Thursday, January 10, 2013

ကရင်လူမျိုး ၁

by ဘဘကြီး ဘဘကြီး ဘဘကြီး on Tuesday, August 16, 2011 at 10:41pm

ကရင်ပြည်နယ်ကို ချစ်လား။
ယောက်ျားလေးလား ။ မိန်းကလေးလား။
ကရင်ပြည်နယ်က ဘယ်နေရာကို သင်အနှစ်သက်ဆုံးလဲ
ဘာသာစကား     ဝဘာသာ၊ ယူနမ် မင်ဒရိမ်း
ကိုးကွယ်သည့် ဘာသာ     ဝိညာဉ်ကိုးကွယ်ခြင်း၊ ဗုဒ္ဓဘာသာ

 ကရင်လူမျိုး
 ကရင်လူမျိုးစုများ
ကရင်လှပျိုဖြူ
    ကရင်လူမျိုးများသည် ရိုးသားကြိုးစားကြပြီး အေးဆေးသောဘဝကို လိုလားသူများဖြစ်ကြသည်။
     (၁)လူမျိုးစုများ
         (၁) ကရင်လူမျိုးများနှင့် ရှေးဦးသမိုင်းအကျဉ်း
          (၂)ကရင်ရိုးရာ ဓလေ့ထုံးစံများ
          (က) ကိုးကွယ်ယုံကြည်မှု
           (၃) ကရင်ရိုးရာဓလေ့ပွဲတော်များ
          (၄) စာပေ
            (၅)ဂီတ
             (၆)ရိုးရာယဉ်ကျေးမှု အကများ
         (၁) ကရင်နှစ်သစ်ကူးနေ့နှင့် ကရင်သက္ကရာဇ်
          (၂)ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ
         (၃) ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အသိအမှတ်ပြုခြင်း ဥပဒေကြမ်း ၁၉၃၇
          (၄)ပထမဆုံးသော ကရင်နှစ်သစ်ကူးနေ့ အသံလွှင့်မိန့်ခွန်း
         (၅) ကရင်အမျိုးသားအလံတော်
          (၆)အကြောင်းစုံဆိုရသော် …
          (၇)ဥပဒေကြမ်း Bill သွားရိုးလမ်းစဉ်
         (၈)ဥပဒေကြမ်း Bill ဖြတ်လမ်း
         (၉)ကရင်များ ကျေးရွာများကိုတည်ဆောက်ပုံ
လူမျိုးစုများ
ကရင်လူမျိုးတွင် စကောကရင် နှင့် ပိုးကရင် ဟူ၍ အဓိကလူမျိုးစုကြီး ၂ စုရှိသည်။ ထိုလူမျိုးစုကြီး ၂စုမှာ ဓလေ့စရိုက် နှင့် အသုံးပြုသော ဘာသာစကားတွင် ကွဲပြားခြားနားမှုများရှိသည်။ စကောကရင်လူမျိုးများသည် ယောက်ျားလေးများ၏ အမည်ရှေ့တွင် စော တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် နော် တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ ပိုးကရင်လူမျိုးများမှာမူ ယောက်ျားလေးများ၏ အမည်ရှေ့တွင် မန်း တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် နန့် တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။
 ကရင်လူမျိုးများနှင့် ရှေးဦးသမိုင်းအကျဉ်း
ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွားလူမျိုးတိုင်းသည် မိမိတို့၏သမိုင်းကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းသယ်ပိုးခဲ့ကြ၏။ သို့ဖြစ်၍ သမိုင်းဟူသည် ဖောာက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပေ။ပုဂံရာဇ၀င်ကို တုတ်ထမ်းပြောရတယ် ဟု အဆိုရှိလျှင် ပုဂံရာဇ၀င်ထက် ရှေးကျသည့် ကျွန်ုပ်တို့ ကရင်တိုင်းရင်းသာတို့၏ ရှေးဦးသမိုင်းကို ပြန်ပြောင်းပြောရာတွင် သုတေသီတို့ အငြင်းပွားဖွယ်ရာရှိပါက အံ့သြစရာမဟုတ်ပေ။ကျွန်ုပ်တို့ ကရင်တိုင်းရင်းသားတို့သည် ရှေးကပင် လူကြီးမိဘများ၏ ဆုံးမစကားကို တရိုတသေမှတ်သားလိုက်နာတတ်ပြီး နောင်လာနောင်သားများအား ပြန်လည်သွန်သင်ဆုံးမခြင်းဖြင့် သမိုင်းအထောက်အထားများကို ခိုင်ခိုင်လုံလုံ ထိန်းသိမ်းလာ နိုင်ခဲ့သည်။ ယင်းသမိုင်းအထောက်အထားများအနက် ထီ့ဆေံမေ့ယွားခေါ် ထီးဆဲ့မဲ့ယွား ဒေသသည် ကရင်လူမျိုးတို့ တစ်ချိန်က အခြေချနေထိုင်ခဲ့သော နေရာဒေသဖြစ်ကြောင်းကို အများကကြားဖူးပြီးဖြစ်သော်လည်း ယင်း ထီ့ဆဲ့မဲ့ယွား ဒေသသည် မည်သည့်တိုင်းပြည်ဒေသ တွင် ရှိသည်ကို မှန်းဆမရနိုင်သူ များလှသည်။ထီ့ဆဲ့မဲ့ယွား ဟူသည် ရေစီးရာတွင် သဲတို့ မျောပါနေသော ဖြစ်ချောင်းဒေသ ဟု အဓိပ္ပါယ်ရသည်။ ယင်းဒေသကို မနုဿပထ၀ီဗေဒနှင့် သမိုင်းပညာရပ်များစသည်တို့ဖြင့် သိပ္ပံနည်းကျ လေ့လာရှာဖွေပါက တရုတ်ပြည်တောင်ပိုင်း တစ်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း (၃၅၀၀)လောက်က တည်ရှိခဲ့သော အိုအေစစ် ယဉ်ကျေးမှု ပုံသဏ္ဍာန်ဖြစ်ပြီး၊ မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုး မွေးဖြူရေး အသင့်အတင့်လုပ်ကိုင်၍ အခြေချနေထိုင်ပြီး မိသားစု အိမ်ထောင်စုတို့ စုပေါင်းနေထိုင်ကြသည့် ဒေသဖြစ်သည်။ထိုဒေသတွင် ကရင်ရှေးဦးလူတို့သည် ရာစုနှစ်တစ်ဝက်ကျော် နေထိုင်ခဲ့ဟန်ရှိပြီး နောက်ပိုင်းတွင် မြစ်ချောင်းများတိမ်ကောမှုနှင့် မိုးရေလျှံမှုတို့ကြောင့် စိုက်ပျိုးခင်းများ လူနေအိမ်များပျက်ဆီးခဲ့ရပြီး တိုးပွားလာသော လူဦးရေအတွက် ထောက်ပံ့နိုင်သည့် အခြေအနေမရှိတော့သဖြင့် နေရာအသစ်ရှာဖွေရန် အုပ်စုခွဲပြီး တောင်ဘက်အရပ်များသို့ ရွှေ့ပြောင်းလာကြရာ ယနေ့အရှေ့တောင်အာရှဒေသအနှံ့ ပြန့်ကျဲနေထိုင်ကြသော ကရင်လူမျိုးစုများကို တွေ့ရခြင်းဖြစ်သည်။မို့ထိတ် ဖထိတ် ခေါ် မိုးထိ ပါးထိကရင်ရှေးဦးလူမျိုးတို့သည် အရှေ့တောင်အာရှဒေသအနှံ့ အစုစုပျံ့နှံ့ နေထိုင်ကြသော်လည်း ထီဆေ့မေ့ယွားဒေသမှ ထွက်လာစဉ်က အားလုံးတစ်ချိန်တည်း ထွက်လာကြသည်မဟုတ်ပဲ အနည်းဆုံး အုပ်စုကြီး နှစ်စု ထွက်လာကြသည်မှာ ထင်ရှားပါသည်။ ယင်းအုပ်စုနှစ်စုအနက် ရှေးဦးစွာ ထွက်လာကြသူများမှာ ဖခင်များ သို့မဟုတ် အကြားအမြင်ဗဟုသုတရှိပြီး အသက်ကြီးသော ယောက်ျားများဦးဆောင်ပြုသော အုပ်စုဖြစ်ပြီး ကောင်းမွန်သောဒေသအသစ်တွေ့ရှိပါက ကျန်ခဲ့သော မိသားစုများကို ပြန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်လာကြပြီး ယင်းအုပ်စုတွင် လိုက်ပါသွားသူများကို နောင်ကာလတွင် ဖထိတ် သို့မဟုတ် ပါထိ ခေါ် ဖခင်အနွယ်ကရင်မျိုးနွယ်စုများဟု ခေါ်တွင်လာခဲ့သည်။ ကျန်ခဲ့သော မိသားစုများတွင် အတွေ့ကြုံပြည့်စုံသော မိခင်များ သို့မဟုတ် အမျိုးသမီးကြီးများက စီမံကွပ်ကဲ၍ ထိုဒေသမှ ထွက်ခွာသောကြသော မိသားစုများ သည် တစ်နေ့တွင် ပြန်လာခေါ်မည်ဟု မျှော်လင့်ချက်ဖြင့် ထီ့ဆေ့မေ့ယွား ဒေသတွင် နေထိုင်လာခဲ့ရာ နှစ်ပေါင်းကြာမြင့်လာသောအခါ သဘာဝဘေးရန်များနှင့် နောက်ထပ်ရွှေ့ပြောင်းလာကြသော အခြားလူမျိုးစုများရန်ကြောင့် ရှေးကထွက်ခွာသွားသော အုပ်စုနောက်သို့ ရှာဖွေလိုက်လာခဲ့ပြီး ယင်းတို့ကို ထီ့ဆေ့မေ့ယွားမှ မို့ထိတ် သို့မဟုတ် မိုးထိ ခေါ် မိခင်အနွယ်ဝင် ကရင်လူမျိုးများ ဖြစ်လာကြသည်ဟု သမိုင်းပညာရှင် အများစုက လက်ခံယုံကြည်ထားကြသည်။ဖထိတ်ခေါ် စကောကရင်အုပ်စုသည် မဲခေါင်မြစ်ကြောင်း သံလွင်မြစ်ကြောင်းများကို အဓိကအသုံးပြုပြီး တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာ ယနေ့တိုင် ယိုးဒယားပြည်၊ မြန်မာပြည်၊ ကမ္ဘောဒီးယားနှင့် ဗီယနမ်တောင်ပိုင်း၊ မလေးရှားမြောက်ပိုင်းဒေသများသို့တိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြသည်ကို တွေ့နိုင်ပါသည်။မို့ထိတ် ခေါ် ပိုးကရင်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းတို့ကို အထူးသဖြင့် အသုံးပြုပြီး ဆင်းသက်လာခဲ့ကြရာ မြန်မာပြည်ဖြစ်ဝကျွန်းပေါ်ဒေသနှင့် ကရင်ပြည်နယ်ဒေသများတွင်လည်းကောင်း၊ ယိုးဒယားပြည်အနောက်ဘက်ခြမ်းဒေသများတွင် လည်းကောင်း ပျံ့နှံ့နေထိုင်သည်ကို တွေ့ရပေမည်။ကရင်သက္ကရာဇ်ရေတွက်ခြင်းဒုတိယအသုတ်ဖြစ်သော မို့ထိတ်ခေါ် ပိုးကရင်အနွယ်ဝင်တို့သည် ခမ(၇၃၉) နှစ်လောက်တွင် ပြည်ထောင်စုထဲသို့ စတင်ဝင်ရောက်လာပြီး ထိုကာလမှစ၍ ကျွန်ုပ်တို့ကရင်အမျိုးသာ သက္ကရာဇ်ကို သုတေသီတို့ရေတွက်၍ ယခုနှစ်ဆိုလျှင် ၂၇၄၈-ခုနှစ်သို့ ရောက်လာခဲ့ပါပြီ။သို့ဖြစ်၍ ယနေ့ ကျွန်ုပ်တို့ပြည်ထောင်စုအတွင်း ပြန်လည်ဆုံစည်းကြသော ဖခင်အနွယ်ဝင် စကောကရင် အုပ်စုနှင့် မိခင်အနွယ်ဝင် ပိုးကရင် အုပ်စုတို့မှာ တစ်ချိန်က ထီ့ဆေံမေ့ယွားတွင် တစ်ရွာတည်း သို့မဟုတ် တစ်အိမ်ထောင်စုတည်းနေထိုင်ခဲ့ကြသော မိဘများမှ တစ်မျိုးတည်း တစ်ခုတည်းသော သွေးရင်းသားရင်းညီအစ်ကိုများဖြစ်ကြောင်းကို ကရင်လူကြီးများက ဆုံးမပြောကြားခဲ့သော ပုံပြင်များ၊ ဆုံးမစကားများ၊ စကားပုံများအရ မှန်ကန်ကြောင်း ငြင်းဆိုစရာမရှိသည့်အပြင် ယင်းသမိုင်းစဉ်ကို ပိုမိုခိုင်လုံစေသည့် သမိုင်းအထောက်အထား များက ယနေ့အရှေ့တောင်အာရှဒေသရှိလူမျိုးစုများ၏သမိုင်းကို လေ့လာခြင်းအားဖြင့် ယင်းတို့အနက် ကျွန်ုပ်တို့ ကရင်လူမျိုးစုများ၏ အတိတ်သမိုင်းကြောင်းကိုလည်း မှန်ကန်စွာ လေ့လာတွေ့ရှိနိုင်ပါသည်။ကရင်ဟု ခေါ်တွင်ခြင်းကရင်လူမျိုးစုများကို ပညာရှင်များက ထိုင်းတရုတ်အနွယ်ဝင်များဟု မှတ်တမ်းတင်ကြသည်။ ပညာရှင်တို့၏ တင်ပြချက်အရ လူတို့၏ ဦးခေါင်းခွံအနေအထားနှင့် နှာခေါင်းအနေအထားအရလည်းကောင်း၊ စကားဝေါဟာရ ဘာသာဗေဒအရလည်းကောင်း သတ်မှန်ခေါ်တွင်ခြင်းဖြစ်သော်လည်း ကရင်လူမျိုးစုများမှာ ထိုင်း တရုတ် အုပ်စုများကဲ့သို့ပင် မွန်ဂိုအနွယ်ဝင်များဖြစ်ကြသည်။အရှေ့တောင်အာရှရှိ လူမျိုးအတော်များများက ယန် ဟု ခေါ်ကြပြီး၊ မြန်မာလူမျိုးများက ကရင်ဟုခေါ်ကြသည်။ ကရင်ဟူသော အခေါ်ကို မည်သည့်အချိန်ကစပြီး ခေါ်ကြသည်ကို အတိအကျတင်ပြရန် ခက်ခဲသော်လည်း ယင်းအခေါ်သည် အင်းဝခေတ်မတိုင်မီ စတင်ခေါ်ထွင် ခဲ့ဟန်ရှိသည်။ မြန်မာလူမျိုးတို့၏ အယူအဆအရ ကရင်လူမျိုးများကို ရှမ်းလူမျိုး(၃၀)တွင် ထည့်သွင်း၍ မှတ်တမ်းတင်ခဲ့ရာ ကွေ့ရှမ်းလူမျိုးများကိုလည်းကောင်း ဂျွမ်းလူများကိုလည်း ကောင်း၊ ကရင်လူမျိုးများဟု ဒေသတစ်လျှောက် ခေါ်တွင်ကြခဲ့သည်ဟု သမိုင်းပညာရှင်အချို့ က ယူဆကြသည်။အချို့ပညာရှင်များက တစ်ချိန်က ဧရာဝတီမြစ်ကမ်းတွင် နေထိုင်ခဲ့ဖူးသော ကမ်းယံလူမျိုးမှားမှ ကရင်လူမျိုးများဖြစ်လာသည်ဟူ၍လည်းကောင်း၊ ပျူလူမျိုးများအား ယနေ့ ပိုးကရင်ဖြစ်လာသည်ဟူ၍လည်းကောင်း ယူဆကြသည်။ယနေ့ရခိုင်ပြည်နယ်ဒေသတစ်ချို့တွင် ကမ်းယံ လူမျိုးအနည်းငယ်ကို တွေ့နိုင်ရာ ယင်းတို့မှာ ကရင်လူမျိုးမှားနှင့်မတူကြောင်းကိုလည်းကောင်း၊ ပျူလူမျိုးများသည် ပျောက်ကွယ်သွားပြီဟု သမိုင်းပညာရှင်အချို့က ယူဆကြသော်လည်း အမှန်မှာ ယနေ့တိုင်အောင် ပျူလူမျိုးတို့၏ အဆက်အနွယ်ကို ပဲခူးတိုင်းအနောက်ဖက်ခြမ်းနှင့် ပြည်မြို့တစ်ဖက်တွင် အနှံ့အပြားတွေ့ရှိနိုင် ပါသည်။ သို့ရာတွင် ထိုသူတို့အားလုံးမှာ သူတို့ကိုယ်တိုင် မြန်မာလူမျိုးများဟု ယုံကြည်ကြပြီး မြန်မာလူမျိုးများအသွင်သို့ လုံးဝပြောင်းလဲသွားခြင်းသာဖြစ်သည်။ သို့သော် မြန်မာစစ်စစ်များ နှင့် အရောင်အသွေးမတူခြင်း၊ စကားပြောရာတွင် အသံဝဲပုံ တစ်မျိုးတစ်ဖုံထူးခြားခြင်းတို့ ကြောင့် ပျူလူမျိုးများကို ပိုးကရင်ဖြစ်လာသည်ဆိုသော ယူဆချက်မှာ မမှန်နိုင်ပါ။ သို့ရာတွင် ရှေးပျူယဉ်ကျေးမှုထွန်းကားချိန်တွင် ပျူလူမျိုးများနှင့် ပိုးကရင်အနွယ်အ၀င်များတို့ ရောနှော ခဲ့ကြသည့် လက္ခဏာအထောက်အထားကား ထည့်သွင်းစဉ်းစားရပေမည်။အဘယ့်ကြောင့်ဆိုသော် ယနေ့ကရင်လူမျိုးတို့၏ ရိုးရာဓလေ့အချို့သည် ထိုခေတ် ပျူယဉ်ကျေးမှု အချို့တို့နှင့် နီးစပ်သည်ကို တွေ့ရှိနိုင်ခြင်း၊ မည်လည်သမိုင်းတွင် ပျူမင်း များ ဟူသော အရေးအသားနှင့်ပတ်သက်၍ ပျူမှာ လူမျိုးများကို ဖော်ပြရာဖြစ်သကဲ့သို့ ပြုံး ဟူသော အခေါ်မှာ မြန်မာစကားသံအရ ယရစ်သံပျက်ဖြစ်၍ ပရုံး ဟူသောအသံထွက်ပြီး သံမှန်အနေအထားသို့လေ့လာပါက ပရုံး ဖလုံး ဖလုံ ဟူသော အသံများရဲ့ မူလဇစ်မြစ်ဖြစ်နိုင် ပြီး ယင်းအခေါ်သည် ယနေ့ ပိုးကရင် တို့ မိမိကိုယ်ကိုခေါ်သော ဖလုံ ဟူသော အခေါ်နှင့် အသံထွက်တူသည်ကို တွေ့ရသည်။ထို့အပြင် နိုင်ငံခြားသားများ၏ မှတ်တမ်းဝင်အခေါ်အရ ပြည်မြို့ကို ပရုံး ဟုခေါ်ခြင်းသည် ယင်း ဒေသတွင် တစ်ချိန်က ယနေ့ ဖလုံ ခေါ်သော ပိုးကရင်လူမျိုးစုတို့ နေထိုင်ရာ ဒေသအဖြစ်ဖြင့် ထင်ရှားခဲ့ကြောင်းကို ရှေးကရင်လူကြီးများအဆိုနှင့် ယှဉ်ပြီးသိနိုင်ပါသည်။မြန်မာသမိုင်းတွင် ပါရှိသည့် မွန် မြန်မာတို့ နှစ်ပေါင်း(၄၀)စစ်ပွဲကာလတွင် မြန်မာမင်းများ၏ အရှေ့ဘက်စစ်ကြောင်းဖြစ်သော စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်တွင် အများစုနေထိုင်သော စကောကရင် လူမျိုးစုများကို မြန်မာမင်းတို့၏ စစ်တပ်များတွင် ပါဝင်စေခြင်းဖြင့်လည်းကောင်း၊ မွန်မင်းများကြီးစိုးရာ ဒေသဖြစ်သော မြစ်ဝကွန်းပေါ်နှင့် အောက်ပိုင်းရှိပိုးကရင်လူမျိုးစုများကို မွန်မင်းများ၏ စစ်တပ်တွင် ပါဝင်စေခြင့်ဖြင့်လည်းကောင်း၊ ကရင်လူမျိုးနှစ်စုအား မွန် မြန်မာတို့က ခွဲခြားခေါ်ဝေါ်ခြင်းဖြင့် စကောကရင်အုပ်စုကို မြန်မာကရင်များ၊ ပိုးကရင်အုပ်စုကို မွန်ကရင် သို့မဟုတ် တလိုင်းကရင်များဟူ၍လည်းကောင်း ယနေ့တိုင်အောင် တစ်ချို့ခေါ်ဝေါ် နေကြသေးသည်။သုတေသီတစ်ချို့က တောင်ငူမင်းဆက်ကို ကရင်လူမျိုးတို့ စတင်တည်ထောင်ကြောင်း အဆိုရှိကြသည်။ ယင်းအဆိုမှာ များစွာ လျှော်ကန်လှပေသည်။ အကြောင်းမှာ မွန်-မြန်မာစစ်ပွဲ ကာလတွင် စကောကရင်လူမျိုးစုတို့သည် စစ်ရေး အုပ်ချုပ်ရေးအတွေ့အကြုံနှင့် နယ်မြေဒေသ စုစည်းနေထိုင်မှုများကြောင့် တောင်ငူမင်းဆက်ကို စတင်တည်ထောင်ရန် အင်အားအထူးကောင်းမွန်လျက်ရှိမည်မှာမလွဲပေ၊ မည်သို့ပင်ဆိုစေကာမူ သမိုင်းတွင် ကရင်လူမျိုးတို့ မှတ်တမ်းမ၀င်သည်မှာ ကရင်လူ မျိုးတို့၏ အေးဆေးစွာ နေထိုင်လိုသောစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု အားနည်းသော သဘာဝတို့ကြောင့် အခြားလူမျိုးများ၏လက်အောက်တွင် ကာလကြာမြင့်စွာ နေထိုင်ကြရကာ မိမိတို့ဓလေ့ထုံးစံတစ်ချို့ နှမျောဖွယ်ရာ ဆုံးရှူံးရခြင်းနှင့် တစ်ဒေသနှင့် တစ်ဒေသဆက်သွယ်ရန် ဝေးလံခက်ခဲသော နေရာဒေသများတွင် နေထိုင်ကြရလေသည်။
ကရင်ရိုးရာ ဓလေ့ထုံးစံများ
 ကိုးကွယ်ယုံကြည်မှု
တောစောင့်တောင်စောင့်နတ်များအား ယုံကြည်ခြင်း၊
ဝိညာဉ်လိပ်ပြာကို ပိုးကရင်ဘာသာဖြင့် ´အ၀ီးအလာ`၊ စကောကရင်ဘာသာဖြင့် ´ကလာ`၊ ဘွဲကရင်ဘာသာဖြင့် `ကလယ်´ ဟုခေါ်ပါသည်။ လိပ်ပြာခေါ်ခြင်း၊ လိပ်ပြာနှင်ခြင်းတို့ကို ကရင်လူမျိုးအများစုမှာ ယနေ့တိုင် ယုံကြည်နေဆဲ ဖြစ်သည်။စကောကရင်အချို့ စကြာဝဠာအားလုံးကို ဖန်ဆင်းသော `ယွာ` အား ကိုးကွယ်ကြသည်။ နတ်ကို အချို့က တန်ခိုးရှင်အနေဖြင့် ယုံကြည်ကြသည်။ ယုံကြည်မှုအရ (တန်ခိုးရှင်) ကို ပထမတန်းစားနတ်အဖြစ် ကိုးကွယ်ကြသည်။ ပထမတန်းစားနတ်များမှာ… (၁) မူဟား၊ (၂) ထီးကဆာကော်ကဆာ၊ (၃) မူကော်လီ(မာန်နတ်)၊ (၄) ဖီးဘီးယော်၊ (၅) ခူးသေ (၆) ကာကွယ် ဟူ၍ ယုံကြည်ရာကိုလိုက်ပြီး ပသမှုပြုကြသည်။ ဒုတိယနတ်သရဲများမှာ….. (၁) တရဲ့တခါ၊ (၂) တာမူဟား၊ (၃) တာကယာ ဖြစ်ပြီး ၀ဋ်မကျွတ်သော နတ်များဖြစ်သည်။ တတိယနတ်များမှာ….. (၁) မော်ယာ၊ (၂) ပသို၊ (၃) လော်၊ (၄) ဘားနား၊ (၅) ဒေါ်တကား နတ်များဖြစ်ပြီး ကောင်းကျိုးနှင့် ဆိုးကျိုးများကို ပေးတတ်သောနတ်များဖြစ်သည်။ ကရင်ပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်ရှိ ဂဲခိုနှင့် ပဒေါင် (ကယန်း) များတွင်လည်း အောက်ပါနတ်များ ပူဇော်ပသမှုပြုကြသည်။ (၁) က၊ (၂) လူ၊ (၃) ကန်၊ (၄) မော်ခီး၊ (၅) တရာနာ၊ (၆) တကာဒေး၊ (၇) တဒွန်ဟိန်ခေါင်၊ (၈) တနဲနောခု၊ (၉) တာ နတ်များတို့ဖြစ်ကြသည်။စပါး ရိတ်သိမ်းချိန်တွင် ပူဇော်ပသခြင်းကို ပြုကြသည်း။စပါး အထွက်တိုးခြင်း၊ လာဘ်လာဘရွှင်သည်ဟု ယုံကြည်ကြသည်။
ဒူဝေရိုးရာ နတ်
ဒူဝေကို ရိုးရာနတ်အဖြစ် ယခင်က သတ်မှတ်ပူဇော်ကြသည်။ ဇွဲကပင်တောင်ခြေရှိ ကရင်လူမျိုးများ ရှင်ပြုသည့်အခါ၊ ခရီးဝေးထွက်သည့်အခါ၊ မင်္ဂလာဆောင်သည့်အခါ ဒူဝေစေတီသို့ သွားရောက်၍ ကန်တော့ကြသည်။ဒူဝေစေတီတွင် နတ်ဆရာကြီးသည် ရိုးရာဓလေ့နှင့်အညီ ဆုတောင်းမေတ္တာပို့ခြင်းများ ပြုလုပ်ပေးကြသည်။ အမှန်စင်စစ်အားဖြင့် `ဒူဝေ´ နတ်သည် နတ်မဟုတ်ပါ။ဗုဒ္ဓဘာသာဝင် ပိုးကရင်အချို့က ယုံကြည်ကိုးကွယ်မှုတစ်ရပ်သာ ဖြစ်သည်။ ဒူဝေစေတီသည် မင်္ဂလာဆောင်ကြမည့် သတို့သား၊ သတို့သမီးများ၏ သစ္စာပြုရာ၊ တိုင်တည်ရာသစ္စာတိုင် ဒူဝေစေတီတော်သာဖြစ်သည်။ နတ်ဆရာကြီးဆိုသည်မှာလည်း