦးရေ လေးသောင်းစာရင်းကို အစိုးရ နှင့် ရခိုင်တို့ကို အတိအလင်းဖော်ပြ ညှိနှိုင်းနိုင်ရပါလိမ့်မည် ။ အောက်ခြေ ကျေးလက်များရှိ ကမန်စစ်စစ်များကို ဘင်္ဂလီကုလားတို့နှင့် ကင်းကင်းရှင်းရှင်း နေထိုင်ကြဖို့ တိုက်တွန်းကြရန် လိုအပ်သည်။ ထိရှလွယ်သောကိစ္စ ဖြစ်သော်လည်း ကမန်တို့တွင် ကမန်လူမျိုး မော်လဝီ ဘာသာရေးဆရာ များဖြင့်သာ ဘာသာရေးကိစ္စများကို ဆောင်ရွက်သင့်သည်။ အစွန်းရောက် ဘင်္ဂလီမော်လဝီ ဆရာများ၏ အဆုံးအမကိုသာ လိုက်နာကြလျင် မည်သည့်နည်းနှင့်မျှ
၁၉၈၈ မတိုင်မီကရှိခဲ့သည့် ကမန် ရခိုင် ဆက်ဆံရေးမျိုး တည်ဆောက်နိုင်မည်မဟုတ်ပါ ။
ကမန်စစ်စစ် ကလေးသူငယ်များကို အစ္စလာမ်ဘာသာရေး အဆုံးအမ လွန်ကဲဖို့်ထက် ရခိုင်ဆန်ဖို့ သွန်သင်ပေးမှု လိုအပ်လှသည် ။
ဘာသာရေးအပေါ်အခြေခံတိမ်းညွတ်မှုထက် ရခိုင်ပြည်အပေါ် သစ္စာရှိကြရန် သွန်သင်မှုတို့ လိုအပ်ပါလိမ့်မည်။
အုပ်ချူ ပ်သူ ခေတ်အဆက်ဆက် ဘင်္ဂလီတို့ကို မွေးမြူပြီး ရခိုင်ပြည်ကို ပဋိပက္ခနွံထဲ ထည့်ထားကာ စီးပွားလူမှုဘဝ ချိနဲ့အောင် ဖန်တီးထားမှုကို အခွင့်ကောင်းယူပြီး ဘင်္ဂလီတို့က ကမန်များကို ဝါးမြို နေမှုကိုလည်း သတိထားဟန့်တားရန် လိုပါလိမ့်မည်။
ယခုတလော ကမန် အရေးနှင့်ပက်သက်ပြီး ရခိုင်ဖက်ကို ပိုပိုသာသာ အပြစ်တင်လိုမှုများတွေ့လာရသည်။
အပြစ်တင်မှုများက ကောင်းသောအဖြေ ထွက်မလာနိုင်ပါ။ ထိုကဲ့သို့ အပြစ်တင်နေကြမည့်အစား ကာယကံရှင် ကမန်စစ်စစ်တို့ ဖက်က ဘင်္ဂလီတို့နှင့်ကင်းရှင်းအောင် ရှင်းသင့်သည်များကို အစိုးရနှင့်ရှင်း ပြီးလျင် ရခိုင်တို့ယုံကြည်နိုင်လောက်အောင်
တင်ပြဆွေးနွေးကြမှသာလျင် ကမန်အရေး ပြေလည်နိုင်ပါ လိမ့်မည် ။ အစိုးရ နှင့်ပြီးလျင်ပြီးပြီ ရခိုင်တို့နှင့်ပြောစရာ မလိုဆိုသည့် ခံယူချက်မျိုးမထားမိဖို့ လိုပါလိမ့်မည် ။
ကမန်ကိစ္စ နှင့်ပက်သက်လာလျင် ရခိုင်တို့သည် လူမျိုးကြီး ဝါဒ ကျင့်သုံးသည်ဟုစွပ်စွဲကြခြင်းများလည်းရှိလာပါသည်။
လူမျိုးကြီးဝါဒကျင့်သုံးသည် ဆိုခြင်းထက် ကမန် တိုနှင့် ရောနှောပါလာနိုင်သည့် ဘင်္ဂလီအစ္စလာမ်တို့အား ဟန့်တားကာကွယ်မှုဆိုလျင် ပိုမှန်ပါလိမ့်မည် ။
