Sunday, January 27, 2013

ပျောက်ကွယ်လုလု မွန်လူမျိုးတို့၏ ရိုးရာမိချောင်းတူရိယာ



မိချောင်းတူရိယာရဲ့ နောက်ခံသမိုင်းကြောင်းရာဇဝင်တွေကို မွန်ဂီတ သမိုင်းလေ့လာသူ နိုင်အောက်ပိုင်က အခုလိုရှင်းပြခဲ့ပါတယ်။

“ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန် ရာမညတိုင်း ဒဂုံမြို့မှာ ဥက္ကလာပမင်း ထီးနန်းစိုးစံစဉ်ကာလမှာပေါ့။ အဲဒီအချိန် သူ့ရဲ့သားတော် မင်းနန္ဒာဟာ သံလျှင်ဘက်ကမ်းက ချစ်သူရှင်မွေ့နွန်းဆီသွားရာမှာ ငမိုးရိပ် မိချောင်းကိုဘဲ စီးသွားလေ့ ရှိတယ်။ တနေ့တော့ စီးတော် မိချောင်းငမိုးရိပ်နဲ့ ရန်သူမလက်တိုတို့ရင်ဆိုင်တိုက်ပွဲဖြစ် ခဲ့ရာမှာ မင်းသား မင်းနန္ဒာ အန္တရာယ်ကျရောက်မှာစိုးလို့ ငမိုးရိပ်မိချောင်းက အာခံ တွင်းထဲမှာငုံထားပြီး ဒဂုံဘက် ကမ်းကိုကူးလာခဲ့တယ်။ ဒီဒဂုံ ဘက်ကမ်းလဲရောက်ရော မိချောင်းရဲ့ခံတွင်းမှာရှိတဲ့မင်းသားခင်မျာ အသက် ရှုမွန်းကြပ်ပြီးအသက်ပါမလာတော့ဘူး။ အဲဒါနဲ့ဥက္ကလာပမင်းကြီးဟာ သားတော်စိတ်နဲ့ စိတ်ထောင်းကိုယ်ကြေဖြစ်နေ တယ်ပေါ့။ နောက်ဆုံးတော့ နန်းတော်ထဲ မှာမိချောင်းရုပ်ကြိုးတပ်တူရိယာတီထွင်စေပြီး သားတော်ကိုသတိရ လွမ်း
ဆွတ်တဲ့အထိန်းအမှတ်အနေနဲ့ မိချောင်းတူ ရိယာပေါ်လာခဲ့တယ်လို့ ကျွန်တော့်ဆရာ မိချောင်းတူရိယာပညာရှင် နိုင်ထဝိုင် ပြောပြခဲ့ပါတယ်။”

ကြိုးတပ်တူရိယာထဲမှာဆိုယင် ကြိုးသုံးချောင်းသာရှိတဲ့ မွန်ရိုးရာမိချောင်း တူရိယာဟာတကယ့်ကိုထူးခြား ပါတယ်။ စူးရှ တဲ့အသံလွင်လွင် လေးနဲ့ နဝင်ပီယံဖြစ်စေပြီး နားသောတအာရုံကိုလည်း ထူးထူးခြားခြားမြူးကြွစေပါတယ်။ ရှေးဟောင်း မိချောင်းတူရိယာဟာ အခြားကြိုး တပ်တူရိယာနဲ့မတူတဲ့ ထူးခြားမှုတွေကို နိုင်အောက်ပိုင်ပြောပြပါသေးတယ်။

“မိချောင်းတူရိယာနဲ့အခြားတူရိယာ ကွာဟချက်ဆိုတာက မိချောင်းဆိုတာကသူက(Slite)လုပ်လို့ရတယ်။ ဥပမာမွန်မှာ ဆိုလို့ရှိရင် လခြမ်းသူကအသံသေ။ ပတ္တလားအသံသေ။ မိချောင်းဆိုတော့(Slite )လုပ်လို့ ရတယ်။ အသံတွေကအရွေ့ အပြောင်းလုပ်လို့ရတယ်။



မြန်မာ့ရိုးရာ မိချောင်းတူရိယာက ကြိုးသုံးချောင်းတပ်ထားပြီး လက်ခတ်နဲ့တီးရတဲ့ တူရိယာဖြစ်ပါတယ်။ မိကျောင်းတကိုယ်လုံးပုံကို ပိတောက်သား သစ်သားထွင်း ပန်းပုရုပ်လုံးဖြစ်စေ၊ စစ်စီးသားရိုးကိုင်ပြီး သားရေးနဲ့ကျက်ထားတဲ့ သစ်သားကိုယ်ထည်မှာ မိကျောင်းခေါင်းနဲ့ အမြီးပုံကိုတပ်လို့ဖြစ်စေ ထုလုပ်ထားပါတယ်။

kaowao newgroupမှ ကူးယူဖော်ပြသည်။

ဘလောအနေ ဖြင့်ကြည်ရန်-

http://myanmartraditionalcollection.blogspot.com/2013/01/blog-post_5640.html?spref=fb

ကြည်ရှုနိုင်ပါသည်။

No comments:

Post a Comment