နိုင်ငံတကာ
အသိုင်းအ၀ိုင်းမှာ အာဖဂန်နစ္စတန်စစ်ပွဲ၊ ဘင်လာဒင်နဲ့
အယ်ကိုင်းဒါးအကြမ်းဖက်မှု စတာတွေဟာ လူသိများကြပေမယ့် ပါကစ္စတန်နိုင်ငံထဲမှာ
နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပျက်နေတဲ့ စစ်ပွဲတစ်ခုကိုတော့ လူသိနည်းနေတုန်းပဲ
ဖြစ်ပါတယ်။ အဲဒီစစ်ပွဲကတော့ ဘလုချီစတန်ပြည်နယ် (Balochistan) နေ လူနည်းစု
ဘလုခ်ျ (Baloch) လူမျိုးတွေရဲ့ လွတ်လပ်ရေးနဲ့ တန်းတူညီမျှမှု တိုက်ပွဲပဲ
ဖြစ်ပါတယ်။
ဘလော့ချီစတန်ဟာ ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးပြည်နယ်တစ်ခု ဖြစ်ပြီး နိုင်ငံရဲ့ အနောက်တောင်ဘက်မှာ တည်ရှိပါတယ်။ ပါကစ္စတန်ပြည်နယ်ရဲ့ ပြည်နယ် ၄ ခုထဲက တစ်ခုဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံဆိုတာ ဘင်္ဂလားဒေ့ရှ်လိုပဲ ယခင်က ရှိခဲ့တာမဟုတ်ပဲ နောက်မှ ပေါ်ပေါက်လာတဲ့ နိုင်ငံသစ်ဖြစ်တယ်။ အိန္ဒိယတိုက်ငယ် အင်္ဂလိပ်ကိုလိုနီလက်အောက်က ခွဲထွက်တော့ နိုင်ငံနေ မူဆလင်အများစုဟာ သီးသန့်မူဆလင်နိုင်ငံထူထောင်ဖို့
စိုင်းပြင်းရာကနေ ၁၉၄၇ ခုနှစ် သြဂုတ်လမှာ မူဆလင်လူမျိုးစုကြီး ငါးမျိုးကို
ပေါင်းပြီး ပေါ်ပေါက်လာတာပါ။ ပါကစ္စတန်ဆိုတဲ့ နာမည်ကလည်း
အဲဒီလူမျိုးစုကြီးတွေကို ကိုယ်စားပြုပြီး ခေါ်ဝေါ်လာတာပါ။ PAKISTAN ဆိုတဲ့
အင်္ဂလိပ်နာမည်မှာ P က ပန်ဂျပ်(Punjab) လူမျိုးကို ကိုယ်စားပြုပါတယ်။ A က
ပါကစ္စတန်နိုင်ငံရဲ့ အနောက်မြောက်ဘက်တလျှောက်မှာ
နေထိုင်ကြတဲ့ အာဖဂန် (Afghan) လူမျိုးတွေကို ကိုယ်စားပြုတယ်။ K က
ကက်ရှ်မီးယားလူမျိုး (Kasmir)၊ S က ဆင်းလူမျိုး (Sind)၊ stan ကတော့
ဘလုခ်ျလူမျိုးတွေရဲ့ Balochistan ကနေ ခွဲယူပြီး သုံးထားတာပါ။ စာလုံး i
ကိုတော့ အသံထွက်ကောင်းဖို့ ထည့်သုံးထားခြင်း ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံထူထောင်တော့ ဘလုခ်ျလူမျိုးအများစုဟာ ပါကစ္စတန်နိုင်ငံထဲမှာ မနေချင်ခဲ့ပါဘူး။ ဘလုခ်ျခေါင်းဆောင်တချို့ကသာ
မူဆလင် ဆိုတဲ့ စိတ်ဓာတ်ကြောင့် မူဆလင်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်ထဲ