တစ်နည်းအားဖြင့် ဘိသိက်ဆရာနှင့် ခပ်ဆင်ဆင်ဖြစ်သည်။ မင်္ဂလာမောင်နှံအား ဆုံးမသြ၀ါဒစကား၊ ချီးမြင့်ပေးပြီး စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုပ်ငန်းအထွေထွေ တိုးတက်ကောင်းမွန်အောင် နည်းလမ်းညွန်ပြပေးခြင်းသာ ဖြစ်သည်။ အချို့မှာ ရိုးရာနတ်အဖြစ် သတ်မှတ်ယုံကြည်ဆဲ ဖြစ်သည်။တချို့ဗုဒ္ဓဘာသာဝင် ပိုးကရင်များသည် ပန်းနတ်ကို ကိုးကွယ်ကြသည်။ တန်ခူးလနှင့် သီတင်းကျွတ်လတွင် ပန်းနတ် ကန်တော့ခြင်း၊ နတ်စားခြင်းများ ပြုလုပ်ကြသည်။ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာအချို့တွင် ပန်းနတ်ကို ကိုးကွယ်ကြသည်။ ဥဒေါင်းကျေးရွာ၊ ၀ဲကရင်ကျေးရွာ၊ ဒွန်သရောင်ရွာများတွင် အများဆုံး ကိုးကွယ်ကြသည်။
 ကရင်ရိုးရာဓလေ့ပွဲတော်များ
ကရင်လူမျိုးတို့၏ ရှေးဘိုးဘွား ဘီဘင်များသည် ၀ိညာဉ်ကို ယုံကြည်ကြသည်။ ၀ိညာဉ်လိပ်ပြာသည် လူ၏ခန္ဓာကိုယ်တွင် ပူးကပ်မှီတွယ်နေပြီး လိပ်ပြာနှင့်အတူ ရှိသောသူသည် ကျန်းမာသည်။ သန်စွမ်းသည်။ စိတ်ဓာတ်ကြံ့ခိုင်မှုရှိသည်ဟု ယုံကြည်ကြ၏။ ထို့အတူ သစ်ပင်သီးနှံပင်တို့တွင်လည်း ၎င်းတို့ကို ကာကွယ်စောင့်ရှောက်သော ၀ိညာဉ်ရှိသည်ဟု ယုံကြည်ကြသည်။ တနည်းအားဖြင့် အပင်တို့ကို စောင့်ရှောက်သောနတ်ဟု ဆိုနိုင်သော ရုက္ခစိုး နတ်ကောင်းနတ်မြတ်တို့ ရှိသည်ဟု ယုံကြည်ကြသည်။ ထို့နည်းတူ တောင်ယာတွင် တောင်ယာကို စောင့်ရှောက်သောနတ်၊ လယ်မြေကို စောင့်ရှောက်သောနတ်များအပြင် လူနေအိမ်တွင် အိမ်ကိုစောင့် ရှောက်သောနတ် ဟူ၍ရှိသည်ဟုလည်း ယုံကြည်ကြသည်။
ထိုယုံကြည်မှုများကြောင့် ကရင်လူမျိုးတို့တွင် လယ်ယာလုပ်ငန်းနှင့်ပတ်သက်သော ပွဲတော်၊ ရိုးရာဓလေ့ပွဲတော် အမျိုးမျိုးရှိကြသည်။ ၎င်းရိုးရာဓလေ့ပွဲတော်များမှာ - (၁) တောင်ယာနတ်စားချိန်ပွဲတော် (၂) တောင်ယာခုတ်ချိန်ပွဲတော် (၃) တောင်ယာစူးထိုးချိန်ပွဲတော် (၄) တောင်ယာစပါးရိတ်သိမ်းချိန်ပွဲတော် (၅) ရေမြောင်းတာတမံပူဇော်ပွဲတော် (၆) ပျိုးပင်လိပ်ပြာခေါ်ပွဲတော် (၇) စပါးပုံလိပ်ပြာခေါ်ပွဲတော် (၈) ရိုးရာကောက်သစ်စားပွဲတော်နှင့် ဖီ့ဗူးယော်ပူဇော်ပွဲတော် (၉) အိမ်သစ်တက်မင်္ဂလာပွဲတော် (၁၀) ထိမ်းမြားမင်္ဂလာ လက်ထပ်ပွဲတော် (၁၁) ရွာလုံးကျွတ်လိပ်ပြာခေါ်ပွဲတော် (ခေါ်) ၀ါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော် (၁၂) အရိုးကောက်ပွဲတော် (၁၃) နှစ်သစ်ကူးပွဲတော် စသည်ဖြင့်ပွဲတော်အမျိုးမျိုးရှိသည်။ သူ့အချိန်အခါနှင့်သူ သူ့ နေရာနှင့်သူ ပုံစံအမျိုးမျိုး ကျင်းပကြသည်။
 ဖီ့ဗူးယော် ပူဇော်ပွဲ
ကရင်လူမျိုးတို့သည် စပါးကိုစောင့်ရှောက်သော စပါးလိပ်ပြာ (သို့) စပါးစောင့်နတ် (ဖီ့္ဘူးယ၀်) ရှိသည်ဟုယုံကြည်ကြသည်။ ဖီ့ဗူးယော် ကို ပူဇော်ခြင်းအားဖြင့် စပါးသည် ပျက်စီးလေလွင့်မှု နည်းပါးပြီး ပိုမို၍ အထွက်တိုး၏။ ရှိပြီးသား စပါးတို့သည်လည်း စားသုံးမှု အစဉ်လုံလောက်ပြီး မသိမသာတိုးပွားမြဲဖြစ်သည်ဟု ယုံကြည်ကြ၏။ ထိုယုံကြည်ချက်အရ ဖီ့ဗူးယော်ကို ရိုသေသမှုပြုသောအားဖြင့် ရိုးရာပူဇော်ပွဲတရပ်အဖြစ် လက်ခံကျင်းပကြသည်။ (မြန်မာတို့တွင် လယ်ယာကို စောင့်ရှောက်သော ပုန်းမကြဉ်နတ်ကဲ့သို့ပင် ဖြစ်သည်)
 ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်ခြင်း
ကရင်လူမျိုးတို့သည် လယ်ယာမြေထွန်ယက်ပြီး၍ စိုက်ပျိုးရန် သင့်မြတ်သော ရက်မြတ်သို့ ရောက်လာလျှင် ဦးစွာ လယ်မြေကွက်၏ ဒေါင့်စွန်းတို့၌ စပါးပင် (၇) ပင် (သို့) မျိုးကောက်ချက် (၇) ချက်ကို စိုက်ထားရသည်။ ၎င်းစိုက်ထားသော စပါးပင်များကို ကျွဲနွားတိရိစ္ဆာန်များ မဖျက်ဆီးနိုင်အောင် ကောင်းစွာ ကာရံထားကြသည်။ ၎င်းကို ဖီ့ဗူးယော်စပါးဟု သတ်မှတ်ကြသည်။ ၎င်း ဖီ့ဗူးယော်စပါး စိုက်ပြီးမှသာ ကျန်သော လယ်မြေကွက်ကို ဆက်လက်စိုက်ပျိုးကြသည်။ အကယ်၍ ရက်ကောင်းရက်မြတ်နေ့တွင် စပါးစိုက်ပျိုးရန် အခြေအနေ မပေးပါက စတိသဘောဖြင့် ဖီ့ဗူးယော်စပါးကို စိုက်ပျိုးထားကြရသည်။ နောင်အဆင်ပြေသော အချိန်မှသာ ကျန်သော လယ်ကွက်ကို စိုက်ပျိုးကြသည်။ ၎င်း ပြုလုပ်ချက်ကို ကရင်လူမျိုးတို့က လောင်ဆိုက်ခိုး (လင်ဆိက်ခေါဟ်) ဟုခေါ်သည်။
