Thursday, July 16, 2026


ရခိုင်သမိုင်းတွင် မြောက်ဦးခေတ်Mrauk-U Period)သည် နိုင်ငံရေး၊ စီးပွားရေး၊ စာပေ၊ နက္ခတ်

ဗေဒင်၊ ဂမ္ဘီရ၊ ယဉ်ကျေးမှု အနုပညာများ အမြင့်ဆုံး ဖွံ့ဖြိုးတိုးတက်ခဲ့သော ခေတ်ကာလဖြစ်သည်။   အေဒီ

(၁၄၃၀) ခုနှစ်တွင် မင်းစောမွန်က မြောက်ဦးကိုတည်ထောင်ပြီးနောက် ဘင်္ဂလား၊ အိန္ဒိယ၊ သီဟိုဠ်၊ အင်းဝ၊

အရှေ့တောင်အာရှနိုင်ငံများနှင့် ယဉ်ကျေးမှု ဆက်သွယ်မှုများ ရှိခဲ့သည်။

ထိုသို့သော ယဉ်ကျေးမှုဖလှယ်မှုများကြောင့် ရခိုင်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူတန္တရပညာ၊ နက္ခတ်ဗေဒ၊ သချာ

ဂဏန်းဗေဒနှင့် ယန္တရား အင်းပညာရပ်များ ပေါင်းစပ်ဖွံ့ဖြိုးလာခဲ့သည်။ ယင်းအမွေအနှစ်များထဲတွင် ယနေ့

တိုင် ပဟေဠိဆန်စွာ ကျန်ရှိနေသော အရာတစ်ခုမှာ မြောက်ဦးဒေသတွင်တွေ့ရသော အင်းကွက်ကျောက်

ပြားများပင် ဖြစ်သည်။

              အေဒီ ၁၅ ရာစုမှ ၁၈ ရာစုအထိ အာရှတိုက်တွင် ခမ်းနားထည်ဝါခဲ့သော မြောက်ဦးမင်းနေပြည်

တော်ကြီးသည် စစ်ရေးဗျူဟာ၊ ခံတပ်မြို့ရိုးနှင့် ၊ ရေကျုံ၊ နွံကျုံး၊ ရေကိုလက်နက်အဖြစ် အသုံးချ အင်ဂျင်နီ

ယာအတတ်ပညာရပ်များတွင်သာမက လျှို့ဝှက်ဆန်းကြယ်လှသော လောကီဂမ္ဘီရပညာရပ်များတွင်လည်း

အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ထိုခေတ်ကာလက တိုင်းပြည်၊ ထီးနန်းနှင့် မြို့တော်ရေရှည်တည်တံ့ခိုင်

မြဲရေးအတွက် ရာဇပုရောဟိတ်များနှင့် အင်းဆရာကြီးများ စီရင်စိုက်ထူခဲ့သည့် အထောက်အထားများ ရှိခဲ့

ကြရာ၊ ရုပ်ပုံသင်္ကေတ၊ ဂဏန်း အက္ခရာများဖြင့် ဆန်းကြယ်စွာ ဖွဲ့စည်းစီရင်ထားသော ကျောက်ချပ်သည်

ယတ္တြရာအစီအရင်ပညာနှင့် အင်းပညာပေါင်းစပ်မှုတွင် ထူးခြားသော သမိုင်းအမွေအနှစ်တစ်ခု ဖြစ်သည်။

             ယခုဖော်ပြပါအင်းကွက်သည် သာမန်စတုရန်းကွက်အတွင်း ဂဏန်းနှင့် အက္ခရာသက်သက်သာ

ရေးထွင်းထားသည့် သင်္ချာအင်းမျိုး မဟုတ်ဘဲ၊  လောကီပညာရပ်၌ အဆင့်အမြင့်ဆုံးဖြစ်သည့် " ရုပ်ပုံနှင့်

ဂဏန်း+ အက္ခရာ ပေါင်းစပ်ထားသော ဗာသုကီနဂါးမင်းအင်း (ခေါ်) နဂါးပတ်အင်းကြီး" အမျိုးအစား

ဖြစ်သည်။

             အင်းကွက်၏ ဗဟိုချက်နှင့် ပတ်ပတ်လည်တွင် ရစ်ပတ်ထားသော ရုပ်ပုံသင်္ကေတများမှာ  နဂါး

ကဲ့သို့သော တန်ခိုးရှိသော ကာကွယ်ရေးသတ္တဝါတို့ ရှုပ်ထွေးစွာ ရစ်ပတ်နှောင်ဖွဲ့ထားသည့်ပုံမျိုး ဖြစ်သည်။

လောကီပညာတွင် နဂါးပုံသဏ္ဌာန်ကို အင်းကွက်ကြား၌ ရစ်ပတ် ထည့်သွင်းထားခြင်းသည် နတ်နဂါးတို့၏

စွမ်းအားဖြင့် ဘေးအန ္တရာယ်ကာကွယ်ခြင်းကို ဆိုလိုသည်။   အင်းကွက်ငယ်များစွာကို နဂါး၏ ကိုယ်ထည်

အစိတ်အပိုင်းများသဖွယ် ဖွဲ့စည်းထားခြင်းမှာ အကွက်စုံ နဂါးပတ်အင်းကြီးအဖြစ် ပီပြင်လှပြီး၊ ရုပ်ပုံ၏ဗဟို၊

အမြီး၊ ဦးခေါင်း တည်ရှိရာ အရပ်မျက်နှာအလိုက် ဂဏန်း+အက္ခရာများ၏ ဓာတ်သဘာဝကို အပြန်အလှန်

ထိန်းကျောင်းစေရန် အကွက်စိပ်များဖြင့် စနစ်တကျ စီမံထားခြင်း ဖြစ်သည်။

              နက္ခတ်ပညာတွင် ကောင်းကင်ယံရှိနက္ခတ်တာရာများ၏ အနေအထားကို မြေပြင်ရှိရုပ်ပုံများနှင့်

နှိုင်းယှဉ်စီရင်လေ့ရှိရာ ဤအင်းကွက်သည် နက္ခတ်ဗေဒနှင့်များစွာသက်ဆိုင်နေသည်။ နဂါးသင်္ကေတသည်

နက္ခတ်ဗေဒတွင် ရာဟုနှင့် ကိတ်ဂြိုဟ်တို့ကို ကိုယ်စားပြုသည်။

             ရခိုင်ယဉ်ကျေးမှုတွင် နဂါးတို့သည် မြေစောင့်နတ်၊ ရေစောင့်နတ်၊ ဥစ္စာဘဏ္ဍာစောင့်အဖြစ် နိုင်ငံ

ကာကွယ်သူအဖြစ် ယုံကြည်ခဲ့ကြသည်။ နဂါးနှစ်ကောင်ရစ်ပတ်နေခြင်းမှာ နေနှင့်လ၊ အထက်ကောင်းကင်

နှင့် အောက်မြေကြီး၊ အာကာသစွမ်းအား နှင့် မြေစွမ်းအားတို့၏ ပေါင်းစည်းမှုကို ကိုယ်စားပြုသည်။ အထူး

သဖြင့် နဂါးနှစ်ကောင် ရစ်ပတ်နေသည့် ပုံစံသည် ကောင်းကင်ယံမှ ပြင်းထန်ဆိုးရွားသော စွမ်းအားများကို

လမ်းလွဲှပယ်ဖျက်ရန် စီရင်ထားသည့် နက္ခတ်အစီအရင် တစ်ခုလည်း ဖြစ်နိုင်သည်။

               ထို့အပြင် ရက်၊ လ၊ ရာသီအလိုက် "နဂါးဦးခေါင်းလှည့်ရာအရပ်" သတ်မှတ်ချက်များရှိသဖြင့်

ဤအင်းကွက်ကို နန်းတော် သို့မဟုတ် မြို့ရိုး၊ ရေးတံခါး၊ ရေကျုံးနေရာတစ်ခုခုတွင် အစီအရင်သဘော ပြု

လုပ်ရာ၌ နဂါးဦးခေါင်းလှည့်လမ်းကြောင်းနှင့် ကိုက်ညီအောင် တွက်ချက်စိုက်ထူခဲ့ခြင်းလည်းဖြစ်နိုင်သည်။

             မြောက်ဦးခေတ်တွင် နက္ခတ်ပညာရှင်များမှ ကောင်းကင်ရှိနက္ခတ်များကို ကြည့်သောတောင်ရှိ

ခဲ့သည်။ ထိုတောင်ကို ယနေ့တိုင် “နက္ခတ်တောင်”ဟု ခေါ်တွင်နေကြသေးသည်။

                 ကြီးမားရှုပ်ထွေးပြီး စတုရန်းကွက်ငယ်ပေါင်းများစွာကို အရပ်မျက်နှာအလိုက် ဖြန့်ကျက်ထား

သည့် အင်းကြီးများကို "ဗာသုကီနဂါးမင်း ယန္တရားအင်းကြီး " အဖြစ် သတ်မှတ်နိုင်သည်။ ၎င်းကို စီရင်ရ

ခြင်း၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် အချက်နှစ်ချစ်ရှိသည်။

               ပထမအချက်မှာ ဒေါသမာန်ထနေသော နဂါးရုပ်ပုံဖြင့်စီရင်ထားခြင်းမှာ မြောက်ဦးမြို့တော်ကို

ကျူးကျော်လာမည့် တိုင်းတပါးရန်သူတပ်များ မြို့ရိုး၊ ရေကျုံး၊ နွံကျုံးများကို မည်သို့မျှ ဖြတ်ကျော်၍ မရစေ

ရန် စီမံထားခြင်းဖြစ်သည်။ ရန်သူများ ဤအစီအရင်စက်ကွင်းအတွင်း ရောက်လာပါက အဆိပ်တောက် မိ

သကဲ့သို့၊ မူးဝေခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်ခြင်းနှင့် တပ်ပျက်ခြင်းများ ဖြစ်စေရန် ရည်ရွယ်သည်။

               ဒုတိယအချက်မှာ ရိုးရာယုံကြည်မှုအရ နဂါးသည် ပင်လယ်သမုဒ္ဒရာ ရေကိုစောင့်သည်ဟု ယုံ

ကြည်ကြသည်။ သို့ဖြစ်၍ ဤအစီအရင်အင်းကွက်သည် ရေကျုံး၊ နွံကျုံး၊ ရေတံခါး၊ရေပြွန်၊ရေထွက်ပေါက်၊

 ချောင်း၊ မြောင်းများကို နတ်နဂါးစွမ်းအားများဖြင့် ကာကွယ်သည့် စီရင်ထားခြင်းလည်း ဖြစ်နိုင်သည်။ 

               ဤကဲ့သို့ ရုပ်ပုံနှင့် အင်းကွက်များကို ပေါင်းစပ်စီရင်သော ပညာရပ်သည်  ရခိုင်ရိုးရာ လောကီ

ကျမ်းစာများတွင် အလွန်ထင်ရှားသလို၊ ကမ္ဘာ့ရှေးဟောင်း ဂမီ ္ဘရ ယဉ်ကျေးမှုနယ်ပယ်တွင်လည်း တွေ့ကြ

ရသည်။ ရှေးဟောင်းစာပေကျမ်းဂန်များတွင် အောင်နိုင်ရေးအတွက် ဆင်ပတ်အင်း၊မြင်းပတ်အင်း၊နဂါးပတ်

အင်းများကို စီရင်ရာ၌ သတ္တဝါတို့၏ ကိုယ်ထည်ပေါ်တွင် စတုရန်းကွက်များစိပ်လျက် ဂဏန်း၊ အက္ခရာများ

ထည့်သွင်းထားသည့် အစီအရင်များရှိကြသည်။ “ဗာသုကီနဂါးမင်းအင်း ခေါ် နဂါးပတ်အင်း” အင်းကွက်

သည်  ထိုအစီအရင်မျိုး  ရေရှည်တည်အောင် ကျောက်ထက်အက္ခရာ တင်ထားသော အင်းကွက်တစ်ခုဖြစ်

မည်ဟုယူဆရသည်။

              ရှေးဟောင်း ဟိန္ဒူ ဂမီ ္ဘရပညာတွင်လည်း ဆာဒူကြီးများ နှင့် တန္တရပညာရှင်များသည် ဗာသုကီ

နဂါးမင်း၏ ရုပ်ပုံကို အကွက်စိပ်များဖြင့် ဖန်တီးကာ နဂါးယန္တရား (Naga Yantra) များ ပြုလုပ်လေ့ရှိကြရာ၊

