2013-01-09
ရခိုင်ပြည်နယ် စစ်တွေမြို့ကနေပြီး တနင်္သာရီတိုင်း ကော့သောင်းမြို့ကို အခုလဆန်းပိုင်းက စက်လှေနဲ့ရောက်ရှိလာတဲ့ ရိုဟင်ဂျာ ၈၅ ယောက်ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ တရားစွဲ အရေးယူသွားဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကော့သောင်းလူဝင်မှုကြီးကြပ်ရေးဌာနကနေ နေပြည်တော်ကို တင်ပြလိုက်ကြောင်း သိရပါတယ်။
ဘင်္ဂလားဒေခ်ျ့နိုင်ငံတွင်းရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းတစ်ခုဖြစ်ပါသည်။(Photo: AFP)
ကော့သောင်းမြို့ကို ရောက်သွားကြတဲ့ ရိုဟင်ဂျာ တွေဟာ
သက်သေခံအထောက်အထား
လက်မှတ်တစ်စုံတစ်ရာ မရှိကြတဲ့အတွက် နေရပ်ရင်းကို ပြန်မပို့ သေးဘဲ လ၀က ဥပဒေနဲ့ အရေးယူဖို့ တင်ပြထားတာဖြစ်ကြောင်း ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနက အရာရှိက ပြောပါတယ်။
လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေနဲ့ တရားစွဲခံရပြီး ပြစ်ဒဏ်ကျခံရမယ်ဆိုရင် အနည်းဆုံးဒဏ်ငွေ ၅၀၀ ကျပ်နဲ့ အမြင့်ဆုံး ၂ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်တွေ ကျခံရမှာဖြစ်တယ်လို့ လ၀က အရာရှိက ပြောပါတယ်။
အရေးယူခံရမယ့် ရိုဟင်ဂျာ တွေဟာ ပြည်ပနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ဆိုပြီး ရခိုင်ပြည်နယ်က ထွက်လာခဲ့ရာက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ ည ၁၀ နာရီခန့်မှာ ကော့သောင်းမြို့ သီရီမြိုင်ရပ်ကွက်ကို ဆိုက်ရောက်လာခဲ့တာဖြစ်တယ်လို့လူဝင်မှုကြီးကြပ်ရေးအရာရှိက အခုလို ဆက်ပြောပါတယ်။
" သူတို့က ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းဒုက္ခသည်စခန်းကပေါ့၊ သဲချောင်းကလာပြီးတော့ သူတို့က အဲဒီမှာ ပိုက်ဆံတွေ ပေးပြီးတော့ ထိုင်းကိုလာတာ၊ ကော့သောင်းကိုရောက်တော့ စက်လှေသမားက ထိုင်းနိုင်ငံကို ရောက်ပြီဆိုပြီးတော့ ချပေးခဲ့တာ။ အသက် ၁၈ နှစ်အထက် ကျား ၃၁ ယောက်၊ မ ၅ ယောက် ပေါင်း ၃၆ ယောက်။ ၁၈ နှစ်အောက်ကတော့ ကျား ၄၀၊ မ ၉ ပေါင်း ၄၉ ပေါ့"
လောလောဆယ် သူတို့ကို ကော့သောင်းမြို့က ဆေးရုံဟောင်းမှာ နေရာချပေးထားပြီး မြို့နယ်အုပ်ချူပ်ရေး အဖွဲ့နဲ့ ဌာနဆိုင်ရာတွေက ကြည့်ရှု့စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
ကိုးကား RFA

No comments:
Post a Comment