ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Sunday, March 9, 2025
လက်ဆည်ကန်တံတိုင်းမှ ယေဓမ္မာဂါထာပါ နောက်ထိုးကျောက်စာ
******************************
ဤကျောက်စာသည် မြောက်ဦးမြိုရှိ၊ လက်ဆည်ကန်တံတိုင်းနံရံပေါ်မှ ကျောက်တုံးတစ်တုံးတွင် ရေး ထိုးပါရှိသော ကျောက်စာတစ်ခုဖြစ်သည်။ ထိုလက်ဆည်ကန်ကျောက်စာ၌ စာ (၄) ကြောင်း ရေးထိုးပါရှိသည်။ ရေးထားသော အကြောင်းအရာမှာ ရခိုင်ဝေသာလီ မင်းနှင့်ပြည်သူတို့ အမြဲတမ်း အောက်မေ့နှလုံးသွင်းလေ့ရှိသော ယေဓမ္မာဂါထာတော် ဖြစ်ပါသည်။ ရေးထိုးထားသောအက္ခရာမှာ ဗြာဟ္မီပွားအက္ခရာဖြစ်ပြီး၊ ဘာသာစကားမှာ ပါဠိဘာသာစကားဖြစ်သည်။
ကျောက်စာပါ ယေဓမ္မာဂါထာမှာ ပုံမှန်ရေးထုံးမဟုတ်သော ဗျည်းအက္ခရာအမှားများဖြင့် ရေးထိုးထားခြင်းကြောင့် သံသယဖြစ်စရာကောင်းသော ကျောက်စာတစ်ချပ်ဟု ထင်မြင်မိသည်။ ဝေသာလီခေတ်တွင် ရေးထိုးခဲ့ကြသော ယေဓမ္မာဂါထာတော်ပါ ကျောက်စာတိုင်းသည် တစ်ခုနှင့် တစ်ခုမတူညီကြပေ။ ကွဲလွဲမှုရှိကြပါသည်။
တစ်နည်းအားဖြင့် ဗျည်းအက္ခရာကွဲလွဲမှု၊ (သို့မဟုတ်) ရေးထုံးကွဲလွဲမှု၊ ၀ါကျတည်ဆောက်ပုံ ကွဲလွဲမှုတို့ ရှိကြသည်။ လက်ဆည်ကန်ကျောက်စာမှာ ရခိုင်ဝေသာလီခေတ်၏ ကျောက်စာသဘောသဘာဝကို နားမလည်သူတစ်ဦးက ဝေသာလီဘုရားကြီးကုန်းကျောက်စာ၏ မပီပြင်သော မင်ကူးမူစာလုံးများကိုကြည့်ကာ သူ့အမြင်အတိုင်း ရေးထိုးထားသော နောက်ထိုး ကျောက်စာတစ်ချပ်ဖြစ်ကြောင်း မှတ်ချက်ပြုလိုသည်။
ဤသို့ မှတ်ချက်ပြုရသည့် အကြောင်းရင်းမှာ ပထမစာကြောင်းပါ ( - ပ၊ - ဘ) ဟု ရေးထား သောဗျည်းစာလုံးများမှာ ရေးထုံးမှားနေခြင်း၊ ဒုတိယစာကြောင်းပါ ( - ထာ ) စာလုံးမှာ ( - ဝေါ ) ဖြစ်နေခြင်း၊ တတိယစာကြောင်းပါ ( - အာ) စာလုံးမှာ ( - အာာ)ဟု ရေးထုံးမှားရေးထားခြင်း၊ ဝေသာလီဘုရားကြီးကျောက်စာပါ ( -ယော) စာလုံးကိုလည်း ( - ယော) ဟု “ယ” ဗျည်းတွင် အလိပ်မပါဘဲ ရေးထိုးထားခြင်းမှာ ဝေသာလီခေတ်၊ ရာစုအလိုက် စာရေးခြင်း၏ သဘော သဘာဝကို နားမလည်သောသူတစ်ဦးမှ ရေးထားသော ကျောက်စာဖြစ်ကြောင်း မှတ်ချက်ပြုခြင်းဖြစ်ပါသည်။
ရခိုင်ဝေသာလီဘုရားကြီးကုန်း ကျောက်စာအကြောင်းရေးထားသော (ရခိုင်ဝေသာလီခေတ် ရှေးဟောင်း ကမ္ပည်းကျောက်စာများ- စာ-၁၆ )ကိုလည်းကြည့်ပါ။ အင်္ဂလိပ်ကရေးထိုးခဲ့တာလား၊ မြန်မာနိုင်ငံလွတ်လပ်ရပြီးခေတ်မှ ရေးထိုးခဲ့တာလားဆိုသည်ကိုမူ စာရေးသူတပ်အပ်မပြောနိုင်ပေ။ သို့သော်လည်း လက်ဆည်ကန် တံတိုင်းပေါ်ရှိ ယေဓမ္မာဂါထာပါ ကျောက်စာ ကား တစ်စုံတစ်ယောက်သောသူက ရေးထိုးထားသော နောက်ထိုးကျောက်စာတစ်ခုဖြစ်ကြောင်း တစ်ထစ်ကျ မှတ်ချက်ပြုနိုင်သည်။
ကျွန်တော့လို ဘုန်းကြီးကျောင်းသားတောင် ဒီကျောက်စာအကြောင်းကို သိနေရင် ရှေးဟောင်းသမိုင်းပညာရှင်၊ ကျောက်စာ ပညာရှင်များဆိုလျှင် ပြောဖွယ်ရာမရှိပြီ။ သို့ဖြစ်၍ မိမိတို့၏ အမျိုးဂုဏ်ကို သိက္ခာကျအောင် နောက်နောင်မလုပ်ကြပါနဲ့လို့ အထူးမေတ္တာရပ်ခံအပ်ပါသည်။
မောင်ဖြူ (ကြွီတဲကျွန်း)
9.3.2025
Subscribe to:
Post Comments (Atom)
No comments:
Post a Comment