မြောက်ဦးခေတ် ဦးမြဝါကဲ့သို့သော ဂမီ ္ဘရအင်းပညာရှင်ကြီးများသည် အိန္ဒိယမှယူဆောင်လာခဲ့သည့် ဂမ္ဘီရ

နည်းပညာများနှင့် ဆက်စပ်နေသော အင်းကွက်လည်း ဖြစ်နိုင်ပါသည်။

            ဟိန္ဒူဒဏ္ဍာရီ၌ ဗာသုကီနဂါးမင်းကို အလွန်တန်ခိုးကြီးသော "ပင်လယ်သမုဒ္ဒရာစောင့်နတ်နဂါး

အဖြစ်ယုံမှတ်ကြသည်။ ဗာသုကီ(Vāsukī)ဆိုသည်မှာ သက္ကတဘာသာ "ဝသု (Vasu)" ပုဒ်မှ ဆင်းသက်

လာပြီး "ကျောက်မျက်ရတနာ၊ ကြွယ်ဝချမ်းသာခြင်း သို့မဟုတ် ဘဏ္ဍာတိုက်" ဟု အဓိပ္ပာယ်ရပါသည်။

            ထို့ကြောင့် "ဗာသုကီ"၏ တိုက်ရိုက်အနက်မှာ "မြေအောက်၊ရေအောက် ရတနာဘဏ္ဍာတိုက်ကို

ကာကွယ်စောင့်ကြပ်သော နဂါးမင်း" ဟု အဓိပ္ပာယ်ရသည်။

            ဟိန္ဒူဒဏ္ဍာရီအရ နတ်ဘုရားများနှင့် အသူရာများသည် သေခြင်းကင်းသော"အမြိုက်ဆေးရည်"

ရရှိရန်အတွက် မန္ဒရတောင်ကို “တိုင်” လုပ်ကာ သမုဒ္ဒရာကို မွှေနှောက်ကြသည်။ ထိုသို့မွှေနှောက်ရာတွင်

ဗာသုကီနဂါးမင်းကြီးက မိမိကိုယ်ထည်ကို ကြိုးအဖြစ် အသုံးခံကာ မန္ဒရတောင်တွင် ရစ်ပတ်ပေးခဲ့သည်။

နတ်ဘုရားများက အမြီးဘက်ကဆွဲ၊ အသူရာများက ခေါင်းဘက်ကဆွဲပြီး၊ သမုဒ္ဒရာကိုမွေနှောက်ခဲ့ကြခြင်း

ဖြစ်သည်။  ထိုသို့ မွှေနှောက်စဉ် ပြင်းထန်လှသောအရှိန်ကြောင့် ဗာသုကီနဂါးမင်းကြီးထံမှ လောကသုံးပါး

ကို ပျက်စီးစေနိုင်သည့် အဆိပ်ရည်များ ထွက်လာခဲ့ရာ၊ သီဝနတ်ဘုရားက လောကကြီးကို ကယ်တင်ဖို့ရန်

အတွက် ထိုအဆိပ်ရည်များကို မျိုချခဲ့ရသည်။  ထို့ကြောင့် သီဝနတ်ဘုရား လည်ပင်းသည် အဆိပ်ကြောင့်

ညိုမည်းသွားပြီး၊“နီလကဏ္ဍ”ဟု ဘွဲ့အမည်တွင်ခဲ့သည်။ နောက်ပိုင်းတွင် ဗာသုကီနဂါးမင်းသည် သီဝနတ်

ဘုရား၏ လည်ပင်းတွင် အမြဲရစ်ပတ်စောင့်ရှောက်ရသော တာဝန်ကိုယူရသည်။ ကြေးပြားပေါ်၌စီရင်ထား

သော အိန္ဒိယမှ ဗာသုကီနဂါးမင်းအင်း(ခေါ်) နဂါးပတ်အင်းပုံ (ပုံ-ဝ)

အိန္ဒိယမှ ဗာသုကီနဂါးမင်းအင်းကွက်

 