နားလည်မှုတစ်ခုရခဲ့ရင် နေချင်ကြပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ
ပါကစ္စတန်စစ်တပ်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေက အတင်းသွတ်သွင်းလို့
ပါလာခဲ့ရပါတယ်။ ဒါကြောင့်လည်း ၁၉၄၇ သြဂုတ်လမှာ ပါကစ္စတန်စပေါ်တဲ့အခါမှာ
ဘလုခ်ျမပါခဲ့ပဲ အတင်းသွတ်သွင်းလို့ ၁၉၄၈ ဧပြီလ ကျမှ ပါခဲ့တာလို့
ဘလုခ်ျမင်းသား အီမေးယား မူဟီဒင် က ဆိုပါတယ်။
ဘလုခ်ျ လူနည်းစုတွေ နေထိုင်တဲ့ ဘလုချီစတန်ဟာ တောတောင်ထူထပ်ပြီး ခေါင်တီးခြောက်ကပ်လှပါတယ်။ ဒါပေမယ့် အဲဒီသဘာဝ အဆီးအတားတွေကပဲ သမိုင်းတစ်လျှောက်မှာ ဘလုခ်ျလူမျိုးတွေကို ကျုးကျော်ဝင်ရောက်လာမယ့် တိုင်းတပါးအန္တရာယ်တွေဆီက ကာကွယ်ပေးထားခဲ့သလို ဖြစ်နေခဲ့တယ်။ ဒါပေမယ့် အခုခေတ်လို တိုက်လေယာဉ်တွေ၊ အကြမ်းခံ အမာခံ ကားတွေ ပေါ်လာတဲ့ ခေတ်မှာတော့ ဘလုချီစတန်ရဲ့ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းဟာ ကျဆုံးသွားခဲ့ရပါပြီ။ ပန်ဂျပ်လူမျိုးတွေကြီးစိုးတဲ့
လက်ရှိပါကစ္စတန်အစိုးရရဲ့ အောက်မှာ ဘလုခ်ျလူမျိုးတွေဟာ လူမသိ၊ သူမသိ
အနိုင်ကျင့်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းတွေကို ခံနေကြရပါပြီ။
ဘလုချီစတန်ပြည်နယ်ဟာ သဘာဝသယံဇာတ ကြွယ်ဝတဲ့ ပြည်နယ်ကြီး ဖြစ်ပါတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သွပ်၊ ကြေးနီ၊ ခဲ စတဲ့ တွင်းထွက်ပစ္စည်းတွေ အများကြီး ထွက်ပါရဲ့နဲ့ ပြည်နယ်ကတော့ ဆင်းရဲမွဲစုတ်နေရတယ်။ ပါကစ္စတန်နိုင်ငံရဲ့ လူနေမှုအဆင့်အတန်း အနိမ့်ကျဆုံးနဲ့ စာတတ်မြောက်မှုနှုန်း အနိမ့်ဆုံး သရဖူကို ခေါင်းနေရတုန်ုးပဲ ဖြစ်ပါတယ်။
ပါကစ္စတန်အစိုးရအနေနဲ့ ဘလုခ်ျတွေအတွက် ဟိုလုပ်ပေးမယ်၊ ဒီလုပ်ပေးမယ် ပြောပေမယ့် စကားတွေက လေထဲမှာပဲ လွှင့်စင်ပျောက်ကွယ်ကုန်ကြပါ တယ်။ နှစ်ပေါင်းများစွာ လျစ်လျူရှုခံထားရတဲ့၊ ပါကစ္စတန်အာဏာပိုင်တွေရဲ့ စကားချိုတွေကို ကြားရုံသာကြားရပြီး လက်တွေ့ဖွံ့ဖြိုးတိုးတက်မှု ကို မမြင်ဖူးတဲ့ ဘလုခ်ျတွေဟာ အခုတော့ အစိုးရရဲ့ လုပ်ဆောင်ချက်အတော်များများ ကို မယုံကြည်နိုင်တော့ပါဘုး။ သူတို့ရဲ့ ရင်ထဲမှာ သံသယစိတ်တွေက ဖုံးလွှမ်းပြည့်လျှံနေပါပြီ။
