ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Thursday, February 6, 2025
တောင်ပေါက်ကြီးကျောက်စာ
တောင်ပေါက်ကြီးကျောက်စာ
*********************
၁။ အထခေါဘဂ၀ါဘိက္ခုသံဃံပါသာဒံအာရုဟာပေတွာ
၂။ ပဉ္စပါဒသသတပရိဝုတောဓည၀တီရဌံအာကာသမဂ္ဂေနစာရိကံစရမာနော
၃။ ဓည၀တီမဟာနဂရသပ စ္ဆမဒိသာဘာဂေ
၎။ ဂစ္ဆပနဒီယာ ပူရတ္တိမတိယေသေလာဂီရိပဗ္ဗတမုဒ္ဓ( မိ)
၅။ သြရောဟိတွာ ပတိဋာတိ
ကျောက်စာ အဓိပ္ပာယ်
၁။ အထ - ထိုအခါ၌၊ ခေါ-စင်စစ်၊ ဘဂ၀ါ- မြတ်စွာဘုရားရှင်သည်၊ ဘိက္ခူသံဃံ-ရဟန်း သံဃာအပေါင်းကို၊ ပါသာဒံ- ပြဿဒ်ပေါ်သို့ ၊အာရုဟာပေတွာ= တက်စေ၍၊
၂။ ပဉ္စပါဿာဒ သတ ပါသာဒ- ငါးရာသောပြဿဒ်၊ ပရိဝုတော- ၀န်းရံလျှက်၊ ဓည၀တီရဋံ- ဓည၀တီပြည်သို့၊ အာကာသမဂ္ဂေန- ကောင်းကင်ခရီးဖြင့်၊ စာရိကံ စရမာနော- ဒေသစာရီ ကြွချီတော်မူစဉ်၊
၃။ ဓည၀တီ- ဓည၀တီမည်သော ၊ မဟာနာဂရဿ- ကြီးကျယ်သော မြို့တော်ကြီး၏၊ ပစ္ဆိမ ဒိသာဘာဂေ- အနောက်အရပ်၌(ရှိသော) ၊
၎။ ဂစ္ဆပနဒီယာ- ဂစ္ဆပမည်သော- မြစ်၏၊ ပုရတ္တိမတိရေ - အရှေ့မျက်နှာကမ်းပါး၌ရှိသော၊ သေလာဂီရိပဗ္ဗတမုဒ္ဓိနိ=ကျောက်တောင်ထိပ်၌၊
၅။ သြရောဟိတွာ-ဆင်းသက်တော်မူကာ၊ ပတိဋာတိ=ရပ်တည်တော်မူ၏။
ဤကျောက်စာကို ကျောက်တော်မြို့မှ မဟာမုနိဘုရားသို့သွားရာလမ်းတွင် တောင်ပေါက်ကြီး ခေါ်သော တောင်ကျော်လမ်းတစ်ခုရှိသည်။ ထိုကျော်လမ်းနေရာဖြစ်သော သဘာဝ ကျောက်ဆောင် နံ ရံပေါ်တွင် ရေးထိုးထားသော ကျောက်စာဖြစ်သောကြောင့် တောင်ပေါက်ကြီး ကျောက်စာဟုခေါ်သည်။ ၁၉၃၂ ခုနှစ် ဧပြီလအတွင်း ဂုဏ်ထူးဆောင်ကျောက်စာဝန် ဦးစံရွှေဘုနှင့် တပည့်ဖြစ်သူ၊ နောင် တွင် ရခိုင်-မြန်မာပဏ္ဍိတ်ဖြစ်လာသူ ဦး ဦးသာထွန်းတို့ တွေ့ရှိကြပြီး၊ ကူးယူခဲ့ကြပါသည်။ ဦးစံရွှေဘုမှာ ဒုတိယကမ္ဘာစစ်အတွင်းက ကွယ်လွန်ခဲ့ပြီး၊ ဦးဦးသာထွန်းမှာ ရှေးဟောင်းသုတေသနဌာန၊ မြို့ဟောင်းမြို့ (မြောက်ဦးမြို့)၊ ၌ ၁၉၇၀ ၀န်းကျင်လောက်က ခန့်အပ်ထားသော ရခိုင်-မြန်မာပဏ္ဍိတ်ပင် ဖြစ်သည်။ ဤကျောက်စာတွင် မူလကစာကြောင်းရေ(၂၅)ကြောင်းခန့် ရေးထိုးထားသည်ဟုသိရပါသည်။ သို့သော်လည်း ကျောက်စာဝန်နှင့် ရခိုင်- မြန်မာပဏ္ဍိတ် ဦး ဦသာထွန်းတို့ ကူးယူသည့်အခါ ငါးကြောင်း ခန့်သာ ထင်ရှားစွာပေါ်လွင်သည်ဟုဆိုသည်။
