ဒုတပ်ကြပ်စိုးဝင်းအား ခုတ်သတ်သူ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင်
သေနတ်လုစဉ် အတွင်း ဓါးခုတ်ခံရသည့် ဒုတပ်ကြပ် စိုးဝင်း စစ်တွေဆေးရုံတွင်
သေဆုံးသွားပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။
“ ကျွန်တော်တို့ ကြားရသလောက် သူ့ကို
မြောက်ဦးကနေ စစ်တွေကို ယူလာတယ်။
အခုတော့ သေသွားပြီလို့ သိရတယ်။ စစ်တွေမှာတော့
ဒီလို သတင်း ဖြစ်ပေါ်နေပါတယ်” ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က
ပြောသည်။
ဇန္န၀ါရီလ ၁၃ ရက်နေ့က
မြောက်ဦးမြို့နယ် ပုရိန် ကျေးရွာတွင် မြောက်ဦး အခြေစိုက် ၃၇၇ တပ်ရင်းမှ
တာဝန်ကျနေသော ဒုတပ်ကြပ် စိုးဝင်းထံမှ မွတ်ဆလင် တစ်စုက လက်နက် လုယူခဲ့ပြီး လက်နက်
လုယူစဉ် အတွင်း အဆိုပါ စစ်သားကို ဓါးများဖြင့် တိုက်ခိုက်ခဲ့ သည်ဟု ဆိုသည်။
“ ကျွန်တော်ကြား သိသလောက်ကို
ပြောရမယ်ဆိုရင် ဖြစ်တာက ဒီလ ၁၃ ရက် တနင်္ဂနွေနေ့မှာ ဖြစ်တာပါ။ ပုရိန်မှာ
တာဝန်ကျနေတဲ့ ဒုတပ်ကြပ် စိုးဝင်းကို ပေါင်းဒုတ် ကျေးရွာက မွတ်ဆလင် တစ်စုက
ဓါးတွေနဲ့ ၀င်ခုတ်ပြီးတော့ လက်နက်ကို လုယူသွားတယ်။ သူ့ကို မြောက်ဦးဆေးရုံကို
ယူလာတော့ ကျွန်တော်တို့ သွားကြည့်တယ်။ ခွဲစိတ်ပြီးသွားပြီးစမို့ ခန္ဓာကိုယ်
တစ်ခုလုံး အ၀တ်ဖြူ လွှမ်းခြုံထားတာကို တွေ့ရတယ်။ ဒါကြောင့် ဒဏ်ရာ ဘယ်နားမှာ
ရတယ်ဆိုတာကို မမြင်ခဲ့ရပါ” ဟု ဆေးရုံကို ကိုယ်တိုင်သွားခဲ့ကြည့်ခဲ့သူ အဝေးသင်
တက္ကသိုလ် ကျောင်းသား ကိုထွန်းလင်းက ပြောသည်။
နောက်တစ်နေ့ တနင်္လာနေ့တွင် စစ်သားအား
တိုက်ခိုက်ရာတွင် ပါဝင်သူများဟု စွပ်စွဲခံရသူ မွတ်ဆလင် (၃) ဦးနှင့် လုယူသွားသော
လက်နက်ကို ပြန်လည် ရရှိခဲ့သည်ဟု ဆိုသည်။
“ သူတို့ကို ဖမ်းခေါ်လာတာကို မြင်ရတယ်။
သေနတ်လည်း ပါလာတာကိုတွေ့ရတယ်။ အဖမ်းခံရတဲ့ မွတ်ဆလင် (၃) ဦးကတော့ မြောက်ဦး
ရဲစခန်းမှာဘဲ ရှိနေသေးသလား၊ စစ်တွေကို ခေါ်သွားပြီလားဆိုတာကိုတော့ တိတိကျကျ
ကျွန်တော် မပြောတတ်ဘူး။ ဓါးခုတ်ခံရတဲ့ ဒုတပ်ကြပ် စိုးဝင်းကတော့ စစ်တွေကို
ချင်ချင်း ယူသွားပါတယ်။ အခု စစ်တွေမှာ ဆုံးသွားတယ်လို့ သတင်း ရပါတယ်” ဟု သူက
ဆက်ပြောသည်။
ဒုတပ်ကြပ် စိုးဝင်း
သေဆုံးသွားခြင်းမှာ ဟုတ်မှန်မူ ရှိ/ မရှိကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် အစိုးရ
အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်အား အကြိမ်ကြိမ် ဖုံးဆက်သွယ်သော်လည်း
အဆက်အသွယ် မရခဲ့ပါ။
သေဆုံးသွားပြီဟု သတင်းထွက်ပေါ်နေသူ
ဒုတပ်ကြပ် စိုးဝင်းမှာ ရခိုင်လူမျိုးများဖြစ်ကြောင်း သိရသည်။
မြန်မာတပ်မတော်မှ စစ်သား တစ်ဦးဦးကို
ရခိုင်အမျိုးသားများကသာ ယခုလို လက်တင်ပြီး သေနတ် လုမည်ဆိုပါ ရခိုင်ရွာကို
မီးရှို့ပြီး လူအများအပြားကိုလည်း ပစ်သတ်နိုင်သည်ဟု ကိုထွန်းလင်းက ပြောကြားသည်။
ယခုအခါ စွပ်စွဲခံရသူ (၃) ဦးကို ဖမ်းဆီးပြီးနောက် အခြေအနေ တည်ငြိမ်သွားပြီဟု
ဆိုသည်။
http://www.narinjara.com/burmese/?p=3971&utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+NarinjaraNewsBurmeseOnline24X7+%28Narinjara+News+Burmese+Online+24+X+7%29
No comments:
Post a Comment