ဘလုခ်ျလူမျိုးတွေက အခုထိ ပါကစ္စတန်လက်အောက်မှာ နေရတာကို အသိအမှတ်မပြုကြဘူး။ မိမိသဘာဝအရင်းအမြစ်တွေကို ပိုမိုထိန်းချုပ်ခွင့်ရဖို့ ၊
လူနည်းစုဖြစ်တဲ့ ဘလုခ်ျတွေ တန်းတူအခွင့်အရေးရဖို့၊ တချို့ကလည်း
အပြီးသတ်ခွဲထွက်ခွင့်ရဖို့ တိုက်ပွဲဝင်နေကြပါတယ်။ တချိန်တည်းမှာပဲ
ဘလုခ်ျလူငယ်တွေ၊ ယောင်္ကျားတွေဟာ ပျောက်ခြင်းမလှ ပျောက်ဆုံးနေရပါတယ်။
ပါကစ္စတန်ထောက်လှမ်းရေးတွေ၊ စစ်သားတွေရဲ့ ဖမ်းဆီးမှု၊ ပြန်ပေးဆွဲမှုတွေကို
ခံနေရပါတယ်။ ဘလုခ်ျခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်နေကြတယ်။
ဘလုခ်ျရွာတွေကို ၀င်ပြီး လုယက်နေကြတယ်။ မူဆလင်လူမျိုးဖြစ်နေပေမယ့်
အာဏာရှိပါကစ္စတန်အစိုးရရဲ့ လက်အောက်မှာ လူအခွင့်အရေးတွေ အကြီးအကျယ်
ချိုးဖောက်ခြင်း ခံနေကြရတယ်။
တချိန်တည်းမှာပဲ ပါကစ္စတန်သမ္မတ အလီ ဇာဒါရီ က ရိုဟင်ဂျာဘင်္ဂလီမူဆလင်တွေ ကိုယ့်အိမ်ကိုယ်ပြန်ပြီး လုံခြုံစိတ်ချရတဲ့ဘ၀ ရရှိနိုင်ဖို့အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို မြန်မြန်ထက်ထက် ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံသမ္မတဦးသိန်းစိ န်ကို
တိုက်တွန်းကြောင်း စာရေးသား ပေးပို့ပါတယ်။ တဖန် ရိုဟင်ဂျာ ဘင်္ဂလီတွေ
သိန်းချီနေထိုင်တဲ့ ပါကစ္စတန်က အကြမ်းဖက်အဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊
ဘာသာရေးဝါဒီတွေကလည်း မြန်မာအစိုးရကို ဖိအားပေးလို့တစ်မျိုး၊
ခြိမ်းခြောက်လို့ တဖုံ အကဲစမ်းနေကြပြန်တယ်။
ဒီတော့ ပြောလိုက်ပါရစေ။ ၁၀ ယောက်မြောက် မိန်းမရဲ့ မယားပါ သားသမီးကို ဂရုမစိုက်ခင် ကိုယ်ခြံထဲက ကိုယ့်အိမ်မှာနေတဲ့ ကိုယ့်သားသမီးရင်းချာကို အမြန်ဂရုစိုက်လိုက်ပါအုံးလို့ …
ဘလော့ချီစတန်ဟာ ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးပြည်နယ်တစ်ခု ဖြစ်ပြီး နိုင်ငံရဲ့ အနောက်တောင်ဘက်မှာ တည်ရှိပါတယ်။ ပါကစ္စတန်ပြည်နယ်ရဲ့ ပြည်နယ် ၄ ခုထဲက တစ်ခုဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံဆိုတာ ဘင်္ဂလားဒေ့ရှ်လိုပဲ ယခင်က ရှိခဲ့တာမဟုတ်ပဲ နောက်မှ ပေါ်ပေါက်လာတဲ့ နိုင်ငံသစ်ဖြစ်တယ်။ အိန္ဒိယတိုက်ငယ် အင်္ဂလိပ်ကိုလိုနီလက်အောက်က ခွဲထွက်တော့ နိုင်ငံနေ မူဆလင်အများစုဟာ သီးသန့်မူဆလင်နိုင်ငံထူထောင
