ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
ရိုဟင်ဂျာအမည်ခံ ဌေးလွင်ဦးအား (၀ံသာနုသတင်းဌာန အယ်ဒီတာ) ဘွရှင်မင်းတြားကြီး(၀ါ) ကိုမြတ်သိန်းထွန်း မှ အွန်လိုင်းပေါ်တွင် ပြန်လည်စိန်ခေါ်ခြင်း
အမေရိကန်ပြည်ထောင်စု အခြေစိုက် ဘင်္ဂလီသမိုင်းပညာရှင်ဆိုသူ ဦးဌေးလွင်ဦး သိစေရန်
လူကြီးမင်း၏ ရခိုင်သမိုင်းပညာရှင်များအား စိမ်ခေါ်ခြင်းဟူသော ကြေငြာချက်အား
ရိုဟင်ဂျာဘလော့ပေါ်တွင် ဖတ်ရှုခဲ့ရပါသည်။ လူကြီးမင်းအနေဖြင့်
ရခိုင်သမိုင်းပညာရှင် ပါမောက္ခဒေါက်တာအေးချမ်း အပါအ၀င် ရခိုင်သမိုင်းအား
နှံ့နှံ့စပ်စပ် လေ့လာသူ မည်သူနှင့်မဆို Debate လုပ်ရန် အဆင်သင့်ရှိကြောင်း
ကြေငြာထားသဖြင့် လူကြီးမင်း၏ စိမ်ခေါ်မှုအား စိတ်ဝင်စားမိပါသည်။
မည်သည့်နေရာတွင် မည်သူနှင့်မဆို စကားစစ်ထိုးနိုင်သည်ဟု ဖော်ပြထားသဖြင့်
မိမိအနေဖြင့် သမိုင်းပညာရှင်တစ်ဦး မဟုတ်သော်လည်း
သမိုင်းလေ့လာသူတစ်ဦးအနေဖြင့် ပါဝင်ဆင်နွှဲရန်ဆန္ဒရှိကြောင်း အသိပေးလိုပါသည်။
သို့သော် ဦးဌေးလွင်ဦး နေထိုင်ရာ အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန်
မလွယ်ကူသည့်အပြင် မိမိနေထိုင်ရာနိုင်ငံသို့ ဦးဌေးလွင်ဦးအား ဖိတ်ကြားရန်
အဆင်မပြေပါသဖြင့် မိမိအား အခွင့်အရေးတစ်ခု ပေးစေလိုပါသည်။
၎င်းမှာ ဦးဌေးလွင်ဦးအနေဖြင့် Debate အစပျိုး သမိုင်းကြောင်း အချက်အလက်များအား အဆင်ပြေသည့် အွန်လိုင်းစာမျက်နှာတစ်ခုခုပေါ်တွင် ရေးသားတင်ပြပေးစေလိုပါသည်။ မိမိဖက်မှ ၎င်းအချက်အလက်များအား အွန်လိုင်းစာမျက်နှာပေါ်မှ တစ်ခုမကျန် ချေပသွားမည် ဖြစ်ပါသည်။
မိမိ၏ ကမ်းလှမ်းမှုအား ဦးဌေးလွင်ဦး လက်ခံနိုင်မည်ဆိုပါလျှင်
ရိုဟင်ဂျာဘလော့မှဖြစ်စေ၊ ယခုဝံသာနုဖေ့ဘုတ်စာမျက်နှာတွင် စာပို့၍ဖြစ်စေ၊
ဝံသာနုသတင်းဌာန၏ အီးမေးလ်ဖြစ်သော wontharnu.com@gmail.com သို့ စာရေးသား
ပေးပို့၍ဖြစ်စေ အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မြတ်သိန်းထွန်း
အယ်ဒီတာချုပ်
ဝံသာနု သတင်းဌာန
No comments:
Post a Comment