အချိန်တန်၍ စပါးရင့်မှည့်ချိန် ရောက်သောအခါတွင်လည်း စပါးကွက်များကို ဦးစွာရိတ်သိမ်းပြီး စပါးစည်းများကို တလင်းတွင် စုပုံထားကြရသည်။ စပါးစည်းများ တလင်းသို့ အားလုံးစုပုံပြီးမှသာ ဖီ့ဗူးယော်စပါးကို ပြန်ရိတ်ရသည်။
ဖီ့ဗူးယော်စပါးကို ရိတ်သိမ်းပြီးသောအခါ စုစည်းပြီး ၀ါးကိုင်း၏ ထိပ်ဖျားတွင်ချည်နှောင်ကာ တွဲလွဲချထားရသည်။ (၀ါးကိုင်းကို ထိပ်ဖျားအရွက်အခက်များ ချန်လှပ်ပြီး အရင်းအပိုင်း အရွက်အခက်များကို သပ်ချရသည်) ၎င်းအပြင် ယက်ထားသော ပလိုင်းခွက်ထဲတွင် ကောက်ညင်းဖင်ချွန် (မေ၀်အါင်္ဘံင်း)၊ ကြက်မောက်ပန်းအနီ၊ ဍရင်ကောက်နွယ်များထည့်၍ ထိပ်တွင်ချည်ဆွဲထားပြီး တလင်းရှိ စပါးစည်းပုံပေါ်သို့ စိုက်ထူထားကြရသည်။
စပါးစည်းများကို တလင်းတွင်နယ်ပြီးနောက် လှေ့ရသည်။ ထိုအချိန်တွင် ၀ါးသုံးချောင်းထောက်၍ ဖီ့ဗူးယော် ခိုနားရာနန်းအဖြစ် သတ်မှတ်ပြီး ဖီ့ဗူးယော်စပါးတွဲကို တင်ချိတ်ထားရသည်။ ထို့နောက် အတတ်နိုင်ဆုံးမြင့်နိုင်သော ၀ါးဘိုးရှည်တချောင်းကို ထိပ်ဖျား အရွက်အခက် ချန်လှပ်ပြီး ထိပ်ဖျားတွင် မူလ ဖီ့ဗူးယော်စပါးနှင့် ပူဇော်ထားသောကောက်ညင်းဖင်ချွန်များပါသည့် ပလိုင်းကိုပါ အတူချိတ်ဆွဲပြီး တလင်းရှိ စပါးပုံပေါ်သို့ စိုက်ထူထားကြသည်။
 ရိုးရာပူဇော်ပွဲကျင်းပခြင်း
ကရင်လူမျိုးတို့နေထိုင်သည့် ကျေးလက်ဒေသများတွင် ရိုးရာကောက်သစ်စားပွဲ၊ ဖီ့ဗူးယော်ပူဇော်ပွဲ ပွဲတော်ကို ကျေးရွာ ခေါင်းဆောင်များက ဦးဆောင်ပြုပြီး ကမကထပြုလုပ်ပေးလျက် ရှိကြသည်။ ပွဲတော်မတိုင်မီ ပွဲတော်အကြီးအမှူးအဖြစ် ဆောင်ရွက်မည့်ပုဂ္ဂိုလ်များ၊ နေ့ (၇)နေ့စုံသော အဖိုးနှင့် အဖွား (၇)ဦးစီတို့ကို ရှာဖွေအကူအညီတောင်းခံခြင်း၊ လိုအပ်သည့် ရိုးရာ အစားအသောက်များကို စီစဉ်ခြင်းတို့ကို ဦးစွာကြိုတင်ဆောင်ရွက် ထားရသည်။
ထို့နောက် သတ်မှတ်သည့် ရက်ကောင်းရက်မြတ် ရောက်ချိန်တွင် ကျေးရွာရှိလယ်သမားများက မိမိတို့ တလင်းရှိ စပါးများကို တတောင်းစ၊ နှစ်တောင်းစ ယူဆောင်လာပြီး ပွဲတော် ကျင်းပသည့် တလင်းကြီးတွင် စုပုံကြရသည်။ တလင်းကြီး၌ စပါးများကို စုပုံရာတွင် ရိုးရိုးစပါးတပုံနှင့် ကောက်ညင်းစပါး တပုံ၊ နှစ်ပုံခွဲပြီး စုပုံကြသည်။ ကရင်ဘာဖြင့် “္ဘူးမေါဝ်ၟ” “္ဘူးဖါၟ” ဟူ၍ခေါ်ကြသည်။ “္ဘူးဖါၟ” စပါးအဖိုအဖြစ် ကောက်ညင်းစပါးကို သတ်မှတ်ပြီး “္ဘူးမေါဝ်ၟ” ဟု သတ်မှတ်သည်။ စပါးအဖိုတပုံနှင့် စပါးအမတပုံတို့ကို အဝေးကနေပြီး သီခြားသိမြင်နိုင်စေရန် ကရင်ရိုးရာ မေတ္တာစောင်အနီနှင့် မေတ္တာစောင်အဖြူနှစ်ထည်ကို စပါးပုံ အဖိုနှင့်အမပေါ်တွင် ချိတ်ဆွဲထားကြသည်။
“ဖိုဝ့်္ဘါင်လူးယှး၀၀်” ခေါ် မေတ္တာစောင်အနီသည် ကရင် အမျိုးသားများ ခြုံသည့် စောင်ဖြစ်ပြီး “ဖိုဝ့်္ဘါင်လူးယှးအွါ” ခေါ် မေတ္တာစောင်အဖြူသည် ကရင်အမျိုးသမီးများခြုံသည့် စောင်ဖြစ်သည်။ ထို့နောက် စပါးပုံနှစ်ပုံအား ရာဇမတ်ဖြင့် ကာရံပြီး ရာဇမတ်ထောင့် (၄) ထောင့်တွင် ငှက်ပျောပင်၊ ကြံပင်၊ ကြခတ်ဝါးပင် (သို့) ဆူးပင်များဖြင့် စိုက်ထူကြသည်။ ၎င်းအပြင် ဖီ့ဗူးယော်အနေဖြင့် နောင်လာမည့်နှစ် ပြန်ရောက်ချိန်တွင် အသင့်စားသုံးနိုင်ရန် ကောက်ညင်းဖင်ချွန်၊ ငှက်ပျောသီး၊ အုန်းသီး၊ ကြံသကာ၊ ခွက်ပြင်၊ ကောက်ညင်းပေါင်း စသည့် ရိုးရာစားဖွယ် သောက်ဖွယ်များကို ရာဇမတ်တိုင် လေးဖက်လေးထောင့်တွင် ချိတ်ဆွဲထားကြရသည်။ လယ်ယာသုံးပစ္စည်းများဖြစ်သော ဓါး၊ တံဇဉ်၊ ကျည်ပွေ့၊ ပေါက်တူး၊ ပလိုင်း၊ ကြိတ်ဆုံများ စသည် တို့ကို ဍရင်ကောက် နွယ်ပင်များဖြင့် ရစ်ပတ်ချည်နှောင်ပြီး စပါးပုံတွင် စုပုံကြသည်။ ၎င်းအပြင် ဖီ့ဗူးယော်၏ မျိုးစေ့ဥ (အ်ုခီႜ့) အဖြစ် ဘဲဥကို ရွှံ့ဖြင့်လုံးထားသော မြေလုံးခဲနှင့်အတူ စုပုံပြီးထားကြသည်။
