ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Saturday, March 22, 2025
မင်းဒေါလျာ(ခ) မင်းသုဒ္ဓေါလျှာ(ခ) မောခုသျာ (ရခိုင်သက္ကရာဇ် ၈၄၄-၈၅၄၊ အေဒီ ၁၄၈၂-၁၄၉၂)
*********************************************************************
မင်းဒေါလျာသည် ဖခမည်းတော် ဘစောဖြူမင်းအားး ပုန်ကန်၍ နန်းတက်လာသူဖြစ်သည်။ ဤမင်းလက်ထက် (အေဒီ ၁၄၈၇) ခုနှစ်တွင် စစ်တကောင်းကို သိမ်းယူနိုင်ခဲ့ပြီး၊ တရိပူရ ကိုလည်းတိုက် ခိုက်အောင်မြင်ခဲ့သည်။ မင်းဒေါလျာနတ်ရွာစံပြီးနောက် စစ်တကောင်းသည် ရခိုင်၊ ဆူလတန်အင်ပါယာ၊ တရိပူရတို့ အားပြိုင်ရာဒေသဖြစ်သောကြောင့် ရခိုင်တို့ စစ်တကောင်မြို့ကို လက်လွှတ်ရပြီး၊ ရာမူး၊ ပင်းဝါအထိ ဆုတ်ပေးလိုက်ရသည်။
မင်းဒေါလျာသည် မြောက်ဦးမြို့ လက်ဆည်ကန်အနီး တောင်တန်းထိပ်၌ ဗုဒ္ဓစာပေကျမ်း ဂန်လာ သုံးဆယ့်တစ်ဘုံ တည်ရှိမှုကို အကြောင်းပြု၍ လျောင်းတော်မူဘုရားတစ်ဆူကို ၀ိုင်းရံလျှက် တံ တိုင်းပတ်လည် မုခ်ဂူငယ်များ၌ ဗုဒ္ဓဆင်းတုတော် (၃၁) ဆူကို တည်ထားခဲ့သော ဗုဒ္ဓဘာသာဝင် မင်းတစ်ပါးဖြစ်သည်။
မင်းဒေါလျာသည် ဒင်္ဂါးနှစ်မျိုး ထုတ်လုပ်ခဲ့၏။ ပထမဒင်္ဂါးမှာ ဆင်ဖြူတော်မရမီက ခပ်နှိပ်သောဒင်္ဂါးဖြစ်ပြီး၊
ဒုတိယဒင်္ဂါးမှာ ဆင်ဖြူတော် ရပြီးသောအခါ ခပ်နှိပ်သော ဒင်္ဂါးဖြစ်သည်။ ထို့ကြောင့် ပထမဒင်္ဂါးကို မင်းဒေါလျာ ဟု
ဖော်ပြကြပြီး၊ ဒုတိယဒင်္ဂါးကို ဆင်ဖြူရှင်မင်းဒေါလျာ ဟုဖော်ပြကြသည်။ မင်းဒေါလျာနောက်ပိုင်း ဆက်ခံသောမင်းများ
သည် ဒင်္ဂါးများကို ရာမူးပင်းဝါ ဒင်္ဂါးစက်ရုံမှ ခပ်နှိပ်ခဲ့ကြသည်။
မင်းဒေါလျာဒင်္ဂါးများ၏ (အချင်းမှာ ၂၆ မီလီမီတာ မှ ၂၉ မီလီမီတာ)ထိရှိကြပြီး၊ အလေး ချိန်မှာ (၉.၆ ဂရမ် မှ ၁၀.၀၄ ဂရမ်) အထိ ရှိကြသည်။ ဆင်ဖြူသျှင် မင်းဒေါလျာ ဒင်္ဂါးနှစ်ဘက် စလုံးတွင် ဆင်ဖြူသျှင် ဘစောဖြူ ဒင်္ဂါးကဲ့သို့ ပါရှန်စာဖြင့် ရေးထိုးခပ်နှိပ်ထားသည်။ မင်းဒေါလျာမင်း ဆင်ဖြူတော် မရမီက ခပ်နှိပ်ခဲ့သော ဒင်္ဂါးတွင် ရှေ့ဖက်၌ - (Kalima+chatsanah ) ကလီမာ + ခတ်ဆနဟ် ဟူ၍လည်းကောင်း၊ ကျောဖက်၌ - Al-sultan/ bin al-sultan / taj al-dunya wa al- din/ abu al- faith Dhal(ia)/ (Bin ***) အလ် ဆူလတန်/ဘင်-အလ်ဆူလတန်/တဂ်အလ်ဒန်ည၀ါအလ်ဒင်/အဘူအလ်ဖတိဟ်ဒဟ်လီယာ/(ဘင်***) ဟူ၍ လည်းကောင်း ဖွင့်ဆိုကြသည်။
ဆင်ဖြူတော်ရပြီး ခပ်နှိပ်သည့် မင်းဒေါလျာ ဒင်္ဂါး ရှေ့ဘက်၌ပါသောစာကို - (Al- sultan/ bin al – sultan/ taj al- dunya/ wa al- din) = “ဆူလတန်/ ဘင်-အလ်ဆူလတန်/ တဂ်ျ အလ် ဒန် ည/ ၀ါအလ်ဒင်” ဟူ၍လည်းကောင်း၊ ကျောဘက်၌ ပါသောစာကို-(Abu al-nasr/ Saheb Fil/ Dauliya muzaffar/ Shah al- sultan)= “အဘူ အလ် နာစ်/ ဆဟိဘ်ဖိလ်/ ဒအူလီယာမူဇဖ်ဖား/သျှား အလ်ဆူ လတန်” ဟူ၍လည်းကောင်း ဖော်ပြကြသည်။
လျောင်းတော်မူဘုရားနှင့် (၃၁)ဘုံဘုရားကို တည်ထားခဲ့သော ရခိုင်မင်းတစ်ပါးကို ထိုမင်းခပ်နှိပ်ခဲ့
၌ ပါရှန်စာ ရေးထိုးပါရှိခြင်းကြောင့် ငါတို့မူဆလင်မင်းဖြစ်သည်ဟု ရေးသားပြောကြားဖော်ပြနေသူများ
အရှက်တရားနည်းနည်းရှိကြပါလို့ ပြောပါရစေ။
ကိုးကား -၁။ စံသာအောင် ၊ဦး။ (၁၉၇၉)။ ရခိုင်ဒင်္ဂါးများ။ (နှာ-၃၄-၃၅)
၂။ အောင်ဇံ။ ရခိုင်မဂ္ဂဇင်း (အမှတ်-၃၀)။ မြောက်ဦးခေတ်ဦး ရခိုင်မင်းတို့၏ ဒင်္ဂါးများ(စာ-၁၉၁-၁၉၂)
၃။ အောင်ဇေယျ(ဓည၀တီ)။ ရက္ခပူရကြေးမုံကျမ်း၊ (စာ-၂၉၀)
၎။ Mitchiner,Michael.(2000).The Land Water ( p-107)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment