Wednesday, January 23, 2013

"ငြိမ်းချမ်းရေးမရသရွေ့ တိုင်းပြည်မဖွံ့ဖြိုးမတိုးတက်နိုင်ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးပြော"

Wednesday, January 23, 2013
ငြိမ်းချမ်းရေးမ ရရှိသေးသရွေ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် မဖြစ်နိုင်ကြောင်း ၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုကိုကြီးကပြောသည်။ " တိုင်းပြည်တိုးတက်ဖို့ဆိုရင် ငြိမ်းချမ်းရေးရှိ မှ ဖြစ်မှာ ပါ။ ငြိမ်းချမ်းရေးမရှိရင် ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်နိုင်ဘူး" ဟု ၄င်းကပြောသည်။ ၈၈မျိုးဆက်ကျောင်း သားများသည် ဇန်န၀ါရီ၁၄ရက်နေ့တွင် ဖိလစ် ပိုင်နိုင်ငံ သို့ ငြိမ်းချမ်းရေးဖော်ဆောင် မှုနှင့် ပတ်သက် ၍ သွားရောက် လေံလာခဲ့ပြီး ဇန်န၀ါရီ၁၈ရက်နေ့ တွင် မြန်မာနိုင်ငံ သို့ ပြန် လည်ရောက် ရှိခဲ့သည်။ ယနေ့ ဇန်န၀ါရီ ၂၂ရက်နေ့တွင် ပြည်ပနိုင်ငံသို့ သွားရောက်ခဲ့သည့် အတွေ့အကြုံ ရှင်းလင်းပွဲတွင် ၎င်းကထိုသို့ပြောကြားသွားခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသည် ပြည်တွင်း ပဋိပက္ခများရှိသော်လည်း ရန်သူအား တိုက်ခိုက်ခြင်းကို ဦးစားမပေးဘဲ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်သာ ကြိုးစားကြောင်း၊ ထို့အပြင် ငြိမ်းချမ်းရေး ရယူရာတွင်လည်း အစိုးရသာ ပါဝင်သည် မဟုတ်ဘဲ ပြည်သူများ ငြိမ်းချမ်းရေး အဖွဲ့အစည်များပါ ပါဝင်နိုင်ရန် စီစဉ်ထားကြကြောင်း ၎င်းကဆက်ပြောသည်။

“သူတို့တွေမှာ လက်နက်ကိုင်အချင်းချင်း ဆွေးနွေးရုံမဟုတ်ဘဲ အရပ်ဘက် ကပါ ပါဖို့ စီစဉ်ထားကြတယ်။ ပြီးတော့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေက အားကောင်းတယ်။ ရန်လိုမှုတွေ အဆုံးသတ်ဖို့ အဖွဲ့အစည်းတွေရှိတယ်။ သူပုန်ဘက်မှာလည်း အဲ့လိုမျိုးအဖွဲ့တွေ ရှိတယ်”ဟု ကိုကိုကြီးက ပြောသည်။

၈၈ မျိုးဆက်မှ ကိုမင်းဇေယျာကြီးက မြန်မာပြည်တွင် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပွင့်လင်းမြင်သာမှုရှိရန်၊ မယုံကြည်မှု လွန်ကဲနေခြင်းတို့အား ကြားမှ ၀င်ရောက်ဖြေရှင်းပေးနိုင် ရန် ပြည်သူများ ပါဝင်နိုင်သည့် အခွင့်အရေးကို ခွင့်ပြုရန် စသည့်အချက်များ လိုအပ်နေကြောင်း ပြောသည်။

“ကျွန်တော်တို့ နိုင်ငံမှာ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်ရမလဲ ဆိုတာ ကို အစိုးရနဲ့အတူ ပြည်သူတွေ၊ အဖွဲ့အစည်းတွေ ပါဝင်ဖို့ လိုပါတယ်” ဟု ၎င်းကပြောသည်။

ပြည်တွင်း၌ အစိုးရနှင့် KIAတို့ တိုက်ပွဲများ ဖြစ်ပွားနေသလို ရခိုင်အပါ အ၀င် ဒေသအချို့၌ လည်း ပဋိပက္ခများ ဖြစ်ပွားခဲ့ကြသည်။

Popular Myanmar News Journal

No comments:

Post a Comment