တောင်ယာထွက် သီးနှံများဖြစ်သည့် ပိန်းဥ၊ မျောက်ခေါင်းဥ၊ ၀ဥ၊ မျှစ်၊ ခရု၊ ငါး တို့ဖြင့် တာလပေါ့ ဟင်းချက်ပြီး စတိသဘောဖြင့် ပူဇော်ပသကြသည်။ ပူဇော်ရာတွင် ရာဇမတ်ဝင်းအတွင်းသို့ ပွဲတော် အကြီးအမှူးနှင့်အတူ နေ့ (၇)နေ့စုံသော အဖိုးနှင့် အဖွား၊ ပွဲတော် အကြီးမှူးမှလည်း စပါးလိပ်ပြာများ ပြန်လည်ဝင်ရောက်လာစေရန်နှင့် စပါး အထွက်တိုးစေရန် လူတိုင်း အစားအသောက် ဖူလုံမှု ရှိစေရန်နှင့် စပါးကိုဖျက်ဆီးနိုင်သော ဘေးရန်အပေါင်းမှ ကင်းလွတ်နိုင်စေရန် စသည်ဖြင့် ဆုတောင်းပေးလျက်ရှိသည်။ ဖီ့ဗူးယော်ကို ယုံကြည်စွာဖြင့် ပူဇော်မှုပြုခြင်းအားဖြင့် ဆန်ရေစပါးသည် မူလရှိပြီးသားထက် ပိုမိုလုံလောက်လာသည်ဟု ယုံကြည်ကြသည်။ ထိုသို့ယုံကြည်မှုရှိအောင် ကရင်လူမျိုးတို့တွင် ဖီ့ဗူးယော်နှင့် ပတ်သက်သည့် ဒဏ္ဍာရီပုံပြင် တပုဒ်ရှိသည်။
ဖီ့ဗူးယော်နှင့် ဒဏ္ဍာရီပုံပြင်အဆို
ဖီ့ဗူးယော်နှင့် ပတ်သက်သည့် ဒဏ္ဍာရီပုံပြင်အဆိုအရ - ကရင်လူမျိုးတို့သည် တောင်ယာစူးထိုးလုပ်ငန်းလုပ်ကိုင်ခြင်းကို ကမ္ဘာဦးမဆွကပင် လုပ်ကိုင် စားသောက်ခဲ့ကြသည်။ တောင်ယာ စူးထိုးလုပ်ကိုင်သော ကရင်တို့သည် နံနက် ဝေလီ ဝေလင်း အချိန်တွင် လုပ်ငန်းခွင်သို့ သွားကြသည်။
ကရင်ကျေးလက်ရွာတရွာတွင် အလွန်စိတ်သဘောထားကောင်းသော၊ သူတပါး အပေါ်တွင် စေတနာဖြင့်အစဉ် အမြဲယိုင်းပင်းတတ်သော ဖိုးဟွဲ(ဖေါဟ်ဃွှဲ) ဆိုသော ကောင်လေးတယောက် ရှိသည်။ ဖိုးဟွဲသည် အလွန်ဆင်းရဲသဖြင့် ရပ်ရွာက သူ့အား ဂရုမစိုက်၊ အလေးမမူကြ။ အပေါင်းအသင်းလည်း မလုပ်ကြပေ။ ဖိုးဟွဲသည် နုံချာစွာဖြင့် နေထိုင်စားသောက်ရသော်လည်း စိတ်ကောင်းအစဉ်မွေးသူဖြစ်သည်။ တနေ့သောနံနက်၌ အဖွားအိုတယောက်သည် တောင်ယာသို့ သွားစဉ် ခြေချော်ပြီး တောင်စောင်းသို့ လိမ့်ကျရာ တောင်စောင်းရှိ ၀ါးရုံပေါ်တွင် တင်နေပြီး တောင်ယာသွားသူများအား ကယ်ဆယ်ရန် အကူအညီတောင်းခံရှာသည်။ တောင်ယာသွား သူများမှာ အဖွားအို အကူအညီ တောင်းခံမှုကို တွေ့ရှိကြသော်လည်း လုပ်ငန်းမအား၍ လည်းကောင်း၊ ကူညီရန် အန္တရာယ်အခက်အခဲရှိသည်ကတကြောင်း ကြောင့် လည်းကောင်း အဖွားအိုအား သနားကြသော်လည်း ကူညီနိုင်စွမ်းမရှိဘဲ ချန်ထားခဲ့ကြသည်။
ထို့နောက် ဖိုးဟွဲ ရောက်လာသောအခါ မူလ စေတနာ အရင်းခံအပြည့်ဖြင့် ခဲရာခဲဆစ် အားစိုက်ပြီးတောင်စောင်းဝါးရုံမှ အဖွားအို၏ အသက်ကို ကယ်တင်ခဲ့လေသည်။ အဖွားအိုမှာ အဖော်မဲ့ အထီးကျန်ဖြစ်သဖြင့် ဖိုးဟွဲမှာ အဖွားအိုအား လူကြီးသူမအဖြစ်လည်းကောင်း၊ အဖော်အဖြစ်လည်းကောင်း အေးချမ်းစွာ နေနိုင်ရန်စေတနာဖြင့် သူ၏တဲစုတ်တွင် ခေါ်ထားပြီး နေ့စဉ် ၀တ္တရားမပျက် ပြုစုကျွေးမွေးသည်။ ဖိုးဟွဲမှာ အဖွားအိုအား ပြုစုစောင့်ရှောက်ရခြင်းအတွက် ကုသိုလ်ပြုမှုသာဖြစ်သည်ဟု ခံယူကာ မငြီးမငြူပြုစုပေးသည်။
အဖွားအိုမှာလည်း ဖိုးဟွဲနှင့် နေထိုင်ရသည်ကို စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် ကျန်းမာ ပျော်ရွှင်မှု အပြည့်အ၀ရရှိသည်။ တနေ့တွင် ဖိုးဟွဲသည် အဖွားအိုနှင့် သူ့အတွက် လုပ်ရိုးလုပ်စဉ် သစ်သီးသစ်ဥများရှာဖွေရန် တောသို့သွားစဉ် အဖွားအိုမှာ အိမ်တွင်းကိစ္စအ၀၀ကို ပြုလုပ်ထားသည်။ ဖိုးဟွဲ ညနေပြန်ရောက်သောအခါ ထမင်းအိုး၊ ဟင်းအိုး၊ ရေအိုး၊ ရေခွက် အားလုံး အပြည့်အ၀ စီမံဆောင်ရွက်ထားပြီးသား ဖြစ်နေ၏။ ဖိုးဟွဲ၏ အိမ်တွင်ရှိသော သစ်ဥ၊ သစ်ဖု၊ စပါး၊ ဆန်၊ ရေတို့မှာလည်း လျော့နည်းခြင်းမရှိဘဲ တနေ့တခြား မသိမသာ တိုးပွားနေ၏။
