Sunday, January 27, 2013

အမေရိကန်သံရုံးက သတင်းထုတ်ပြန်ချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာကန်.ကွက်



အမေရိကန်သံရုံး၏ ဇန်န၀ါရီ၂၄ရက်နေ.တွင်ထုတ်ပြန်ခဲ့သော ကချင်ပြည်နယ်တွင်ဖြစ် ပွားနေသော လက်နက်ကိုင်ပဠိပက္ခများနှင့်ပတ်သက်သောကြေငြာချက်တွင် မြန်မာနိုင်ငံတော်အား ဘားမား (Burma,Burmese Government ,Burmese Military)ဟုသုံးစွဲခဲ့ခြင်းနှင့်ပတ် သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကဇန်န၀ါရီ၂၆ရက်နေ.တွင် ပြင်းထန်စွာကန်.ကွက်
ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။

ဌင်းထုတ်ပြန်ချက်တွင် အမေရိကန်သမ္မတအိုဘားမား လာရောက်ခဲ့သည့် ၂၀၁၂နိုဝင်ဘာ၁၉ရက်နေ.မြန်မာ
နိုင်ငံခရီးစဉ်နှင့် ၂၀၁၂နိုဝင်ဘာ ၂၀ ရက်နေ.ကမ္ဘောဒီးယားနိုင်ငံ ဖနောင်းပင်မြို.တွင်ကျင်းပခဲ့သည့်အာဆီယံ-အမေရိကန်
ပြည်ထောင်စုထိပ်သီးအစည်းအဝေးတွင်မြန်မာနိုင်ငံအား မြန်မာဟုပင်ခေါ်ဆိုခဲ့ကြောင်း၊အမေရိကန်သံရုံး၏ ဘားမားဟု
သုံးစွဲခဲ့ခြင်းသည် နိုင်ငံတကာလိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်နှင့်ညီညွှတ်ခြင်းမရှိသည့်အတွက်ပြင်းထန်စွာကန်.ကွက်
ကြောင်း၊အမေရိကန်သံရုံးအနေဖြင့် ပြန်လည်တည်ဆောက်ထားပြီးဖြစ်
သည့်နှစ်နိုင်ငံအပြန်အလှန်လေးစားမူ၊
အပြန်အလှန်နားလည်မူနှင့်ပူးပေါင်းဆောင်ရွက်မူကို ထိပါးစေမည့်မပြုအမူမျိုးနောင်တွင်ပြုလုပ်လိမ့်မည်မဟုတ်ဟု
မျှော်လင့်ကြောင်းကြေငြာခဲ့သည်။

ဌင်းအပြင်အမေရိကန်သံရုံး၏ ဇန်န၀ါရီ၂၄ရက်နေ.သတင်းကြေငြာချက်တွင်
မြန်မာတပ်မတော်ကကေအိုင်အိုဌာနချုပ်
အနီးတွင် စစ်ဆင်တိုင်ခိုက်မူများ(Military Offensive) ကိုဆက်လက်လုပ်ဆောင်နေကြောင်း၊ ဤတိုက်ခိုက်မူများကို
ပြင်းထန်စွာဆန်.ကျင်ကြောင်း၊ပြည်ပမီဒီယာများနှင့် အင်န်ဂျီအိုအချို.ထံမှသတင်းများကိုကိုးကားကာဖော်ပြခဲ့သည့်
သံရုံး၏ကြေငြာချက်တွင် ကေကိုင်အိုဘက်မှအကြမ်းဖက်တိုက်ခိုက်မူများနှင့်အပြစ်မဲ့ပြည်သူများ၏အသက်အိုးအိမ်
ဖျက်ဆီးမူများ၊ဖမ်းဆီးခေါ်ဆောင်မူများကိုဖော်ပြခြင်းမရှိ
ဘဲနိုင်ငံတော်အစိုးရနှင့်မြန်မာ့တပ်မတော်ကသာ တိုက်ခိုက်မူများ
ပြုလုပ်နေသည့်သဖွယ်ဖော်ပြထားသည်ကိုတွေ.ရသည့်အတွက် နိုင်ငံတကာ၏အထင်အမြင်လွဲမှားမူများပေါ်ပေါက်
လာစေသည့်အတွက်ဌင်းရေးသားမူများကို ပြင်းထန်စွာကန်.ကွက်ကြောင်း
နိုင်ငံခြားရေးဝန်ကြီးဌာနကကြေငြာခဲ့သည်။

အမေရိကန်သံရုံးက ဇန်န၀ါရီ၂၄ရက်နေ.တွင်
ရန်ကုန်သံရုံးပြောခွင့်ရပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်အမည်ရ
ကြေငြာချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


 www.MyanmarExpress.net

No comments:

Post a Comment