Saturday, March 22, 2025

ရခိုင်ဘုရင် မင်းရာဇာ (အေဒီ ၁၅၀၁-၁၅၁၃)

******************************** မင်းရာဇာ ( Sikandar) ဒင်္ဂါးများ အချင်းမှာ (၂၆ မီလီမီတာ မှ ၂၈ မီလီမီတာ)အထိ ရှိကြ ပြီး၊ အလေးချိန်မှာ (၈.၄၆ ဂရမ် မှ ၉.၆၄ ဂရမ်)အ ထိ ရှိကြသည်။ ဒင်္ဂါးနှစ်ဘက်စလုံးတွင် ပါရှန်စာဖြင့် ရေးထိုးခပ်နှိပ်ထားသည်။ ဒင်္ဂါးမျက်နှာဘက်ပါ ပါရှန်စာကို အိန္ဒိယ ဒင်္ဂါးသုတေသီ မီချီနာ က - ( La Ilah ala/ allah Mohammed/ rasul allah/ khalad allah/ [mulkahu]) လာ အလ္လာဟ် အလာ/ အလ္လာဟ် မိုဟမ္မဒ်/ ရာဆူအလ္လာဟ်/ ခါလဒ် အလ္လာဟ်/ (မူလ်ခါဟ) ဟူ၍လည်းကောင်း၊ ဒင်္ဂါးကျောဘက်စာကို- (Sultan rahman/ ** tr Sikamdar (Shah)/bin( uncertain)/ (al-Sulan) (ဆူလတန်ရာဟ်မန် /** ဆီကန်ဒါသျာ / ဘင်--- / အလ် ဆူလတန်) ဟူ၍လည်းကောင်း ဖွင့်ဆိုသည်။ (ပုံ - ၁၁၂) မင်းရာဇာဒင်္ဂါးကို ဘင်္ဂလားဒေခ်ျ့နိုင်ငံ (Cox Bazar) ရခိုင် အခေါ် ဖလောင်းချိတ်မြို့သစ်မှရ ရှိသည်ဟု ဖော်ပြထားသည်။ မင်းရာဇာသည် ပြည်သူတို့၏ စီးပွားချမ်းသာကို လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုဘဲ၊ မင်းစည်းစိမ်၌သာ ခံစားနေပြီး၊ အပျော်အပါးလိုက်စားသည်။ နှစ်တိုင်းသံတွဲသို့ ဆင်ဖမ်းထွက် တော်မူသည်။ ဤမင်းလက်ထက် ပြည်သူတို့ ဆင်းရဲကြလေသည်။ မင်းရာဇာသည် မြောက်ဦးနန်းတော် ၌ (၁၂ နှစ်)တိုင်တိုင် နန်းစံမင်းလုပ် အုပ်ချုပ်ခဲ့သည်။ မင်းရာဇာသည် ရခိုင်ဗုဒ္ဓဘာသာဝင် မင်းတစ်ပါး ဖြစ်သည်နှင့်အညီ မြောက်ဦးမြို့ရှိ “ထင်တော်မူဘုရား” ကို တည်ထားကိုးကွယ်ခဲ့သည်။ ဤမင်းလက်ထက် မြောက်ဦးမြို့ကို နန်းသက်ကုန်ပြီဟူ၍ ဝေသာလီမြို့ကို ပြန်လည်တည် ထောင်တော်မူသည်။ ပုရိန် သက်တို့ ပုန်ကုန်၍ ဝေသာလီနန်းမှ ဆင်းပြေးရလေသည်။ ကျမ်းကိုး ဦးစံသာအောင်၊ဦး။ (၁၉၇၉)။ ရခိုင်ဒင်္ဂါးများ။ (စာ-၃၆၊ ပုံ ၂၂ ခ) Mitchiner,Michael.(P-108/ Photo 242)

No comments:

Post a Comment