Saturday, January 5, 2013

ဦးစံသာအောင်


 ဦးစံသာအောင် အတ္ထုပတ္တိ အကျဉ်း

(၁) အထက်တန်းပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်
(၂) ရှေ့ဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှုပညာရှင်
(၃)သိပံ္ပနှင့် ဝိဇ္ဇာနယ်ပယ်များတွင် ထူးချွန်ကျွမ်းကျင်သူ
ဦးစံသာအောင်ကို ဖခင်အငြိမ်းစား စက်ရှင်တရားသူကြီး ဦးသာဇံဦးနှင့်မိခင်ဒေါ်မဘုတို့မှ ၁၉၂၅ ခုနှစ်၊ဖေဖော်ဝါရီ(၂၇)ရက်နေ့တွင် ဖွားမြင်သည်။

မိခင်မှာ ကိုလိုနီခေတ်ဦးအလွန် ထင်ရှားသောရခိုင်သူဌေးကြီး ဦးရဲကျော်သူ၏အနွယ်ဖြစ်သည်။
ငယ်စဉ်က ရန်ကုန်တီတီစီကျောင်း၊ သာယာဝတီ၊မြင်းခြံ၊စစ်တွေ အစိုးရစာသင်ကျောင်းများတွင် ပညာသင်၍ ၁၉၄၀ ပြည့်နှစ်တွင် တန်းမြှင့်ကျောင်းထွက် စာမေးပွဲကို စစ်တွေ အစိုးရအထက်တန်းကျောင်းမှ အောင်မြင်သည်။ ရူပဗေဒနှင့် ဓာတုဗေဒဘာသာရပ်များတွင် ဂုဏ်ထူးရသည်။၁၉၄၀-၄၁ခုနှစ် ကာလကတ္တား တက္ကသိုလ်တို့တွင် ပညာသင်ကြား၍ ၁၉၄၉ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအက်စ်စီ ရူပဗေဒ ဂုဏ်ထူးတန်းကို ပထမအဆင့်မှ အောင်မြင်သည်။၁၉၅၄ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဟားဗတ်တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့(A.M) ကို ရူပဗေဒဖြင့် ရရှိခဲ့သည်။
ရှေးဟောင်းရခိုင်သမိုင်းနှင့် ယဉ်ကျေးမှုသုတေသန နယ်ပယ်တွင် နိုင်ငံခြားသုတေသီပညာရှင် အတော်များများပေါ်ထွက်ခဲ့ပါသည်။ သို့သော် မြန်မာတိုင်းရင်းသားများထဲမှာမူ လက်ချိုးရေတွက်ကြည့်လျှက် လက်တစ်ဖက်ပင်ပြည့်မည်မထင်ပါ။ အထူသဖြင့် ရခိုင်ခေတ်ဦး ကျောက်စာ၊ ခေါင်းလောင်းစာ၊ ကြေးပြားစာ၊ ဒင်္ဂါးများနှင့်ပက်သက်၍ စနစ်တကျ သုတေသနပြုသူ အလွန်နည်းပါးခဲ့သည်။ ရခိုင်တိုင်းရင်းသားများထဲမှ ဦးစံရွေဘု၊ ရခိုင်ပဏ္ဏိတ် ဦးဦးသာထွန်း၊ဦးအောင်သာဦးတို့သာ ထင်ထင်ရှားရှားရှိခဲ့သည်။ ဦးစံရွေဘုမှာ စစ်မဖြစ်မီက ရခိုင်ပြည်နယ် ဂုဏ်ထူးဆောင်ရှေးဟောင်းသုတေသီ (archaecologist) တစ်ဦးဖြစ်သဖြင့်၊ရခိုင်သမိုင်းနှင့်ပက်သက်၍ မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်တွင် အင်္ဂလိပ်ဘာသာဖြင့် သုတေသနစာတမ်းများ ရေးခဲ့သူဖြစ်သည်။ အခြားထင်ရှားသူ တစ်ဦးမှာ ရန်ကုန်တက္ကသိုလ် ရူပဗေဒပ ပါမောက္ခ၊ နောင်တွင် အထက်တန်းပညာဦးစီးဌာန ညွန်ကြားေ၇းမှုးချုပ် ဖြစ်လာသူ ရခိုင်အမျိုးသား ဦးစံသာအောင်(၁၉၂၅-၁၉၈၁)ဖြစ်သည်။
ဦးစံသာအောင်သည် အမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ်မှ ရူပဗေဒဖြင့် ညွန်ကြားရေးမှုးချုပ်အဖြစ် ထမ်းဆောင်ခဲ့သော်လည်း ရှေးဟောင်း ၇ခိုင်သမိုင်းနှင့် ယဉ်ကျေးမှုပညာရှင်အဖြစ် ပိုမိုထင်ရှားခဲ့ပါသည်။
