ကျနော့် ၏ စုစည်းမှုများကို မျှဝေ မြည်းစမ်းကြည့်ခြင်း
သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်း (ခန်းဒ နိုင်ငံတကာလေ့လာရေး တက္ကသိုလ်၊ ဂျပန်နိုင်ငံ) ၏ မျောက်ဖိုးစိန်သည် သဘင်ပညာရှင် ဖိုးစိန်ကြီး ဖြစ်လာမည်မဟုတ်
၂၀၁၂ ခု ဒီဇင်ဘာလ (၁) ရက်
အကယ်စင်စစ် ဤပြဿနာသည် သုတေသီတဦးက ကျမ်းတစောင် ပေတဖွဲ့ ရေးသား၍ ရှင်းလင်းရလောက်အောင် အရေးပါလှသည်တော့ မဟုတ်ပါ။ အိပ်ရာဝင် ကလေးချော့ ပုံပြင်ကမှ မျိုးဆက်ပေါင်း များစွာ လက်ဆင့်ကမ်းလာခဲ့သဖြင့် သူ့ထက် ရိုးရာတန်ဘိုး ရှိပါသေးသည်။ သို့သော် အနှီရိုဟင်ဂျာပုံပြင်ကား လွန်ခဲ့သော အနှစ်ငါးဆယ်ကျော်ကျော်က လုပ်ကြံပြောဆိုသော စကားကို သမိုင်းဖြစ်ရပ်ကဲ့သို့  အပိုချဲ့ကား၍ သမိုင်းစင်မြင့်ပေါ်သို့ တင်ပေးကြသူများ ရှိလာကြလေရာ အကြောင်းရင်းမှန်ကို မသိနားမလည်သူတို့ က အမှန်ဟုပင် ထင်လာကြ၏။
ဂျပန်ပြည် တိုကျိုမြို့ ဂျော့ချိတက္ကသိုလ်မှ သမိုင်းဆရာတဦးနှင့် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိက လေ့လာရေးကျောင်းမှ အမေရိကန်လူမျိုး သမိုင်းဆရာတဦးကပင် သံယောင်လိုက်ပြီး ရေးလာကြလေရာ အပျက်အပျက်က နှာခေါင်းသွေးထွက်ပြီဟု ယူဆကာ ဆိုရေးရှိကဆိုအပ်လှ၏ဟု သဘောပေါက်သည်ကတကြောင်း၊ အမျိုးသားရေးကို တက်တက်ကြွကြွ လှုပ်းရှားနေကြသော မိတ်ဆွေလူငယ်များ၏ ဆန္ဒကို ဖြည့်စွမ်းလိုသည်က တကြောင်းတို့ ကြောင့်  ဤစာတမ်း (ဤကျမ်း)ကို ရေးသားရန် ဆုံးဖြတ်ခဲ့ပါသည်။
သမိုင်းစင်မြင့်ပေါ်သို့  တင်ပေးကြတိုင်းလည်း သမိုင်းမဖြစ်ပါ။ မျောက်ဖိုးစိန်ကို စင်ပေါ်တင်ပေးလိုက်ရုံဖြင့် မည်သည့်နည်းနှင့်မျှ သဘင်ပညာရှင် ဖိုးစိန်ကြီး ဖြစ်လာမည်မဟုတ်။ မျောက်ဖိုးစိန်က မျောက်ဖိုးစိန်သာ ဖြစ်မည်။ လှပအောင် သွန်းလုပ်ထားသော ဖယောင်းရုပ်သည်လည်း မီးနှင့်တွေ့ လျှင် အရည်ပျော်ရမည်ပင်။ သို့ ဖြစ်ရာ ဤရိုဟင်ဂျာ ဖယောင်းရုပ်ကို မီးဖျော့ ဖျော့ မျှဖြင့် အရည်ဖျော်ပစ်ရန် ဤစာတမ်း (ဤကျမ်း) ကို ရေးသား ပြုစုလိုက်ရပါသည်။
သမိုင်းဆရာသည် အစွဲကင်းရန် လိုပါသည်။ အကယ်စင်စစ် ဤသုတေသနလုပ်ငန်းကို ရိုးသားဖြောင့်မတ်ပြီး ယထာဘူတကျကျ ဖေါ်ထုတ်နိုင်သည့် ပညာရှင်တဦးဦးကသာ ဆောင်ရွက်ခဲ့မည်ဆိုလျှင် ကျွန်တော် ခေါင်းရှောင်နေမိခဲ့မည် ထင်ပါသည်။ ကျွန်တော်သည် ရခိုင်အမျိုးသားတဦးဖြစ်သဖြ
တိုင်းပြည်နှင့်လူမျိုး၏ သစ္စာကို မစောင့်၊ ထမင်းတနပ် ဟင်းတဖတ်အတွက် အမျိုးကို သစ္စာဖေါက်ခဲ့ကြသူများ ကား ယခင်ကလည်း ပေါ်ခဲ့ဘူးပါသည်။ သမိုင်းတရားခံအဖြစ် ထင်ရှားသူကား စံရဖွေ ဖြစ်၏။ သမိုင်းတရာခံ စံရဖွေကြောင့် မူကား အမျိုးမပျောက်ခဲ့သေးပါ။ သို့ ရာတွင် ခေတ်သစ် စံရဖွေများမှာမူကား အမျိုးပျောက်ရမည်ကိုသိသိနှင
လမ်းကြောင်းတခုသို့ ပြည်သူကိုဦးဆောင်ခေါ်ယူရန်
Khaing Myo facbook မှ ကူးယူသည်
No comments:
Post a Comment