Friday, January 18, 2013

စပိန်နိုင်ငံမှ ဓာတ်အားပေးစက် ၈ လုံး ရောက်ရှိလာ


Friday 18th January 2013

လာမယ့် နွေရာသီမှာ ရန်ကုန်မြို့ရဲ့ ဓါတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ဖို့ အတွက် ဇန်န၀ါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့ အေးရှားဝေါ ဆိပ်ကမ်းကို
စပိန်နိုင်ငံမှ ဓါတ်အားပေးစက် ၈ လုံး ရောက်ရှိ လာပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဓါတ်အားပေးစက် ၈ လုံးကို လှော်ကား ဓါတ်အားပေး စက်ရုံသို့ သယ်ဆောင်ပြီး တပ်ဆင် ထားရှိနေပြီ ဖြစ်ပါတယ်။ အဲ့ဒီ ဓါတ်အားပေး စက် ၈ လုံးဟာ လှော်ကား ဓါတ်အားပေး စက်ရုံမှာ ထပ်မံ တပ်ဆင်မယ့် ၅၀ မဂ္ဂါဝပ် အင်အားရှိ ဂစ်အင်ဂျင် ဓါတ်အားပေး စက်များထဲမှ ပထမ အသုတ် ရောက်ရှိ လာတာ ဖြစ်ပါတယ်။

အဆိုပါ ဓါတ်အားပေးစက် ၈ လုံးဟာ SFGM 560 ၊ 1025 kW ၊ Guascor (NG) အမျိုးအစား ဖြစ်ပါတယ်။ အဲ့ဒီလို ဓါတ်အားပေး စက်များ ပြည်ပ နိုင်ငံများမှ ၀ယ်ယူရ တာဟာ လာမယ့် နွေရာသီ ရန်ကုန် မြို့ရဲ့ ဓါတ်အား လိုအပ်ချက်များ အနက် ၂၀၀ မဂ္ဂါဝပ်ခန့်ကို အချိန်မီ ဖြည့်ဆည်း နိုင်ဖို့အတွက် လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ ဓါတ်အားပေး စက်များ တိုးချဲ့ တပ်ဆင်နိုင်ရေးကို ဆောင်ရွက် လျက်ရှိ နေတာ ဖြစ်ပါတယ်။ ယခု လှော်ကား ဓါတ်အားပေး စက်ရုံမှာ တပ်ဆင် လျက်ရှိတဲ့ ဓါတ်အားပေး စက်များကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ အမီ မောင်းနှင် ဓါတ်အားပေးနိုင်ဖို့ စီစဉ် ဆောင်ရွက် သွားမယ်လို့ သတင်း ရရှိပါတယ်။
=====================================
Credit MRTV-4
post by 2mzminzarnitgi
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

No comments:

Post a Comment