နောင်တွင် ကျန်စာကြောင်းများမှာလည်း ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များက ကျောက် စာရှိသော တောင်နံရံ လမ်းကျဉ်းနေရာကို စစ်ကား၊ စစ်ယာဉ်များ သွားလို့ရအောင်ဆိုပြီး ၊ ဒိုင်းနမိုင်းဖြင့် ဖေါက်ခွဲပစ်သောကြောင့် ပျက်စီးသွားခဲ့သည်။ တစ်ဖန် စစ်တွေ - ရန်ကုန်ကားလမ်းဖေါက်လုပ်ရာတွင် ထပ်မံ ကားလမ်းချဲ့ထွင်လိုက်သောကြောင့် ယခုအခါ တောင်ပေါက်ကြီးကျောက်စာတည်ရှိရာ တောင်နံ ရံသည် စစ်တွေ-ရန်ကုန် ကားလမ်းဘေးက ကျောက်တောင်အဖြစ်သာ တည်ရှိနေတော့သည်။ ကျောက် စာကား အစအနပင်မကျန်ဘဲ၊ လုံးဝပျက်စီးသွားခဲ့ရပြီဖြစ်ပါသည်။ ရခိုင်သမိုင်း နှင့် ဗုဒ္ဓဘာသာ သမိုင်း အတွက် အစားထိုးမရသော ဆုံးရှုံးမှုတစ်ခုဖြစ်သည်။
တောင်ပေါက်ကြီး ကျောက်စာတွင်ရေးထိုးထားသော အက္ခရာမှာ အိန္ဒိယပြည်၌ သီရိဓမ္မသော ကမင်း ရေးထိုးခဲ့သော ကျောက်စာများ၌ အသုံးပြုသော အိန္ဒိယမြောက်ပိုင်သုံး ဗြဟ္မီအက္ခရာဖြင့်ရေးထိုး ထားပြီး၊ ရေးထိုးထားသည့်ဘာသာမှာ ပါဠိဘာသာဖြစ်သည်။ တောင်ပေါက်ကြီးကျောက်စာတွင် ရေးထိုး ပါရှိသော အကြောင်းအရာတို့ကြောင့် ရခိုင်လူမျိုးတို့သည် ရခိုင်ပြည်ကို မြတ်စွာဘုရားရှင် ကြွရောက်ခဲ့ ကြောင်း ဂုဏ်ယူပြောဆိုကြသည်။
တောင်ပေါက်ကြီးကျောက်စာ မင်ကူးကို မတင်ပြနိုင်သော်လည်း ယင်းတောင်ပေါက်ကြီးကျောက် ကို ဂုဏ်ထူးဆောင် ကျောက်စာဝန် ဦးစံရွှေဘုနှင့် တပည့်ဖြစ်သူ ဦးဦးသာထွန်းတို့ လက်ရေးဖြင့် ရေးကူး ထားလိုက်သော လက်ရေးမူတစ်ခုကို ဆရာကြီးဦးစံသာအောင် ရေးသားသော“အေဒီ ၆ ရာစုနှင့်ယင်း မတိုင်မီ ရခိုင်ပြည်သုံးအက္ခရာများ” စာအုပ်တွင် ဖော်ပြထားသည်ကိုတွေ့ရသည်။
တောင်ပေါက်ကြီးကျောက်စာကို ရေးကူးသည့်အချိန်(အေဒီ-၁၉၃၀) ကျော်ကဆိုလျှင်၊ မင်ကူးရန် ပစ္စည်းများ မပြည့်စုံမှု၊ ရှားပါးမှု၊ လမ်းပန်းဆက်သွယ်သွားလာရခက်ခဲမှု၊ ကျောက်စာ ရေးထိုးထားသည့် တောင်မှာ ထုထည်အလွန်ကြီးမားနေမှုတို့ကြောင့် မင်ကူးရန်အဆင်မပြေတော့ဘဲ၊ လက်ရေးမူဖြင့်ကူးယူ ခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။
လေးမြို့ခေတ်ကျောက်စာတစ်ခုဖြစ်သော “လောင်းကြက်တောင်မော်ကျောက်စာ”မှာလည်း ထုထည်ကြီးမားသောကြောင့် ယနေ့နည်းပညာခေတ်မှာတောင် ပုံနှိပ်စာအုပ်ပေါ်၌ ကျောက်စာမင်ကူး အား ရိုက်နှိပ်၍ ဖော်ပြကြသည်ကို မတွေ့မြင်ရသေးပေ။ ထိုနည်းတူ တောင်ပေါက်ကြီးကျောက်စာသည် လည်း ထိုထက် ထုထည်ကြီးမားသောကြောင့် မင်ကူး၍ အဆင်မပြေခြင်းဖြစ်မည်ဟု ယူဆရသည်။
မောင်ဖြူ ကြွီတဲကျွန်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment