Thursday, January 10, 2013

ကချင်လူမျိုးတို့ ရဲ့ ..ရိုးရာမနောပွဲအကြောင်း


အစဉ်အလာအားဖြင့် နတ်ကိုးကွယ်သောလူမျိုးများဖြစ်ကြသော်လည်း
အင်္ဂလိပ်သာသနာပြုဆရာများ၏ ကျေးဇူးကြောင့်
ခရစ်ယာန်ဘာသာဝင်များအဖြစ်သို့ ကူးပြောင်းလာကြပြီး၊နောက်ပိုင်းတောင်တန်းသာသနာ
ပြုဆရာတော်များ ၀င်ရောက်သာသနာပြုသောအခါတွင် ဗုဒ္ဒဘာသာများအဖြစ်သို့ အတန်
အသင့်ကူးပြောင်းလာခဲ့ကြသည်။သို့ သော်
ကချင်လူမျိုးတို့ သည် ခရစ်ယာန်
ဘာသာကိုးကွယ်သူများပိုမိုများပြားခဲ့ခြင်းဖြစ်သည်။ သို့ သောနတ်ကိုးကွယ်မု မပပျောက်ခြင်းကြောင့်..
မနောပွဲကျင်းပပြုလုပ်ရခြင်းအားဖြင့် ပြည်နယ် သူပြည်နယ်သားများအားလုံး ခိုင်မြဲတဲ့ နယ်မြေဒေသ အေးချမ်းတည်ငြိမ်သွား အောင် ကချင်လူမျိုးများသာမက တိုင်း ရင်းသားအားလုံး စည်းလုံးညီ ညွတ် မှုကိုအခြေခံကာကျင်းပသည်။


မနော
ပွဲကို နယ်မြေတစ်ခုလုံးအနေဖြင့် ထိုနယ်မြေတွင်နေထိုင်သည့်ကချင်လူမျိုးများသာမကအခြားလူမျိုးများလည်း
ပါဝင်ဆင်နွှဲလေ့ရှိကြောင်း သိရသည်။ ကောက်သစ်စား အိမ်သစ်တက်ပွဲများကို နှစ်ရက် သုံးရက်သာပြုလုပ်ကြ
သော်လည်း မနောပွဲကို အနည်းဆုံး လေးရက်မှ ရှစ်ရက်အထိ အကြီးအကျယ်ကျင်းပလေ့ရှိသည်။ မနောအက
သည် မဒိုင်နတ် (ကောင်းကင်နတ်) ကိုပူဇော်သော အကဖြစ်ပြီး ဘိုးဘေး၊ ဘီဘင် အဆက်ဆက် မဒိုင်နတ်ကို
ကိုးကွယ်သူတိုင်းကျင်းပနိုင်သည်။

နှစ်စဉ်ကျင်းပလျှက်ရှိသော မနောပွဲများကို တစ်နှစ်တစ်ခါသာ ကျင်းပရမည်ဟု သတ်မှတ်ချက်မရှိပေ။ထိုနယ်မြေ
ကို အုပ်ချုပ်သော ဒူဝါက လုပ်သင့် သည်ဟု ယူဆပါက အချိန် အခါအလိုက် ကျင်းပကြသည်။
မနောပွဲကျင်းပရန် ကုန်ကျစရိတ်မှာ ကြီးလွန်း၍ သာမန် လူများအပြင် ဒူဝါ
များပင်လျှင် ကျင်းပရန် အခက်အခဲများ ရှိပြီး ရှေးအခါ ဒူဝါကြီးများက မိမိအုပ်ချုပ်သည့် သက်ဆိုင်ရာနယ်မြေ
အလိုက် ကျင်းပလေ့ရှိကာ မနောပွဲကြီး ကြီးကြီးကျယ်ကျယ် ကျင်းပပေးနိုင်ခြင်း မရှိသော ဒူဝါများကို အုပ်ချုပ်
ခံ နယ်သူနယ်သားများက အကြည်ညိုယုတ်လျော့ကာ ဒူဝါ၏ အာဏာ မှာလည်း မှေးမှိန် သွားတတ်သည်။ ထို့
ကြောင့်ဒူဝါများကလည်း မနောပွဲကျင်းပပေးနိုင်ရန် နှစ်ချီ၍ ပြင်ဆင်ကြသည်။ ဒူဝါများအနေနှင့်လည်းမိမိအုပ်
ချုပ်သည့် နယ်မြေမှ လူမျိုးပေါင်းစုံ ၊ အနွယ်ပေါင်းစုံကို တစ်စုတစ်ဝေးတည်း တွေ့မြင့်ရသည့်အပြင် ၎င်းတို့၏
သဘောထားကိုပါ အနီးကပ်လေ့လာနိုင်သောကြောင့် ၊ စည်းရုံးရေးတွင် များစွာအထောက်အကူဖြစ်သည်။

