ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
အပြီးသတ် အစီရင်ခံစာ တင်သွင်းရန် ရခိုင်ပြည်နယ်သို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၂၀၁၃ ခုနှစ် ပထမအပတ်အတွင်း ထပ်မံသွားရောက်မည်
----------------------------------------------------------Ref: EMG
ရခိုင်ပြည်နယ် ပဋိပက္ခများ အပြီးသတ် အစီရင်ခံစာ တင်သွင်းနိုင်ရန်
စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ပထမအပတ်အတွင်း
ရခိုင်ပြည်နယ် ဒေသများသို့ သွားရောက်ပြီး လိုအပ်သော အချက်အလက်များ
ကောက်ယူမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော
သတင်းထုတ်ပြန်ချက် အမှတ် (၃) အရ သိရသည်။စုံစမ်းစစ်ဆေးရေး
ကော်မရှင်အနေဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင်
နိုင်ငံတော်သမ္မတထံသို့ ကြားဖြတ်အစီရင်ခံစာ တစ်စောင်ကို ပေးပို့တင်ပြခဲ့ပြီး
ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နောက်ဆုံးအပြီးသတ် တင်သွင်းရမည့် အစီရင်ခံစာကို ၂၀၁၃ ခုနှစ်
မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ပြရန်လည်း နိုင်ငံတော်သမ္မတက ရက်တိုးမြှင့်
ပေးထားကြောင်းလည်း သိရသည်။
အဆိုပါ ကြားဖြတ်အစီရင်ခံစာတွင်
ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်း အကျဉ်း၊ ရခိုင်ပြည်နယ်အတွင်း
လူအဖွဲ့အစည်းနှစ်ခု တို့အကြား ဖြစ်ပွားခဲ့သည့် ပဋိက္ခဖြစ်စဉ်မျး၊
ဆူပူအကြမ်းဖက်မှုများကြောင့် ဆုံးရှုံးမှုများ၊ လက်ရှိရခိုင်ပြည်နယ်ရှိ
လူမှုရေး၊ စီးပွားရေး အခြေအနေများ စသည်မြေပြင် အခြေအနေ တွေ့ရှိချက်များနှင့်
ထိုတွေ့ရှိချက်များအပေါ် အခြေခံကာ ပဋိပက္ခချုပ်ငြိမ်းရေးအတွက်
လုပ်ဆောင်သင့်သည်များအပေါ် အကြံပြုချက် ၄ ချက်၊ အစိုးရအနေဖြင့်
အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များအပေါ် အကြံပြုချက် ၂၆
ချက်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အကြံပြုချက် ၉
ချက်တို့ကို အစီရင်ခံထားကြောင်းလည်း သိရသည်။
ထို့အပြင်
နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီစွာ
လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ ဘာသာရေး အစွန်းရောက်သည့် အတွေးအခေါ်များ
ဝင်ရောက်မလာရေးအတွက် တားမြစ်ကာကွယ်ရေး တရားမ၀င် ခိုးဝင်လာသူများ
မရှိစေရေးအတွက် ထိရောက်စွာ ကာကွယ်ရေး၊ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေး၊
လှုံ့ဆော်သူများကို ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူရေး၊ နိုင်ငံသား
ဥပဒေပြုရေးကိစ္စများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက်
နှစ်ဖက်လူ့အဖွဲ့အစည်းမှ ရပ်တည်ချက်သဘော မှန်ကန်သည့်
ခေါင်းဆောင်များပါဝင်သော လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်အဖွဲ့
ဖွဲ့စည်းရေး၊ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် စနစ်မကျသည့်
ဘာသာရေးကျောင်းများကို စိစစ်ကြပ်မတ်ရေး စသော အကြောင်းအရာများအပြင်
ရခိုင်ပြည်နယ် လူမှုရေး စီးပွားရေး ကဏ္ဍများကို
ထည့်သွင်းအစီရင်ခံထားကြောင်းလည်း သိရသည်။
No comments:
Post a Comment