ပါကစ္စတန်နိုင်ငံထူထောင်တော့
ဘလုခ်ျ လူနည်းစုတွေ နေထိုင်တဲ့ ဘလုချီစတန်ဟာ တောတောင်ထူထပ်ပြီး ခေါင်တီးခြောက်ကပ်လှပါတယ်။ ဒါပေမယ့် အဲဒီသဘာဝ အဆီးအတားတွေကပဲ သမိုင်းတစ်လျှောက်မှာ ဘလုခ်ျလူမျိုးတွေကို ကျုးကျော်ဝင်ရောက်လာမယ့် တိုင်းတပါးအန္တရာယ်တွေဆီက ကာကွယ်ပေးထားခဲ့သလို ဖြစ်နေခဲ့တယ်။ ဒါပေမယ့် အခုခေတ်လို တိုက်လေယာဉ်တွေ၊ အကြမ်းခံ အမာခံ ကားတွေ ပေါ်လာတဲ့ ခေတ်မှာတော့ ဘလုချီစတန်ရဲ့ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းဟာ ကျဆုံးသွားခဲ့ရပါပြီ။ ပန်ဂျပ်လူမျိုးတွေကြီးစိုးတ
ဘလုချီစတန်ပြည်နယ်ဟာ သဘာဝသယံဇာတ ကြွယ်ဝတဲ့ ပြည်နယ်ကြီး ဖြစ်ပါတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သွပ်၊ ကြေးနီ၊ ခဲ စတဲ့ တွင်းထွက်ပစ္စည်းတွေ အများကြီး ထွက်ပါရဲ့နဲ့ ပြည်နယ်ကတော့ ဆင်းရဲမွဲစုတ်နေရတယ်။ ပါကစ္စတန်နိုင်ငံရဲ့ လူနေမှုအဆင့်အတန်း အနိမ့်ကျဆုံးနဲ့ စာတတ်မြောက်မှုနှုန်း အနိမ့်ဆုံး သရဖူကို ခေါင်းနေရတုန်ုးပဲ ဖြစ်ပါတယ်။
ပါကစ္စတန်အစိုးရအနေနဲ့ ဘလုခ်ျတွေအတွက် ဟိုလုပ်ပေးမယ်၊ ဒီလုပ်ပေးမယ် ပြောပေမယ့် စကားတွေက လေထဲမှာပဲ လွှင့်စင်ပျောက်ကွယ်ကုန်ကြပါ
ဘလုခ်ျလူမျိုးတွေက အခုထိ ပါကစ္စတန်လက်အောက်မှာ နေရတာကို အသိအမှတ်မပြုကြဘူး။ မိမိသဘာဝအရင်းအမြစ်တွေကို ပိုမိုထိန်းချုပ်ခွင့်ရဖို့
တချိန်တည်းမှာပဲ ပါကစ္စတန်သမ္မတ အလီ ဇာဒါရီ က ရိုဟင်ဂျာဘင်္ဂလီမူဆလင်တွေ ကိုယ့်အိမ်ကိုယ်ပြန်ပြီး လုံခြုံစိတ်ချရတဲ့ဘ၀ ရရှိနိုင်ဖို့အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို မြန်မြန်ထက်ထက် ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံသမ္မတဦးသိန်းစိ
ဒီတော့ ပြောလိုက်ပါရစေ။ ၁၀ ယောက်မြောက် မိန်းမရဲ့ မယားပါ သားသမီးကို ဂရုမစိုက်ခင် ကိုယ်ခြံထဲက ကိုယ့်အိမ်မှာနေတဲ့ ကိုယ့်သားသမီးရင်းချာကို အမြန်ဂရုစိုက်လိုက်ပါအုံးလိ
No comments:
Post a Comment