Thursday, January 10, 2013

ကျေးဇူးတော်ရှင်ဲရခိုင်ဆရာတော် ဦးစန္ဒြမုဏိ



ဗုဒ္ဓဘာသာ၏ မိခင်နိုင်ငံဖြစ်ကြသော အိန္ဒိယနိုင်ငံ၊နီပေါနိုင်ငံ အစရှိတဲ့ နိုင်ငံများတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသော ဗုဒ္ဓဘာသာကိုပြန်လည် အသက်သွင်းပေးခဲ့သည့်၊ မြန်မာနိုင်ငံသား ကျေးဇူးတော်ရှင် ဆရာတော် ဦးစန္ဒြမုဏိကို ဦးထိပ်ထား၍မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှ မျိုးဆက်သစ် ကျောင်းသား ရဟန်းတော်များက စုပေါင်း ဖွဲ့စည်း တည်ထောင်ထားသော ဦးစန္ဒြမဏိကျောင်းသားများ ကျောင်းတော်ကြီးကို ဆောက်လုပ်ရန် ၉.၁.၂၀၁၃- ဗုဒ္ဓဟူးနေ့ နံနက် ၉နာရီ မင်္ဂလာအချိန်တွင် မြေသန့်မင်္ဂလာနှင့် ပန္နက်ရိုက်မင်္ဂလာကို သြဝါဒဆရာတော်ကြီးများ၏ ညွန်ကြားချက်များနှင့် အညီ ပြုလုပ်ကြပါတယ်။

အုတ်မြစ်ချ မြေသန့်မင်္ဂလာ အခမ်းအနားကို ဗုဒ္ဓဂယာ မြေမြတ်မဟာ၌ သီတင်းသုံးနေထိုင်လျှက် ရှိကြသော သြဝါဒါစရိယ ဆရာတော်များဖြစ်ကြသော ဘဒ္ဒန္တ ဒေါက်တာ သုန္ဒရ မဟာအောင်မြေကျောင်း၊ ဘဒ္ဒန္တ ဒေါက်တာ ဇဝန မဟာအောင်မြေကျောင်း၊ ဘဒ္ဒန္တ ဒေါက်တာ စန္ဒမုနိ မဟာဗောဓိဓမ္မရိပ်သာကျောင်း၊ ဘဒ္ဒန္တ ဒေါက်တာ နာရဒ ရာမညဘုမ္မိကျောင်း စသော ဆရာတော်ဘုရားကြီးများ ကြွရောက်ချီးမြင့်ပေးကြပါသည်။

ကြွရောက်တော်မူလာကြကုန်သောဆရာတော်ဘုရားကြီးများနှင့် အတူ ဦးစန္ဒြမဏိ ကျောင်းသားများ သာရေးနာရေး အသင်းကြီး၏ အသင်းဝင်သံဃာတော်အရှင်မြတ် ၉၀ ကျော်တို့က မြေသန့်မင်္ဂလာပြုလုပ်ပြီး အုတ်မြစ်ချကာ အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ် ပူဇော် ချီးမြင့်ကြပါတယ်။ နံနက် ၁၁ နာရီတွင်နေ့ဆွမ်းဆက်ကပ်ပြီးနေ့လယ်၁နာရီအချိန်တွင်ကျောင်းတော်ကြီးပြီးစီးအောင်မြင်အောင် ဆောင်ရွက်ရန် ကျောင်းတည်ဆောက်ရေး ကောမတီတစ်ရပ်ကို ရွေးချယ် သတ်မှတ်လိုက်ကြသည်။



အိန္ဒိယ တခွင် ဘုရားဖူးလာရင်း ကျောင်းသားရဟန်းတော်များ အားကြိုးမာန်တက် ဘုရား အဆူ ဆူ ပွင့်တော်မူရာ မြေမြန်မဟာ ဗုဒ္ဓဂယာမှာ ကျောင်းတော်ကြီးတည်ဆောက်ရန် ကြိုးနေဆဲကာလနှင့် ကြုံဆုံခိုက်တွင်၊ ကျောင်းတော်ကြီးနေရာဝိုင်း အတွင်းသို့ သဒ္ဓါတရား စွမ်းအားရှိသမျှ လာရောက် လှူဒါန်ပြီး ကျောင်းတကာ၊ ကျောင်းအမ အဖြစ်ခံယူခဲ့ကြသော ဘုရားဖူးလာ တကာ၊တကာမများ အနေဖြင့်လည်း အပရစေတနာတွေ ပွားနိုင်ကြစေဖို့ ဦးစန္ဒြမဏိ ကျောင်းသားများ သာရေးနာရေး အသင်းကြီး၏ အသင်းသား ရဟန်တော်များက တိုက်တွန်းလိုက်ရပါတယ်။
 

No comments:

Post a Comment