Monday, January 21, 2013

"ငြိမ်းချမ်းရေး တေးသံ-ပြည့်အားမာန်" တေးဂီတဖျော်ဖြေပွဲ ရခိုင် ဦးဆောင်မည်



တိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် စည်းရုံးညီညွတ်မှုကို ရရှိရန် ပြုလုပ်သော"ငြိမ်းချမ်းရေး တေးသံ-ပြည့်အားမာန်" တေးဂီတဖျော်ဖြေပွဲကို ရခိုင်အမျိုးသား ကွန်ရက်က စီစဉ်၍ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပသွားမည် ဖြစ်သည်။ယင်းတေးဂီတ ဖျော်ဖြေပွဲတွင် ရခိုင်တိုင်းရင်းသားများ အပါအ၀င် တိုင်းရင်းသား တေးသံရှင်ပေါင်းစုံပါဝင် ဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံတို့၏ ယဉ်ကျေးမှု ရိုးရာအကများကိုလည်း ထည့်သွင်းတင်ဆက်သွားမည်ဖြစ်သည်။

ယင်းဖျော်ဖြေပွဲမှ ရရှိသော အကျိုးအမြတ်များကို မည့်သည့် နေရာတွင် အသုံးချမည်ဟု အသေးစိတ် မဆိုထားသော်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ဖော်ဆောင်မည့် အစီစဉ်များ၊ တိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းသွားမည်ဟု ရခိုင်အမျိုးသား ကွန်ရက်က ဆိုထားသည်။

ပါဝင်မည့် တေးသံရှင်များနှင့် အစီစဉ်များကိုကား အဆိုပါ ကွန်ယက်က ထုတ်ပြန်ခြင်း မရှိသေးပေ။

ယင်းဖျော်ဖြေပွဲ ပြုလုပ်မည့် အစီစဉ်ကို ရခိုင်အမျိုးသား ကွန်ရက်ရုံးခန်းတွင် ယနေ့ (ဇန်န၀ါရီ ၂၁) တွင် ကျင်းပခဲ့သည်။

ရခိုင်အမျိုးသားကွန်ရက် (Facebook)

No comments:

Post a Comment