သို့နှင့် ဖိုးဟွဲမှာ ဆန်ရေစပါးလုံလောက်ပြီး ပစ္စည်းဥစ္စာပေါများလာ၍ ၎င်းပစ္စည်းဥစ္စာများကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် အိမ်ထောင်ရှင်မ လိုအပ်သည်ဟု အဖွားအိုက ယူဆပြီး တနေ့ ဖိုးဟွဲ တောင်ယာသို့သွားစဉ် အဖွားအိုမှာ ဖိုးဟွဲအတွက် ချောမောလှပသော မိန်းမပျိုတဦးကို ခေါ်ယူထားလိုက်သည်။ ညနေ ဖိုးဟွဲ ပြန်လာသောအခါ အကျိုးအကြောင်း ပြောပြပြီး ကောင်းစွာ မင်္ဂလာဆောင်ပေးကာ အိုးအိမ်ထူထောင်မှု ပြုပေးလေသည်။ ဖိုးဟွဲမှာလည်း ရုပ်ရည်ချောမောပြီး လိမ္မာရေးခြားရှိသော ဇနီးသည်ကြောင့် တနေ့တခြား စီးပွားတိုးတက်၍ ပျော်ရွှင်စွာ နေထိုင်စားသောက် နိုင်လာခဲ့သည်။
တနေ့တွင် အဖွားအိုသည် ဖိုးဟွဲတို့ လင်မယားအား အကျိုးအကြောင်း ပြောပြ၍ ပြန်ရန် ခွင့်ပန်သည်။ သူမသည် သာမန် လူသားမဟုတ်ဘဲ လယ်ယာစပါးကို စောင့်ရှောက်သော ဖီ့ဗူးယော် ဖြစ်ကြောင်း၊ သူပြန်သွားသည့်အခါတွင် ဖိုးဟွဲတို့ကို စီးပွားချမ်းသာ မပျက်ရလေအောင် အစဉ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောပြီး စပါးရာသီ ပြီးစီးသောအခါ ပြန်သွားလေ တော့သည်။ နှောင်နှစ် စပါးရာသီရောက်လျှင်မူ သူမအားပင့်ဖိတ်ခေါ်ပါက သူမ လာရောက်စောင့်ရှောက်မည်ဖြစ်ကြောင်း မှာကြားပြီး ပြန်သွားလေသည်။
သို့နှင့် ရပ်ရွာရှိ လူများက ဖိုးဟွဲတို့ လင်မယားကို အားကျပြီး ဖိုးဟွဲကဲ့သို့ စိတ်ကောင်း စေတနာကောင်း မွေးလာကြသည်။ နှစ်စဉ် စပါးဦးကောက်ဦးတို့ကို ဖီ့ဗူးယော်အား ပူဇော်ပသရင်းကုသိုလ်ကောင်းမှုအလှူဒါနပြုသော အစဉ်အလာတရပ် ပေါ်ပေါက်လာခဲ့သည်ဟု ဆိုပါသည်။
ထို့ကြောင့် ရှေးကရင်လူမျိုးတို့သည် ဖီ့ဗူးယော် လာရောက်ပြီးနောက် ပြန်သွားသောအခါ အောက်ပါကဲ့သို့ လွမ်းဆွတ်ဘွယ် တေးသီချင်းဖြင့် မှာတမ်းချွေ သီဆိုကြသည်ကို တွေ့ရသည်။
“ထါင်သါ့ဏ်ုဝေ့ ဖီ့္ဘူးယ၀် အ်ုခါ့္ဘး ဟှယ့်ထါင်ဍ၀်ဃှဝ် သိင်းထိုဝ်အေၟ သိုင့်ထင်းခိုဝ်းဍ၀် ထေါဟ်လဲုၟကူးကူး ဍးဝေ့လှ်”
ဟု ဖြစ်ပြီး အဓိပ္ပါယ်မှာ
“လယ်ယာများမှာရှိတဲ့ ကောက်နှံစပါးများကို စောင့်ရှောက်ပြီး ပြန်သွားတဲ့ အို … အဖွား ဖီ့ဗူးယော်။ နှောင်နှစ်အတွက် လယ်ယာများကို စောင့်ရှောက်ဖို့ အချိန်တန်ရင် ပြန်လာပါဦးလို့ ဖိတ်ခေါ်ပင့်ဆောင်အပ်ပါသည်။ ဖီ့ဗူးယော်ပြန်လာမည့်အချိန်ကတော့ နွေနှောင်းဖြစ်တဲ့ မိုးဦး အကြိုကာလ၊ သစ်ငုတ်တိုများ မီးလောင်လို့ ညိုမဲနေတဲ့အချိန်နှင့် ကူးကူး ကူးကူး လို့ ချိုးငှက်များတွန်ကျူးကြတဲ့ အချိန်ဖြစ်ပါတယ် … အို … ဖီ့ဗူးယော်” ဟူ၍ ဖြစ်သည်။
“ဆ်ုယ၀်ထင်းသင့်္ဘူးလးဃှာင့် ယ္ဋူသာဍေ ဖီ့္ဘးယ၀်ထါင် အ်ုခါ့္ဘး ဏိင်းဍ၀်ဟှယ့်ထါင် ဟှယ့်ထါင်အင်း မေ၀်ခေါဟ်မေ၀်အါင်”
ဟူ၍လည်း သီဆိုပူဇော်ကြပြီး အဓိပ္ပ‘ါယ်မှာ
“လယ်ယာများကို သီးနှံအောင်မြင်စွာ ထွက်လာအောင် စောင့်ရှောက်ပေးသည့် အဖွားဖီ့ဗူးယော်ဟာ ယခုအခါ နွေရာသီရောက်ရှိလာပြီး ကောက်နှံစပါးအရွက်များ ခြောက်လာသည့်အချိန်၊ ကောက်နှံစပါးများ အသီးမှည့်လာသည့်အချိန်မှာ တနှစ်တာ တာဝန်ပြီးဆုံးပြီး နေရင်းဋ္ဌာနသို့ပြန်သွားပါတော့မည်။ ပြန်လည်ထွက်ခွာသွားသော ဖီ့ဗူးယော်အား လွမ်းဆွတ် တသကြရပါသည်။ အို … ဖီ့ဗူးယော် နောင်နှစ်အတွက် လယ်ယာစပါး ထွန်ယက်ချိန် ကျရောက်လာလျှင် ကျွန်ုပ်တို့၏ လယ်ယာကို စောင့်ရှောက်ပေးဖို့ ပြန်လာလှည့်ပါ။ ဖီ့ဗူးယော် ပြန်ရောက်လာပါလျှင် ကျွန်ုပ်တို့ အသင့်ပြုလုပ်ထားသော ကောက်သစ်ဆန်ဦးများကို စားသောက်လှည့်ပါ။ အို … ဖီ့ဗူးယော်” စသည်ဖြင့် သီဆို ပူဇော်လေ့ရှိကြသည်။
ကရင်လူမျိုးတို့တွင် အထက်ပါတေးများအပြင် အခြား ဖီ့ဗူးယော် နှင့် သက်ဆိုင်သော တေးသီချင်းများ များစွာရှိပေသည်။ အထက်ပါ သီချင်းလင်္ကာသွားများကို ကြည့်ခြင်းအားဖြင့် ရှေးကာလက စပြီး နှစ်သစ်ကူးပြောင်း၍ ကောက်သစ်စပါးများ ထွက်ပေါ်လာ သည့်အချိန်တွင် ကောက်သစ်စားပွဲတော်ကို ပြုလုပ်ကျင်းပလေ့ ရှိကြောင်းနှင့် နှစ်သစ်ကူးပွဲတော်နှင့်အတူ ကောက်သစ်စားရင်း ဖီ့ဗူးယော် ပူဇော်ပွဲကို တပြိုင်တည်း အတူကျင်းပလာခဲ့ကြောင်း တွေ့ရှိရပေသည်။
ကောက်သစ်စားပွဲ
ကရင်လူမျိုးတို့သည် မိရိုးဖလာတောင်ယာလုပ်ငန်းများဖြင့် ရှေးဦး မဆွကပင် လုပ်ကိုင်ပြီး သက်မွေး

No comments:

Post a Comment