               ဗုဒ္ဓသာဘသာ စာပေများဖြစ်သော (မဟာသမယသုတ်နှင့် အာဋာနာဋိယသုတ်)တို့တွင်လည်းဗာသုကီနဂါးမင်းကို " ဝါသုကီနဂါးမင်း " ဟု ဖော်ပြလေ့ရှိပြီး၊  မြတ်စွာဘုရားအား လာရောက်ဖူးမြော်ကာသာသနာတော်ကိုစောင့်ရှောက်သည့် တန်ခိုးကြီးနဂါးမင်းအဖြစ် ရည်ညွှန်းထားကြသည်။ ထိုသုတ်တော်၌နဂါးမင်းများနှင့် ဂဠုန်မင်းများ ဘုရားရှင်ထံလာရောက်ခြင်းကို ဖော်ပြသော"နာဂဝဂ္ဂ" (နဂါးကဏ္ဍ)မှာ ဝါသုကီနဂါးမင်း၏ အမည်ကို တွေ့နိုင်သည်။ ထုတ်နှုတ်တင်ပြရသော်-

  

                   "တေဇောဟာရာ သဟဿာကာ၊ ဇလန္တာ ယသဿိနော။

                   ဝါသုကီ နာဂါ သဟဿာ၊ ယမုနာ ဓတရဋ္ဌာ စ အာဂတာ။"

        အဓိပ္ပာယ်မှာ-တန်ခိုးကြီးမား၍ အခြံအရံများပြားကာ၊ ကိုယ်ရောင်ကိုယ်ဝါ တောက်ပကြကုန်သော

ဝါသုကီနဂါးမင်းတို့သည်လည်းကောင်း၊ ယမုနာမြစ်၌ နေထိုင်ကြကုန်သော နဂါးတို့သည်လည်းကောင်း

၊ ဓတရဋ္ဌနတ်မင်းကြီး၏ အနွယ်ဝင် နဂါးမင်းတို့သည်၎င်း (မြတ်စွာဘုရားရှင်ထံသို့) လာရောက်ကြကုန်ပြီ။                            (မဟာသမယသုတ္တံ၊ ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိ)

            

              ထို့အပြင် “အာဋာနာဋိယသုတ်”၌  အနောက်ဘက်အရပ်ကို စောင့်ရှောက်သော  ဝိရူပက္ခနတ်မင်းကြီး၏ သားတော်များဖြစ်ကြသည့် နဂါးမင်းများအကြောင်းကို ဝေဿဝဏ်နတ်မင်းကြီး လျှောက်ထားရာ၌လည်း ဝါသုကီ နဂါးမင်းအမည်ကို တွေ့နိုင်သည်။ ထုတ်နှုတ်တင်ပြရသော်-

                             "ဧတေ စညေ စ ဗဟဝေါ၊ နာဂါ ဣဒ္ဓိမဟိန္ဓိကာ။

                            ဝါသုကီ ဓတရဋ္ဌာ စ၊ ဧရဝဏ္ဏော စ မဟာနာဂေါ။"

       အဓိပ္ပာယ်မှာ- အလွန်တန်ခိုးကြီးမားကြကုန်သော ဤနဂါးမင်းကြီးများနှင့်တကွ ဝါသုကီနဂါးမင်းကြီး၊ဓတရဋ္ဌနဂါးမင်းကြီးနှင့် ဧရာဝဏ်ဆင်မင်းကဲ့သို့ တန်ခိုးကြီးမားလှသော နဂါးမင်းကြီးတို့သည်လည်း (မြတ်စွာဘုရားရှင်နှင့် သာသနာတော်ကို စောင့်ရှောက်ရန်) ရှိကြကုန်၏။

                               (အာဋာနာဋိယသုတ္တံ၊ ဒီဃနိကာယ်၊ ပါထိကဝဂ္ဂပါဠိ)

            ဤအင်းကွက်သည် ရှေးဟောင်းရခိုင်အင်းပညာ၌ "ဗာသုကီနဂါးမင်းအင်း" ခေါ် နဂါးပတ်အင်း"

များသည် ဤဗာသုကီနဂါးမင်းကြီး၏ စွမ်းပကားကို အမှီပြု၍ စီရင်ခြင်း ဖြစ်ကြသည်။ ဗာသုကီနဂါးမင်းကြီး

