ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Wednesday, January 2, 2013
မောင်တောမြို့ တောင်ဖက်ပိုင်းဒေသ တရုတ်ကုမ္ပဏီ ရှားပါးသတ္တုများ တွေ့ရှိ
ရခိုင်ပြည်နယ်၊ မောင်တောမြို့ တောင်ပိုင်း အလယ်သံကျော်ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေတဝိုက်မှာ တရုတ်နိုင်ငံ အခြေစိုက် Gold Finder သတ္တုတူးဖော်ရေးကုမ္ပဏီက အလူမီနီယမ် Aluminiumနဲ့ တိုက်တေနီယမ် Titaniumဓါတ်သတ္တုတွေ အမြောက်အများ တွေ့ရှိထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။
အဲဒီကမ်းခြေတဝိုက်မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် ဓါတ်သတ္တုတွေပါဝင်တဲ့ ရှားပါးသဲမြေတွေ
ကို တွေ့ရှိရတာဖြစ်ပြီး အဲဒီ Gold Finder ကုမ္ပဏီအနေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်သန်းတင်က RFA ကို ပြောကြားပါတယ်။
Gold Finder ကုမ္ပဏီအနေနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစတင်ပြီး စမ်းသပ်မှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။ အဲဒီကမ်းခြေတွေက သဲမြေတွေဟာ သဲတန်ချိန်ပေါင်း ၅ဝဝ မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် သတ္တုအလေးချိန် ၁ တန်အထိ သန့်စင်ရယူနိုင်တယ်လို့လည်း သိရပါတယ်။
တိုက်တေနီယမ်သတ္တုဟာ အဖိုးတန်ဓါတ်သတ္တုတစ်မျိုးဖြစ်ပြီး ပေါ့ပါးပြီးမာကျောတဲ့အတွက် လေယာဉ်အင်ဂျင်နဲ့ ဒုံးကျည်တွေ၊ အာကာသယာဉ်တွေပြုလုပ်ရာမှာ အသုံးပြုတဲ့ သတ္တုတစ်မျိုးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment