ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Thursday, March 20, 2025
သဇာတမင်း (ရခိုင်သက္ကရာဇ် ၈၇၇-၈၈၃၊အေဒီ ၁၅၁၅-၁၅၂၁)
********************************************
သဇာတမင်း၏ ဒင်္ဂါးသည်လည်း နှစ်ဘက်စလုံးတွင် ပါရှန်အက္ခရာဖြင့် ရေးထိုးထားသည်။ (အချင်း- ၂၉ မှ ၃၀ မီလီမီတာ) ထိရှိကြပြီး၊ အလေးချိန်(၈.၈၉ မှ ၁၀.၁၇ ဂရမ် ထိရှိကြသည်။
သဇာတသည် ဆင်ဖြူရှင် မင်းဒေါလျာမင်း၏ သားဖြစ်ပြီး၊ မင်းမဖြစ်မီက ရန်ဗြဲကျွန်း လေးတောင်နယ်ကို စားခဲ့ရသည်။ သဇာတမင်းသည် ရန်အောင်ဘုရား၊ နိဗ္ဗူဇာဘုရား၊ ၀သဲဘုရား၊ ဆုတော်ပန်ဘုရား၊သက် တော်ရှည်ဘုရား၊ ဗိုလ်ဖြူဘုရားနှင့် လက်ကြွယ်တောင်ဓာတ် ပုထိုးတော်တို့ကို တည်ထားခဲ့သည်။
သဇာတမင်း ဒင်္ဂါး မျက်နှာဘက်၌ရေးထိုးထားသော ပါရှန်စာကို ဒင်္ဂါးသုတေသီ မီချီနာစာအုပ်တွင် - “La ilah ala/ Allah Mohammed/rasul Allah/ khalad Allah/mulkahu” (လာအီလာဟ်အလာ/အလ္လာဟ်မိုဟမ္မဒ်/ရဆူလ်အလ္လာဟ်/ ခါလဒ် အလ္လာဟ်/မူလ်ကာဟူ) ဟူ၍လည်းကောင်း၊
ကျောဘက်ပါ ပါရှန်စာကို- “Al – Sultan/ I- rahman abu/ al-muzaffar alishah/al-sultan khalad/ allah mulkahu” (အလ်ဆူလတန်/အိုင်ရဟ်မန်အဘူ/ရဟ်မန်အဘူ/အလ်မူဇာဖား အလီသျာ/အလ်ဆူလ်တန်ခါလဒ်/ အလ္လာဟ် မူလ်ကာဟူ) ဟူ၍လည်းကောင်း ဖတ်ရှုဖော်ပြထားသည်။
ဒင်္ဂါးသုတေသီ ရောဘင်ဆင်-အလ်အေရှောတို့ ရေးသားသော “The Coins and Banknote of Burma” မြန်မာ့ဒင်္ဂါးနှင့် ငွေစက္ကူများအကြောင်း စာအုပ်တွင် သဇာတမင်းဒင်္ဂါးပါ ရှေ့ဘက်စာကို “La ilah alla/ Allah Mohammed/rasul Allah/ khallad Allah/al mulkahu” (လာအီလာဟ်အလာ/အလ္လာဟ်မိုဟမ္မဒ်/ရဆူလ်အလ္လာဟ်/ ခါလဒ် အလ္လာဟ်/အလ် မူလ်ကာဟူ) ဟူ၍လည်းကောင်း၊ ကျောဘက်ပါ ပါရှန်စာကို
“al – rahman abu/Al-muzaffar ali sh(ah)/sultan khallad/ allah ? mullkahu” (အလ် ရဟ်မန် အဘူ/အလ်မူဇာဖား အလီသျာ/ ဆူလ်တန်ခါလဒ်/ အလ္လာဟ် -မူလ်ကာဟူ) ဟူ၍လည်းကောင်း ဖတ်ရှုဖော်ပြကြသည်။ (ပုံ - ) သဇာတမင်းဒင်္ဂါးပါ စာကို ဒင်္ဂါးသုတေသီနှစ်ဦး၏ တင်ပြပုံမှာ အနည်းငယ်ကွာဟကြသည်။
[သဇာတမင်း၏ ကျောက်စာဟု ယူဆရသော ကျောက်စာတစ်ချပ်ကို ဝေသာလီရွှေတောင် စေတီတွင် တွေ့ရှိသည်။ ကျောက်စာတွင် စာကြောင်းရေ ၁၂ ကြောင်းရေးထိုးပါရှိသည်။ ယခုမူလနေရာ တွင်ရှိသည်။ ကျောက်စာတွင်ရေးထိုးထားသည်မှာ -
“သက္ကရာဇ် ၈၈၁ ခု နတ်တော်လပြည့် ဗုဒ္ဓဟုးနေ့ တွင် သမီးတော်ကိုရည်စူး၍ စေတီတည် သည်။ စေတီကိုဖျက်ဆီးသူများကို ဘေးရှစ်ပါး၊ဒဏ်ဆယ်ပါးသင့်စေ။ ကိုးကွယ်ပူဇော်မဖျက်ဆီးသူ တို့ ဘေးရှစ်ပါး ဒဏ်ဆယ်ပါးကင်း၍ သက်ရှည်ကျန်းမာ သုခရကြစေ။” ကျိန်စာရောဆုတောင်းစာပါ ရေးထိုးပါရှိသော စေတီတည် ကုသိုလ်ကောင်းမှုပြုသော ကျောက်စာဖြစ်သည်။
ကျောက်စာပါ (ရခိုင် သက္ကရာဇ် ၈၈၁) မြောက်ဦးခေတ် (၁၁) ဆက်မြောက် မင်းဖြစ်သော သဇာတ မင်း စိုးစံသောအချိန်ကာလဖြစ်သည်။ ကျောက်စာတွင် တော်ဝင် ထီးသုံးနန်းသုံးစကားရပ် ဖြစ် သော “သမီးတော်ကို ရည်စူး၍” ဟူသော စကားရပ်ကြောင့် ဤကျောက်စာကို သဇာတမင်းသည် ကွယ် လွန်သူ သမီးတော်အား ရည်စူး၍ ကုသိုလ်ကောင်းမှုပြုသော ကျောက်စာဖြစ်သည်။
သဇာတမင်းသည် ရန်အောင်ဘုရား၊ နိဗ္ဗူဇာဘုရား၊ ၀သဲဘုရား၊ ဆုတော်ပန်ဘုရား၊သက်တော်ရှည်ဘုရား၊ ဗိုလ်ဖြူဘုရားနှင့် လက်ကြွယ်တောင်ဓာတ် ပုထိုးတော်တို့ကို တည်ထားခဲ့သော ရခိုင်ဘုရင်မင်းတစ်ပါးကို့ သမိုင်းလိမ် ဘင်္ဂလီအုပ်စုတို့ကတာ့ ဤမင်းကို အလ္လာလ်ကို ကိုးကွယ်သော မူဆလင်မင်းဟု ရေးသားဝါဒဖြန့်နေကြသည်။
သဇာတမင်းကို မူဆလင်မင်းတစ်ပါးဟုဆိုလျှင် ကမ္ဘာမှာ မူဆလင်မင်းတစ်ပါး တည်ထားကိုးကွယ်ခဲ့သော ဘုရားဆင်းတုတစ်ဆူ၊ စေတီတစ်ဆူလောက် သက်သေပြပေးပါ။
မောင်ဖြူ (ကြွီတဲကျွန်း)
20.3.2025
Subscribe to:
Post Comments (Atom)
No comments:
Post a Comment