သည် သမုဒ္ဒရာမွှေနှောက်စဉ်က တောင်ကြီးတစ်လုံးလုံးကို မပြုတ်ကျအောင် ရစ်ပတ်ထိန်းချုပ်နိုင်ခဲ့သည့်"မဟာစွမ်းအား" ရှိသဖြင့်၊ ၎င်း၏ပုံသဏ္ဌာန်ဖြင့် စီရင်သော အင်းကွက်များသည်  ရန်သူများ မကျော်လွှားနိုင်အောင် စီရင်ပြုလုပ်ခြင်းနှင့် ရေနှင့်ပက်သက်သော  စောင့်ကြပ်ခြင်းတို့အတွက် အလွန်စွမ်းထက်သည်ဟု ယုံကြည်ကြပါသည်။ 

                မြောက်ဦးခေတ် ဝါသုကီနဂါးပတ် အင်းကျောက်ချပ်သည်  သာမန်ယုံကြည်မှု ပုဂ္ဂိုလ်ရေး ကံ

ကောင်းခြင်း လာဘ်လာဘအတွက် စီရင်ထားခြင်းမျိုး မဟုတ်ဘဲ၊  မြောက်ဦးမြို့တော်၏ ရေနှင့်ပက်သက်

သော ရေကျုံး၊ နွံကျုံး၊ ရေတံခါး၊ ရေပြွန်၊ရေလမ်းကြောင်း၊ ကာကွယ်ရေးနှင့် ဂြိုဟ်နက္ခတ်ဆိုးများကို လမ်း

လွဲှပယ်ဖျက်ရေးတို့အတွက် စီရင်ခဲ့သော "အစီအရင်အင်းကွက်ကြီး" ဖြစ်နိုင်ခြေများလှသည်။

              ဝါသုကီနဂါးပတ် အင်းကျောက်ချပ်သည် သင်္ချာ၊နက္ခတ်ဗေဒနှင့် စစ်ရေးဗျူဟာအစီအရင်တို့ကိုကျောက်သားထက်၌ အနုပညာမြောက်စွာပေါင်းစပ်ထွင်းထုခဲ့သည့် မြောက်ဦးခေတ်၏ လောကီဂမ္ဘီရပညာတစ်ခုအဖြစ် သမိုင်းတွင် ထင်ရှားစွာ ကျန်ရစ်နေမည်ဖြစ်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

        မှတ်ချက်။   ဓာတ်ပုံကို “မဟိ ံသကအဖိုးသျှင်”ထံမှ ပေးပို့ပါသည်။ မိမိလက်ခံရရှိသော ဓာတ်ပုံမှာအရည်အသွေးညံ့သောကြောင့် ရုပ်ပုံ၊ ဂဏန်း+အက္ခရာ + သင်္ကေတများမှာ မှုံးဝါး ပျက်စီးနေသော အနေအထားဖြစ်နေခြင်းတွေ့ရသည်။

         သို့ဖြစ်၍ အင်းကွက်ပါ ဂဏန်း၊ အက္ခရာတို့ကို ပြည့်စုံစွာ မဖော်ထုတ်နိုင်ခဲ့ပါ။ မူရင်း အရည်အသွေး

ကောင်းဓာတ်ပုံရရှိပါက ဂဏန်း+အက္ခရာ+သင်္ကေတများ ပိုမိုပုံဖော်နိုင်မည်ဖြစ်သည်။ ထိုကြောင့် အချက်အလက်များပြည့်စုံစွာ မရရှိသေးသဖြင့် လက်ရှိတွင် အင်းကွက်၏ မူလအဓိပ္ပာယ်ကို အတည်မပြုနိုင်သေးဘဲ၊ စာရေးသူ၏ ခန့်မှန်းယူဆချက်သာဖြစ်ပါကြောင်း ဝန်ခံအပ်ပါသည်။

             ဤဗာသုကီနဂါးမင်းအင်းကွက်ပါ ကျောက်ပြားနှစ်ချပ်ကို မြောက်ဦးမြို့၊ ဦးမြဝါတောင် ဘုန်းကြီး

ကျောင်း၌ ထိန်းသိမ်းထားသည်။


 

မောင်ဖြူ (ကြွီတဲကျွန်း)

15.7.2026

 

 

 

 

No comments:

Post a Comment