နိဂုံးချူ ပ်အနေဖြင့် ပြောလိုသည်က ကမန်အရေးကို မလွဲမရှောင် ဖြေရှင်းရတော့မည့် အနေအထားသို့ ရောက်လာနေသည်ကို လက်ခံကြရမည်ဖြစ်သည် ။ကမန်စစ်စစ်တို့သည် အစ္စလာမ်ဘာသာရေး အစွန်းရောက်ခြင်းမရှိ ၊ ရခိုင်တို့နှင့် အပြောအဆို အနေအထိုင် နီးစပ်သည် ဆိုသည်ကို အငြင်းမပွားလိုပါ ။
သို့သော် ကမန်များကိုယ်တိုင်က ကမန်အစစ် နှင့် လုပ်ကမန်များကို ခွဲခြားနိုင်ရေး နှောင့်နှေးနေကြသည် ။
ကမန်ပါတီသည် ကမန်အားလုံးကို ကိုယ်စားမပြုဟုလည်း
ရန်ကုန် ကမန်လူမှုကွန်ရက်ဆိုသော အဖွဲ့က ထုတ်ပြန်ထားချက်များ ရှိနေပြန်သေးသည် ။
ဘင်္ဂလီ အမည်ဖြင့် နိုင်ငံသား ခံယူလိုသူတို့သည် ရိုဟင်ဂျာ အမည်ခံကုလားတို့ကို မလွန်ဆန်နိုင်သကဲ့သို့ ကမန်စစ်စစ် တို့သည်လည်း အင်အားကြီးသော ကမန်တု လုပ်ကမန်များကို ဖယ်ရှားရန် ခက်ခဲနေပုံ ရပါသည် ။
ထိုကြားထဲတွင် မလိုအပ်ဘဲ ရခိုင်တို့ကို မသိမသာ အပြစ်ဖို့လာကြသည် ။ အပြစ်ဖို့စကားဆိုနေကြရုံဖြင့် ပြသနာမပြေလည်နိုင်သည်ကို သဘောပေါက်ရန်လည်း လိုအပ်ပါသည် ။
ကမန်အစစ် နှင့် လုပ်ကမန်ပြသနာ ၊ မတန်တဆ ဖောင်းပွနေသော ကမန်လူဦးရေပြသနာ တို့ကို ကမန်စစ်စစ်များက ဦးစွာဖြေရှင်းကြပါ ။ လဝက ၊ ပြည်နယ်အစိုးရ ၊ ပြည်ထောင်စုအစိုးရ ၊ နိုင်ငံတော်အတိုင်ပင်ခံ တို့ထိ တင်ပြဆွေးနွေး ရှင်းလင်းကြပါ ။ ရခိုင်တို့နှင့် ယုံကြည်မှု ပြန်လည်ရရှိနိုင်ရေး အထက်ပါ အချက်များက အခရာကျပါသည်။
မည်သို့ပင်ဆိုစေ ယနေ့မျက်မှောက်အနေအထားတွင် ရခိုင်နှင့် ဆက်နွယ်သည့် ကမန်ကိစ္စကို ရခိုင်လူထုတို့၏ သဘောထားမပါဘဲ အစိုးရအဖွဲ့ ၊ ပါတီ ၊ အဖွဲ့အစည်း တို့်၏ ကြောထောက်နောက်ခံဖြင့် ဖြေရှင်းကြမည် ဆိုလျင် ပြေလည်မှုရမည်မဟုတ်ဘဲ အထင်မြင်လွဲမှုများသာ ရလဒ်အဖြစ် ကျန်ရစ်မည်ဖြစ်ပါသည်။
Photo credit >> Ko Tun Ngwe
( ThanTun)
https://www.facebook.com/photo.php?fbid=1309695419065585&set=a.474911629210639.101717.100000754188023&type=3&theater
No comments:
Post a Comment