ရှေးဟောင်း ရခိုင်သမိုင်းနှင့်ပက်သက်၍ မြန်မာ့သမိုင်းတွင် ခေတ်အဆက်ဆက်စနစ်တကျတူးဖော်မှု အားနည်းခဲ့သည်။ သို့သော် အေဒီ(၇၂၉)ဝန်းကျင်တွင် ရေးထိုးခဲ့သည်ဟု ယူဆသော အာနန္ဒစန္ဒြ ကျောက်စာကို ရခိုင်ပြည်နယ် မြောက်ဦးရှိသျှစ်သောင်းဘုရား၌ တွေ့ရှိခဲ့ရာမှ ခေတ်ဦး ရခိုင်သမိုင်းသည် ပိုမိုပီပြင်လာပါသည်။ ၍ကျောက်စာကို ရခိုင်ဘုရင်မင်းဗာကြီး(၁၅၃၁-၁၅၅၃)လက်ထက်တွင် ဝေသာလီမြို့ နန်တော်ရာကုန်းအနီးမှ မြောက်ဦးမြို့ သျှစ်သောင်းဘုရားအနီး ပြောင်းရွေ့ထားခဲ့ခြင်းဖြစ်သည်။ အာနန္ဒစန္ဒြကျောက်စာအရ ရခိုင်ဝေသာလီမြို့ဟောင်းသည် မြန်မာ့သမိုင်းတွင် အစောဆုံးမြို့ပြနိုင်ငံများဟု ယူဆသော ဗိသာနိုး၊ဟန်လင်း၊သရေခေတ္တရာတို့နှင့် ခေတ်ပြိုင်ဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။
အာနန္ဒစန္ဒြကျောက်စာသည် ခေတ်ဦးရခိုင်သမိုင်းအတွက် အလွန်အရေးပါလှပါသည်။ ထို့ကြောင့် ဆရာမင်းသုဝဏ်သည် ၁၉၅၁-၅၂ ခုနှစ်ထုတ် ဓညဝတီမဂ္ဂဇင်း၌ အာနန္ဒန္ဒြ၊ ရှစ်ရာစု ရခိုင်မင်းတစ်ပါး အမည်ဖြင့်လည်းကောင်း၊ ရှေးဟောင်းသုတေသနအရာရှိ မွန်ဘိုကေသည် ပြည်ထောင်စု ယဉ်ကျေးမှု စာစောင်၊ အတွဲ(၂)၊ အမှတ်(၇) တွင်(သျှစ်သောင်းဘုရားမှ သက္ကတကျောက်စာတိုင်) ဆောင်းပါးဖြင့်လည်းကောင်း၊ ဒေါက်တာ သန်းထွန်းသည် ၁၉၆၄ ခုနှစ်ထုတ် ခေတ်ဟောင်းမြန်မာရာဇဝင်တွင် (ရခိုင်ခေတ်ဦး)အမည်ဖြင့်လည်းကောင်း၊ စသည့် ရခိုင်စာစောင်မမြောက်အများကို ထုတ်ဝေခဲ့ကြပါသည်။ မြန်မာဘာသာဖြင့် အပြည့်အစုံဆုံး သုတေသနလက်ရာပြပါဆိုလျှင် ၁၉၇၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဦးစံသာအောင်၏ (အာနန္ဒန္ဒြ၊ ရှစ်ရာစု ရခိုင်ဝေသာလီမင်း) စာအုပ်ကို ပြရပါမည်။
(၁၉၅၀-၅၁)ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန သရုပ်ပြဆရာ၊(၁၉၅၁-၅၄)ခုနှစ်တွင် လက်ထက်ကထိက ၊ (၁၉၅၄-၆၄)ခုနှစ်တွင် ကထိက၊ (၁၉၆၄-၇၀)ခုနှစ်တွင် ပါမောက္ခ၊ (၁၉၇၀-၇၀)ခုနှစ်တွင် တက္ကသိုလ်များ အုပ်ချူပ်ရေးရုံး ညွန်ကြားေ၇းမှုး၊(၁၉၇၂-၈၁)ခုနှစ်တွင် ညွန်ကြားရေးမှုးချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ခုနှစ်၊ ရခိုင်ကျောင်းသူ/ကျောင်းသားများအသင်း ဥက္ကဌ၊ရခိုင်တန်ဆောင် အင်္ဂလိပ်စာ အတိုင်ပင်ခံစာတည်း၊ (၁၉၆၆-၇၀)ခုနှစ်တွင် နာယက၊တက္ကသိုလ်များ အားကစားအဖွဲ့ ဥက္ကဌ၊ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ ပထမအကြိမ်နှင့်ဒုတိယအကြိမ် ပြည်သူလွတ်တော်ကိုယ်စားလှယ်အဖြစ် ရခိုင်ပြည်နယ်စစ်တွေ မဲဆန္ဒနယ်မှ ရွေးချယ်ခံရသည်။(ရူပဗေဒအကြောင်း သိကောင်းစရာ)စာအုပ်ဖြင့် ၁၉၇၁ခုနှစ်၊ အမျိုးသားစာပေဆုကို သိပ္ပံနှင့် အသုံးချဘာသာရပ်အတွက် ရရှိခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော Woking people’s Daily, တို့တွင် ရူပဗေဒသိပ္ပံပညာဆောင်းပါးများနှင့်ရခိုင်သမိုင်းအနုပညာဆောင်းပါးများကို အင်္ဂလိပ်ဘာသာဖြင့် အများအပြားေ၇းသားခဲ့သည်။အချို့မှာ စာအုပ်အဖြစ် ထုတ်ဝေရန် ကျန်ရှိနေသေးသည်။ သာဓကပြရသော် ဂါးဒီးယန်း သတင်းစာတွင် ရေးသားခဲ့သော ရခိုင်မဟာမုနိဘုရားသမိုင်းဖြစ်သည်။
ဦးစံသာအောင်သည် ဌာနဆိုင်ရာလုပ်ငန်းများ၊ ရှေးဟောင်းများ၊ရှေးဟောင်းရခိုင်သမိုင်း ယဉ်ကျေးမှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေစဉ် ၁၉၈၁ခုနှစ်၊ မေလ (၂၅) ရက်နေ့တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ပါသည်။
Khaing san ဘက်က ကူးယူထားပါသည်

No comments:

Post a Comment