ကချင်လူမျိုးတို့ သည် ကခုန်ခြင်းနှင့် သီဆိုခြင်းကို အထူးဝါသနာထုံသော လူမျိုးဖြစ်သည်။
မင်္ဂလာပွဲများတွင်လည်းကောင်း၊အသုဘပွဲများ၌လည်းကောင်း၊အခြားနတ်ပွဲများ၌လည်း
ကောင်း အစုလိုက်အပြုံလိုက်သီဆိုကခုန်လေ့ရှိသည်။

ဂျိန်းဖော့ လူမျိုးတို့ ၏ထင်ရှားကျော်ကြားသောပွဲတော်
တစ်ခုမှာ မနောပွဲ(Manau Poi) ဟူသော နတ်ပူဇော်ပွဲဖြစ်သည်။(မနောရှုနတ်)များကိုပူ
ဇော်ပသသောအလေ့အထတစ်ခုမှတိဗက်မြန်မာလူမျိုးတို့ ၏ဓလေ့ထုံးစံဖြစ်ဟန်တူသည်။

ယခုအခါတွင် နှစ်စဉ် ကချင်ပြည်နယ်နေ့ ရောက်တိုင်းမြစ်ကြီးနားမြို့ ၊စီတာပူရပ်ကွက်တွင်
မနောပွဲကြီးကိုစည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။

ကချင်လူမျိုးတို့ သည်မိရိုးဖလာ
အားဖြင့် မောင်း၊လင်းကွင်း၊ပုံရှည် နှင့် နှဲ ကဲ့သို့ သောလေမှုတ်ကိရိယာများဖြင့်တီးမှုတ်လေ့
ှရှိကြသည်။ကချင်လူမျိုးတို့ သည် ဂီတ ကိုအထူးတလည်ကျွမ်းကျင်ပိုင်
နိုင်ကြသည်။

မနော အကကိုနတ်မင်းများက စတင်ကကြသည်ဟု သိရသည်။ ထိုအကကို ကောင်းကင် ယံတွင် ပျံသန်း ကျက်စား လျက်ရှိသော ငှက်များက လေ့လာခွင့်ရရှိခဲ့သည်။
ထိုအကကို တတ်မြောက်သောအခါ ငှက်တို့က မနောအက ကိုစနစ်
တကျကပြ၍ ညောင်သီးစား၍အကအကြောင်းပြောဆိုသည်ကိုငှက်စကားနားလည်သော လူသား မာဒိန်ယော်
က မြင်တွေ့ကြားသိရပြီးနောက် လူတို့ တစ်စတစ်စတတ်မြောက်လာကြသည်ဟု ရှေးလူကြီးများ ကဆိုသည်။

ငှက်တို့ မနောကသည့်ပွဲတွင် အောက်ချင်းငှက် ကမနောရှင်ဖြစ်၍မနောတိုင်၏ အောက်ခြေ ဘက်တွင်အောက်
ချင်းတိုင်ကို ထွင်းထုထားခြင်းဖြစ်သည်။ မနော အကကို ဦးဆောင်သူ နှစ်ဦးက ရှေ့မှ ကပြကြသည်။ ကကွက်
ပြောင်းသောအခါ နောက်မှ လိုက်ကနေ သူများကလည်း ၎င်းတို့အတိုင်း ပြောင်းလဲကကြသည်။ ကွက်အမျိုး
မျိုးရှိရာ ကျင်းပသည့် မနောအလိုက် ကကွက်ပုံစံများ ကွဲပြားသည်။ အဓိကကျသည့် မနောငါးမျိုးရှိသည်။

(၁) ဆွတ်မနော(Sut Manau) ။ ။ ဥစ္စာပစ္စည်းတိုးပွားကြွယ်ဝရန်၊မိတ်ဆွေ သင်္ဂဟအသစ်ဖွဲ့ရန်၊ မိမိကို
ရန်ငြှိုး၊ မနာလိုဝန်တိုသူရှိ၊ မရှိ၊ အကြေးပေးရန် ရှိ၊ မရှိ၊ စုံစမ်းသည့်မနော။
(၂) မဒန်မနော(Pandang Manau)။ ။ စစ်ပွဲနိုင်ရန် အောင်ပွဲခံသည့်ပွဲခံမနော။

(၃) ဂျူမနော(Ju Manau) ။ ။ သားသမီးထွန်းကားခြင်း မရှိသည့်အခါ၊အိမ်ရှိအိမ်သူအိမ်သားများနာမကျန်း
ဖြစ်သည့်အခါ၊ ဘိုးဘွားများ(သက်ကြီးရွယ်အို) သေဆုံး၍ အသုဘ အခမ်းအနားအငှားပြီးစီးချိန်တွင် ကျင်းပ
သည့်မနော။

(၄) ကွန်ရန်မနော( Gumaran Manau) ။ ။ အိမ်သားများ၊ နယ်မြေသစ်ထူထောင်ချိန်( သို့) အိုးအိမ်သစ်
ထူထောင်ချိန်တွင် မဒိုင်နတ်ကို ခွဲဝေပင့်ဆောင်သည့်အနေနှင့် ကသည့်မနော။

(၅) ရှဒစ်ဖော့မနော (Shadip Hpaw Manau)။ ။ ခွဲဝေယူဆောင်လာသည့် မဒိုင်နတ်ကိုနေရာ
ပြခြင်းနှင့် နယ်မြေသစ်ရှိ မကောင်း ဆိုးဝါးများကို နှင်ထုတ်ရန် ပြုလုပ်သည့် မနောအပြင် အချိန်အခါအလိုက်
မနောရှင်တို့ ပြုလုပ်သည့်မနော။

(၆) ထိန်ထန်မနော (Hting Htang Manau)။ ။မနောရှင်က သာမန် မနောပွဲထက် ပိုမိုကြာရှည်အောင်
ကျင်းပသည့်မနော။

(၇) နိန်ထန်မနော (Ninghtan Manau)။ ။ စစ်ထွက်မနောဖြစ်သည်။ ဓါး၊ လှံ၊ လေး၊ သေနတ်တို့ကိုင်
ဆောင်ရန် ရဲစိတ်၊ ရဲမာန်တက်ကြွ တတ်စေရန် ကခုန်ကြသည်။ စစ်သည် အင်အားစုဆောင်းသည့်မနောဖြစ်
ပြီး စစ်ကြေညာသည့်သဘောလည်းပါသည်။

(၈) ထိန်ရမ်းမနော (Hting Ram Manau)။ ။ရန်ပြေ၊မာန်ပြေမနော။ညီအစ်ကိုမျိုး၊ယောက္ခမမျိုး၊သမက်
မျိုး အကြား မကျေမလည်သံသယ၀င် တင်းမာမှုများရှိပါကဆွေးနွေးညှိနှိုင်းရန်ကသည့်မနောအပြင်နော်ယင်
မနော၊ ဒိန်ရှော်န်မနော၊ ဖရင်ရော့ဒ် မနော အစရှိသဖြင့် မနောအမျိုးမျိုးရှိကြသည်။

ကိုးကား။https://www.facebook.com/groups/shwearlurelative/doc/262060613838853/

No comments:

Post a Comment